မိန်းကလေးများသာ

ကမ္ဘာ့ပထမဆုံး အမျိုးသမီးသီးသန့် မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ မဂ္ဂဇင်းဆိုတော့ ဘာများလဲပေါ့.. 

ယောင်းတို့ရေ အခုအချိန်ဟာ ရာသီဥတုလေးကလဲ မိုးလေကင်းပြီး တယ်လဲ သာသာယာယာရှိသကိုး။ ကျန်ခဲ့တဲ့ ခရစ်စမတ်နဲ့ နှစ်သစ်တုန်းကလဲ ပိတ်ရက်တွေများတာမို့ ဒီရက်ပိုင်း မင်္ဂလာဆောင်တွေ တယ်များပဲ။ ဆိုတော့ကာ အပျိုကြီးအက်ဒမင်တစ်ယောက်ကတော့ မင်္ဂလာဆောင်မုဒ်ဝင်နေလေရဲ့။ သူများမင်္ဂလာဆောင်တွေ လိုက်တက်၊ သူများမင်္ဂလာဆောင်ဓာတ်ပုံတွေ သွားရည်လိုက်ကျနဲ့ အပျိုကြီး ဖီးတွေတက်နေတာလေ။

မင်္ဂလာဆောင်မုဒ် ဝင်နေတုန်းလေးဆိုတော့ ကိုယ့်လိုပဲ သူများမင်္ဂလာဆောင်တွေ လိုက်ငေးရတဲ့ ဘဝတူလေးတွေအတွက် မင်္ဂလာဆောင်နဲ့ ပတ်သတ်တဲ့ ဆောင်းပါးလေးတွေ ရေးဖြစ်နေတယ်ကွယ့်။ ရေးဖြစ်နေရင်း ဒီတစ်ခါတော့ ထူးထူးဆန်းဆန်းလေး ဖြစ်သွားအောင် အမျိုးသမီးသီးသန့် မင်္ဂလာဆောင်မဂ္ဂဇင်းလေးအကြောင်း ပြောပြမယ်နော်။

အခုအခါမှာ inclusive ဆိုတာ အရမ်းပြောလာကြတယ်။ Inclusive ဆိုတာက လူတိုင်းပါဝင်ခြင်းပေါ့။ အခုဆို မင်္ဂလာဆောင်နဲ့ ပတ်သတ်တာမျိုးတွေဆိုလဲ မိန်းကလေးနဲ့ယောက်ျားလေး မင်္ဂလာဆောင်တာမျိုးမှ မဟုတ်ဘဲ၊ ယောက်ျားလေးနှစ်ယောက်၊ မိန်းကလေးနှစ်ယောက် မင်္ဂလာဆောင်တွေကိုပါ အသိအမှတ်ပြုတာမျိုးပေါ့။

မင်္ဂလာဆောင်မဂ္ဂဇင်းတွေက အများကြီးရှိပါတယ်။ Brides MagazineWedding Style Magazine နဲ့ The Knot Magazine တို့တွေက အရမ်းနာမည်ကြီးတဲ့ မင်္ဂလာဆောင်မဂ္ဂဇင်းတွေပေါ့။ သူတို့တွေကတော့ inclusive မဖြစ်ဘူးပေါ့ကွယ်။ မိန်းကလေးတစ်ယောက်၊ ယောက်ျားလေးတစ်ယောက် ပဲပါတဲ့ မင်္ဂလာဆောင်တွေ အတွက်ပဲ အကြံဥာဏ်တွေပေးနိုင်တဲ့ မဂ္ဂဇင်းတွေပေါ့။ အဲ The Knot Magazine ဆိုရင်တော့ ကောင်လေးနှစ်ယောက် မင်္ဂလာဆောင်တွေအတွက် ဓာတ်ပုံတွေနည်းနည်းတင်တယ်။ ဒါပေမဲ့ ကောင်မလေးနှစ်ယောက်အတွက် ဆိုရင်တော့ နိုးပါ။ ဘာအကြောင်းမှ တင်တာမရှိဘူးလေ။

အခုတော့ ရွှေလက်တွဲလက်ထပ်ပွဲကျင်းပမယ့် lesbian စုံတွဲတွေအတွက် အကြံဥာဏ်တွေ၊ ဓာတ်ပုံလှလှလေးတွေ တင်ပေးမယ့် ကမ္ဘာ့ပထမဆုံးနဲ့၊ တစ်ခုတည်းသောမဂ္ဂဇင်းအဖြစ် Dancing with Her ဆိုတဲ့မဂ္ဂဇင်း ထွက်ရှိလာပါပြီ။ သူတို့ရဲ့အင်စတာမှာဆို lesbian စုံတွဲတွေရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးတွေ အများကြီး တင်ပေးထားပါတယ်။

ဒီလိုလှတပတပုံလေးတွေ…

ဒီလိုအိပ်မက်ဆန်ဆန်ပုံလေးတွေ…

Celebrating Women in Love ❤ Photography by @capturetmomentphotography

A post shared by Modern Lesbian Weddings (@dancingwithher) on

ဒီလိုခပ်မိုက်မိုက်သတို့သမီးတွေ…

ဒီလိုခပ်ဆန်းဆန်းအိုင်ဒီယာတွေ…

ဒီလိုအရမ်းချစ်စရာကောင်းတာလေးတွေ…

ဒီလို ဒီလို ပုံလှလှလေးတွေ အများကြီးရှိတာမို့ သွားကြည့်လိုက်ကြပါနော်။ ကြည့်နေရင်းနဲ့ အချစ်ဆိုတာ ကျားမမခွဲခြားပဲ ဘယ်သူနှစ်ယောက်ကြားက အချစ်ပဲဖြစ်ဖြစ် အရမ်းလှပါလားလို့ သိသွားပါလိမ့်မယ်။

Related article >>> ချစ်သူတိုင်းပေါင်းရပါစေ…

ဒီမဂ္ဂဇင်းကို တည်ထောင်သူကတော့ Tara Baker နဲ့ Arlia Hassell ဆိုတဲ့ စုံတွဲပါ။ သူတို့နိုင်ငံမှာ လိင်တူချစ်သူစုံတွဲတွေ တရားဝင်လက်ထပ်ခွင့် မရသေးပေမယ့် သူတို့နိုင်ငံမှမဟုတ်ဘဲ ကမ္ဘာတဝန်းက ကိုယ်ချစ်တဲ့သူနဲ့ မင်္ဂလာပွဲလုပ်ချင်ကြသူ မိန်းကလေးတွေအားလုံးအတွက် ရည်ရွယ်ပြီး ဒီမဂ္ဂဇင်းလေးကို ထုတ်ဖြစ်သွားတာပါလို့ ဆိုပါတယ်။ အချစ်မှာပျော်ဝင်နေတဲ့ မိန်းကလေးတွေအတွက် ထုတ်ထားတဲ့ မဂ္ဂဇင်းမို့ လိင်တူချစ်သူမဟုတ်တောင် ကြည့်လိုက်တာနဲ့ ကြည်နူးမိမှာပါ။

အက်ဒမင်ကတော့ သဘောကျတယ်။ ပုံလေးတွေအရမ်းလှတာမို့ Dancing with Her အင်စတာကို follow လုပ်ထားပြီး အားတွေကျပြီလေ။ ယောင်းတို့လဲ သွားကြည့်ပြီးရင် အရမ်းသဘောကျလိမ့်မယ်လို့ အာမခံတယ်လို့။

Khine (For Her Myanmar)

Reference : Huffington Post | No Straight News

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။