Personal grooming ဆိုတာဘာလဲ?

သန့်ရှင်းရုံတင်မကဖူး သပ်ရပ်ဖို့လဲလိုလာပြီနော်…

၂၁ ရာစုရဲ့တဖြည်းဖြည်းမြင့်တက်လာတဲ့စားဝတ်နေရေးကြောင့် နှင်းတို့အမျိုးသမီးတွေကလဲရင်ဘောင်တန်းပြီးအလုပ်တွေအတူတူလုပ်လာကြပြီနော်။ ဒီလိုအလုပ်လုပ်ဖို့အတွက် interview ဖြေတဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ 1st impression (ပထမဆုံးအချိန်တွေ့ဆုံမှုအခိုက်အတန့်) မှာအလိုအပ်ဆုံးကဘာလဲသိလား? အလုပ်ခွင်မှာရော ဘယ်နေရာမှာမဆို ကိုယိ့ကိုတက်တက်ကြွကြွ၊ ဖျတ်ဖျတ်လတ်လတ်ပုံစံနဲ့ လူတွေရဲ့အကြည့်ကိုဖမ်းစားဖို့ရော ဘာအရေးကြီးဆုံးလဲသိလား? Personal grooming လို့ခေါ်တဲ့ တစ်ကိုယ်ရည် စွမ်းဆောင်ချက်ပါ။ အဲ့ဒီ personal grooming ဆိုတာဘာလဲ? မရှိရင်ရောဘာဖြစ်တတ်လဲဆိုတာကိုတော့ ဒီဆောင်းပါးလေးထဲမှာ နှင်းကဖော်ပြပေးသွားမှာပါ။

Personal grooming ဆိုတာဘာလဲ?

Personal hygiene (တစ်ကိုယ်ရည်သန့်ရှင်းမှုရဲ့နောက်တစ်ဆင့်ပါ)။ အပေါ်ယံအမြင်တွေကိုဖမ်းစားဖို့အတွက် အရေးကြီးဆုံးပြယုဂ်လဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ တစ်ကိုယ်ရည်သန့်စင်တာထက်ပိုသွားပါပြီ။ ဆံပင်ဆိုလျှော်ပြီး သေချာသပ်သပ်ရပ်ရပ်ဖီးတာ၊ ထုံးတာ၊ လက်သည်းခြေသည်းဆိုဆေးကြောရုံမဟုတ်ဘဲ ညှပ်တာ၊ အင်္ကျီဆိုရင်လဲ လျှော်ရုံတင်မကဘဲ မီးပူနဲ့ ကော့နေအောင်ထိုးပြီး သပ်သပ်ရပ်ရပ်ဝတ်တာ၊ ကိုယ်အနံ့အတွက်ဆိုရင်လဲ ဆပ်ပြာတိုက်ရုံမက ရေမွှေး၊ body spray စသည်ဖြင့်ဖြန်းပေးတာ၊ မျက်နှာဆိုလဲသစ်ရုံတင်မဟုတ်တော့ဘဲ မိတ်ကပ်လေးလိမ်း၊ နှုတ်ခမ်းနီလေးဆိုးပြီးသပ်သပ်ရပ်ရပ်နေတာ စသည်ဖြင့် လူတစ်ယောက်ကိုယ့်ကိုမြင်တာနဲ့ ‘ဟာ ဒီမိန်းကလေးကတော့ smart ကျနေတာပဲ’ ဆိုတဲ့အသိမျိုးဝင်စေတာ ဖြစ်ပါတယ်။

Related Article >>> မိန်းကလေးတစ်ယောက် တကယ်တမ်း စမတ်ကျလှပတယ်ဆိုတာ

Personal grooming မရှိရင်ဘာတွေဖြစ်တတ်လဲ?

အရေးကြီးဆုံးဖြစ်တဲ့ self-confidence ပျောက်ပါတယ်။ ငါ့ကိုယ်ကအနံ့များထွက်နေမလား? ငါ့မျက်နှာကြီးကပြောင်နေမလားစသည်ဖြင့် တွေးမိတာတွေရှိလာတတ်ပါတယ်။ ဒါပေမဲ့ Personal Grooming ရှိနေခဲ့ရင် အပေါ်ကလို အတွေးတွေ ဘာတစ်ခုမှမရှိတော့ဘဲ ယုံကြည်မှုရှိတဲ့ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ နောက်ကိုယ့်ကိုကြည့်ရင်လဲ သပ်သပ်ရပ်ရပ်နဲ့ smart ကျနေတော့ လူတွေကလည်း impressed အလိုလိုဖြစ်တော့ သာမာန်ထပ် တခြားအခွင့်အလမ်းတွေ အများကြီးပိုရမှာဖြစ်ပါတယ်။

ဒါဆို Steve Jobs တို့၊ Mark Zuckerberg တို့ကရော ဘာလို့ဒါတွေကို ဂရုမစိုက်ဘဲ သူသူငါငါသာမန်လိုနေတာလဲလို့တော်တော်များများကမေးကြတတ်ကြပါတယ်။ အဖြေကတော့ လွယ်ပါတယ်။ သူတို့ကိုယ်တိုင် brand ဖြစ်နေလို့ပါ။ ကိုယ်ကတီရှပ်မီးခိုးနဲ့ jeans ဝတ်ရင်ကိုယ့်နာမည်မသိရုံတင်မကဘူး သူဝတ်ထားတာ Mark Zuckerberg ပုံစံဘဲလို့စိတ်ထဲထင်သွားတဲ့အထိ သူတို့ကလွှမ်းမိုးပြီးသားပါ။ မတူပါဘူးနော် 😁။ ဒါပေမဲ့ သူတို့လည်း လိုအပ်တဲ့ပွဲတွေမှာ ဒီလိုပုံစံချည်းပဲ ဝတ်မနေဘူး ဆိုတာကို သတိချပ်စေချင်ပါတယ်။ ဒါကြောင့် ယောင်းတို့လည်း personal grooming ရဲ့အရေးကြီးပုံကိုသတိချပ်မိပြီဆိုရင်တော့ ပိုပြီးဂရုစိုက်ကြပါလို့တိုက်တွန်းလိုက်ရပါတယ်ရှင်။

Hnin Ei Oo (For Her Myanmar )

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။