နေလောင်ဒဏ်ကို ဘယ်လို ကာကွယ်ကုသကြမလဲ…

အပြင်တွေထွက်၊ ခရီးတွေထွက်ပြီး နေရောင်နဲ့ အမြဲထိတွေ့နေရတဲ့ ယောင်းယောင်းတို့အတွက်… 

ဒီဇင်ဘာရောက်ပီဆိုတော့ ခရီးတွေထွက်ကြတော့မှာပေါ့နော်.. ခရီးထွက်ပြီဆိုကတည်းက အပြင်မှာချည်း တောက်လျှောက်နေနေရတော့မှာပေါ့..နေရောင်နဲ့ ထိတွေ့ခြင်းဟာ ကောင်းတယ်ဆိုပေမယ့်လို့ တစ်ချိန်လုံးနေရောင်အောက်မှာနေနေတာတော့ ဘယ်နည်းနဲ့မှာ ကောင်းနိုင်မှာ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် နေရောင်ခြည်ထဲမှာက နေရောင်တင်မကဘဲ ခရမ်းလွန်ရောင်ခြည်တွေပါပါလာပြီဆိုတော့ အရေပြားကင်ဆာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ဘယ်နေရာသွားသွား နေနဲ့မလွတ်ဘူးဆိုတော့ ဘယ်လိုတွေဂရုစိုက်ကာကွယ်ရမလဲ? နေလောင်တာဒဏ်လေးတွေဖြစ်လာရင်ဘလိုလုပ်ရမလဲ? ဘာတွေပြန်သုံးပေးရမလဲ? ဘယ်လိုတွေပြန်ကုရမလဲကို ဒီဆောင်းပါးလေးထဲမှာနှင်းကဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အတူတူလိုက်ကြည့်ရအောင်နော်…

အတတ်နိုင်ဆုံးတော့ မနက် (၁၀) နာရီနောက်ပိုင်းကနေစပြီး ညနေ (၄) နာရီအထိ နေမထိဘဲအေးအေးဆေးဆေးနားနေစေချင်ပါတယ်။ အဲ့အချိန်အတွင်းမှာ နေဟာအပူဆုံးနဲ့ ခရမ်းလွန်ရောင်ခြည်အများဆုံးမို့ပါ။ နောက်ပြီးအိမ်ထဲမှာနေရင်းတောင် sunscreen လေးတွေလိမ်းပေးရပါမယ်။ ကမ်းခြေသွားတဲ့ယောင်းတို့က ပို effective ဖြစ်အောင် waterproof တွေသုံးတတ်ကြပါတယ်။ အမှန်တော့ waterproof effect ဟာ ချွေးနည်းနည်းထွက်ရင် (or) ရေထဲဆင်းအပီးမိနစ် ၃၀ နဲ့တင်ပျယ်သွားပါတယ်။ ဒါကြောင့်တခြားတွေထက် SPF 30++ ပါတဲ့ sunscreen ကိုပိုသုံးစေချင်ပါတယ်။ နောက်ပြီး လိမ်းတဲ့အခါမှာလဲ ခန္ဓာကိုယ်နဲ့မျက်နှာတင်မက နားရွက်တွေ၊ နှုတ်ခမ်းတွေစသည်ဖြင့်လဲ မရှောင်ဘဲလိမ်းပေးသင့်ပါတယ်။ (အနံ့မွှေးမွှေးလေးဆိုပီးမတော်တဆ ပါးစပ်ထဲဝင်ရင်တော့မစားရဘူးနော် 😐) ဘယ်အပြင်ထွက်ထွက် ထီးဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ။ (ဘယ်သူဘယ်လိုကြည့်ကြည့်တပ်ပါ) နေရောင်တိုက်ရိုက်မထိအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် စသည်ဖြင့်ဝတ်ပေးပါ။

Related Article >>> နေလောင်ဒဏ်ကို ကုသမယ့် အိမ်တွင်းကုထုံး

ကာကွယ်ဖို့နည်းလေးတွေတော့ပေးပြီးပြီ။ ဒါပေမယ့်အနည်းနဲ့အများတော့နေလောင်ထားတဲ့ဒဏ်လေးတွေရှိတတ်တာမို့ ဖြစ်လာခဲ့ရင်လဲဘယ်လိုပြန်ကောင်းအောင်လုပ်ရမလဲဆိုတာဆက်ဖော်ပြပေးမယ်နော်…

(၁) ရေခပ်အေးအေးလေးနဲ့ သဲပါတဲ့ဆပ်ပြာလို ခပ်ကြမ်းကြမ်းဆပ်ပြာမျိုးနဲ့ရေပြန်ချိုးပေးပါ။ (ရိုးရိုးဆပ်ပြာ နဲ့ ရေခပ်နွေးနွေးကယားတတ်တယ်လေ။)

(၂) အသားအရည်အရမ်းခြောက်နေမှာဖြစ်တဲ့အတွက် ရှားစောင်းလက်ပက် gel လေးတွေလိမ်းပေးတာမျိုး၊ vitamin E ပါတဲ့ body oil လေးတွေလိမ်းပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

(၃) ရေဓာတ်တွေခမ်းခြောက်ပြီး အသားအရည်ခြောက်သွားတာမို့ အရည်ရွှမ်းတဲ့အသီးလေးတွေစားပြီးရေဓာတ်ပြန်ဖြည့်ပေးရပါမယ်။

(၄) တစ်ခါတစ်လေအရမ်းယားလာတဲ့အခါလဲမကုတ်ပါနဲ့၊ အမာရွတ်လေးတွေဖြစ်သွားတတ်ပါတယ်။ ရေခဲလေးနဲ့ပွတ်ပေးနော်။

(၅) ညအိပ်ရင်ပိုပိုယားတတ်တဲ့အတွက် ညစ်ပတ်တဲ့အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေကိုလဲပြီး သက်တောင့်သက်သာရှိမယ့်အိပ်ရာမှာအိပ်သင့်ပါတယ်။

(၆) အရည်ပြားတွေကွာကျလာတဲ့အခါလဲ သွားသွားမခွာပါနဲ့။ Cell အသစ်ကြောင့်ဖြစ်လာတဲ့အရည်ပြားအသစ်တွေကိုခွာမိတတ်သလို အပြင်ကမမြင်ရတဲ့ရောဂါပိုးတွေလဲအလွယ်တကူဝင်လာတတ်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းကကုသခြင်းထက်ပိုထိရောက်မှုရှိပါတာမို့ တတ်နိုင်သလောက်နေလောင်ဒဏ်တွေမဖြစ်အောင်ကြိုကာကွယ်ထားရင် ဒဏ်တွေမဖြစ်တော့ အမာရွတ်ဘာညာအတွက်လဲစိတ်ပူစရာမလိုတော့ဘူးပေါ့။ လှပချောမွေ့တဲ့အသားအရည်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ ❤️

Hnin Ei Oo ( For Her Myanmar )

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။