ရာသီလာတဲ့အချိန် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေရှိလား?

ယောင်းတို့ရေ..

So What!? ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ရာသီသွေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး လှုပ်ရှားမှု campaign တစ်ခုဖြစ်ပါတယ်။ မင်မင်တို့က So What!? နဲ့ ပူးပေါင်းပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ရာသီသွေးနဲ့ ပတ်သက်ပြီး လူတွေအသိမှားနေတဲ့ ယုံတမ်းစကားနဲ့ အမှန်တရား တွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်.

အခု ပထမဆုံး အကြောင်းအရာကတော့ ရာသီလာတဲ့အချိန် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေရှိလား? ဆိုတာနဲ့ ပတ်သက်ပြီးတော့ပေါ့နော်

So What!? မှာ မေးထားတဲ့ Poll လေးအရ ရာသီလာစဉ်လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ချေများတယ်ဆိုတဲ့အဖြေက ၃၉ % ရှိပြီး ကိုယ်ဝန်ရနိုင်ချေနည်းတယ်ဆိုတဲ့အဖြေ ၆၁% ရှိပါတယ်။ 🧐🧐
အဖြေမှန်ကတော့ ရာသီလာစဉ် လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရနိုင်ချေအနည်းဆုံးအချိန်ပါ။ 🎉🎉
ဒါပေမဲ့ ဒီလိုချွင်းချက်လေးတွေတော့ရှိတယ်နော့်‼️‼️

မမျိုးဥလေးဟာ ကြွေပြီးတဲ့အချိန်ကစလို့ ၂၄ နာရီအထိ အသက်ရှင်နိုင်ပြီးတော့ သုတ်ပိုးလေးတွေကတော့ ၇ ရက်အထိအသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေတဲ့အချိန်မှာ လိင်ဆက်ဆံမိရင် ကိုယ်ဝန်လုံးဝမရနိုင်ဘူးလို့တော့ ယူဆလို့မရပါဘူး။🙅‍♀️🙅‍♂️
ရာသီစက်ဝန်းတိုသူတွေအဖို့ ရာသီစလာတဲ့ရက်ကနေ နောက်ပိုင်းရောက်လေလေ ကိုယ်ဝန်ရနိုင်ချေပိုရှိလေလေပါပဲ။ ဘာလို့လဲဆိုတော့ မမျိုးဥကြွေတဲ့အချိန်နဲ့ ရာသီလာတဲ့အချိန်နဲ့ကြားမှာ ရက်နည်းနည်းပဲခြားလို့ပါ။ ရာသီစက်ဝန်း ၂၈ ရက်ကြာသူတွေအဖို့ ရာသီစက်ဝန်းရဲ့ ၁၄ ရက် (သို့) ၁၆ ရက် လောက်ဟာ ကိုယ်ဝန်ရနိုင်ချေအရှိဆုံးအချိန်ပါ။ 🗓️🗓️
ရာသီစက်ဝန်းရှည်ရင်တောင်မှ သန္ဓေအောင်သွားနိုင်ချေရှိတဲ့အတွက် စိတ်ချထားလို့တော့မရပါဘူး။ သားဥကြွေချိန်ကို ကွက်တိတွက်လို့မရသလို ရာသီစက်ဝန်းဟာလည်း တသတ်မတ်တည်းမရှိနိုင်ပါဘူး။ ဒါကြောင့် သတိအမြဲရှိနေတာအကောင်းဆုံးပါ။ ⚠️⚠️
ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး မိသားစုစီမံကိန်းဆွဲထားတာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ 👨‍⚕️👩‍⚕️👪

နောက်အပတ်မှာ ဘယ်အကြောင်းအရာ ဖြစ်မလဲ စောင့်ကြည့်ပေးပါဦးနော်။

<Zawgyi>

ရာသီလာတဲ့အခ်ိန္ လိင္ဆက္ဆံရင္ ကိုယ္ဝန္ရႏိုင္ေခ်ရွိလား?

ေယာင္းတို႔ေရ..

So What!? ဟာ ျမန္မာႏိုင္ငံမွာ ပထမဦးဆံုးေသာ ရာသီေသြးဆုိင္ရာ က်န္းမာေရးအသိပညာေပး လႈပ္ရွားမႈ campaign တစ္ခုျဖစ္ပါတယ္။ မင္မင္တုိ႔က So What!? နဲ႔ ပူးေပါင္းၿပီး အပတ္စဥ္ အဂၤါေန႔တိုင္း ရာသီေသြးနဲ႔ ပတ္သက္ၿပီး လူေတြအသိမွားေနတဲ့ ယံုတမ္းစကားနဲ႔ အမွန္တရား ေတြကို ေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္.

အခု ပထမဆံုး အေၾကာင္းအရာကေတာ့ ရာသီလာတဲ့အခ်ိန္ လိင္ဆက္ဆံရင္ ကိုယ္ဝန္ရႏိုင္ေခ်ရွိလား? ဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ေပါ့ေနာ္

So What!? မွာ ေမးထားတဲ့ Poll ေလးအရ ရာသီလာစဥ္လိင္ဆက္ဆံရင္ ကိုယ္ဝန္ရႏိုင္ေခ်မ်ားတယ္ဆိုတဲ့အေျဖက ၃၉ % ရွိၿပီး ကိုယ္ဝန္ရႏိုင္ေခ်နည္းတယ္ဆိုတဲ့အေျဖ ၆၁% ရွိပါတယ္။ 🧐🧐
အေျဖမွန္ကေတာ့ ရာသီလာစဥ္ လိင္ဆက္ဆံျခင္းဟာ ကိုယ္ဝန္ရႏိုင္ေခ်အနည္းဆုံးအခ်ိန္ပါ။ 🎉🎉
ဒါေပမဲ့ ဒီလိုခြၽင္းခ်က္ေလးေတြေတာ့ရွိတယ္ေနာ့္‼️‼️

မမ်ိဳးဥေလးဟာ ေႂကြၿပီးတဲ့အခ်ိန္ကစလို႔ ၂၄ နာရီအထိ အသက္ရွင္ႏိုင္ၿပီးေတာ့ သုတ္ပိုးေလးေတြကေတာ့ ၇ ရက္အထိအသက္ရွင္ႏိုင္ပါတယ္။ ဒါေၾကာင့္ ရာသီလာေနတဲ့အခ်ိန္မွာ လိင္ဆက္ဆံမိရင္ ကိုယ္ဝန္လုံးဝမရႏိုင္ဘူးလို႔ေတာ့ ယူဆလို႔မရပါဘူး။🙅‍♀️🙅‍♂️
ရာသီစက္ဝန္းတိုသူေတြအဖို႔ ရာသီစလာတဲ့ရက္ကေန ေနာက္ပိုင္းေရာက္ေလေလ ကိုယ္ဝန္ရႏိုင္ေခ်ပိုရွိေလေလပါပဲ။ ဘာလို႔လဲဆိုေတာ့ မမ်ိဳးဥေႂကြတဲ့အခ်ိန္နဲ႔ ရာသီလာတဲ့အခ်ိန္နဲ႔ၾကားမွာ ရက္နည္းနည္းပဲျခားလို႔ပါ။ ရာသီစက္ဝန္း ၂၈ ရက္ၾကာသူေတြအဖို႔ ရာသီစက္ဝန္းရဲ႕ ၁၄ ရက္ (သို႔) ၁၆ ရက္ ေလာက္ဟာ ကိုယ္ဝန္ရႏိုင္ေခ်အရွိဆုံးအခ်ိန္ပါ။ 🗓️🗓️
ရာသီစက္ဝန္းရွည္ရင္ေတာင္မွ သေႏၶေအာင္သြားႏိုင္ေခ်ရွိတဲ့အတြက္ စိတ္ခ်ထားလို႔ေတာ့မရပါဘူး။ သားဥေႂကြခ်ိန္ကို ကြက္တိတြက္လို႔မရသလို ရာသီစက္ဝန္းဟာလည္း တသတ္မတ္တည္းမရွိႏိုင္ပါဘူး။ ဒါေၾကာင့္ သတိအၿမဲရွိေနတာအေကာင္းဆုံးပါ။ ⚠️⚠️
ကိုယ္ဝန္ေဆာင္ဖို႔ ရည္႐ြယ္ခ်က္မရွိဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္ၿပီး မိသားစုစီမံကိန္းဆြဲထားတာ အသင့္ေတာ္ဆုံးျဖစ္ပါလိမ့္မယ္။ 👨‍⚕️👩‍⚕️👪

ေနာက္အပတ္မွာ ဘယ္အေၾကာင္းအရာ ျဖစ္မလဲ ေစာင့္ၾကည့္ေပးပါဦးေနာ္။

No Comments Yet

Leave a Reply

Your email address will not be published.