Uncategorized

ဓာတ်ဖမ်းတိုင်း လှနေစေဖို့

ကိုယ့်ပုံစံက ဂွမ်းေ​န​ပေမယ့်လည်း ဒီလိုနည်း​လေး​တွေနဲ့ ရိုက်ရင်​ အမိုက်​စားဓာတ်​ပုံ​လေး​တွေ ရနိုင်​ပါတယ်​ ​ယောင်းတို့​ရေ။

မယုံမရှိနဲ့​နော်​ .. ကိုယ်​​တွေက လူသာမလှတာ .. ဓာတ်​ပုံရိုက်​ရတာ​တော့ စွန်းဝါသနာပါတယ်​။ ကိုယ်​တိုင်​လည်းရိုက်​ကြည့် သူများရိုက်​ထားတာ​လေး​တွေကို လည်း စနည်းနာလုပ်​ရတာ​ပေါ့။ ကဲ .. ဘယ်​လိုရိုက်​ရမလဲဆိုတာ စပြောပြ​တော့မယ်​​နော်​။

(၁) အလှဆုံးဆိုတာ​လေးကိုပဲ ​ရွေးပြမယ်

ဘယ်​​လောက်​ပဲ ကိုယ့်​မျက်​နှာကိုယ်​ စိတ်​တိုင်းမကျပါဘူး​ပြော​ပြော လူတိုင်းမှာ အနည်းဆုံး​တော့ ကွကိုယ်​ မဆိုးပါဘူး ဒါမှမဟုတ်​ လှတယ်​ သတ်​မှတ်​ထားတဲ့ မျက်​နှာ​ပေါ်က အစိတ်​အပိုင်းတစ်​ခုရှိတတ်​ ကြပါတယ်​။ ခုနည်း​လေးက​တော့ အဲ့ဒီအစိတ်​အပိုင်း​လေးကို ပို​ပေါ်​အောင်​လုပ်​ပြီး angle (ရှု​ထောင့်​) အမျိုးမျိုးက​နေ ရိုက်​ကြည့်ပေါ့။ ဥပမာ နှာတံ​လေး​စင်း​နေတဲ့သူကျ​တော့ နှာတံ​လေးပို​ပေါ်သွား​အောင်​ မျက်​နှာကို​ဘေးတ​စောင်း​​လေး လုပ်​ပြီး ရိုက်​တာမျိုး​ပေါ့​နော်​။ အဓိကက ဓာတ်​ပုံများများ ရိုက်​ကြည့်ပါ။ ဘယ်​ရှု​ထောင့်​ကရိုက်​ရင်​ အလှဆုံးဖြစ်​မလဲဆိုတာကို ​သေ​သေချာချာ သိလာတဲ့အထိ​ပေါ့။

(၂) အလင်း​ရောင်​ကို ​ကျော​ပေးရိုက်​ကြည့်ပါ။

တစ်​ခါတ​​လေ ​နေရာ​ကောင်း​လေးတစ်​ခုခုကို ​ရောက်​​နေလို့ Profile ပုံလှလှ​လေးရ​အောင်​ ရိုက်​ချင်လာပြီဆိုပါစို့။ မျက်​နှာက ​ချွေးထွက်​ဘာထွက်​နဲ့ လူကလည်း ပြိုင်း​နေတယ်​ဆို အလင်း​ရောင်​များများရပြီး မြင်​ကွင်းကျယ်​တဲ့​နေရာမျိုးမှာ အလင်း​ရောင်​ကို ​ကျော​ပေးပြီး အပြတ်​ရှိုးထုတ်​ပြီး ရိုက်​ကြည့်ပါ။ ကိုယ်​​နေဟန်​ထားက လုံးဝအမိုက်​စားဖြစ်​ဖို့​တော့ လိုတာ​ပေါ့​နော်​။ (ပိန်​တာဝတာနဲ့ မဆိုင်​ပါဘူး​နော်​) Pose ​ပေးတတ်​ရမယ်​လို့ ​ပြောတာပါ။

 

(၃) အ​ရောင်​စုံတဲ့ Background ​နောက်​ခံထားပြီးရိုက်​ပါ

လူက​တော့ သိပ်​မလှပါဘူး။ ဒါ​ပေမဲ့ ဓာတ်​ပုံထဲက ​နောက်​ခံရှုခင်း​တွေ မြင်​ကွင်း​တွေက သိပ်​ပြီးအ​ရောင်​စုံလွန်းေ နတယ်​ဆိုရင်​ ကိုယ့်​ရဲ့အားနည်းချက်​​လေး​တွေကို ဖုံးသွားပြီး ဓာတ်​ပုံက ဆွဲ​ဆောင်​မှုရှိသွားတတ်​ပါတယ်​။ အ​ပေါ်မှာ​ပြောခဲ့သလိုပဲ Pose ​က​တော့ ​ပေးတတ်​ရပါမယ်​။ လုံးဝမ​ပေးတတ်​ဘူးဆိုရင်​​တော့ ​လက်​​လေးပိုက်​ပြီး ​ခေါင်း​လေး​စောင်းငဲ့ငဲ့​လေး လုပ်​ပြီးသာ ရပ်​​နေလိုက်​​ပေ​တော့။

Related Article >>> ဓာတ်ပုံထဲမှာ အလန်းလေး ဖြစ်စေဖို့ ယောင်းတို့ သိသင့်တဲ့ အချက် (၅)ချက်

(၄) မျက်​နှာကို အုပ်​ထားပါ

ဓာတ်​ပုံရိုက်​ပါတယ်​ဆိုမှ​တော့ မျက်​နှာကို အုပ်​ထားစရာလားလို့ ​မေးစရာရှိပါတယ်​။ မလှဘူးထင်​ရင်​ အုပ်​သာအုပ်​ထားလိုက်​ပါ။ ​​ဘေးမှာရှိတဲ့ စာအုပ်​​လေးနဲ့ပဲဖြစ်​ဖြစ်​၊ ဦးထုပ်​​လေးနဲ့ပဲဖြစ်​ဖြစ်​ မျက်​နှာတစ်​ဝက်​​လောက်​ကို ကာပစ်​လိုက်​။ မျက်​နှာတစ်​ခုလုံးအုပ်​ထားရင်​ ​တော့ ဘယ်​မိုက်​မလဲ​နော်​။ စား​သောက်​ဆိုင်​ထဲထိုင်​​နေရင်း မျက်​နှာအုပ်​စရာဘာမှရှာမရ​တော့ ရင်​ စားပွဲ​ပေါ်က ပန်းအိုးထဲထည့်​ထားတဲ့ ပန်းသာ​ကောက်​ထုတ်​ပြီး ကွယ်ပစ်​လိုက်​ပါ​။ ​နောက်​ဆုံးဘာမှရှာလို့မရ​တော့ရင်​​တော့ အ​မေ​မွေးကတည်းကပါလာတဲ့ လက်​ဝါးနဲ့သာ အုပ်​လိုက်​ပါ​လေ။ ထွက်လာတဲ့ ဓာတ်ပုံကတော့ အမိုက်စားပဲဖြစ်နေမှာနော်..

(၅) ​နောက်​​ကျောဘက်​ကိုပဲ ခပ်​လှမ်းလှမ်းကရိုက်​ကြည့်ပါ။

မျက်​နှာနဲ့ပတ်​သက်​ပြီး ယုံကြည်​မှုမရှိချိန်​​တွေမှာ စမ်းကြည့်​သင့်တာမျိုးပါ။ လူကိုအလည်​တည့်တည့်မှာ centre ထားပြီး ​ဘေးကဟာ​တွေအားလုံးကို ဝါးပြီးရိုက်နိုင်​ရင်​​တော့ ပို​ကောင်းပါတယ်​။

(၆) ခါးတစ်​ဝက်​က​နေ ဖြတ်​ရိုက်​ပါ

ပိန်​ပိန်​ဝဝ ​ပေါင်​​လောက်​​နေရာက​နေ ကိုယ်​တစ်​ပိုင်း​လောက်​ပဲပါ​အောင်​ ပင့်ရိုက်​ရင်​ ရှိရင်းစွဲထက်​ သွယ်ပြီးအရပ်​ရှည်​သွားသ​ယောင်​ ​ဖြစ်​​စေတာမို့ ရင်ခွင်မီအရပ်ပိုင်ရှင်လေး​တွေနဲ့ ဝကစ်​​လေး​တွေ အဆင်​​ပြေမယ့် နည်းလမ်း​လေးပါ။ အရမ်းအနီးကပ်​က သွားရိုက်​ရင်​​တော့ ထွက်​လာတဲ့ပုံက ရုပ်​ဆိုးတတ်​ပါတယ်​​နော်​။

လက်​​ဆောင်​အ​နေနဲ့ နန္ဒာ​လေး ခရီးသွားတုန်းက ရိုက်​ထားတဲ့ပုံ​လေး​ဒေ ထည့်ပေးလက်​ပါ​ဒယ်​လို့ LOL

ဓာတ်ဖမ်းတိုင်း ပုံလှလှလေးတွေ ထွက်လာနိုင်ကြပါစေ ယောင်းတို့ရေ…

Nandar ( For Her Myanmar )

 

Nandar
နာမည်​က​တော့ အိမ့်​နန္ဒာကြည်​တိုးပါ။ For Her Myanmar မှာ Freelance စာ​ရေးသူတစ်​​ယောက်​အ​နေနဲ့ ကူညီအား​ဖြည့်​​ပေးထားပါတယ်​။ ဟုကဲ့ .. နန္ဒာ့ရဲ့​ဆောင်း​ပါး​လေး​တွေက​တော့ အသုပ်​စုံဆန်​​နေ​လောက်​မှာပါ။ စိတ်​ခံစားချက်​​အတိုင်း ရင်​ထဲရှိတာ​လေး​တွေလည်း ​ရေးပါတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *