စာကြမ်းပိုးလေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ အကျင့်လေးတွေ

 စာကြမ်းပိုးလေးတွေက ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံး လူသားတွေပါတဲ့။ သူတို့ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ သူ့တို့ကိုယ်သူတို့တော့ မသိပေမဲ့……

စာကြမ်းပိုးလေးတွေ တန်းစီ။ စာအုပ်ဝေပေးမလို့တော့ မဟုတ်ပါဘူး၊ အတွေ့အကြုံလေးတွေ ရှယ်ပေးမလို့… အဟဲ။ အခု ဒီဆောင်းပါးကို ဖတ်နေတဲ့ ယောင်းတို့ထဲမှာ စာကြမ်းပိုးလေးတွေ ရှိကြလား။ စာကြမ်းပိုးသက်တမ်း ဘယ်လောက်တောင် ရှိသွားပြီလဲ။ ဘာမှတော့ မဟုတ်ဘူး၊ စပ်စုကြည့်တာ။ ကဲ.. ကဲ စကားအကောင်းပြောမယ်နော်။ စာကြမ်းပိုးလေးတွေက ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံး လူသားတွေပါတဲ့။ သူတို့ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ သူ့တို့ကိုယ်သူတို့ မသိပေမဲ့ ဘေးကလူတွေကတော့ သိကြပါတယ်တဲ့။ (နောက်နေ့ကျ ကိုကိုတွေကို ပြန်မေးကြည့်၊ သိလား။ :P) ဝင်ဒီ အခုပြောပြမယ့်အချက်လေးတွေကတော့ စာကြမ်းပိုးလေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအကျင့်လေးတွေပါ။

၁။ စာအုပ်မှ စာအုပ် တမ်းတမ်းစွဲဖြစ်နေခြင်း။

– အမလေး… ပြောနေစရာတောင် လိုသေးလားနော်။ ဒီလို စာအုပ်မှ စာအုပ်တမ်းတမ်းစွဲဖြစ်နေတာကလည်း ချစ်ဖို့ကောင်းတဲ့ အချက်တစ်ခုပါပဲတဲ့။ စာကြမ်းပိုးလေးတွေရဲ့ လက်တွဲဖော်တွေကို ကြည့်ကြည့်လိုက်၊ မုန့်ပေးညာတာမဟုတ်ဘူး။ စာအုပ်ပေးပြီး အပိုင်သိမ်းတာ။ (စာကြမ်းပိုးတွေရဲ့ကိုကိုတွေ ဝန်ခံလိုက်၊ ဟုတ်တယ်ဟုတ်။ )

Related Article >>> အင်္ဂလိပ်စာလေ့လာချင်တဲ့ယောင်းတို့အတွက် ဖတ်ချင်စရာစာအုပ်ကောင်းလေးတွေ

၂။ တစ်နေကုန် အပြင်မထွက်ဘဲ အခန်းအောင်းနေခြင်း။

– ဒါကတော့ ထူးဆန်းတဲ့အကျင့်ပဲနေမှာ၊ အဲဒါကို မာမီမားသားတို့၊ ဒယ်ဒီဖားသားတို့က ငါ့သမီးလေး လမ်းမသလားတတ်တာ ချစ်ဖို့ကောင်းလို့တဲ့တော်။ ယောင်းတို့လည်း မာမီနဲ့ ဒက်ဒီ့ကို ပြန်မေးကြည့်၊ မီး စာအုပ်တစ်အုပ်နဲ့ အခန်းအောင်းနေတာ ချစ်ဖို့ကောင်းလားလို့။

၃။ အမြဲလို စာအုပ်ဆိုင်ဘက်ပဲ ခြေဦးလှည့်နေခြင်း

– ကောင်လေးတွေကလည်း သူတို့ကို ဘားတို့၊ ကလပ်တို့ကို ခေါ်သွားတာထက် စာအုပ်ဆိုင် ခေါ်သွားတာကို ပိုသဘောကျကြပါတယ်တဲ့။ ခရပ်ရှ်ရှိရင် ညာတာပါတေးလေးနဲ့ ခေါ်သွားပစ်။ ဟိုကလည်း စာကြမ်းပိုးဆိုလို့ကတော့ နဖူးစာ ဦးလာ ဒူးလည်ပြီ။

Related Article >>> အသိဉာဏ်ကြွယ်စေဖို့ ဖတ်သင့်တဲ့ စာအုပ်အမျိုးအစား (၅)မျိုး

၎။ နူးညံ့လာခြင်း

– စာကောင်းပေမွန်တွေ ဖတ်ပါများလာရင် နှလုံးသားက နူးညံ့လာတယ်တဲ့။ နှလုံးသားနူးညံ့တဲ့လူရဲ့ အကျင့်စရိုက်ကလည်း နူးညံ့နေမှာပေါ့။ ဒါကြောင့်လည်း လူချစ်လူခင်များလာတာ မဆန်းဘူးပေါ့။

၅။ နံပါတ်ငါးအချက်ကိုတော့ ဝင်ဒီက ချစ်ဖို့ကောင်းတဲ့အမူအကျင့်ထက် စံထားစရာ အလေ့အကျင့်လို့ သတ်မှတ်ချင်တယ်။ လောကကြီးမှာ စာကောင်းပေမွန်တွေကို ဖတ်ရှုခြင်းက တန်ဖိုးရှိတဲ့အရာပဲမလား။ ဒါမှမဟုတ် ချစ်ဖို့ကောင်းတဲ့ စာကြမ်းပိုးယောင်းလေးတို့ကို နံပါတ်ငါးမှာပဲ ထားလိုက်တော့မယ်နော်။

Windy ( For Her Myanmar )

No Comments Yet

Comments are closed