Uncategorized

Facebook တွင် ဟာသဗီဒီယိုများဖြင့်တင်ဆက်ပေးနေသော ကိုအောင်ရဲထွေး ဦးခေါင်းဒဏ်ရာဖြင့် ကွယ်လွန်

နှစ်သစ်ကူးညက ခေါင်းမှ ဒဏ်ရာ ကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူ ခဲ့သော်လည်း ယနေ့ ဇန်နဝါရီ လ ၂ရက် နေ့လည်ပိုင်းမှာ ကွယ်လွန်

အင်တာနက် တွင် ဟာသဗီဒီယို များ တင်ဆက်သူ ဟာသပညာရှင် ကိုအောင်ရဲထွေးသည် နှစ်သစ်ကူးညက ခေါင်းမှ ဒဏ်ရာ ကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူ ခဲ့သော်လည်း ယနေ့ ဇန်နဝါရီ လ ၂ရက်နေ့ နေ့လည်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ယခင် က ကိုအောင်သူလွင် (Kelvin Kate) နှင့် ဟာသဗီဒီယိုများ တင်ဆက်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ဦးတည်းဟာသ ဗီဒီယိုများကို တင်ဆက်နေသူ ဖြစ်ပါသည်။ ဒီဇင်ဘာ လ ၂၉ ရက်နေ့ တွင် “မရောက်ဖူးပါဘူး သဲရယ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ဗီဒီယို တစ်ခု ကို facebook တွင် နောက်ဆုံးတင်ခဲ့သည်။  

၎င်းသေဆုံးမှု နှင့် ပတ်သက်ပြီး ကို အောင်သူလွင်မှ “ငါ အရမ်းခံစားရတယ် ကွာ ပြောစရာစကားမရှိဘူး ရင်ကွဲမတက်ပဲကွာ ငါ့အစ်ကို တစ်ယောက်ဆုံးရှုံးသွားပြီကွာ” ဟု ဝမ်းနည်းကြောင်းကို ၄င်း၏ အကောင့်တွင် ဖော်ပြထားသည်။

အခြားသော နာမည်ကြီး အဆိုတော်များဖြစ်သည့် X.Box နှင့် ဇွဲပြည့် တို့မှလည်း ၄င်းတို့ကိုယ် ပိုင် အကောင့်များတွင် ဝမ်းနည်းကြေကွဲကြောင်း အသီးသီးဖော်ပြထားကြသည်။

Shwe La Min Eain

Leave a Reply

Your email address will not be published. Required fields are marked *