အံ့သြမှင်သက်စရာကောင်းတဲ့ ရန်ကုန်မြို့က ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ(၅)ခု

နိုင်ငံခြားသားတွေ သဘောကျပြီးလာရောက်လေ့လာကြတဲ့အထိ ရန်ကုန်မြို့မှာ ဗိသုကာလက်ရာပြောင်မြောက်တဲ့ ရှေးဟောင်းအဆောက်အအုံတွေရှိနေတာ ယောင်းတို့လည်းသိကြမှာပါ။ အထူးသဖြင့် Downtown နေရာတစ်ဝိုက်က တကယ်ငေးရလောက်အောင် ခမ်းနားတဲ့အဆောက်အအုံတွေနဲ့ပြည့်နေလို့ ဓာတ်ပုံခရေဇီတွေ၊ အနုပညာရှင်တွေ မျက်စိကျတဲ့နေရာတစ်ခုပါ။ ယောင်းတို့မြင်သာမြင်ပြီး နက်နက်နဲနဲမသိလိုက်တဲ့ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေကတော့….

၁။ဗိုလ်ချုပ်အောင်ဆန်းဈေး

ကိုလိုနီခေတ်ဦးတုန်းက ဗိုလ်ချုပ်အောင်ဆန်းဈေးနေရာမှာ ကဇာတ်ရုံနဲ့ ရုပ်ရှင်ရုံတွေရှိခဲ့ပါတယ်။ ဗြိတိသျှလက်ထက် ၁၉၆၂ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေးကိုဆောက်လုပ်ခဲ့ပြီး အဲ့ဒီ့အချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူး စကော့ကို ဂုဏ်ပြုတဲ့အနေနဲ့ စကော့ဈေးလို့ခေါ်တွင်ခဲ့တယ်။ဂျပန်ခေတ်မှာ ရန်နိုင်ဈေးလို့လည်း ခေါ်တွင်ခဲ့သလို လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်းကိုအစွဲပြုပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးဆိုပြီး ဖြစ်လာခဲ့ပါတယ်။
ကိုလိုနီခေတ် ဗိသုကာလက်ရာကို ထင်ပေါ်စေတဲ့အပြင် မြန်မာ့လက်မှုပစ္စည်းအရောင်းဆိုင်ခန်းတွေများတဲ့အတွက် ဗိုလ်ချုပ်ဈေးကို နိုင်ငံခြားသားတွေ မျက်စိကျတာမဆန်းပါဘူး။

၂။မြို့တော်ခန်းမ

ဆူးလေဘုရားနဲ့ ဗန္ဓုလပန်းခြံအနီးမှာ မားမားမတ်မတ်ကြီးရှိနေတာကတော့ ရန်ကုန်မြို့တော်ခန်းမပါပဲ။ ရန်ကုန်မြို့တော်ခန်းမကြီးကို မြန်မာဗိသုကာပညာရှင် စည်သူဦးတင်က ပုံစံရေးဆွဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၁၉၂၆မှာ ဆောက်လုပ်ရေးလုပ်ငန်းကိုစတင်ခဲ့တာ ၁၉၃၆မှာ ဆောက်လုပ်ပြီးဆုံးခဲ့တယ်။ အရင်တုန်းက ရန်ကုန်မြူနီစီပယ် ကော်ပိုရေးရှင်းအဆောက်အအုံလို့ခေါ်ပြီး ယခုအခါမှာတော့ မြို့တော်ခန်းမဆိုပြီး အားလုံးသိထားကြပါတယ်။ ပြသာဒ်အမိုးပုံစံနဲ့ တည်ဆောက်ထားတဲ့အပြင် ဒေါင်းရုပ်များ၊ နဂါးရုပ်များပါဝင်တဲ့အတွက် မြန်မာ့ဗိသုကာလက်ရာအငွေ့အသက်လေးကို မြင်နေရမှာပါ။

၃။ ရန်ကုန်ဘူတာကြီး

ရန်ကုန်ဘူတာကြီးက မြန်မာနိုင်ငံမှာ အကြီးဆုံးဘူတာကြီးဖြစ်ပါတယ်။ ၁၈၇၇မှာ ဗြိတိသျှတွေစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၄၃ ဂျပန်တပ်တွေဝင်လာတဲ့အခါမှာ ဗြိတိသျှတွေမဆုတ်ခွာခင် ကိုယ်တိုင်ဖျက်ဆီးသွားခဲ့ကြတယ်။၁၉၅၄မှာတော့ မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က မြန်မာရိုးရာလက်မှုအနုပညာနဲ့အညီ ပြာသာဒ်အဆင့်ဆင့်ဖြင့် ပြန်လည်ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် ၁၉၉၆ကတည်းက သတ်မှတ်ပြီးသားလည်းဖြစ်ပါတယ်။

၄။ဝန်ကြီးများရုံး

သက်တမ်း ၁၂၀ကျော်ပြီးဖြစ်တဲ့ ဝန်ကြီးများရုံးက ဗီတိုရိယန်း-ကိုလိုနီဗိသုကာပုံစံရဲ့ စံပြလက်ရာတစ်ခုဖြစ်ပါတယ်။ သိမ်ဖြူလမ်းမှာတည်ရှိနေတဲ့ ဝန်ကြီးများရုံးသစ်ကို ၁၈၉၆ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်အက္ခရာ Uပုံစံဖွဲ့စည်းဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့သူကတော့ ရန်ကုန်ဆေးရုံကြီး ဆောက်လုပ်ခဲ့သူ အမှုဆောင်အင်ဂျင်နီယာ ဟင်နရီ ဟွိုင်းဖောက်ပဲဖြစ်ပါတယ်။ ၁၉၄၇ ဇူလိုင် ၁၉မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်း၉ဦးဟာ ဝန်ကြီးများရုံးမှာပဲလုပ်ကြံသတ်ဖြတ်ခံရတာပါ။ ယခင်ကဆိုရင် အာဇာနည်နေ့ကလွဲရင် ကျန်တဲ့ရက်တွေမှာ ဝန်ကြီးများရုံးက ခြောက်ကပ်နေပြီး ယခုအခါမှာ လွတ်လွတ်လပ်လပ်ဝင်ရောက်လေ့လောသူတွေနဲ့ စည်ကားနေပြီဖြစ်ပါတယ်။


၅။ Strand Hotel
အင်္ဂလန် ဗီတိုရီယန် ဒီဇိုင်းနဲ့ ဆောက်လုပ်ခဲ့တဲ့ Strand ဟိုတယ်က ကိုလိုနီခေတ်အငွေ့အသက်တွေကို ပေါ်လွင်စေတဲ့အပြင် ရန်ကုန်မြို့ရဲ့ နာမည်ကြီးဟိုတယ်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီ့အပြင် အရှေ့တောင်အာရှတစ်ဝှမ်းမှာလည်း နာမည်ရနေတဲ့ ဟိုတယ်တစ်ခုလည်းဖြစ်ပါတယ်။ ဟိုတယ်ရဲ့ vice president ကတာ့ ဟိုတယ်ရဲ့မူရင်းအငွေ့အသက်လေး မပြယ်စေချင်လို့ ဟိုတယ်တစ်ခုလုံးကို ဖြိုမဆောက်ပဲ အတွင်းပိုင်းကိုသာ မွမ်းမံပြင်ဆင်ခဲ့ပါတယ်။ ယခင်က Strandလမ်း(ယခုကမ်းနားလမ်း)မှာတည်ရှိတဲ့အတွက် Strandဟိုတယ်လို့ အမည်တွင်ခဲ့တာပါ။

အက်ဒမင်ဖတ်မိသလောက်လေးမျှဝေပေးတာဖြစ်လို့ ဒီလောက်ပဲမဟုတ်သေးဘူးနော်။ ရန်ကုန်မြို့မှာ တစ်ခြားသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံတွေထပ်ရှိနေသေးတာကြောင့် ယောင်းတို့ သိခဲ့၊ မှတ်ခဲ့၊ ကြားခဲ့ရတာရှိရင် ဖောက်သည်ချပါဦးလို့။

<<<ZAWGYI>>>

ႏိုင္ငံျခားသားေတြ သေဘာက်ၿပီးလာေရာက္ေလ့လာၾကတဲ့အထိ ရန္ကုန္ၿမိဳ႕မွာ ဗိသုကာလက္ရာေျပာင္ေျမာက္တဲ့ ေရွးေဟာင္းအေဆာက္အအုံေတြရွိေနတာ ေယာင္းတို႔လည္းသိၾကမွာပါ။ အထူးသျဖင့္ Downtown ေနရာတစ္ဝိုက္က တကယ္ေငးရေလာက္ေအာင္ ခမ္းနားတဲ့အေဆာက္အအုံေတြနဲ႔ျပည့္ေနလို႔ ဓာတ္ပုံခေရဇီေတြ၊ အႏုပညာရွင္ေတြ မ်က္စိက်တဲ့ေနရာတစ္ခုပါ။ ေယာင္းတို႔ျမင္သာျမင္ၿပီး နက္နက္နဲနဲမသိလိုက္တဲ့ ရန္ကုန္ၿမိဳ႕ေရွးေဟာင္းအေမြအႏွစ္အေဆာက္အအုံေတြကေတာ့….

၁။ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈး

ကိုလိုနီေခတ္ဦးတုန္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈးေနရာမွာ ကဇာတ္႐ုံနဲ႔ ႐ုပ္ရွင္႐ုံေတြရွိခဲ့ပါတယ္။ ၿဗိတိသွ်လက္ထက္ ၁၉၆၂ခုႏွစ္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈးကိုေဆာက္လုပ္ခဲ့ၿပီး အဲ့ဒီ့အခ်ိန္က ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး အုပ္ခ်ဳပ္ေရးမႉး စေကာ့ကို ဂုဏ္ျပဳတဲ့အေနနဲ႔ စေကာ့ေဈးလို႔ေခၚတြင္ခဲ့တယ္။ဂ်ပန္ေခတ္မွာ ရန္ႏိုင္ေဈးလို႔လည္း ေခၚတြင္ခဲ့သလို လြတ္လပ္ေရးရၿပီး ေနာက္ပိုင္းမွာေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုအစြဲျပဳၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈးဆိုၿပီး ျဖစ္လာခဲ့ပါတယ္။
ကိုလိုနီေခတ္ ဗိသုကာလက္ရာကို ထင္ေပၚေစတဲ့အျပင္ ျမန္မာ့လက္မႈပစၥည္းအေရာင္းဆိုင္ခန္းေတြမ်ားတဲ့အတြက္ ဗိုလ္ခ်ဳပ္ေဈးကို ႏိုင္ငံျခားသားေတြ မ်က္စိက်တာမဆန္းပါဘူး။

၂။ၿမိဳ႕ေတာ္ခန္းမ

ဆူးေလဘုရားနဲ႔ ဗႏၶဳလပန္းၿခံအနီးမွာ မားမားမတ္မတ္ႀကီးရွိေနတာကေတာ့ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမပါပဲ။ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမႀကီးကို ျမန္မာဗိသုကာပညာရွင္ စည္သူဦးတင္က ပုံစံေရးဆြဲတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ၁၉၂၆မွာ ေဆာက္လုပ္ေရးလုပ္ငန္းကိုစတင္ခဲ့တာ ၁၉၃၆မွာ ေဆာက္လုပ္ၿပီးဆုံးခဲ့တယ္။ အရင္တုန္းက ရန္ကုန္ျမဴနီစီပယ္ ေကာ္ပိုေရးရွင္းအေဆာက္အအုံလို႔ေခၚၿပီး ယခုအခါမွာေတာ့ ၿမိဳ႕ေတာ္ခန္းမဆိုၿပီး အားလုံးသိထားၾကပါတယ္။ ျပသာဒ္အမိုးပုံစံနဲ႔ တည္ေဆာက္ထားတဲ့အျပင္ ေဒါင္း႐ုပ္မ်ား၊ နဂါး႐ုပ္မ်ားပါဝင္တဲ့အတြက္ ျမန္မာ့ဗိသုကာလက္ရာအေငြ႕အသက္ေလးကို ျမင္ေနရမွာပါ။

၃။ ရန္ကုန္ဘူတာႀကီး

ရန္ကုန္ဘူတာႀကီးက ျမန္မာႏိုင္ငံမွာ အႀကီးဆုံးဘူတာႀကီးျဖစ္ပါတယ္။ ၁၈၇၇မွာ ၿဗိတိသွ်ေတြစတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး ၁၉၄၃ ဂ်ပန္တပ္ေတြဝင္လာတဲ့အခါမွာ ၿဗိတိသွ်ေတြမဆုတ္ခြာခင္ ကိုယ္တိုင္ဖ်က္ဆီးသြားခဲ့ၾကတယ္။၁၉၅၄မွာေတာ့ ျမန္မာ့ဗိသုကာပညာရွင္ စည္သူဦးတင္က ျမန္မာ႐ိုးရာလက္မႈအႏုပညာနဲ႔အညီ ျပာသာဒ္အဆင့္ဆင့္ျဖင့္ ျပန္လည္ဒီဇိုင္းေရးဆြဲေဆာက္လုပ္ခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ ေရွးေဟာင္းအေမြအႏွစ္အေဆာက္အအုံအျဖစ္ ၁၉၉၆ကတည္းက သတ္မွတ္ၿပီးသားလည္းျဖစ္ပါတယ္။

၄။ဝန္ႀကီးမ်ား႐ုံး

သက္တမ္း ၁၂၀ေက်ာ္ၿပီးျဖစ္တဲ့ ဝန္ႀကီးမ်ား႐ုံးက ဗီတိုရိယန္း-ကိုလိုနီဗိသုကာပုံစံရဲ႕ စံျပလက္ရာတစ္ခုျဖစ္ပါတယ္။ သိမ္ျဖဴလမ္းမွာတည္ရွိေနတဲ့ ဝန္ႀကီးမ်ား႐ုံးသစ္ကို ၁၈၉၆ခုႏွစ္က စတင္ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး အဂၤလိပ္အကၡရာ Uပုံစံဖြဲ႕စည္းေဆာက္လုပ္ထားတာျဖစ္ပါတယ္။ ဒီဇိုင္းေရးဆြဲေဆာက္လုပ္ခဲ့သူကေတာ့ ရန္ကုန္ေဆး႐ုံႀကီး ေဆာက္လုပ္ခဲ့သူ အမႈေဆာင္အင္ဂ်င္နီယာ ဟင္နရီ ဟြိဳင္းေဖာက္ပဲျဖစ္ပါတယ္။ ၁၉၄၇ ဇူလိုင္ ၁၉မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ အာဇာနည္း၉ဦးဟာ ဝန္ႀကီးမ်ား႐ုံးမွာပဲလုပ္ႀကံသတ္ျဖတ္ခံရတာပါ။ ယခင္ကဆိုရင္ အာဇာနည္ေန႔ကလြဲရင္ က်န္တဲ့ရက္ေတြမွာ ဝန္ႀကီးမ်ား႐ုံးက ေျခာက္ကပ္ေနၿပီး ယခုအခါမွာ လြတ္လြတ္လပ္လပ္ဝင္ေရာက္ေလ့ေလာသူေတြနဲ႔ စည္ကားေနၿပီျဖစ္ပါတယ္။


၅။ Strand Hotel
အဂၤလန္ ဗီတိုရီယန္ ဒီဇိုင္းနဲ႔ ေဆာက္လုပ္ခဲ့တဲ့ Strand ဟိုတယ္က ကိုလိုနီေခတ္အေငြ႕အသက္ေတြကို ေပၚလြင္ေစတဲ့အျပင္ ရန္ကုန္ၿမိဳ႕ရဲ႕ နာမည္ႀကီးဟိုတယ္ေတြထဲက တစ္ခုလည္းျဖစ္ပါတယ္။ ဒီ့အျပင္ အေရွ႕ေတာင္အာရွတစ္ဝွမ္းမွာလည္း နာမည္ရေနတဲ့ ဟိုတယ္တစ္ခုလည္းျဖစ္ပါတယ္။ ဟိုတယ္ရဲ႕ vice president ကတာ့ ဟိုတယ္ရဲ႕မူရင္းအေငြ႕အသက္ေလး မျပယ္ေစခ်င္လို႔ ဟိုတယ္တစ္ခုလုံးကို ၿဖိဳမေဆာက္ပဲ အတြင္းပိုင္းကိုသာ မြမ္းမံျပင္ဆင္ခဲ့ပါတယ္။ ယခင္က Strandလမ္း(ယခုကမ္းနားလမ္း)မွာတည္ရွိတဲ့အတြက္ Strandဟိုတယ္လို႔ အမည္တြင္ခဲ့တာပါ။

အက္ဒမင္ဖတ္မိသေလာက္ေလးမွ်ေဝေပးတာျဖစ္လို႔ ဒီေလာက္ပဲမဟုတ္ေသးဘူးေနာ္။ ရန္ကုန္ၿမိဳ႕မွာ တစ္ျခားေသာ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္အေဆာက္အအုံေတြထပ္ရွိေနေသးတာေၾကာင့္ ေယာင္းတို႔ သိခဲ့၊ မွတ္ခဲ့၊ ၾကားခဲ့ရတာရွိရင္ ေဖာက္သည္ခ်ပါဦးလို႔။

No Comments Yet

Leave a Reply

Your email address will not be published.