ဘိုင်ပြတ်နေတဲ့အချိန် ရှော့ပင်ထွက်ရမယ်ဆိုရင် ဒီအချက်(၅)ချက်ကို ရှောင်ပါ။

ရှော့ပင်ထွက်တဲ့အခါ ပိုက်ဆံတွေ အရမ်းသုံးမိနေလား။
မထွက်ပဲလည်း မနေနိုင်ဘူးဆို ဒီအချက်တွေတော့ ရှောင်မှ ဖြစ်မယ်နော်။

(၁) ဝယ်မယ့်ပစ္စည်းစာရင်း ချမရေးဘဲ ဦးနှောက်ထဲမှာပဲ စဉ်းစားထားတာမျိုး ရှောင်ပါ။

စာရင်းမပြုစုဘဲ ဒီတိုင်း ဦးနှောက်ထဲပဲ မှတ်သွားတာက လက်တွေ့မဆန်ပါဘူး။ စာရင်းချရေးတာမျိုးက ပိုပြီး တိကျပြီး ကိုယ့်ကိုယ့်ကိုယ်ထိန်းမိအောင် စည်းဘောင်ထဲ ထည့်သွင်းလိုက်သလို ဖြစ်သွားစေပါတယ်။ ချရေးတဲ့အခါမှာလည်း အခေါက်ခေါက်ပြန်စဉ်းစားပါ။ ဒီပစ္စည်းကို တကယ်ပဲလိုရဲ့လား။ ဘာလို့လိုတာလဲ စတာတွေချရေးပါ။ သုံးခေါက်လောက် မေးခွန်းထုတ်ပြီးလို့ ဇကာတင်ကျန်ခဲ့တာတွေကိုပဲဝယ်ပါ။

(၂)တစ်ယောက်တည်း ရှော့ပင်းမထွက်ပါနဲ့။ 
ယောင်းတို့ ကြုံဖူးလား။ တစ်ယောက်တည်းဆို ကိုယ့်ကို တားမယ့်သူမရှိတဲ့အခါ ဝယ်ချင်တာရှိ ဝယ်ပစ်လိုက်တာပဲ။ အရမ်းတွေးမနေဘူး။ သူငယ်ချင်းပါတဲ့အခါကျ “ဟဲ့ဒါ ငါနဲ့လိုက်ပါ့မလား ကြည့်ပါဦး” ဆိုပြီး
သူ့ရဲ့ အကြံဥာဏ်တွေ တောင်းဖြစ်၊ သူက “မလိုက်ဘူး ဒါလေးဆိုရင်ကော” လို့ ပြပြန်ရန်လည်း ကိုယ်ကအကြိုက်မတွေ့၊ အကြိုက်တူတာ တွေ့ပြန်တော့လည်း ဆိုက်ဒ်ကမရှိ၊ ဈေးကအရမ်းကြီး အာ့နဲ့ပဲ နှစ်ကောင်သား စိတ်မရှည်တော့ တပ်ပြန်ဆုတ်။ အားလုံး အဆင်ပြေပြီး လျှောလျှောရှူရှူ တွေ့ဖို့ဆိုတာလည်း အခက်သားရယ်။ အဲ့လိုမျိုးတွေနဲ့ဆိုတော့ ၇၀ ရာခိုင်နှုန်းလောက်က မဝယ်ဖြစ်တော့ဘူး။

 

(၃) ချက်ချင်းတွေ့တာနဲ့ မဝယ်ပစ်ပါနဲ့။
ခုန ပြောသလို သူငယ်ချင်းနှစ်ယောက် အကြိုက်တူနေပြီ၊ ဈေးကလည်း အိုကေတယ်၊ ဆိုက်ဒ်လည်းတော်တယ်။ အဲ့လိုအခြေနေမျိုးဆို ချက်ခြင်း မဝယ်လိုက်ပါနဲ့။ ခဏတခြားဟာတွေ ပတ်ကြည့်လိုက်ဦးမယ်။ ပြီးမှ လာပြန်ဝယ်မယ်ဆိုပြီး တွေး။ တစ်ပတ်ပတ်လို့လည်းပြီးရော တခြားအာရုံတစ်ခုပြောင်းပြီး ၅၀ရာခိုင်နှုန်းလောက်က ဝယ်ဖို့ မေ့သွားတတ်တယ်။ ဒါမှမဟုတ်လည်း ပိုက်ဆံ နှမြောသွားပြန်ရော။ အဆင်ပြေပြီဆိုတာနဲ့ ဝယ်လိုက်ရင် ချက်ခြင်းဝယ်ဖြစ်သွားတယ်။ အချိန်ယူပြီး ပြန်တွေးတော့ နှမြောသွားရော ဟုတ်။

(၄) ဝယ်ပြီးလည်း စာရင်းမပြုစုဘဲ မနေပါနဲ့။

 ဝယ်ပြီး ပြီးရော ပစ်ထားလိုက်တာလည်း နောက်တစ်ခါ ဝယ်တဲ့အခါ ဘာလိုလဲဆိုတာ စာရင်းပြန်ပြုစုရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။ စာရင်းစာအုပ်လေးတစ်အုပ်ထားပြီး ဒီနေ့တော့ ဘာတွေဝယ်ခဲ့တယ်၊ ဘယ်လောက်ကုန်ခဲ့တယ် စသဖြင့်ရေးပါ။ ဖြစ်နိုင်ရင် ဘောက်ချာတွေကို ဘူးလေးတစ်ဘူးနဲ့ သိမ်းထားပါ။ ဒါမှ အဲ့ဘူးကို ဖွင့်တိုင်း ငါဝယ်ခဲ့တာ အများကြီးပဲ။ နောင် လျှော့ဝယ်မှဆိုတဲ့ ကိုယ့်ကိုယ်ကို သတိပေးသလိုလည်း ဖြစ်စေမှာပါ။

(၅) စိတ်ရှုပ်တဲ့အခါ ရှော့ပင်းမထွက်ပါနဲ့။
စိတ်ရှုပ်တဲ့အခါ စိတ်ညစ်ညစ်နဲ့ အဝတ်အစားတွေ ပစ္စည်းတွေ ပိုဝယ်တတ်လေ့ရှိပါတယ်။
ဒါကြောင့် အိမ်မှာ အေးအေးလူလူအနားယူတာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် တခြား ဝါသနာပါရာတစ်ခုခုလေး လုပ်ပေါ့နော်။ ဥပမာ စာဖတ်တာဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်လိုက်တာဖြစ်ဖြစ်ပေါ့။

ယောင်းတို့ ခြိုးခြိုးခြံခြံ ရှော့ပင်ထွက်ပြီး ပိုက်ပိုက်တွေ အများကြီး စုမိပါစေနော်။

ချစ်ခြင်းများစွာဖြင့်
Jasmine (Forhermyanmar)

No Comments Yet

Comments are closed