အချစ်ရဲ့အဓိပ္ပာယ်တွေပေါ်လွင်စေတဲ့ ဘောလိဝုဒ် ရုပ်ရှင် နှစ်ကား

ဒီတစ်ခါတော့ ဘောလိဝုဒ်ဇာတ်ကားတွေဘက်လှည့်ရအောင် ယောင်းတို့ရေ.. အချစ်ဆိုတာ ဘာလဲလို့ အဖြေမရှိဖြစ်နေတဲ့ ယောင်းတို့တော့ ဒီကားလေးတွေ ကြည့်ကို ကြည့်သင့်တယ်လို့ ပြောပါရစေနော်…

‘အချစ်ဆိုတာဘာလဲဟင်? ဘယ်လိုအဓိပ္ပာယ်လဲသိချင်တယ်။ အချစ်ကချိုလား? ခါးလား? ဘယ်လိုခံစားရလဲဟင်? ငါ့မှာလဲရည်းစားသာရှိနေတာ အချစ်ဆိုတာဘာလဲမသိဖူးဟယ်’ စသည်ဖြင့်ကြားဖူးကြမှာပေါ့နော်။ ယောင်းတို့ရောအချစ်ကိုဘယ်လိုလို့ထင်လဲ? အကယ်၍ အဓိပ္ပာယ်မဖွင့်တတ်သေးရင် အခုနှင်း Review ရေးပေးမယ့်ရုပ်ရှင်လေးနှစ်ကားကြည့်ဖို့အကြံပြုလိုက်ရပါတယ်ရှင်။

Jab Tak Hai Jaan (As Long As I live)

အိန္ဒိယကားလေးတွေခဏခဏကြည့်တတ်တဲ့ယောင်းတို့ ဒီမင်းသားကိုသိကြမှာပါ။ မင်းသားကြီး Shah Rukh Khan နဲ့အတူ မင်းသမီး  Katrina Kaif နဲ့ Anushka Sharma တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ အရမ်းရိုးရှင်းတဲ့ဇာတ်လမ်းကျောရိုးနဲ့အတူ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကယောင်းတို့ရဲ့စိတ်ကို ရုပ်ရှင်ကားအဆုံးထိခေါ်ဆောင်သွားပါလိမ့်မယ်။

မင်းသား Khan ဟာလန်ဒန်မှာအလုပ်လာလုပ်ရင်း တစ်နေ့မှာ Church ကျောင်းရဲ့နှင်းတွေကိုရှင်းနေတုန်း မင်းသမီး Kaif ကလှလှပပဝတ်စားပြီးကားအကောင်းစားထဲကအလောတကြီးပြေးထွက်ရင်းဝတ်ပြုဆုတောင်းနေတာကိုသွားနားထောင်ခဲ့ပါတယ်။ Kaif မှာထူးခြားတဲ့ယုံကြည်မှုတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ ဘုရားသခင်နဲ့ အပေးအယူလုပ်တာပါပဲ။ သူ့လက်နဲ့မစွမ်းဆောင်နိုင်သမျှကို ကံကိုပုံပီးဘုရားသခင်နဲ့ အလဲအထပ်ပြုတတ်တဲ့ ယုံကြည်မှုဖြစ်ပါတယ်။ ဒီယုံကြည်မှုကြောင့်ပဲမင်းသား Khan နဲ့ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ? မင်းသား Khan နဲ့ပတ်သက်ပြီးတော့ရော သူကဘာတွေအလဲအထပ်ပြုလိုက်မှာလဲဆိုတာစိတ်ဝင်စားစရာပါဘဲနော်။

နောက်ပြီးဇာတ်လမ်းထဲမှာ Akira ဆိုတဲ့သတင်းထောက်မလေးတစ်ယောက်ကလည်း အဓိကဇာတ်ဆောင်အနေနဲ့ ပါနေပါသေးတယ်။ Akira ဟာ ‘Do u dare’ Challenges တွေကိုဖစ်အောင်လုပ်တတ်တဲ့ကောင်မလေးတစ်ယောက်ပါ။ တစ်နေ့အေးစက်နေတဲ့ရေတွေရှိတဲ့ပင်လယ်ထဲအဝတ်မပါဘဲခုန်ဆင်းတဲ့အချိန် အေးလွန်းလို့သူရေနစ်သွားတဲ့အချိန် Khan ကဝင်ဆယ်ပေးရင်း Khan ရဲ့အနွေးထည်ကိုချွတ်ပေးလိုက်တဲ့အချိန်သူ့ဒိုင်ယာရီစာအုပ်ကိုအမှတ်မထင်ရသွားခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာရောဘာတွေရေးထားမှာလဲ? သူတို့သုံးယောက် ဇာတ်လမ်းကရော ဘယ်လိုဆက်စပ်သွာမှာလဲဆိုတာတွေကို မပျင်းရအောင်၊ အရမ်းကို စိတ်ဝင်စားစရာကောင်းလောက်အောင် ရိုက်ပြထားတာ တွေ့ရမှာပါ ယောင်းတို့ရေ..

Related Article >>> ဘောလိဝုဒ်သရုပ်ဆောင်တို့ရဲ့ ဝိတ်ချနည်းများ

Bajirao Mastani

2015 ခုနှစ်ကပြသခဲ့တဲ့ အော်စကာဆုရအန္ဒိယဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ သမိုင်းကျောရိုးကိုအခြေခံထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို အခြေခံပီးရိုက်ထားတဲ့ရုပ်ရှင်လို့ဆိုရင်လည်း မမှားပါဘူး ယောင်းရေ။ လူအင်အားမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မထင်မှတ်ထားတဲ့ လူ့သဘောသဘာဝတချို့ကို ဖော်ပြသွားတာကိုလည်း တွေ့ရပါတယ်။ ၁၈ရာစုအစပိုင်းမှာ နယ်မြေတွေချဲ့ထွင်နေတဲ့အင်အားကြီးပဒေသရာဇ်က Peshwa လို့သူတို့အခေါ် စစ်သူကြီးကျဆုံးသွားတဲ့အတွက် အသစ်တင်မြှောက်ဖို့လူရွေးကြပါတယ်။ အရည်အချင်းပြပွဲမှာအရင်စစ်သူကြီးရဲ့သားလဲပါဝင်ခဲ့ပြီး အထင်အမြင်သေးတဲ့တခြားအရာရှိတွေရဲ့မျက်လုံးတွေကြားကနေ အရည်အချင်းအစစ်အမှန်ကိုထုတ်ပြနိုင်ခဲ့ပါတယ်။ Bajirao လို့ခေါ်တဲ့ဒီစစ်သူကြီးဟာအာဏာ၊ ဥစ္စာ၊ အရည်အချင်း စသည်ဖြင့် အရာရာမှာ ကောင်းခြင်းတွေနဲ့သာပြည့်စုံခဲ့တယ်။ အိမ်ထောင်ရေးမှာလဲ Kashi လို့ခေါ်တဲ့သူ့အပေါ်တာဝန်ကျေလွန်း ချစ်လွန်းတဲ့ဇနီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားသူပါ။

ဒါပေမဲ့ တစ်နေ့ စစ်သူကြီး Bajirao ကနိုင်ငံအသစ်ကိုသွားသိမ်းတဲ့လမ်းမှာ ယောက်ျားစစ်သည်ယောင်ဆောင်ပြီး သူတို့နိုင်ငံမှာကျနေတဲ့ဘေးကိုမဟာမိတ်ဖွဲ့ကူညီတိုက်ပေးဖို့ ရဲရဲဝံ့ဝံ့လာတောင်းဆိုတဲ့ ‘Mastani’ အပေါ်မေတ္တာသက်ဝင်သွားခဲ့ပါတယ်။ ‘Mastani’ တို့နိုင်ငံရဲ့ရိုးရာအတိုင်းလက်ထပ်ခွင့်တောင်းခံခဲ့ပြီး ‘Mastani’ ကလဲလက်ခံခဲ့တယ်။ ‘Bajirao’ ပြန်သွားတဲ့အခါအချစ်နွံထဲနစ်သွားပြီဖြစ်တဲ့ ‘Mastani’ ကလဲသူ့နိုင်ငံကိုလိုက်လာခဲ့ပါတယ်။ ‘Bajirao’ ရဲ့မိခင်နဲ့တွေ့တဲ့အခါ ‘Mastani’ ဘယ်လိုဆက်ဆံခံရမလဲ? Bajirao’ ရဲ့ဇနီးကရောဘယ်လိုဆက်ဆံမလဲ? နောက်ဆုံး ‘ Bajirao’ ကရောဘယ်လိုဆက်လုပ်မလဲဆိုတာကို အသည်းတယားယားနဲ့တွေ့ရမှာပါ။ ဒါပေမယ့်အခက်အခဲပေါင်းစုံကြားကပေါက်ဖွားလာတဲ့သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းဟာဘယ်လိုအဆုံးသတ်မလဲ ဆိုတာကတော့ ရင်ခုန်စရာပါပဲ.. ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ရဲ့ လျှမ်းလျှမ်းတောက်တွေဖြစ်တဲ့ Deepika Padukone ၊ Priyanka Chopra တို့နဲ့ မင်းသား Ranveer Singh တို့ပါယောင်းတို့ရေ.. ဒီနာမည်တွေကြားလိုက်တာနဲ့ ဘယ်နည်းနဲ့မှ မညံ့နိုင်တော့ဘူးဆိုတာ ယုံပြီဟုတ်?

ကဲ…ယောင်းတို့ရေ။ ဒီဇာတ်ကားလေးနှစ်ကားကိုကြည့်ပြီးအချစ်ဆိုတာဘာလဲ? ဘယ်လိုတည်ဆောက်ရတာလဲ? ကိုယ်သိထားတဲ့ချစ်ခြင်းဆိုတာကရောမှန်ကန်တဲ့အနေအထားမှာရှိနေပြီလားစသည်ဖြင့်ပြန်သုံးသပ်သွားနိုင်တယ်ဆိုရင်ဘဲနှင်းညွှန်းရကျိုးနပ်ပါပြီ။ အေးချမ်းတည်ငြိမ်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ယောင်းတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးတွေသာယာနိုင်ကြပါစေ။

Hnin Ei Oo ( For Her Myanmar )

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။