ေယာင္းရဲ႕အိပ္ခန္းေလးကို ေနခ်င္စဖြယ္ျဖစ္ေအာင္ အလွဆင္ႏိုင္ဖို႔

အခန္းျပင္ကို ရိုက္ထုတ္ေတာင္ မထြက္ေတာ့ပါဘူးေနာ္

ေယာင္းတို႔ေရ … Stella အတြက္ေတာ့ အိပ္ခန္းဆိုတာ ကိုယ္ပိုင္ဘံုဗိမာန္ေလးပဲ။ တစ္ခါတစ္ေလ လူ႔အဖြဲ႕အစည္းရဲ႕ အေဝးမွာေနခ်င္တိုင္း အခန္းထဲမွာ စာဖတ္ရင္ဖတ္၊ မဖတ္ရင္ ႐ုပ္ရွင္ၾကည့္ေနရတာကို သေဘာက်တယ္။ ခရီးေဝးကျပန္လာတိုင္း ကိုယ့္အိပ္ရာေပၚလွဲလိုက္ရတဲ့ ခံစားခ်က္က ဘာနဲ႔မွမလဲႏိုင္ဘူး ဟုတ္ ? ဒီေတာ့ ကိုယ့္ရဲ႕ဘံုဗိမာန္ေလးကို ကိုယ္ခ်စ္ရတဲ့အေငြ႕အသက္ေတြနဲ႔ လႊမ္းျခံဳေနေစေအာင္ ဘယ္လိုျပင္ဆင္ရမလဲဆိုတာ Stella နဲ႔တူတူၾကည့္လိုက္ၾကရေအာင္ …

(၁) Theme


ဒါကေတာ့ ကိုယ္ႏွစ္သက္တဲ့အေရာင္၊ ကိုယ္ႏွစ္သက္တဲ့အရာေတြ၊ ကိုယ္ႏွစ္သက္တဲ့ခံစားမႈေတြ အလိုက္ အိပ္ခန္းကို decorate လုပ္တာပါ။ အခုပံုမွာျပထားတဲ့အတိုင္းဆို ေတာအုပ္ထဲေရာက္သြားေစသလို ခံစားရေစမယ့္ ဒီဇိုင္းေလးျဖစ္လို႔ တစ္ခန္းလံုးကို သစ္ရြက္စိမ္းေရာင္ေတြ၊ အိမ္တြင္းစိုက္အပင္ေလးေတြနဲ႔ အလွဆင္ထားတာ ေတြ႕ရမွာပါ။

Related article >>> ေခတ္ဆန္ဆန္ ဝတ္ဆင္တတ္တဲ့ မိန္းကေလးတိုင္း လုပ္တတ္တဲ့ အေျခခံအခ်က္ (၉) ခ်က္

(၂) Fairy lights


နတ္သမီးအလင္းလို႔ေခၚတဲ့ faiy lights ေလးေတြက အိပ္ခန္းကို အလွဆင္ဖို႔ အလွဆံုးပါပဲ။ တစ္ခန္းလံုးအေမွာင္ခ်ထားရင္ေတာင္ မွိတ္တုတ္မွိတ္တုတ္လင္းေနမွာမို႔ အေမွာင္ေၾကာက္တဲ့ ေယာင္းေယာင္းေတြကို အေဖာ္ျပဳေပးမွာေနာ္။

(၃) Minimal


Minimal ကေတာ့ ဒီေခတ္မွာ ေတာ္ေတာ္ေခတ္စားလာတဲ့ ဒီဇိုင္းပါ။ Minimalist ဆိုတဲ့သေဘာတရားက အဆင္တန္ဆာနည္းနည္းနဲ႔ ရွင္းရွင္းလင္းလင္း အလွဆင္တာပါ။ အ႐ိုးဆံုးက အရွင္းဆံုးပဲ ဟုတ္?

Related article >>> ရွိရင္းစြဲအသက္ထက္ ပိုငယ္ပံုေပါက္သြားေအာင္ မိတ္ကပ္ဘယ္လိုလိမ္းၾကမလဲ?

(၄) Luxury


Stella တို႔ ငယ္ငယ္က ဒစ္စေနးကာတြန္းေတြ၊ ဘာဘီကာတြန္းေတြမွာ မင္းသမီးေတြရဲ႕ အိပ္ခန္းေဆာင္လိုမ်ိဳး ႀကီးႀကီးက်ယ္က်ယ္အလွဆင္ထားတဲ့ အိပ္ခန္းေတြပါ။ သူ႔ရဲ႕နာမည္အတိုင္းပဲ ေရျမွဳပ္ေမြ႔ယာေတြ၊ ျခင္ေထာင္ရွည္ေတြစတဲ့ ဇိမ္ခံပစၥည္းေတြခ်ည္းပဲမို႔ ျပဳျပင္စားရိတ္ကေတာ့ မနည္းမေနာကုန္မယ္ ထင္ပါတယ္။

(၅) Cozy


အိပ္ခန္းတစ္ခန္းဟာ ကိုယ့္ကို ေႏြးေထြးလံုျခံဳတဲ့ ခံစားမႈမ်ိဳးေပးႏိုင္ရမယ္လို႔ ခံယူထားတဲ့ Stella အတြက္ေတာ့ ဒီလိုအိပ္ခန္းမ်ိဳးက တကယ့္နတ္ျပည္ပါပဲ။ ေနေရာင္ေႏြးေႏြးျဖာက်ၿပီး ေလတျဖဴးျဖဴးတိုက္တဲ့အျပင္ ေခါင္းအံုးေတြတစ္ပံုတစ္ပင္နဲ႔ အလွဆင္ထားေတာ့ အိမ္ျပင္ေတာင္ထြက္ျဖစ္မယ္မထင္ဘူး

ေယာင္းတို႔စိတ္ကူးထဲက အိပ္ခန္းပံုစံေလးကေရာ ဘယ္လိုပံုစံျဖစ္မလဲ?

Stella (For Her Myanmar)

<<< Unicode >>>

အခန်းပြင်ကို ရိုက်ထုတ်တောင် မထွက်တော့ပါဘူးနော်

ယောင်းတို့ရေ … Stella အတွက်တော့ အိပ်ခန်းဆိုတာ ကိုယ်ပိုင်ဘုံဗိမာန်လေးပဲ။ တစ်ခါတစ်လေ လူ့အဖွဲ့အစည်းရဲ့ အဝေးမှာနေချင်တိုင်း အခန်းထဲမှာ စာဖတ်ရင်ဖတ်၊ မဖတ်ရင် ရုပ်ရှင်ကြည့်နေရတာကို သဘောကျတယ်။ ခရီးဝေးကပြန်လာတိုင်း ကိုယ့်အိပ်ရာပေါ်လှဲလိုက်ရတဲ့ ခံစားချက်က ဘာနဲ့မှမလဲနိုင်ဘူး ဟုတ် ? ဒီတော့ ကိုယ့်ရဲ့ဘုံဗိမာန်လေးကို ကိုယ်ချစ်ရတဲ့အငွေ့အသက်တွေနဲ့ လွှမ်းခြုံနေစေအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ Stella နဲ့တူတူကြည့်လိုက်ကြရအောင် …

(၁) Theme


ဒါကတော့ ကိုယ်နှစ်သက်တဲ့အရောင်၊ ကိုယ်နှစ်သက်တဲ့အရာတွေ၊ ကိုယ်နှစ်သက်တဲ့ခံစားမှုတွေ အလိုက် အိပ်ခန်းကို decorate လုပ်တာပါ။ အခုပုံမှာပြထားတဲ့အတိုင်းဆို တောအုပ်ထဲရောက်သွားစေသလို ခံစားရစေမယ့် ဒီဇိုင်းလေးဖြစ်လို့ တစ်ခန်းလုံးကို သစ်ရွက်စိမ်းရောင်တွေ၊ အိမ်တွင်းစိုက်အပင်လေးတွေနဲ့ အလှဆင်ထားတာ တွေ့ရမှာပါ။

Related article >>> ခေတ်ဆန်ဆန် ဝတ်ဆင်တတ်တဲ့ မိန်းကလေးတိုင်း လုပ်တတ်တဲ့ အခြေခံအချက် (၉) ချက်

(၂) Fairy lights


နတ်သမီးအလင်းလို့ခေါ်တဲ့ faiy lights လေးတွေက အိပ်ခန်းကို အလှဆင်ဖို့ အလှဆုံးပါပဲ။ တစ်ခန်းလုံးအမှောင်ချထားရင်တောင် မှိတ်တုတ်မှိတ်တုတ်လင်းနေမှာမို့ အမှောင်ကြောက်တဲ့ ယောင်းယောင်းတွေကို အဖော်ပြုပေးမှာနော်။

(၃) Minimal


Minimal ကတော့ ဒီခေတ်မှာ တော်တော်ခေတ်စားလာတဲ့ ဒီဇိုင်းပါ။ Minimalist ဆိုတဲ့သဘောတရားက အဆင်တန်ဆာနည်းနည်းနဲ့ ရှင်းရှင်းလင်းလင်း အလှဆင်တာပါ။ အရိုးဆုံးက အရှင်းဆုံးပဲ ဟုတ်?

Related article >>> ရှိရင်းစွဲအသက်ထက် ပိုငယ်ပုံပေါက်သွားအောင် မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ?

(၄) Luxury


Stella တို့ ငယ်ငယ်က ဒစ်စနေးကာတွန်းတွေ၊ ဘာဘီကာတွန်းတွေမှာ မင်းသမီးတွေရဲ့ အိပ်ခန်းဆောင်လိုမျိုး ကြီးကြီးကျယ်ကျယ်အလှဆင်ထားတဲ့ အိပ်ခန်းတွေပါ။ သူ့ရဲ့နာမည်အတိုင်းပဲ ရေမြှုပ်မွေ့ယာတွေ၊ ခြင်ထောင်ရှည်တွေစတဲ့ ဇိမ်ခံပစ္စည်းတွေချည်းပဲမို့ ပြုပြင်စားရိတ်ကတော့ မနည်းမနောကုန်မယ် ထင်ပါတယ်။

(၅) Cozy


အိပ်ခန်းတစ်ခန်းဟာ ကိုယ့်ကို နွေးထွေးလုံခြုံတဲ့ ခံစားမှုမျိုးပေးနိုင်ရမယ်လို့ ခံယူထားတဲ့ Stella အတွက်တော့ ဒီလိုအိပ်ခန်းမျိုးက တကယ့်နတ်ပြည်ပါပဲ။ နေရောင်နွေးနွေးဖြာကျပြီး လေတဖြူးဖြူးတိုက်တဲ့အပြင် ခေါင်းအုံးတွေတစ်ပုံတစ်ပင်နဲ့ အလှဆင်ထားတော့ အိမ်ပြင်တောင်ထွက်ဖြစ်မယ်မထင်ဘူး

ယောင်းတို့စိတ်ကူးထဲက အိပ်ခန်းပုံစံလေးကရော ဘယ်လိုပုံစံဖြစ်မလဲ?

Stella (For Her Myanmar)

No Comments Yet

Comments are closed