Tips

ကိုယ့္ကိုယ္ကိုယ္ နားလည္ႏိုင္ဖို႔ ကိုယ့္အေၾကာင္းကိုယ္ သိလာဖို႔ ဘာေတြကို ျပင္ဆင္ရမလဲ?

ရိုးရွင္းလြယ္ကူတဲ့ အခ်က္ေလးေတြပါပဲ… 

လူတခ်ဳိ႕က သူတို႔ကုိယ္သူတို႔ ဘယ္လိုလူမ်ဳိးျဖစ္တယ္၊ ဘာေတြကို သူတို႔ေတြ ေအာင္ျမင္ေအာင္ လုပ္ကိုင္ႏိုင္တယ္ဆိုတာကိုု ျပည့္ျပည့္ဝဝ မသိဘဲ ဘဝကို ျဖတ္သန္းသြားၾကပါတယ္။ ကိုယ့္အေၾကာင္းကိုယ္ ေကာင္းေကာင္းနားလည္တာက ကိုယ့္ကုိယ္ကိုယ္ ပိုၿပီးေကာင္းမြန္ေအာင္စီမံခန္႔ခြဲဖို႔နဲ႔ လူအမ်ားနဲ႔ အဆင္ေျပေျပဆက္သြယ္ႏို္င္ဖို႔အတြက္ အေျခခံျဖစ္ပါတယ္။ “ခံစားခ်က္တစ္ခုကို ျဖစ္ပ်က္တဲ့အတိုင္း သိျမင္တာ၊ တစ္နည္းေျပာရရင္ မိမိကိုယ္ကို သိတာက စိတ္ခံစားမႈဆိုင္ရာ အသိဉာဏ္အတြက္ အဓိကအုတ္ျမစ္ျဖစ္တယ္” လို႔  Emotional Intelligence (စိတ္ခံစားမႈဆိုင္ရာအသိဥာဏ္) ထဲမွာ Daniel Goleman က ေရးသားခဲ့ပါတယ္။

ကိုယ္က ဘယ္လိုလူမ်ဳိးျဖစ္တယ္ဆိုတာကို သိဖို႔ ကိုယ့္ရဲ႕ပင္ကုိယ္စ႐ိုက္ေတြ၊ အက်င့္ေတြ၊ စိတ္ခံစားမႈေတြ၊ အျပဳအမူေတြနဲ႔ ကိုယ္ တန္ဖိုးထားတဲ့အရာေတြဟာ ဘာေတြျဖစ္မလဲလို႔ ျပည့္ျပည့္ဝဝ သိရွိထားဖို႔ လိုအပ္ပါတယ္။ ဘယ္လိုအရာေတြက ကိုယ့္ရဲ႕ တံု႔ျပန္မႈကို ဘယ္လိုေတြျဖစ္ေစတယ္ဆိုတာကိုလည္း နားလည္ထားဖို႔ လိုအပ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ကိုယ့္အေၾကာင္းကိုယ္ ေကာင္းေကာင္းသိတယ္လို႔ ယူဆတတ္ၾကေပမဲ့ တကယ္တမ္းေတာ့ ကိုယ့္အေၾကာင္းကိုယ္ ေသခ်ာသိႏိုင္ဖို႔ ကိုယ့္ကိုယ္ကိုယ္ ရိုးသားဖို႔လိုတယ္ဆိုတာကိုေတာ့ ေမ့ေနတတ္ၾကပါတယ္။ ဒါဆိုရင္ ကိုယ့္အေၾကာင္းကိုယ္ ဘယ္လိုသိႏိုင္မလဲ? ဒီနည္းလမ္းေတြကိုေတာ့ ေယာင္းတို႔အတြက္ Wynee က အက္ဒ္မင္တို႔ကေနတစ္ဆင့္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…

စာရင္းျပဳစုပါ။ 

အားသာခ်က္ေတြနဲ႔ အားနည္းခ်က္ေတြ အပါအဝင္ ကိုယ့္အေၾကာင္းကိုယ္ ေဖာ္ညႊန္းျပသႏိုင္တဲ့စကားလံုးေတြ၊ စကားစုေတြကို စာရင္းျပဳစုၾကည့္ပါ။ ျမန္ျမန္လုပ္ၾကည့့္ၿပီး ေဘးမွာခ်ထားလိုက္ပါ။ ရက္အနည္းငယ္ ၾကာတဲ့အခ်ိန္မွာ အဲဒီစာရင္းထဲက ကိုယ့္ရဲ႕စ႐ိုက္ေတြကို ဖ်က္ခ်င္တာဖ်က္၊ ထပ္ထည့္ခ်င္တာ ထပ္ထည့္ပါ။ ၿပီးေတာ့ ကိုယ္နဲ႔ ပံုမွန္အဆက္အသြယ္ရွိတဲ့ ဥပမာ-မိဘ၊ သူငယ္ခ်င္းနဲ႔ လုပ္ေဖာ္ကိုင္ဖက္ (ကိုယ္နဲ႔ သက္တူရြယ္တူေတြနဲ႔ အထက္လူႀကီး ႏွစ္မ်ိဳးလံုးဆို ပိုေကာင္းပါတယ္) ေတြထဲက (၃)ေယာက္စီနဲ႔ အနည္းဆံုး လူ ၉ ေယာက္ကိုလည္း အလားတူလုပ္ခိုင္းၾကည့္ပါ။ ဘယ္အရာေတြက ထပ္ေနလဲ၊ ဘယ္အရာေတြက ကိုယ့္ရဲ႕ေကာင္းကြက္ေတြလဲ၊ ဆိုးကြကေ္တြလဲဆိုတာ သိရေအာင္ သူတို႔ရဲ႕ စာရင္းနဲ႔ ကုိယ့္ရဲ႕စာရင္းကို ႏႈိင္းယွဥ္ၾကည့္ပါ။

စာရင္းႏွစ္ခု ထုတ္ပါ။ 

ဘယ္စာရင္း ႏွစ္ခုလဲဆိုေတာ့

(က) ကိုယ့္စာရင္းထဲမွာပါေနၿပီး တျခားသူေတြေဖာ္ျပထားတဲ့ အလားတူတဲ့ စရိုက္ေတြ ဆိုတဲ့ စာရင္းနဲ႔

(ခ) ကိုယ့္စာရင္းထဲမွာမပါတဲ့ တျခားသူေတြေဖာ္ျပထားတဲ့ စရိုက္ေတြဆိုတဲ့ စာရင္းပါ။

ပထမတစ္ခုက ကိုယ့္အေၾကာင္းကို ကိုယ္ သိေနတယ္ဆိုတာရဲ႕ အတည္ျပဳခ်က္ျဖစ္ၿပီး ဒုတိယတစ္ခုမွာေတာ့ ကိုယ့္အေၾကာင္းကို ကိုယ္ မသိတဲ့၊ ဒါမွမဟုတ္ လက္မခံခ်င္တဲ့ ေဝဝါးေနတဲ့အခ်က္ေတြ ပါဝင္ႏိုင္ ပါတယ္။ ကိုယ့္ရဲ႕ အျပဳအမူေပၚ တျခားသူေတြရႈျမင္ပံုကို အေျခခံထားတဲ့အတြက္ အဲဒီရႈျမင္ခ်က္ေတြအားလံုးကို   ဆီေလ်ာ္မႈရွိတယ္လို႔ လက္ခံႏိုင္ေအာင္ ႀကိဳးစားပါ။ ငါဘယ္တုန္းက ဘယ္မွာ အဲ့လိုလုပ္ဖူးလို႔လဲဆိုတဲ့ ဆင္ေျခေတြကို ေမ့ပစ္ပါ။

Related Article >>> ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ျခင္းဆိုတာ

သံုးသပ္ပါ၊ ေရးပါ

တစ္ပတ္တာအတြင္းက ကိစၥရပ္ေတြနဲ႔ အျဖစ္အပ်က္ေတြမွာ ကိုယ္ျပဳမူခဲ့တဲ့၊ တုံ႔ျပန္ခဲ့တဲ့ အရာေတြအေပၚ သံုးသပ္ႏိုင္ဖို႔ စေန၊တနဂၤေႏြထဲက တစ္ရက္ရက္မွာ ကိုယ့္အတြက္  ကိုယ္ပိုင္အခ်ိန္ရွာပါ။ ဒါေပမဲ့ အလုပ္မွာ ျပႆနာျဖစ္တဲ့ေန႔တို႔၊ ဒါမွမဟုတ္ မွတ္မွတ္ရရ ျဖစ္ရတဲ့ေန႔တုိ႔ ရွိေနမယ္ဆိုရင္ အဲဒီေန႔ရဲ႕ အဆံုးမွာပဲ ဒီသံုးသပ္ခ်က္ကို လုပ္ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီျပႆနာေတြနဲ႔ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္ေတြကို အဲဒီေန႔မွာ အမွတ္မိဆံုးပဲေလ.. ၾကာသြားခဲ့ရင္ ေမ့တာက ေမ့ၿပီး ကိုယ့္ရဲ႕ တံု႔ျပန္မႈေတြကို အမွန္တိုင္း မသိႏုိင္ေတာ့ဘူးေပါ့…

လုပ္တဲ့အခါမွာလည္း ကိုယ့္ကိုယ္ကိုယ္ပဲ အာရံုစိုက္ပါ။ ျဖစ္ရပ္ထဲမွာပါတဲ့ တျခားသူေတြနဲ႔ သူတို႔ရဲ႕ ျပဳမူပံုေတြကို အာရံုမစိုက္ပါနဲ႔။ ဘယ္အရာေတြက ကိုယ့္ရဲ႕ စိတ္ခံစားခ်က္ကို ဘယ္လိုျဖစ္ေစလဲ၊ ကိုယ့္ကို ဘယ္လို တံု႔ျပန္ေစလဲ ဆိုတာကို စဥ္းစားပါ။ စာရင္းႏွစ္ခုေပၚမွာ ျပန္ၿပီး သံုးသပ္ပါ။ စာရင္း (က) မွာ ျပဳျပင္ဖို႔ လိုတာေတြ ရွိမရွိ ၾကည့္ၿပီး ကိုယ့္ရဲ႕စရိုက္ေတြရဲ႕ေနာက္ကြယ္က အေၾကာင္းရင္းေတြ ထပ္ထည့္လို႔ ေန႔စဥ္ မွတ္တမ္းေရးပါ။

သတိရွိမႈကို အေလ့အက်င့္လုပ္ပါ

ဒါက အခက္ခဲဆံုးျဖစ္ၿပီး ကိုယ့္ကိုယ္ကိုယ္နားလည္ႏိုင္စြမ္း၊ ကိုယ့္ကိုယ္ကိုယ္ စီမံခန္႔ခြဲႏိုင္မႈနဲ႔ ဆက္ဆံေရးေတြကို စီမံခန္႔ခြဲႏိုင္ဖို႔အတြက္ သက္ေရာက္မႈအရွိဆံုး ေျခလွမ္းလည္း ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ အေတြးေတြ၊ စိတ္ခံစားမႈေတြက ကိုယ့္ရဲ႕အျပဳအမူေပၚ သက္ေရာက္မႈ မရွိေသးခင္ အဲဒီစိတ္ခံစားခ်က္ေတြျဖစ္လာတယ္ဆိုတာကို သိေနပါေစ၊ သတိကပ္ႏုိင္ပါေစ။ ဒါက ေရရွည္လုပ္ရမယ့္ အရာတစ္ခုပါ။ ဆိုလိုတာက ေယာင္းရယ္ ေဒါသထြက္တယ္ဆိုရင္ ဘာမွ မေျပာမိခင္၊ ဘာမွမလုပ္မိခင္ ေဒါသထြက္တယ္၊ ေဒါသထြက္တယ္ဆိုတာကို သိလိုက္ပါ။ ၾကာလာတဲ့အခါမွာ ဒီနည္းလမ္းက ေဒါသေတြ၊ ပူေလာင္မႈေတြ ၿငိမ္းေစတယ္ဆိုတာ သိလာပါလိမ့္မယ္။

ဒီလုိလုပ္ဖို႔အတြက္ လမ္းေလွ်ာက္ရင္း၊ ေရခ်ဳိးရင္း၊ စားရင္း စတဲ့နိစၥဓူဝတာ၀န္ေတြလုပ္ေဆာင္ရင္း ရိုးရိုးေလး သတိထားၿပီးအသက္ရွဴျခင္း (သတိကပ္ၿပီး တရားထုိင္ျခင္း)ကေန စၿပီး ေလ့က်င့္ပါ။ ဒီအေလ့အက်င့္က ပံုမွန္ျဖစ္လာတဲ့အခါ ကိုယ့္ရဲ႕သတိရွိမႈက ကိုယ့္ရဲ႕စိတ္အေျခအေနကို ေသေသခ်ာခ်ာ သိသြားေစၿပီး ကိုယ့္အေၾကာင္းကိုယ္ နားလည္မႈကလည္း ပိုနက္နဲလာမွာပါ။ တစ္ေန႔ ငါးမိနစ္ စသျဖင့္ နည္းနည္းခ်င္း စလုပ္ၾကည့္ပါ။ သက္ေသာင့္သက္သာ ပိုျဖစ္လာတဲ့အခ်ိန္မွာ အခ်ိန္တိုးၿပီး လုပ္ၾကည့္ပါ။

သတိကပ္ၿပီး တရားထိုင္ျခင္းနဲ႔ ပတ္သက္တဲ့ စာအုပ္ေတြ၊ ဆရာေတြ ရွိၾကေပမဲ့ ကိုယ္တိုင္က အၿမဲတမ္း ရိုးရိုးေလးသတိထားၿပီး စူးစူးစိုက္စိုက္နဲ႔ အသက္ရွဴမႈကို အေလ့အက်င့္လုပ္ဖို႔ လိုအပ္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် ကိုယ့္ရဲ႕ ခံစားခ်က္တိုင္းကို အမွန္တကယ္ သိရွိၿပီး ကိုယ့္ကိုယ္ကိုယ္ နက္နက္နဲနဲ နားလည္လာၿပီး အသိအမွတ္ ျပဳလာႏုိင္ပါလိမ့္မယ္။

Related Article >>> ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈပိုျမင့္လာေအာင္ လုပ္ေဆာင္သင့္တဲ့အခ်က္ (၄) ခ်က္

ကိုယ့္ကိုယ္ကိုယ္ နားလည္တာက ကိုယ့္ကိုယ္ကိုယ္ ပုဂၢိဳလ္ေရးအရေရာ၊ လုပ္ငန္းသေဘာအရပါ တိုးတက္လာဖို႔အတြက္ အေျခခံအုတ္ျမစ္ ျဖစ္ပါတယ္။ ဒီနည္းလမ္းေတြက ကိုယ့္အေၾကာင္း၊ ကိုယ့္ရဲ႕ အားသာခ်က္ေတြနဲ႔ အားနည္းခ်က္ေတြကို ပိုၿပီး သိရွိလာဖို႔အတြက္ အေထာက္အကူျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

အဂၤလိပ္ဘာသာျဖင့္လည္း ေအာက္တြင္ ဖတ္႐ႈႏုိင္ပါသည္။

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ Wynee Myanmar Organisation အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

ရိုးရှင်းလွယ်ကူတဲ့ အချက်လေးတွေပါပဲ… 

လူတချို့က သူတို့ကိုယ်သူတို့ ဘယ်လိုလူမျိုးဖြစ်တယ်၊ ဘာတွေကို သူတို့တွေ အောင်မြင်အောင် လုပ်ကိုင်နိုင်တယ်ဆိုတာကို ပြည့်ပြည့်ဝဝ မသိဘဲ ဘဝကို ဖြတ်သန်းသွားကြပါတယ်။ ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းနားလည်တာက ကိုယ့်ကိုယ်ကိုယ် ပိုပြီးကောင်းမွန်အောင်စီမံခန့်ခွဲဖို့နဲ့ လူအများနဲ့ အဆင်ပြေပြေဆက်သွယ်နိုင်ဖို့အတွက် အခြေခံဖြစ်ပါတယ်။ “ခံစားချက်တစ်ခုကို ဖြစ်ပျက်တဲ့အတိုင်း သိမြင်တာ၊ တစ်နည်းပြောရရင် မိမိကိုယ်ကို သိတာက စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်အတွက် အဓိကအုတ်မြစ်ဖြစ်တယ်” လို့  Emotional Intelligence (စိတ်ခံစားမှုဆိုင်ရာအသိဉာဏ်) ထဲမှာ Daniel Goleman က ရေးသားခဲ့ပါတယ်။

ကိုယ်က ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို သိဖို့ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်တွေ၊ အကျင့်တွေ၊ စိတ်ခံစားမှုတွေ၊ အပြုအမူတွေနဲ့ ကိုယ် တန်ဖိုးထားတဲ့အရာတွေဟာ ဘာတွေဖြစ်မလဲလို့ ပြည့်ပြည့်ဝဝ သိရှိထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုအရာတွေက ကိုယ့်ရဲ့ တုံ့ပြန်မှုကို ဘယ်လိုတွေဖြစ်စေတယ်ဆိုတာကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။ လူတော်တော်များများက ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းသိတယ်လို့ ယူဆတတ်ကြပေမဲ့ တကယ်တမ်းတော့ ကိုယ့်အကြောင်းကိုယ် သေချာသိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့လိုတယ်ဆိုတာကိုတော့ မေ့နေတတ်ကြပါတယ်။ ဒါဆိုရင် ကိုယ့်အကြောင်းကိုယ် ဘယ်လိုသိနိုင်မလဲ? ဒီနည်းလမ်းတွေကိုတော့ ယောင်းတို့အတွက် Wynee က အက်ဒ်မင်တို့ကနေတစ်ဆင့် ဖော်ပြပေးလိုက်ပါတယ်နော်…

စာရင်းပြုစုပါ။ 

အားသာချက်တွေနဲ့ အားနည်းချက်တွေ အပါအဝင် ကိုယ့်အကြောင်းကိုယ် ဖော်ညွှန်းပြသနိုင်တဲ့စကားလုံးတွေ၊ စကားစုတွေကို စာရင်းပြုစုကြည့်ပါ။ မြန်မြန်လုပ်ကြည့်ပြီး ဘေးမှာချထားလိုက်ပါ။ ရက်အနည်းငယ် ကြာတဲ့အချိန်မှာ အဲဒီစာရင်းထဲက ကိုယ့်ရဲ့စရိုက်တွေကို ဖျက်ချင်တာဖျက်၊ ထပ်ထည့်ချင်တာ ထပ်ထည့်ပါ။ ပြီးတော့ ကိုယ်နဲ့ ပုံမှန်အဆက်အသွယ်ရှိတဲ့ ဥပမာ-မိဘ၊ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက် (ကိုယ်နဲ့ သက်တူရွယ်တူတွေနဲ့ အထက်လူကြီး နှစ်မျိုးလုံးဆို ပိုကောင်းပါတယ်) တွေထဲက (၃)ယောက်စီနဲ့ အနည်းဆုံး လူ ၉ ယောက်ကိုလည်း အလားတူလုပ်ခိုင်းကြည့်ပါ။ ဘယ်အရာတွေက ထပ်နေလဲ၊ ဘယ်အရာတွေက ကိုယ့်ရဲ့ကောင်းကွက်တွေလဲ၊ ဆိုးကွကေ်တွလဲဆိုတာ သိရအောင် သူတို့ရဲ့ စာရင်းနဲ့ ကိုယ့်ရဲ့စာရင်းကို နှိုင်းယှဉ်ကြည့်ပါ။

စာရင်းနှစ်ခု ထုတ်ပါ။ 

ဘယ်စာရင်း နှစ်ခုလဲဆိုတော့

(က) ကိုယ့်စာရင်းထဲမှာပါနေပြီး တခြားသူတွေဖော်ပြထားတဲ့ အလားတူတဲ့ စရိုက်တွေ ဆိုတဲ့ စာရင်းနဲ့

(ခ) ကိုယ့်စာရင်းထဲမှာမပါတဲ့ တခြားသူတွေဖော်ပြထားတဲ့ စရိုက်တွေဆိုတဲ့ စာရင်းပါ။

ပထမတစ်ခုက ကိုယ့်အကြောင်းကို ကိုယ် သိနေတယ်ဆိုတာရဲ့ အတည်ပြုချက်ဖြစ်ပြီး ဒုတိယတစ်ခုမှာတော့ ကိုယ့်အကြောင်းကို ကိုယ် မသိတဲ့၊ ဒါမှမဟုတ် လက်မခံချင်တဲ့ ဝေဝါးနေတဲ့အချက်တွေ ပါဝင်နိုင် ပါတယ်။ ကိုယ့်ရဲ့ အပြုအမူပေါ် တခြားသူတွေရှုမြင်ပုံကို အခြေခံထားတဲ့အတွက် အဲဒီရှုမြင်ချက်တွေအားလုံးကို   ဆီလျော်မှုရှိတယ်လို့ လက်ခံနိုင်အောင် ကြိုးစားပါ။ ငါဘယ်တုန်းက ဘယ်မှာ အဲ့လိုလုပ်ဖူးလို့လဲဆိုတဲ့ ဆင်ခြေတွေကို မေ့ပစ်ပါ။

Related Article >>> ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဆိုတာ

သုံးသပ်ပါ၊ ရေးပါ

တစ်ပတ်တာအတွင်းက ကိစ္စရပ်တွေနဲ့ အဖြစ်အပျက်တွေမှာ ကိုယ်ပြုမူခဲ့တဲ့၊ တုံ့ပြန်ခဲ့တဲ့ အရာတွေအပေါ် သုံးသပ်နိုင်ဖို့ စနေ၊တနင်္ဂနွေထဲက တစ်ရက်ရက်မှာ ကိုယ့်အတွက်  ကိုယ်ပိုင်အချိန်ရှာပါ။ ဒါပေမဲ့ အလုပ်မှာ ပြဿနာဖြစ်တဲ့နေ့တို့၊ ဒါမှမဟုတ် မှတ်မှတ်ရရ ဖြစ်ရတဲ့နေ့တို့ ရှိနေမယ်ဆိုရင် အဲဒီနေ့ရဲ့ အဆုံးမှာပဲ ဒီသုံးသပ်ချက်ကို လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြဿနာတွေနဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို အဲဒီနေ့မှာ အမှတ်မိဆုံးပဲလေ.. ကြာသွားခဲ့ရင် မေ့တာက မေ့ပြီး ကိုယ့်ရဲ့ တုံ့ပြန်မှုတွေကို အမှန်တိုင်း မသိနိုင်တော့ဘူးပေါ့…

လုပ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပါ။ ဖြစ်ရပ်ထဲမှာပါတဲ့ တခြားသူတွေနဲ့ သူတို့ရဲ့ ပြုမူပုံတွေကို အာရုံမစိုက်ပါနဲ့။ ဘယ်အရာတွေက ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဘယ်လိုဖြစ်စေလဲ၊ ကိုယ့်ကို ဘယ်လို တုံ့ပြန်စေလဲ ဆိုတာကို စဉ်းစားပါ။ စာရင်းနှစ်ခုပေါ်မှာ ပြန်ပြီး သုံးသပ်ပါ။ စာရင်း (က) မှာ ပြုပြင်ဖို့ လိုတာတွေ ရှိမရှိ ကြည့်ပြီး ကိုယ့်ရဲ့စရိုက်တွေရဲ့နောက်ကွယ်က အကြောင်းရင်းတွေ ထပ်ထည့်လို့ နေ့စဉ် မှတ်တမ်းရေးပါ။

သတိရှိမှုကို အလေ့အကျင့်လုပ်ပါ

ဒါက အခက်ခဲဆုံးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်နားလည်နိုင်စွမ်း၊ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုနဲ့ ဆက်ဆံရေးတွေကို စီမံခန့်ခွဲနိုင်ဖို့အတွက် သက်ရောက်မှုအရှိဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အတွေးတွေ၊ စိတ်ခံစားမှုတွေက ကိုယ့်ရဲ့အပြုအမူပေါ် သက်ရောက်မှု မရှိသေးခင် အဲဒီစိတ်ခံစားချက်တွေဖြစ်လာတယ်ဆိုတာကို သိနေပါစေ၊ သတိကပ်နိုင်ပါစေ။ ဒါက ရေရှည်လုပ်ရမယ့် အရာတစ်ခုပါ။ ဆိုလိုတာက ယောင်းရယ် ဒေါသထွက်တယ်ဆိုရင် ဘာမှ မပြောမိခင်၊ ဘာမှမလုပ်မိခင် ဒေါသထွက်တယ်၊ ဒေါသထွက်တယ်ဆိုတာကို သိလိုက်ပါ။ ကြာလာတဲ့အခါမှာ ဒီနည်းလမ်းက ဒေါသတွေ၊ ပူလောင်မှုတွေ ငြိမ်းစေတယ်ဆိုတာ သိလာပါလိမ့်မယ်။

ဒီလိုလုပ်ဖို့အတွက် လမ်းလျှောက်ရင်း၊ ရေချိုးရင်း၊ စားရင်း စတဲ့နိစ္စဓူဝတာဝန်တွေလုပ်ဆောင်ရင်း ရိုးရိုးလေး သတိထားပြီးအသက်ရှူခြင်း (သတိကပ်ပြီး တရားထိုင်ခြင်း)ကနေ စပြီး လေ့ကျင့်ပါ။ ဒီအလေ့အကျင့်က ပုံမှန်ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့သတိရှိမှုက ကိုယ့်ရဲ့စိတ်အခြေအနေကို သေသေချာချာ သိသွားစေပြီး ကိုယ့်အကြောင်းကိုယ် နားလည်မှုကလည်း ပိုနက်နဲလာမှာပါ။ တစ်နေ့ ငါးမိနစ် စသဖြင့် နည်းနည်းချင်း စလုပ်ကြည့်ပါ။ သက်သောင့်သက်သာ ပိုဖြစ်လာတဲ့အချိန်မှာ အချိန်တိုးပြီး လုပ်ကြည့်ပါ။

သတိကပ်ပြီး တရားထိုင်ခြင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ဆရာတွေ ရှိကြပေမဲ့ ကိုယ်တိုင်က အမြဲတမ်း ရိုးရိုးလေးသတိထားပြီး စူးစူးစိုက်စိုက်နဲ့ အသက်ရှူမှုကို အလေ့အကျင့်လုပ်ဖို့ လိုအပ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ ခံစားချက်တိုင်းကို အမှန်တကယ် သိရှိပြီး ကိုယ့်ကိုယ်ကိုယ် နက်နက်နဲနဲ နားလည်လာပြီး အသိအမှတ် ပြုလာနိုင်ပါလိမ့်မယ်။

Related Article >>> ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုမြင့်လာအောင် လုပ်ဆောင်သင့်တဲ့အချက် (၄) ချက်

ကိုယ့်ကိုယ်ကိုယ် နားလည်တာက ကိုယ့်ကိုယ်ကိုယ် ပုဂ္ဂိုလ်ရေးအရရော၊ လုပ်ငန်းသဘောအရပါ တိုးတက်လာဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက ကိုယ့်အကြောင်း၊ ကိုယ့်ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ပိုပြီး သိရှိလာဖို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အင်္ဂလိပ်ဘာသာဖြင့်လည်း အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော Wynee Myanmar Organisation အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

<<< English>>>

How to Cultivate Self Awareness

Some go through life never fully aware of who they truly are and what they are capable of accomplishing. Self-awareness is the foundation for better self-management and engaging effectively with people. Daniel Goleman wrote in Emotional Intelligence: “Self-awareness, recognizing a feeling as it happens, is the keystone of emotional intelligence.”

We need to be fully aware of who we are, our personality, habits, emotions, behaviors and values. We need to be aware of the ‘triggers’ that cause our reactions. Most of us think we know ourselves very well. The reality is that many of us actually need to work on it to honestly acknowledge difficult truths about ourselves. Wynee provides the following tools of developing self-awareness:

Make Lists: describe yourself in a list of descriptive words and phrases, including strengths and weaknesses.  Do it quickly and put it aside. A few days later, go over it, deleting or adding traits. Then ask at least 9 people who you interact with regularly – 3 each from your family, friends and work colleagues (good to have both peers and bosses) – to do the same.  Compare your list with theirs: what overlaps and what are surprises?

Compile two lists: (a) one of the similar traits mentioned by others that you have on your list and (b) another of traits that others mentioned that are not in your list. The first is a confirmation of what you are aware of yourself and the second one may contain blind spots that you either do not know about yourself or do not want to accept. Try to accept all observations as valid, keeping in mind that they are based on how your behavior is perceived by others.

Reflect and Write: find some alone time each weekend to reflect on the week’s events and how you behaved or reacted to incidents.  On days of significant events (for example, a conflict at work), this should be done at the end of that day, as it will be fresh on your mind. Focus on you – not on the other persons involved or make judgements on how they behaved. Think about what triggered your reactions. Reflect back on the two lists and see if you need to adjust list (a). Start a journal of your reflections, expanding on your list (a) – on the why’s behind your traits.

Practice mindfulness: it is the most difficult but most effective step to deepening your self-awareness and subsequently, self-management and managing relationships. Being mindful of your thoughts, reactions as they arise before they affect your behavior (including facial expressions, tone of voice) is a long-term effort.  Starting with simple consciousness breathing (mindful meditation) and practicing while doing daily routines such as walking, bathing and eating, will help develop the consciousness. When this practice becomes a routine habit, your consciousness expands into constant awareness of your mental state and deepens your understanding of yourself. Do it in small steps – just 5 minutes a day and increasing “sitting” time as it becomes more comfortable.  Self-awareness comes with the capacity to practice while doing things consciously.

Many books and teachers are available on Mindfulness Meditation but all it takes is consistent practice of simple conscious and focused breathing. Over time, you will indeed “recognize a feeling as it develops” and have the depth of understanding and appreciating yourself.

Self awareness is a key foundation to developing yourself personally and professionally. Hopefully these tools can help you achieve a better idea of yourself, your strengths and your weaknesses.

Wynee Myanmar
Wynee Myanmar
Wynee is a community of young people and professionals dedicated to providing career guidance to the youth of Myanmar. Check out WyneeMyanmar.com to join the community and gain access to many more articles, Sign up for events across Myanmar, and participate in our online question and answer platform.
http://www.wyneemyanmar.com/

Leave a Reply

Your email address will not be published. Required fields are marked *