Kim Bok-Joo ေလး ေျပာျပတဲ့ ဝင္းမြတ္ေျပာင္လက္ၿပီး glow ေနတဲ့ အသားအေရရဲ႕ လွ်ိဳ႕ဝွက္ခ်က္

Glow ခ်က္ဆိုတာေလ… ၾကည့္တုိင္း အားက်ရမိေသာပါပဲ… 

“Weight-lifting fairy Kim Bok Joo” ၾကည့္တုန္းက မင္းသမီးရဲ႕ အသားအေရကိုၾကည့္ၿပီး တအားကို အားက်မိတာပဲ ေယာင္းတို႔ေရ။ မျပင္မဆင္ရုပ္နဲ႔ အားကစားသမားစတိုင္ ဖမ္းထားတာေတာင္ အသားအေရကေတာ့ ဝင္းမြတ္ေနေရာ။ ဒီတစ္ကားတည္းမွ မဟုတ္ပါဘူး။ သူသရုပ္ေဆာင္တဲ့ ဇာတ္ကားတိုင္းမွာေရာ၊ အျပင္မွာပါ သူ႕အသားအေရက လံုးဝ ျပစ္မ်ိဳး မွဲ႕မထင္မို႔ လူတိုင္းက သူ႕ရဲ႕ အသားအေရထိန္းသိမ္းနည္း လွ်ိဳ႕ဝွက္ခ်က္ကို စိတ္ဝင္စားၾကတာေပါ့။ အိမြန္လည္း ထိုနည္းလည္းေကာင္းပဲမို႔ သူ႕လွ်ိဳ႕ဝွက္ခ်က္ေလးေတြ ေလ့လာရင္း ေယာင္းတို႔ကိုပါ မွ်ေဝေပးလိုက္ပါတယ္ေနာ္…

သူ႕ရဲ႕ beauty tips ေလးေတြက ပံုမွန္ကိုယ္ေတြ လုပ္ေနက်လိုပါပဲ။ မ်က္ႏွာသစ္ေဆးကေန အစခ်ီၿပီး body lotion ၊ မိတ္ကပ္ ၊ emulsion စသျဖင့္ အဆင့္ဆင့္ သြားတာေတြခ်ည္းပဲ။ အဲ… ကြာသြားတာက သူသံုးတဲ့ brand အမ်ိဳးအစားရယ္ သူပိုၿပီး အေလးေပးလိုက္တဲ့ အခ်က္ေတြက သူ႔ရဲ႕ beauty secret ျဖစ္သြားတာ။

Lee Sung Kyung ရဲ႕ အဓိက လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ေနေရာင္ခံ ခရင္(မ္) မလိမ္းဘဲ ဘယ္ေတာ့မွ အျပင္မထြက္တာပါဘဲ။ ခရမ္းလြန္ေရာင္ျခည္က အသားအေရကို ဖ်က္စီးေတာ့ ရွိရင္းစြဲ ရုပ္ရည္ထက္ ပိုရင့္သြားေစတယ္ေလေနာ္။ ဒါကို အဓိကထားၿပီး ကာကြယ္လိုက္ေတာ့ သူ႕အသားအေရ ဒီေလာက္လွေနတာ ဘာဆန္းေတာ့မွာလဲလို႔… ေနာက္ၿပီး လန္းဆန္းတဲ့ အသားအေရရေအာင္ ေလ့က်င့္ခန္းလည္း လုပ္ပါေသးတယ္တဲ့။

ေနာက္တစ္ခ်က္က Skincare …ဒါက အရမ္း အေရးႀကီးေတာ့ ေသခ်ာေလး ဂရုစိုက္ျဖစ္တယ္လို႔ သူေလးက ဆိုျပန္ပါတယ္။ ေရဓာတ္ျပည့္ေအာင္ ေနၿပီး ေရဓာတ္ပါတဲ့ ခရင္မ္ေတြလိမ္းတယ္။ တစ္ေနကုန္ မိတ္ကပ္ခံဖို႔ toner ေကာင္းေကာင္းကိုလည္း သံုးပါတယ္တဲ့။ ဒါမ်ား ဘာထူးဆန္းလို႔လဲေနာ္.. ကိုယ္ေတြလည္း လိမ္းတာပဲကို သူ႕ေလာက္ လွမလာတာပဲ ရွိတယ္ T.T အဲဒီမွာ ကြာသြားတာက စိတ္ရွည္မႈပါပဲ ေယာင္းတို႔ေရ…

Related Article>>>နင္…… Messi ကိုႀကိဳက္လား?

ဆန္က်န္းရဲ႕ မ်က္ႏွာ အသားအေရကို ထိထိေရာက္ေရာက္ထိန္းသိမ္းေပးႏုိင္ၿပီး မိတ္ကပ္ေတြၾကာရွည္ခံရတဲ့ လွ်ိဳ႕ဝွက္ခ်က္က စိတ္ရွည္ရွည္ ေစာင့္တာပါတဲ့။ “တစ္လႊာၿပီးတစ္လႊာ ထပ္မလိမ္းခင္ skincare နဲ႔ မိတ္ကပ္ ေသခ်ာေလး ေရာသမသြားဖို႔ စိတ္ရွည္လက္ရွည္ ေစာင့္တယ္။ မ်က္ႏွာေပၚမွာ တစ္လႊာလိမ္းၿပီးၿပီ ဆိုတာနဲ႔ ပါးေပၚမွာ လက္ညွိဳးထိပ္ေလးနဲ႔ တို႔ၿပီး စမ္းၾကည့္တယ္။ စိုေနေသးတယ္ဆိုရင္ တစ္မိနစ္ေလာက္ ဆက္ထားၿပီး နည္းနည္းေျခာက္သြားမွ ေနာက္တစ္မ်ိဳး လိမ္းတယ္”လို႔ သူ(မ)က ေျပာျပသြားပါေသးတယ္ေယာင္းတို႔ေရ…

ေနာက္ၿပီး ဘာမွ လုပ္စရာမရွိတဲ့အခ်ိန္မ်ိဳးမွာ လက္ဖဝါးေပး မ်က္ႏွာတင္ၿပီး မေနပါနဲ႔လို႔လည္း မွာသြားပါေသးတယ္။ ဘာလို႔ပါလိမ့္? လက္ဖဝါးေပၚ မ်က္ႏွာတင္ၿပီး ေနတာမ်ားတဲ့အခါ မ်က္ႏွာက်အေနအထားက ေျပာင္းသြားႏိုင္လို႔ပါတဲ့.. အဲ့လို လက္ဖဝါးေပၚ မ်က္ႏွာတင္ၿပီး ေနမယ့္အစား လက္ဖဝါးေပၚ လည္ပင္းေလးတင္ၿပီး ေနၾကည့္ပါတဲ့…

ပါးအို႔ေလးေတြ အၿမဲရဲၿပီး လွေနရတဲ့ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ Lip tint ေလးေတြကို  ပါးေပၚတင္ၿပီး သံုးတာပါတဲ့ ေယာင္းတို႔ေရ… ဒီလိုတင္ၿပီး သံုးတဲ့အခါ မိတ္ကပ္ပ်က္သြားသည့္တိုင္ ႏႈတ္ခမ္းနီက အသားေပၚ စြဲက်န္ေနတတ္လို႔ သဘာဝက်က်ေလး လွေနတတ္တယ္လို႔ ဆိုပါတယ္။

သူ႕မ်က္ႏွာေလးကို V-shape ျဖစ္လာေအာင္ေတာ့ မ်က္ႏွာကို detoxify လုပ္ပါတယ္တဲ့ေနာ္…

ကဲ..ဒါေလးေတြကေတာ့ အိမြန္ရွာလို႔ ရသေလာက္ ဆန္က်န္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေလးေတြေပါပဲ… အႏွစ္ျပန္ခ်ဳပ္ရရင္ ေရဓာတ္ျပည့္ေအာင္ေန၊ ေလ့က်င့္ခန္း ပံုမွန္လုပ္၊ Skincare ကို စိတ္ရွည္ရွည္ေလး သံုးေပးၿပီး ေသြးလည္ပတ္မႈေကာင္းေစမယ့္ Massage နဲ႔ Detoxify လုပ္တာေတြလို႔ ဆိုရမွာေပါ့… ေယာင္းတို႔အတြက္လည္း ဒီနည္းလမ္းေလးေတြက အဆင္ေျပမယ္လို႔ ထင္ပါတယ္ေနာ္…

ေယာင္းတို႔ လွ်ိဳ႕ဝွက္ခ်က္ေလးေတြရွိရင္လည္း မွ်ေဝေပးပါဦးလို႔…

Reference:candymag, femalemag, aminoapps,herworld

With love

Ei Mon (For Her Myanmar)

<<< Unicode >>>

Glow ချက်ဆိုတာလေ… ကြည့်တိုင်း အားကျရမိသောပါပဲ… 

“Weight-lifting fairy Kim Bok Joo” ကြည့်တုန်းက မင်းသမီးရဲ့ အသားအရေကိုကြည့်ပြီး တအားကို အားကျမိတာပဲ ယောင်းတို့ရေ။ မပြင်မဆင်ရုပ်နဲ့ အားကစားသမားစတိုင် ဖမ်းထားတာတောင် အသားအရေကတော့ ဝင်းမွတ်နေရော။ ဒီတစ်ကားတည်းမှ မဟုတ်ပါဘူး။ သူသရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာရော၊ အပြင်မှာပါ သူ့အသားအရေက လုံးဝ ပြစ်မျိုး မှဲ့မထင်မို့ လူတိုင်းက သူ့ရဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက်ကို စိတ်ဝင်စားကြတာပေါ့။ အိမွန်လည်း ထိုနည်းလည်းကောင်းပဲမို့ သူ့လျှို့ဝှက်ချက်လေးတွေ လေ့လာရင်း ယောင်းတို့ကိုပါ မျှဝေပေးလိုက်ပါတယ်နော်…

သူ့ရဲ့ beauty tips လေးတွေက ပုံမှန်ကိုယ်တွေ လုပ်နေကျလိုပါပဲ။ မျက်နှာသစ်ဆေးကနေ အစချီပြီး body lotion ၊ မိတ်ကပ် ၊ emulsion စသဖြင့် အဆင့်ဆင့် သွားတာတွေချည်းပဲ။ အဲ… ကွာသွားတာက သူသုံးတဲ့ brand အမျိုးအစားရယ် သူပိုပြီး အလေးပေးလိုက်တဲ့ အချက်တွေက သူ့ရဲ့ beauty secret ဖြစ်သွားတာ။

Lee Sung Kyung ရဲ့ အဓိက လျှို့ဝှက်ချက်ကတော့ နေရောင်ခံ ခရင်(မ်) မလိမ်းဘဲ ဘယ်တော့မှ အပြင်မထွက်တာပါဘဲ။ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ဖျက်စီးတော့ ရှိရင်းစွဲ ရုပ်ရည်ထက် ပိုရင့်သွားစေတယ်လေနော်။ ဒါကို အဓိကထားပြီး ကာကွယ်လိုက်တော့ သူ့အသားအရေ ဒီလောက်လှနေတာ ဘာဆန်းတော့မှာလဲလို့… နောက်ပြီး လန်းဆန်းတဲ့ အသားအရေရအောင် လေ့ကျင့်ခန်းလည်း လုပ်ပါသေးတယ်တဲ့။

နောက်တစ်ချက်က Skincare …ဒါက အရမ်း အရေးကြီးတော့ သေချာလေး ဂရုစိုက်ဖြစ်တယ်လို့ သူလေးက ဆိုပြန်ပါတယ်။ ရေဓာတ်ပြည့်အောင် နေပြီး ရေဓာတ်ပါတဲ့ ခရင်မ်တွေလိမ်းတယ်။ တစ်နေကုန် မိတ်ကပ်ခံဖို့ toner ကောင်းကောင်းကိုလည်း သုံးပါတယ်တဲ့။ ဒါများ ဘာထူးဆန်းလို့လဲနော်.. ကိုယ်တွေလည်း လိမ်းတာပဲကို သူ့လောက် လှမလာတာပဲ ရှိတယ် T.T အဲဒီမှာ ကွာသွားတာက စိတ်ရှည်မှုပါပဲ ယောင်းတို့ရေ…

Related Article>>>နင်…… Messi ကိုကြိုက်လား?

ဆန်ကျန်းရဲ့ မျက်နှာ အသားအရေကို ထိထိရောက်ရောက်ထိန်းသိမ်းပေးနိုင်ပြီး မိတ်ကပ်တွေကြာရှည်ခံရတဲ့ လျှို့ဝှက်ချက်က စိတ်ရှည်ရှည် စောင့်တာပါတဲ့။ “တစ်လွှာပြီးတစ်လွှာ ထပ်မလိမ်းခင် skincare နဲ့ မိတ်ကပ် သေချာလေး ရောသမသွားဖို့ စိတ်ရှည်လက်ရှည် စောင့်တယ်။ မျက်နှာပေါ်မှာ တစ်လွှာလိမ်းပြီးပြီ ဆိုတာနဲ့ ပါးပေါ်မှာ လက်ညှိုးထိပ်လေးနဲ့ တို့ပြီး စမ်းကြည့်တယ်။ စိုနေသေးတယ်ဆိုရင် တစ်မိနစ်လောက် ဆက်ထားပြီး နည်းနည်းခြောက်သွားမှ နောက်တစ်မျိုး လိမ်းတယ်”လို့ သူ(မ)က ပြောပြသွားပါသေးတယ်ယောင်းတို့ရေ…

နောက်ပြီး ဘာမှ လုပ်စရာမရှိတဲ့အချိန်မျိုးမှာ လက်ဖဝါးပေး မျက်နှာတင်ပြီး မနေပါနဲ့လို့လည်း မှာသွားပါသေးတယ်။ ဘာလို့ပါလိမ့်? လက်ဖဝါးပေါ် မျက်နှာတင်ပြီး နေတာများတဲ့အခါ မျက်နှာကျအနေအထားက ပြောင်းသွားနိုင်လို့ပါတဲ့.. အဲ့လို လက်ဖဝါးပေါ် မျက်နှာတင်ပြီး နေမယ့်အစား လက်ဖဝါးပေါ် လည်ပင်းလေးတင်ပြီး နေကြည့်ပါတဲ့…

ပါးအို့လေးတွေ အမြဲရဲပြီး လှနေရတဲ့ လျှို့ဝှက်ချက်ကတော့ Lip tint လေးတွေကို  ပါးပေါ်တင်ပြီး သုံးတာပါတဲ့ ယောင်းတို့ရေ… ဒီလိုတင်ပြီး သုံးတဲ့အခါ မိတ်ကပ်ပျက်သွားသည့်တိုင် နှုတ်ခမ်းနီက အသားပေါ် စွဲကျန်နေတတ်လို့ သဘာဝကျကျလေး လှနေတတ်တယ်လို့ ဆိုပါတယ်။

သူ့မျက်နှာလေးကို V-shape ဖြစ်လာအောင်တော့ မျက်နှာကို detoxify လုပ်ပါတယ်တဲ့နော်…

ကဲ..ဒါလေးတွေကတော့ အိမွန်ရှာလို့ ရသလောက် ဆန်ကျန်းရဲ့ လျှို့ဝှက်ချက်လေးတွေပေါပဲ… အနှစ်ပြန်ချုပ်ရရင် ရေဓာတ်ပြည့်အောင်နေ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်၊ Skincare ကို စိတ်ရှည်ရှည်လေး သုံးပေးပြီး သွေးလည်ပတ်မှုကောင်းစေမယ့် Massage နဲ့ Detoxify လုပ်တာတွေလို့ ဆိုရမှာပေါ့… ယောင်းတို့အတွက်လည်း ဒီနည်းလမ်းလေးတွေက အဆင်ပြေမယ်လို့ ထင်ပါတယ်နော်…

ယောင်းတို့ လျှို့ဝှက်ချက်လေးတွေရှိရင်လည်း မျှဝေပေးပါဦးလို့…

Reference:candymag, femalemag, aminoapps,herworld

With love

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed