ယောင်းက ဟာသဉာဏ်ရှိတဲ့သူတစ်ယောက်လား?

သိချင်ရင်တော့ ဒီအချက်လေးတွေနဲ့ တိုက်ကြည့်နော်…

ယောင်းတို့ရေ…

လောကကြီးမှာ လူ(၂)မျိုးပဲ ရှိပါတယ်တဲ့။ ပျော်အောင်နေတတ်တဲ့လူနဲ့ မပျော်တဲ့လူရယ်လို့ပါ။ စိတ်ညစ်စရာကတော့ လူတိုင်းလိုလိုမှာ ရှိပါတယ်။ ဒါပေမဲ့လည်း ကိုယ်က ဘယ်လိုစိတ်နေစိတ်ထားနဲ့ ခံယူမလဲဆိုတာ ကိုယ့်ပေါ်ပဲ မူတည်တာပေါ့နော်။ ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲပြုံးပျော်ပြီး စနောက်နေတဲ့ သူတချို့ကို မြင်ဖူးကြမှာပါ။ ကိုယ်ကရော သူတို့ထဲကတစ်ယောက်ပဲလား??

(၁) ယောင်းက ရယ်မောရတာကို နှစ်သက်သူလား??

ရယ်မောနေရတဲ့အချိန်ဟာ ဘဝမှာပျော်စရာအကောင်းဆုံးအချိန်တွေပါပဲ။ ဒါကို ဟာသဉာဏ်ရှိတဲ့ ပျော်ပျော်နေတတ်တဲ့သူတချို့က ပိုပြီးနားလည်ပါလိမ့်မယ်။ ဟာသဉာဏ်ရှိတဲ့သူတွေက သူများတွေကိုပဲ ပျော်အောင်လုပ်တတ်တဲ့လူတွေ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ရယ်မောခြင်းကို နှစ်သက်ပြီး ကိုယ်တိုင်ပျော်ရွှင်ဖို့အရေး၊ စိတ်ချမ်းသာဖို့အရေးကို ကြံဆောင်တတ်ကြပါတယ်။

(၂) ကိုယ့်ရဲ့ ဖြစ်တည်မှုအားလုံးကို ကျေကျေနပ်နပ်ကြီး လက်ခံသူလား??

ယောင်းလေးတို့ရေ.. တို့တွေအားလုံးက ကိုယ်ကြိုက်တဲ့ အဆိုတော်မော်ဒယ် မင်းသမီးလေးတွေလောက်တော့ ဘယ်လှနိုင်မလဲလေနော်… ဒါပေမဲ့ ဟာသဉာဏ်ရှိတဲ့သူတွေကတော့ ကိုယ့်ရုပ်ရည်နဲ့ အနေအထား ပြည့်စုံခြင်း မပြည့်စုံခြင်းတွေကို အရှိကို အရှိအတိုင်း လက်ခံတတ်သူတွေပါ။ တစ်ခါတစ်ခါ သူတို့ကတောင် ကိုယ့်ရဲ့အားနည်းချက်တွေကို ကိုယ်ကိုယ်တိုင် ဟာသလုပ်ပြီးတောင် ပြောရဲတဲ့ အကောင်းမြင်စိတ်ရှိသူတွေလည်း ဖြစ်ပါတယ်။ လူတိုင်း ကိုယ့်ဖြစ်တည်မှုကို ဘဝင်မကျတာတွေရှိနေတဲ့အချိန်မှာ ဒီလို ဟာသဉာဏ်ရှိတဲ့သူတွေကတော့ စံနမူနာထားရမယ့်လူတချို့လည်း ဖြစ်နေတာပါ။

Related Article >>> နေပျော်တဲ့ဘဝ

(၃) တီထွင်ဖန်တီးမှု အားကောင်းသူ တစ်ယောက်လား??

လူတွေကို ချက်ချင်းပြုံးရယ်အောင်လုပ်နိုင်ဖို့က ကိုယ်တိုင်က ပျော်တတ်ပြီး အခြေအနေအချိန်အခါနဲ့ လိုက်အောင် ဖြတ်ထိုးဉာဏ်ကို ကောင်းကောင်းအသုံးချနိုင်တဲ့သူတွေမှသာ လုပ်နိုင်တာပါ။ ဒါကြောင့်လည်း ဟာသဉာဏ်ရှိတဲ့သူတွေက တခြားသူတွေထက်ပိုပြီး တီထွင်ဖန်တီးမှုအားကောင်းတယ်လို့ဆိုကြတာပေါ့။ ဟက်ဟက်ပက်ပက် ရယ်မောခြင်းဟာလည်း ဉာဏ်ရည်ထက်မြက်ခြင်းရဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်တဲ့ ယောင်းတို့ရေ…

(၄) စနောက်တဲ့နေရာမှာလည်း အရာရာကိုစောင့်ထိန်းပါတယ်တဲ့

ရယ်မောရအောင် သက်သက်စနောက်ခြင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေချင်လို့ကို စနောက်တာ…ဒီ နှစ်ခုဟာ တူမယောင်နဲ့ တော်တော်ကြီးကို ကွဲပြားတာပါ။ ဟာသဉာဏ်ရှိတဲ့သူတွေက ဒီလို သံသယတွေ ဖြစ်စရာမလိုအောင်ကို စနောက်တတ်တာပါ။ တစ်နည်းအားဖြင့်ဆို သူများကို မထိခိုက်စေဘဲနဲ့ ပျော်ရွှင်မှုတွေကို ဖန်တီးတတ်သူတွေပေါ့။

Related Article >>> ပျော်ရွှင်မှုရဲ့ အနှစ်သာရ

(၅) ဒေါင်ဒေါင်မြည် ကျန်းမာရေး ကောင်းသူများလည်း ဖြစ်ပါတယ်တဲ့နော်။

ဟာသဉာဏ်ရှိတဲ့သူ တော်တော်များများက ကျန်းမာရေး ကောင်းကြတာ များပါတယ်။ သူများတွေကိုလည်း ရယ်မောအောင်လုပ်၊ ကိုယ်ကိုယ်တိုင်ကလည်း ရယ်မောပျော်ရွှင်နေတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတော်တော်များများက ဖျတ်လတ်သန်စွမ်းပြီး မှတ်ဉာဏ်ကောင်းကြတာပါတဲ့။ စိတ်ဖိစီးမှုများနေသူတွေအတွက် အဓိက အလိုအပ်ဆုံးဆေးတစ်ခွက်ကလည်း ရယ်မောခြင်းပါပဲနော်။

(၆) အသက်အရွယ်ကို ကိန်းဂဏန်းတစ်ခုလို့ပဲ သဘောထားပါတယ်တဲ့။

အခြားသူတွေ အသက်နဲ့ ပတ်သက်ပြီး ညည်းညူနေကြတဲ့အချိန်မှာ ဟာသဉာဏ်ရှိတဲ့သူတွေအတွက်တော့ အသက်ကြီးတယ်ဆိုတာ ကိန်းဂဏန်းတစ်ခုကြီးလာသလိုဖြစ်ပြီး မွေးနေ့ဆိုတာလည်း ပျော်ပွဲရွှင်ပွဲလို သဘောမျိုုးအပြင် မပိုပါဘူး။ ဒီလို ပေါ့ပေါ့ပါးပါးစိတ်လေးနဲ့ ဖြတ်သန်းတာကြောင့်လည်း အသက်ရှည်ရှည်နေထိုင်နိုင်တယ်ဆိုတာ မဆန်းပါဘူးလို့ မင်မင်ကတော့ ထင်မိတယ်ရှင့်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ အပေါ်က (၆)ချက်နဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ ယောင်းလေးတို့ ဂုဏ်ယူသင့်ပါပြီ။ ယောင်းလေးတို့ဟာ အင်မတန် ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့သူတွေပါပဲ။

ယောင်းလေးတို့ ထာဝရပျော်ရွှင်နိုင်တဲ့သူတွေ ဖြစ်ကြပါစေနော်။

Thu ( For Her Myanmar )

References : Huffington Post

<<<Zawgyi>>>

သိခ်င္ရင္ေတာ့ ဒီအခ်က္ေလးေတြနဲ႔ တိုက္ၾကည့္ေနာ္…

ေယာင္းတို႔ေရ…

ေလာကႀကီးမွာ လူ(၂)မ်ိဳးပဲ ရွိပါတယ္တဲ့။ ေပ်ာ္ေအာင္ေနတတ္တဲ့လူနဲ႔ မေပ်ာ္တဲ့လူရယ္လို႔ပါ။ စိတ္ညစ္စရာကေတာ့ လူတိုင္းလိုလိုမွာ ရွိပါတယ္။ ဒါေပမဲ့လည္း ကိုယ္က ဘယ္လိုစိတ္ေနစိတ္ထားနဲ႔ ခံယူမလဲဆိုတာ ကိုယ့္ေပၚပဲ မူတည္တာေပါ့ေနာ္။ ကိုယ့္ပတ္ဝန္းက်င္မွာ အၿမဲၿပံဳးေပ်ာ္ၿပီး စေနာက္ေနတဲ့ သူတခ်ိဳ႕ကို ျမင္ဖူးၾကမွာပါ။ ကိုယ္ကေရာ သူတို႔ထဲကတစ္ေယာက္ပဲလား??

(၁) ေယာင္းက ရယ္ေမာရတာကို ႏွစ္သက္သူလား??

ရယ္ေမာေနရတဲ့အခ်ိန္ဟာ ဘဝမွာေပ်ာ္စရာအေကာင္းဆံုးအခ်ိန္ေတြပါပဲ။ ဒါကို ဟာသဉာဏ္ရွိတဲ့ ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူတခ်ိဳ႕က ပိုၿပီးနားလည္ပါလိမ့္မယ္။ ဟာသဥာဏ္ရွိတဲ့သူေတြက သူမ်ားေတြကိုပဲ ေပ်ာ္ေအာင္လုပ္တတ္တဲ့လူေတြ မဟုတ္ပါဘူး။ ကိုယ္တိုင္လည္း ရယ္ေမာျခင္းကို ႏွစ္သက္ၿပီး ကိုယ္တိုင္ေပ်ာ္ရႊင္ဖို႔အေရး၊ စိတ္ခ်မ္းသာဖို႔အေရးကို ႀကံေဆာင္တတ္ၾကပါတယ္။

(၂) ကိုယ့္ရဲ႕ ျဖစ္တည္မႈအားလံုးကို ေက်ေက်နပ္နပ္ႀကီး လက္ခံသူလား??

ေယာင္းေလးတို႔ေရ.. တို႔ေတြအားလံုးက ကိုယ္ႀကိဳက္တဲ့ အဆိုေတာ္ေမာ္ဒယ္ မင္းသမီးေလးေတြေလာက္ေတာ့ ဘယ္လွႏိုင္မလဲေလေနာ္… ဒါေပမဲ့ ဟာသဉာဏ္ရွိတဲ့သူေတြကေတာ့ ကိုယ့္ရုပ္ရည္နဲ႔ အေနအထား ျပည့္စံုျခင္း မျပည့္စံုျခင္းေတြကို အရွိကို အရွိအတိုင္း လက္ခံတတ္သူေတြပါ။ တစ္ခါတစ္ခါ သူတို႔ကေတာင္ ကိုယ့္ရဲ႕အားနည္းခ်က္ေတြကို ကိုယ္ကိုယ္တိုင္ ဟာသလုပ္ၿပီးေတာင္ ေျပာရဲတဲ့ အေကာင္းျမင္စိတ္ရွိသူေတြလည္း ျဖစ္ပါတယ္။ လူတိုင္း ကိုယ့္ျဖစ္တည္မႈကို ဘဝင္မက်တာေတြရွိေနတဲ့အခ်ိန္မွာ ဒီလို ဟာသဉာဏ္ရွိတဲ့သူေတြကေတာ့ စံနမူနာထားရမယ့္လူတခ်ိဳ႕လည္း ျဖစ္ေနတာပါ။

Related Article >>> ေနေပ်ာ္တဲ့ဘဝ

(၃) တီထြင္ဖန္တီးမႈ အားေကာင္းသူ တစ္ေယာက္လား??

လူေတြကို ခ်က္ခ်င္းၿပံဳးရယ္ေအာင္လုပ္ႏုိင္ဖို႔က ကိုယ္တိုင္က ေပ်ာ္တတ္ၿပီး အေျခအေနအခ်ိန္အခါနဲ႔ လိုက္ေအာင္ ျဖတ္ထိုးဉာဏ္ကို ေကာင္းေကာင္းအသံုးခ်ႏိုင္တဲ့သူေတြမွသာ လုပ္ႏုိ္င္တာပါ။ ဒါေၾကာင့္လည္း ဟာသဉာဏ္ရွိတဲ့သူေတြက တျခားသူေတြထက္ပိုၿပီး တီထြင္ဖန္တီးမႈအားေကာင္းတယ္လို႔ဆိုၾကတာေပါ့။ ဟက္ဟက္ပက္ပက္ ရယ္ေမာျခင္းဟာလည္း ဉာဏ္ရည္ထက္ျမက္ျခင္းရဲ႕ အေၾကာင္းရင္းတစ္ခုလည္း ျဖစ္ပါတယ္တဲ့ ေယာင္းတို႔ေရ…

(၄) စေနာက္တဲ့ေနရာမွာလည္း အရာရာကိုေစာင့္ထိန္းပါတယ္တဲ့

ရယ္ေမာရေအာင္ သက္သက္စေနာက္ျခင္းနဲ႔ ရည္ရြယ္ခ်က္ရွိရွိ ထိခိုက္ေစခ်င္လို႔ကို စေနာက္တာ…ဒီ ႏွစ္ခုဟာ တူမေယာင္နဲ႔ ေတာ္ေတာ္ႀကီးကို ကြဲျပားတာပါ။ ဟာသဉာဏ္ရွိတဲ့သူေတြက ဒီလို သံသယေတြ ျဖစ္စရာမလိုေအာင္ကို စေနာက္တတ္တာပါ။ တစ္နည္းအားျဖင့္ဆို သူမ်ားကို မထိခိုက္ေစဘဲနဲ႔ ေပ်ာ္ရႊင္မႈေတြကို ဖန္တီးတတ္သူေတြေပါ့။

Related Article >>> ေပ်ာ္ရႊင္မႈရဲ႕ အႏွစ္သာရ

(၅) ေဒါင္ေဒါင္ျမည္ က်န္းမာေရး ေကာင္းသူမ်ားလည္း ျဖစ္ပါတယ္တဲ့ေနာ္။

ဟာသဥာဏ္ရွိတဲ့သူ ေတာ္ေတာ္မ်ားမ်ားက က်န္းမာေရး ေကာင္းၾကတာ မ်ားပါတယ္။ သူမ်ားေတြကိုလည္း ရယ္ေမာေအာင္လုပ္၊ ကိုယ္ကိုယ္တိုင္ကလည္း ရယ္ေမာေပ်ာ္ရႊင္ေနေတာ့ ခႏၶာကိုယ္ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားက ဖ်တ္လတ္သန္စြမ္းၿပီး မွတ္ဉာဏ္ေကာင္းၾကတာပါတဲ့။ စိတ္ဖိစီးမႈမ်ားေနသူေတြအတြက္ အဓိက အလိုအပ္ဆံုးေဆးတစ္ခြက္ကလည္း ရယ္ေမာျခင္းပါပဲေနာ္။

(၆) အသက္အရြယ္ကို ကိန္းဂဏန္းတစ္ခုလို႔ပဲ သေဘာထားပါတယ္တဲ့။

အျခားသူေတြ အသက္နဲ႔ ပတ္သက္ၿပီး ညည္းညဴေနၾကတဲ့အခ်ိန္မွာ ဟာသဉာဏ္ရွိတဲ့သူေတြအတြက္ေတာ့ အသက္ႀကီးတယ္ဆိုတာ ကိန္းဂဏန္းတစ္ခုႀကီးလာသလိုျဖစ္ၿပီး ေမြးေန႔ဆိုတာလည္း ေပ်ာ္ပြဲရႊင္ပြဲလို သေဘာမ်ိုဳးအျပင္ မပိုပါဘူး။ ဒီလုိ ေပါ့ေပါ့ပါးပါးစိတ္ေလးနဲ႔ ျဖတ္သန္းတာေၾကာင့္လည္း အသက္ရွည္ရွည္ေနထိုင္ႏိုင္တယ္ဆိုတာ မဆန္းပါဘူးလို႔ မင္မင္ကေတာ့ ထင္မိတယ္ရွင့္။

ဘယ္လိုပဲ ျဖစ္ျဖစ္ပါေလ အေပၚက (၆)ခ်က္နဲ႔ ကိုက္ညီေနတယ္ဆိုရင္ေတာ့ ေယာင္းေလးတို႔ ဂုဏ္ယူသင့္ပါၿပီ။ ေယာင္းေလးတို႔ဟာ အင္မတန္ ဟာသဉာဏ္ရႊင္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူေတြပါပဲ။

ေယာင္းေလးတို႔ ထာဝရေပ်ာ္ရႊင္ႏိုင္တဲ့သူေတြ ျဖစ္ၾကပါေစေနာ္။

Thu ( For Her Myanmar )

References : Huffington Post

No Comments Yet

Comments are closed