Nude look အတွက်အကောင်းဆုံး မိတ်ကပ်လိမ်းခြယ်နည်းများ

 

Kylie’s trendy makeup look ရဲ့ tips တွေဆိုတော့စိတ်ဝင်စားစရာပဲနော်…

‘No makeup’ makeup look ကဘယ်နေရာမှာမဆို အရမ်းခေတ်စားလာပြီဖြစ်ပါတယ်။ မိတ်ကပ်သားပါးပါးလေးနဲ့သဘာဝဆန်ဆန်လှနေဖို့ဆိုတာ လွယ်မယောင်ယောင်နဲ့ခက်တဲ့ကိစ္စတစ်ခုပါ။ ဒီဆောင်းပါးထဲမှာတော့ Nude look အတွက် tips လေးတွေကိုဖော်ပြပေးသွားပါမယ်။ အတူတူဆက်ကြည့်ရအောင်နော်…

(၁) မိတ်ကပ်နည်းလေကောင်းလေပါ။

Coverage (ဖုံးကွယ်နိုင်စွမ်း) အရမ်းကောင်းတဲ့ ဖောင်ဒေးရှင်းတွေက ထူထူသိပ်သိပ်ကြီးတွေဖြစ်နေစေတာမို့ coverage ကို light ဖြစ်တာလေးသုံးပြီး amount ကိုလဲတတ်နိုင်သလောက်နည်းစေချင်ပါတယ်။

(၂) Skin care ကိုအရင်ကထက်ပိုလုပ်ပါ။

မိတ်ကပ်ကိုနည်းနိုင်သမျှ နည်းမှာဖြစ်တဲ့အတွက် ကိုယ့်မျက်နှာစာစိုစိုလေးနဲ့ တတ်နိုင်သမျှအပြစ်အနာအဆာကင်းလေကောင်းလေမို့ skin care ကို ပိုပြီးဂရုစိုက်စေချင်ပါတယ်။

(၃) Blusher ကိုအရောင်တောက်တောက်အစားသဘာဝဆန်ဆန်အရောင်လေးတွေသုံးပါ။

ပန်းရောင်ရင့်ရင့်ကြီးတွေအစား မက်မွန်ရောင်လေးတွေသုံးပေးပါ။ တတ်နိုင်သမျှလဲနည်းအောင်လျှော့ ခြယ်ပေးပါ။ တစ်ခါတလေ နှုတ်ခမ်းနီကနေ နည်းနည်းယူပြီး ပါးမို့ပေါ်ဖွဖွလေးလိမ်းခြယ်လိုက်ပါ။

Related Article >>> သဘာဝဆန်ပြီး ပေါ့ပါးလှပတဲ့ Nude Make-up လိမ်းခြယ်နည်း အဆင့်ဆင့်

(၄) Eyeshadow ကိုလဲလျှော့သုံးပါ။

ဘလင်းဘလင်းတွေအရမ်းများနေမယ့်အစား တစ်ရောင်ထဲကိုခပ်ပါးပါးလေးအပြည့်ခြယ်ထားတာက သဘာဝပိုဆန်စေပါတယ်။

(၅) Eyelash (မျက်တောင်တု) အစား Mascara ကောင်းကောင်းလေးသုံးပေးပါ။

ဘာမိတ်ကပ်မှသိပ်မရှိဘဲ မျက်တောင်ကြီးကထင်းနေရင်လဲကြည့်ရဆိုးတာမို့ မျက်တောင်တုအစား မျက်တောင်ကော့ဆေးကိုဘဲသေချာသုံးပေးပါ။

(၆) Nude lipstick လေးတွေသုံးပါ။

အသားညိုတဲ့လူဆိုရင်တော့ အဝါဖောက် nude လေးတွေဆိုးပေးသင့်ပြီး အသားဖြူတဲ့လူဆိုရင်တော့အရောင်နည်းနည်းအညိုပိုဆန်တဲ့ western nude color လေးတွေဆိုးပေးသင့်ပါတယ်။

(၇) မျက်ခုံးကိုလဲအတတ်နိုင်ဆုံးသဘာဝဆန်ဆန်ဆွဲပါ။

မျက်တောင်လိုပါပဲ။ မိတ်ကပ်နည်းပြီးသူဘဲထင်းနေမယ်ဆိုဘယ်အဆင်ပြေမလဲနော်။

Nude makeup look ဆိုတာကြည့်တော့သာပေါ့ပါးမလိုနဲ့ တကယ် tips အရမ်းများတဲ့ makeup look တစ်ခုပါဘဲ။ ကြည်လင်ချောမွေ့နေတဲ့ မိတ်ကပ်ဖြစ်ဖို့အတွက် မိတ်ကပ်နည်းနည်းလေးနဲ့ပြင်ရမှာမို့ Glowing ဖြစ်နေအောင် ရေများများသောက်ပါလို့လည်း ထပ်သတိပေးလိုက်ရပါတယ်နော်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။