Relationships

“ချစ်သူများနေ့မှာ ရေလည်းမခမ်းဘဲ ချစ်ချစ်လေးနဲ့ အပြတ်ကဲနိုင်ဖို့”

ဒီတစ်ခေါက် ချစ်သူများနေ့က ရုံးဖွင့်ရက်၊ ကျောင်းဖွင့်ရက်ဆိုတော့ ချစ်သူနဲ့ ဘယ်လို အေးအေးဆေးဆေး လည်နိုင်မှာလဲနော်။ ဒါကြောင့် ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်မှ ချိန်းတွေ့လို့ရမယ့် အိုင်ဒီယာလေးတွေ ပြောပြပေးမယ်နော်။ အရေးကြီးဆုံးက ရေလည်းအရမ်းမခမ်း၊ ချစ်သူလေးလည်း ပျော်ရမယ့် အိုင်ဒီယာလေးတွေ ပြောပြမယ်နော့။ ထပ်ဖြည့်ချင်ရင်လည်း ဖြည့်လို့ရသေးတယ်နော့။ (၁) ပထမဆုံး ရိုးမန်းတစ်တဲ့ ဒင်နာလေးကိုမှ စားချင်တဲ့ ချစ်ချစ်အတွက် Vintage Luxury Yacht Hotel ဒါမှမဟုတ် ကရဝိတ်ဟိုတယ်မှာ အကအလှတွေကို ကြည့်ပြီးတော့လည်း ချစ်သူလေးနဲ့ ညစာတူတူစားလို့ရတယ်နော်။ ဒါမယ့် နည်းနည်းတော့ ပိုက်ပိုက်ကုန်မှာပေါ့။