DIY Love Relationships

ချစ်သူကို စပရိုက်စ်တိုက်နည်း

ကောင်လေးတွေကပဲ ကောင်မလေးကို စပရိုက်စ်လုပ်တယ်ဆိုတာ ရိုးသွားပြီနော်။ တကယ်တော့ စပရိုက်ကြိုက်တယ်ဆိုတာ မိန်းကလေးရယ် ယောက်ျားလေးရယ်မှ မဟုတ်ပါဘူး

DIY FUN Knowledge Love Motivation

VIDEO DIY : ချစ်သူအတွက် ကိုယ်တိုင် လက်ဆောင်ဖန်တီးစို့

ချစ်သူများနေ့မှာ ကိုယ်တိုင် အမြတ်တနိုး ဖန်တီးထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေကို ပေးချင်တတ်ကြတဲ့ မိန်းကလေးတွေအတွက် ထူးခြားလှပပြီး ချစ်သူကို အံ့သြသွားစေမယ့် ဟန်းမိတ် လက်ဆောင်လုပ်နည်းလေး (၂ )ခုကို တွေကို ဝေမျှ ပေးလိုက်တယ်နော်။       (၁)နေ့စွဲဗူးလေး လိုအပ်သည့်ပစ္စည်းများ (၁) ရောင်စုံ စာရွက် (၂) ကပ်ကြေး။ (၃) ကော်။ (၄) ဖဲကြိုး။ (၅) ရောင်စုံဖောင်တိန်များ။ (၆)စတစ်ကာ (၇) ပုလင်း ၁။စာရွက်လေးတွေကို လိုသလောက်ဖြတ်ပေးပါ။ ၂။သူနဲ့ ဖြတ်သန်းချင်တဲ့ နေ့စွဲလေးတွေ အကြောင်းကို ရေးပေးပါ။ ၃။စာရွက်လေးတွေကို လိပ်ပြီး ဖဲပြားလေးနဲ့ ချည်ပေးပါ။ ၄။နောက်တစ်ဆင့်ကတော့ သင်ကိုယ်တိုင်ရဲ့ နှုတ်ခမ်းရာလေးတွေကို စာရွက်ပေါ်မှာ အရာပေးပြီး အလှဆင်မယ်။ ၅။ကပ်ခွာလေးတွေကို ကပ်ပေးပါ။ […]

FUN

စပရိုက်(စ်)မည်သည်….

ခုခေတ် ကောင်လေးတွေ ကောင်မလေးတွေ မွေးနေ့၊ နှစ်ပတ်လည် ၊ လက်ထပ်ခွင့်တောင်းတဲ့အချိန် စသဖြင့် အထိမ်းအမှတ်နေ့တွေမှာ စပရိုက်(စ်) (တစ်စုံ တစ်ယောက် အံသြဝမ်းသာသွားအောင် လျှို့ဝှက်စွာ စီစဉ်ပြုလုပ်ခြင်း) အပြန်အလှန်လုပ်ကြတာတွေ့ရပါတယ်။သူငယ်ချင်းတွေကြားမှာလည်း မွေးနေ့တွေမှာ စပရိုက်(စ်)လုပ်ကြတယ်။ ဘယ်နိုင်ငံက ဆင်းသက်လာတဲ့ ယဉ်ကျေးမှုလဲတော့မသိ အတော်တော့ ပျော်စရာကောင်းပါတယ်။ စပရိုက်(စ်)အလုပ်ခံရတဲ့သူရော လုပ်ပေးတဲ့သူရော နှစ်ဦးနှစ်ဖက်ကြည်နူး ရပါတယ်။ ဘဝအတွက် အမှတ်တရလေးလည်းဖြစ်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားချစ်ခင်မှုကို ဖော်ပြတဲ့ အလေ့အထလို့ မြင်မိပါတယ်။ ဒါမယ့်လေ ချစ်သူရည်စား သူငယ်ချင်းတွေကြားသာမက မိဘတွေ ဆရာသမားတွေကိုလည်း စပရိုက်(စ်)လုပ်ပေးလို့ရတယ်လို့…အဲဒါ လာပြောတာ..။ အောက်ကဗီဒီယိုလေးကို ကြည့်ကြည့်ပါ။…စိတ်ထဲမှာ သတိရမိသွားတဲ့ပုဂ္ဂိုလ်နဲ့ အမှတ်တရလေးတွေရှိရင် မန့်ခဲ့နော်။(ဗီဒီယိုက (၁)မိနစ်ကျော်ပဲ ကြာတယ်နော်။) [embedyt] http://www.youtube.com/watch?v=PQxFL6Ce-XM[/embedyt]