Food

အမြင်လေးလည်းလှ၊ စားလို့လည်းကောင်းတဲ့ ထမင်းပြာ(သို့) အောင်မဲညို ထမင်းချက်နည်း

အလေ့ကျပေါက်တဲ့ အပြာရောင် အောင်မဲညိုပန်းလေးကို ထမင်းနဲ့တွဲပြီး ချက်စားလို့ရတယ်ဆိုတာ ယောင်းတို့ သိပြီးကြပြီလား??

Beauty

အရွယ်သုံးပါးစလုံးအတွက် သခွားသီးတစ်လုံးပဲ လိုပါတယ်

ကျွန်မတို့ နေ့စဉ် တို့စရာအဖြစ် စားနေတဲ့ သခွားသီးမှာ မယုံလောက်အောင် အစွမ်းသတ္တိတွေရှိနေတယ်ဆိုတာ ပျိုမေတို့ သိပါသလား။ မသိသေးရင် သခွားသီးတွေရဲ့ အသုံးဝင်ပုံတွေကို အက်ဒမင် အခုပြောပြပေးမယ်နော်။   #ပထမဆုံး မျက်နှာ အဆီပြန်တတ်တဲ့ ချစ်လေးတွေအတွက် သခွားသီးကပ်ခွာလုပ်နည်း ပြောပြပေးမယ်။ နည်းလမ်း (၁) ဆနွင်းမှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း) ၊ သခွားသီးနှစ် (လဘက်ရည်ခွက် တစ်ဝက်) နဲ့ လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့ သံပုယိုသီး (စားပွဲတင်ဇွန်းတစ်ဇွန်း) တို့ကိုရောပြီး မျက်နှာပြင်ပေါ်မှာ လိမ်းပေးပါ။ ၁၅မိနစ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ဆေးချပါ။ (ကြက်ဥထည့်ချင်လည်းထည့်လို့ရပါသေးတယ်။   နည်းလမ်း (၂) ဒိန်ချဉ်(ရိုးရိုး)နဲ့ သခွားသီးနှစ်တို့ကိုရောပြီး မျက်နှာပြင်ပေါ်မှာ လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီး ရေနဲ့ ဆေးချပါ။ #အသားရေခြောက်တတ်တဲ့ ပျိုမေတို့အတွက်လည်း သခွားသီးကပ်ခွာလုပ်နည်း သက်သက်ရှိသေးတယ်နော်။ ပထမဆုံး အုတ်ဂျုံမှုန့် (စားပွဲတင်ဇွန်း တစ်ဇွန်း) နဲ့ သခွားသီးနှစ်ကို ရောပါ။ အဲ့အရောထဲကို […]

DIY FUN Knowledge

(၃)မိနစ်အတွင်း ဖန်တီးနိုင်မယ့် ခွက်လှလှလေး

လက်ဆောင်ပေးမယ်ဆိုတိုင်း ခေါင်းစားနေရပါသလား??? ခုလို ခရစ္စမတ်လည်းနီး ခရစ္စမတ်ပြီးရင် တခြားနှစ်သစ်ကူး၊ချစ်သူများနေ့ စသဖြင့်အမှတ်တရနေ့တွေများတဲ့ကာလမှာ ဘာလေက်ဆောင်ပေးရမလဲခေါင်းစားရပါတယ်။အဲဒီအတွက် ပျိုမေတို့ကို ဒီအိုင်ဒီယာလေး ဝေမျှလိုက်ပါတယ်။ ဒီခွက်လေးတွေ လုပ်တဲ့နည်းလမ်းလေးက အရမ်းကိုရိုးရှင်းသလို လိုအပ်တဲ့ပစ္စည်းတွေကလည်း အလွယ်တကူ ဝယ်ယူလို့ရပါတယ်။(ခွက်မှမဟုတ်ပါဘူး…တခြားပန်းကန်ပြားတို့ ဘာတို့လည်းရပါတယ်။) အချိန်ကလည်း (၃)မိနစ်ပဲဆိုတော့ မမိုက်ဘူးလား။? လိုအပ်သည့်ပစ္စည်းများ (၁)ခွက်အဖြူ(သို့) မိမိဖန်တီးလိုသည့်ပစ္စည်း (ပန်းကန်၊ပန်းအိုးစသဖြင့်) (၂)ရေဇလုံ (၃)ရေနွေး (၄)လက်သည်းနီ(ကြိုက်နှစ်သက်သည့်အရောင်) ပြုလုပ်နည်း အဆင့်(၁) ရေဇလုံထဲ ရေနွေး(အရမ်းမပူပါစေနှင့်) ထည့်လိုက်ပါ။ အဆင့်(၂)ရေနွေးဇလုံထဲလက်သည်းနီထည့်ပါ။ အဆင့်(၃)အဲဒီဇလုံထဲကို  မိမိဖန်တီးလိုတဲ့ ခွက်(သို့) ပန်းကန်ပြားထည့်လိုက်ပါ။ ၃စက္ကန့်၎စက္ကန့်လောက်ထားပေးပါ။ အဆင့်(၄)လှပတဲ့ဒီဇိုင်းနဲ့ ခွက်လေးတွေ ပန်းကန်ပြားလေးတွေရလာပါလိမ့်မယ်။(၂)မိနစ်လောက် အခြောက်ခံပြီးနောက် လက်ဆောက်ပေးဖို့ ထုတ်ပိုးလို့ရပါပြီ။ မလွယ်လွန်းဘူးလား…။ခရစ္စမတ်မဟုတ်လဲ တခြားအမှတ်တရနေ့တွေမှာလည်း ဖန်တီးပြီး ပေးနိုင်တယ်နော်။အောက်မှာ ဗီဒီယိုလေးပြထားပါတယ်။   [embedyt] http://www.youtube.com/watch?v=KzNaIdJ8-IQ[/embedyt]