Look တစ်လုံးကို အစုံသုံးကြည့်ရအောင်..

စကားလုံးတစ်လုံးတည်းကို အဓိပ္ပာယ်အမျိုးမျိုးထွက်အောင် ဒီလိုလေးတွေ လှည့်ပတ်ပြောလို့ရပါတယ်.. 

ဒီနေ့တော့ အက်မင်တို့တတွေ သိထားပြီးသားစကားလုံးတစ်လုံးဖြစ်တဲ့ Look ကို Preposition တွေနဲ့ပေါင်းပြီး လေ့လာကြည့်ကြရအောင်ပါ။

Look ကို After ၊ away၊ for ၊ into ၊ out ၊ through ၊ up ၊ ahead ဆိုတဲ့ Preposition တစ်လုံးနဲ့ တွဲပေးလိုက်ရင် ပုံမှန်ထွက်နေကျ ကြည့်သည် ဆိုတဲ့ အဓိပ္ပာယ်ထက် တခြားအဓိပ္ပာယ်တွေ ထွက်လာပါလိမ့်မယ်။ သူတို့ကို တွဲသုံးတဲ့အခါရတဲ့ အဓိပ္ပာယ်လေးတွေကော၊ ဥပမာ ဝါကျလေးတွေနဲ့ပါ ရှင်းပြထားတာမို့ အထောက်အကူပြုလိမ့်မယ်ထင်ပါတယ်။

(၁) Look after – (တစ်စုံတစ်ယောက်/ တစ်စုံတစ်ခုကို) ဂရုစိုက်သည်
Make sure you look after yourself. I don’t want you to be ill due to this weather.
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ရာသီဥတုကြောင့် မဖျားစေချင်ဘူး။

(၂) Look away – (တစ်စုံတစ်ယောက် သို့ တစ်စုံတစ်ခုကို ကြည့်နေရာမှ) အကြည့်လွှဲသည်
The accident was so horrible that I had to look away.
မတော်တဆဖြစ်မှုက ကြောက်စရာကောင်းလွန်းလို့ ကျွန်တော်အကြည့်လွှဲလိုက်ရတယ်။

She looked away in embarrassment.
ရှက်ကိုးရှက်ကန်းနဲ့ သူမ အကြည့်လွှဲလိုက်တယ်။

Related article >>> စိတ်ဝင်စားစရာ အင်္ဂလိပ်စကားစုလေးများ

(၃) Look for – (တစ်စုံတစ်ယောက် သို့ တစ်စုံတစ်ခုကို) ရှာဖွေသည်

I am looking for my black shirt have you seen it?
ငါ့ ရှပ်အင်္ကျီအနက်ရောင်ကို ရှာနေတာ တွေ့မိသေးလား

(၄) Look into – သေသေချာချာ ၊ စေ့စေ့စပ်စပ်စစ်ဆေးသည်၊ စုံစမ်းမေးမြန်းသည်
The manager promised to look into my complaint.
ငါ့ တင်ပြချက်ကို သေချာစစ်ဆေးကြည့်ပေးမယ်လို့ မန်နေဂျာက ငါ့ကို ကတိပေးခဲ့တယ်။

(၅) Look out – ကြည့်သည်။ စောင့်မျှော်သည် (နောက်က For လိုက်လေ့ရှိ)
My dog always looks out for me from the window.
ငါ့ခွေးလေးက ငါ့ကို ပြတင်းပေါက်ကနေ တမျှော်မျှော်နဲ့ အမြဲစောင့်နေတတ်တယ်။

သူ့ရဲ့ နောက်ထပ် အဓိပ္ပာယ်က သတိထား ပါတဲ့။ အာမေဋိတ်အနေနဲ့ သုံးတတ်ပါတယ်။
Look out! An angry dog is running into you.
သတိထား ခွေးရူးပြန်နေတဲ့ခွေးတစ်ကောင် မင်းဆီပြေးလာနေတယ်။

(၆) Look through
အရေးကြီးသည့် အချက်များကိုသာ မြန်မြန်ကြည့်သည်။

I will look through your proposal and get back to you.
မင်းရဲ့ အဆိုတင်သွင်းချက်ကို မြန်မြန်လေးဖတ်ပြီး မင်းကို ပြန်ပြောမယ်။

Related article >>> အင်္ဂလိပ်စကားသွက်သွက်ပြောမယ်

(၇) Look up
(တစ်စုံတစ်ခုအကြောင်းကို) ရည်ညွှန်းစာအုပ်ထဲတွင် ရှာဖွေသည်
I need to look that word up in the dictionary, I have never heard it before.
အဲ့စကားလုံးကို အရင်က မကြားဖူးဘူး အဘိဓာန်စာအုပ်ထဲမှာ ရှာဖို့လိုတယ်။

နောက်ထပ်အဓိပ္ပာယ်က သွားရောက်လည်ပတ်သည် တဲ့
I looked up serveral old friends.
မိတ်တွေဟောင်း အတော်များများစီ ကျွန်တော်သွားလည်ခဲ့သည်။

နောက်ထပ်အဓိပ္ပာယ်က (အခြေအနေတစ်ခု) ပိုမိုကောင်းလာပုံပေါ်သည် လို့ အဓိပ္ပာယ်ရပါတယ်။
Things have been looking up lately.
ခုတလော အရာရာအခြေအနေ ပိုမိုကောင်းလာပုံပေါက်တယ်။

(8) Look up to – ကြည်ညိုသည်၊ ရိုသေလေးစားးသည်
I really look up to my father.
အဖေ့ကို ကျွန်တော် တကယ်လေးစားမိသည်။

Related article >>> အင်္ဂလိပ်လိုကျွမ်းကျင်ဖို့ စကားပြောသင်တန်းတွေ ဈေးကြီးပေး တက်ဖို့လိုသလား

(9) look ahead – အနာဂါတ်ကို မျှော်မှန်းတွက်ဆသည်
Always look ahead before you start a plan.
အကြံအစည်တစ်ခုမစခင် အမြဲ ကြိုတွက်ဆချင့်ချိန်ပါ။

(10) look down on – အထင်သေးသည်
She looks down on her husband’s relations.
သူမသည် သူမခင်ပွန်း၏ဆွေမျိုးများကို အထင်သေးသည်။

(11) look forward to – မျှော်လင့်စောင့်စားသည်

I am looking forward to seeing you.
ခင်ဗျားနဲ့တွေ့ဖို့ ကျွန်တော် စောင့်မျှော်နေပါတယ်။

ကဲ ဒီလောက်ဆိုရင်တော့ ပုံမှန်သိထားနေကျ ကြည့်သည်ဆိုတဲ့ စကားလုံးလေးတစ်လုံးထဲကနေ နောက်ထပ် ပွားသုံးစရာ စကားလုံးတွေ အများကြီးထွက်လာပြီပေါ့နော်။

Tips for English Learning

နောက်ဆုံးအနေနဲ့ အက်မင် အကြံပြုလိုတာကတော့ စကားလုံးတွေလေ့လာတဲ့အခါ အမြဲတမ်း ပွားပြီးလေ့လာကြည့်ပါ။ ဘယ်လိုပွားရမလဲဆိုတော့ ကိုယ်သိထားတဲ့စကားလုံးက Noun ဆိုပါတော့ သူ့ရဲ့ adjective ၊ adverb ၊ verb တွေအထိ ဆက်လက်လေ့လာသင့်ပါတယ်။ အဲ့ကနေမှတဆင့် သူ့ရဲ့ ဆန့်ကျင်ဘက်စကားလုံးတွေထိ သွားလို့ရသေးတယ်။ Verb မှာကိုတောင် Verb (1), Verb (2) အစရှိသဖြင့် ချဲ့လေ့လာလို့ရပါတယ်။ တစ်ခုအကြံဥာဏ်ပေးလိုတာကတော့ ဘယ်စကားလုံးကိုပဲ လေ့လာလေ့လာ သူတို့ကို ဝါကျထဲ ထည့်သုံးကြည့်ဖို့တော့ မမေ့ပါနဲ့။ အဲ့လိုမှ မသုံးကြည့်ဘူးဆိုရင် စကားလုံးဟာ စကားလုံးအနေနဲ့ပဲ ခေါင်းထဲကျန်ထားမှာ ဖြစ်ပြီးတော့ အသုံးချဖို့ အတွေးမပေါ်တတ်တော့ပါဘူး။ ဆိုတော့..ဝါကျတွေထဲ သုံးကြည့်ရင်းကမှ သုံးရတာ အသားကျလာပြီး အင်္ဂလိပ်စကားပြောရာမှာ၊ စာရေးရာမှာလည်း ချောနေမှာပါ..

အဆင်ပြေကြပါစေ ယောင်းတို့ရေ..

Myat ( For Her Myanmar )

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

error: Content is protected !!