အိပ္ရာေပၚကကိစၥမ်ား (၅)

ကုိယ္ဝန္မရေစဘဲ စိတ္ခ်ရတဲ့ ကိုယ္လက္ႏွီးေႏွာမွဳမ်ားအေၾကာင္း ျဖစ္ပါတယ္။ 

ဒီတစ္ခါမွာေတာ့ အႏၲရာယ္ကင္းၿပီး မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္ေစျခင္းမွ ကင္းေဝးေအာင္ safe sex အေၾကာင္းေလးေျပာျပခ်င္ပါတယ္။ လင္မယားခ်င္း ျဖစ္ျဖစ္ သမီးရည္းစားဘဝမွာ living together ေနတာျဖစ္ျဖစ္ ကုိယ္မလိုခ်င္ေသးရင္ ကုိယ္ဝန္ဆိုတာ မရေအာင္ေနတာ အေကာင္းဆံုးပါ။ ကေလးရွိလာေတာ့မွ ဖ်က္ခ်ပစ္တာထက္ အစတည္းက ႀကိဳတင္ကာကြယ္ထားတာက အမ်ိဳးသမီးမ်ားအတြက္ အသက္အႏၲရာယ္ပါ စိတ္ခ် ရနိုင္ပါတယ္။

စိတ္ခ်ရတဲ့ ကုိယ္လက္ႏွီးေႏွာနည္းေတြ အမ်ားႀကီးရွိပါတယ္။

1) တားေဆးထိုးမယ္။ ေသာက္မယ္။

တစ္လခံ ေတြ သံုးလခံေတြ ထိုးလို႕ရပါတယ္။ ဒါေတြက ကေလးရနိုင္မွဳကို ကာကြယ္ေပးနိုင္တဲ့ႏွဳန္း 98% ထိရွိပါတယ္။ ေဆးကေတာ့ သူ႕ရက္နဲ႕ သူေသာက္လို႕ရပါတယ္။

ဒီေဆးေတြရဲ႕ မေကာင္းတာတစ္ခုက ဝၿပီး အဆီေတြမ်ားလာနိုင္ပါတယ္။ တခ်ိဳ႕က အိမ္ေထာင္က်ၿပီး တားေဆးထိုးထားေတာ့ ဝလာတဲ့အခါ အိမ္ေထာင္ေရးအဆင္ေျပတယ္။ စိတ္ခ်မ္းသာတယ္။ ေယာက္်ားနဲ႕ တည့္လို႕ဝလာတယ္ေတြ ေျပာၾကပါတယ္။ တကယ္ေတာ့ ေဆးေၾကာင့္ဝတာပါ။ တခ်ိဳ႕မ်ား အပ်ိဳဘဝကထက္ သိသိသာသာဝလာတာ ေတြ႕ရပါတယ္။ မဝတဲ့သူက်ေတာ့လည္း ညွိဳးေျခာက္ၿပီး မဲပိန္သြားပါတယ္။ အသားအေရစိုျပည္မွဳမရွိေတာ့ပါဘူး။ ဒါေတာ့ ေယာက္်ားနဲ႕ မတည့္လို႕ ပိန္သြားတာေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ေဆးေတြေၾကာင့္ပါပဲ။

ေဆးထိုးေဆးေသာက္လို႕ မဝလည္း မဝ မပိန္လည္း မပိန္တဲ့ အမ်ိဳးသမီးမ်ားလည္းရွိပါတယ္။ ဒါေပမယ့္ တစ္ရာမွာ အေယာက္ေလးဆယ္ေလာက္ပဲ ရွိပါတယ္။

2) လက္ေမာင္းထဲထည့္မယ္။

သေႏၶတားကိရိယာေလးကို လက္ေမာင္းေအာက္မွာ ၿမွဳပ္ထားတာပါ။ သူက ေဆးထိုးေဆးေသာက္ရသလို ေဘးထြက္ဆိုးက်ိဳးလည္း သိပ္မရွိပါဘူး။ ကေလးလိုခ်င္တဲ့အခါ ျပန္ထုတ္လိုက္ရံုပါပဲ။ အခုဆိုရင္ ကပ္ထားလို႕ရတဲ့ ပလာစတာေလးေတြေတာင္ ထြက္ေနၿပီၾကားပါတယ္။ ေနာက္မွ အဲ့အေၾကာင္း သက္သက္ေျပာျပတာေပါ့။

 

3) ရက္ေရွာင္မယ္။

ဒီနည္းလည္း စိတ္ခ်ရတယ္။ ဒါေပမယ့္ ရာသီရက္ပံုမွန္တဲ့အမ်ိဳးသမီးမ်ား အတြက္ပဲ စိတ္ခ်ရတာပါ။ ႏွစ္လေနမွ တစ္ခါေပါင္းဆင္းတဲ့သူမ်ိဳး ေတာ္ေတာ္နဲ႕ မလာလို႕ ေဆးသြားထိုးလိုက္မွ ေသြးဆင္းတဲ့သူမ်ိဳး စတာေတြနဲ႕ အဆင္မေျပပါဘူး။ ၂၈ ရက္ တစ္ခါ ၂၉ ရက္ တစ္ခါ စသျဖင့္ ပံုမွန္ျဖစ္တဲ့အမ်ိဳးသမီးမ်ားအတြက္ေတာ့ စိတ္ခ်ရပါတယ္။ ရာသီမလာခင္ ေရွ႕ငါးရက္နဲ႕ ရာသီလာၿပီးေနာက္ ငါးရက္ ေတြမွာ အတူေနရင္ ကေလးမရဘူးလို႕ဆိုၾကပါတယ္။

4) အကာအကြယ္သံုးမယ္။

အကာအကြယ္ဆိုတာနဲ႕ တန္းျမင္ၾကတာက ေယာက္်ားေလးသံုးတဲ့ condom ေပါ့။ အရည္အေသြးေကာင္းတဲ့ အမ်ိဳးအစားဆိုရင္ ကုိယ္ဝန္ရနိုင္မွဳကို 99.99% ထိကာကြယ္ေပးပါတယ္။ တစ္ခုေကာင္းတာက လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြကိုပါ သူက ကာကြယ္ေပးၿပီးသားပါ။

5) အျပင္ကိုထုတ္မယ္။

ဒါကေတာ့ အတူေနခ်ိန္ ၿပီးခါနီးမွာ အမ်ိဳးသားက အျပင္ကို ထုတ္လိုက္တာပါ။ ဒီနည္းကေတာ့ လံုးဝစိတ္မခ်ရပါဘူး။ အတူေနစဥ္အတြင္းမွာလည္း အရည္ၾကည္ထြက္နိုင္ပါတယ္။ သုက္ပိုးပါသြားတာနဲ႕ ကုိယ္ဝန္ရသြားနိုင္ပါတယ္။ ဒါေၾကာင့္ ဒီနည္းကေတာ့ လံုးဝစိတ္မခ်ရဘူးလို႕ အၾကံေပးခ်င္ပါတယ္။

6) အေရးေပၚတားေဆးသံုးမယ္။

အခုဆိုရင္ ဒီေဆးေတြက တြင္တြင္က်ယ္က်ယ္ဝယ္လို႕ရေနပါၿပီ။ ကုိယ္က ပံုမွန္ သံုးလခံေဆးထိုးဖို႕ ေမ့သြားတာ ေန႕တိုင္းေသာက္ေနက် တားေဆးကို မေန႕ကမေသာက္မိတာ စသျဖင့္ အေျခအေနေတြမွာ အမ်ိဳးသားနဲ႕ အတူေနမိရင္ Ecee 2 လို pill 72 လို ေဆးေတြ ေသာက္တတ္ၾကပါတယ္။ အတူေနၿပီး 72 နာရီအတြင္း (သံုးရက္အတြင္း) ေသာက္ရင္ ကေလးမရပါဘူး။ တခ်ိဳ႕မ်ား အတူေနၿပီးတိုင္း ဒီေဆးေတြ ေသာက္ခ်တာ ျမင္ဖူးပါတယ္။ ေန႕တိုင္းနီးပါးေသာက္တဲ့သူေတြေတာင္ ရွိပါတယ္။ ဒါေပမယ့္ ဒီေဆးေတြက ကုိယ့္ ဘဝတစ္ေလွ်ာက္လံုးမွာ သံုးႀကိမ္ထက္ ပိုၿပီး မေသာက္သံုးသင့္ဘူးဆိုတာ သိထားေစလိုပါတယ္။

Your perfection is here.

Verte McKenzie (For Her Myanmar)

Unicode

ဒီတစ်ခါမှာတော့ အန္တရာယ်ကင်းပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်စေခြင်းမှ ကင်းဝေးအောင် safe sex အကြောင်းလေးပြောပြချင်ပါတယ်။ လင်မယားချင်း ဖြစ်ဖြစ် သမီးရည်းစားဘဝမှာ living together နေတာဖြစ်ဖြစ် ကိုယ်မလိုချင်သေးရင် ကိုယ်ဝန်ဆိုတာ မရအောင်နေတာ အကောင်းဆုံးပါ။ ကလေးရှိလာတော့မှ ဖျက်ချပစ်တာထက် အစတည်းက ကြိုတင်ကာကွယ်ထားတာက အမျိုးသမီးများအတွက် အသက်အန္တရာယ်ပါ စိတ်ချ ရနိုင်ပါတယ်။

စိတ်ချရတဲ့ ကိုယ်လက်နှီးနှောနည်းတွေ အများကြီးရှိပါတယ်။

1) တားဆေးထိုးမယ်။ သောက်မယ်။

တစ်လခံ တွေ သုံးလခံတွေ ထိုးလို့ရပါတယ်။ ဒါတွေက ကလေးရနိုင်မှုကို ကာကွယ်ပေးနိုင်တဲ့နှုန်း 98% ထိရှိပါတယ်။ ဆေးကတော့ သူ့ရက်နဲ့ သူသောက်လို့ရပါတယ်။

ဒီဆေးတွေရဲ့ မကောင်းတာတစ်ခုက ဝပြီး အဆီတွေများလာနိုင်ပါတယ်။ တချို့က အိမ်ထောင်ကျပြီး တားဆေးထိုးထားတော့ ဝလာတဲ့အခါ အိမ်ထောင်ရေးအဆင်ပြေတယ်။ စိတ်ချမ်းသာတယ်။ ယောက်ျားနဲ့ တည့်လို့ဝလာတယ်တွေ ပြောကြပါတယ်။ တကယ်တော့ ဆေးကြောင့်ဝတာပါ။ တချို့များ အပျိုဘဝကထက် သိသိသာသာဝလာတာ တွေ့ရပါတယ်။ မဝတဲ့သူကျတော့လည်း ညှိုးခြောက်ပြီး မဲပိန်သွားပါတယ်။ အသားအရေစိုပြည်မှုမရှိတော့ပါဘူး။ ဒါတော့ ယောက်ျားနဲ့ မတည့်လို့ ပိန်သွားတာတော့ မဟုတ်ဘူးပေါ့နော်။ ဆေးတွေကြောင့်ပါပဲ။

ဆေးထိုးဆေးသောက်လို့ မဝလည်း မဝ မပိန်လည်း မပိန်တဲ့ အမျိုးသမီးများလည်းရှိပါတယ်။ ဒါပေမယ့် တစ်ရာမှာ အယောက်လေးဆယ်လောက်ပဲ ရှိပါတယ်။

2) လက်မောင်းထဲထည့်မယ်။

သန္ဓေတားကိရိယာလေးကို လက်မောင်းအောက်မှာ မြှုပ်ထားတာပါ။ သူက ဆေးထိုးဆေးသောက်ရသလို ဘေးထွက်ဆိုးကျိုးလည်း သိပ်မရှိပါဘူး။ ကလေးလိုချင်တဲ့အခါ ပြန်ထုတ်လိုက်ရုံပါပဲ။ အခုဆိုရင် ကပ်ထားလို့ရတဲ့ ပလာစတာလေးတွေတောင် ထွက်နေပြီကြားပါတယ်။ နောက်မှ အဲ့အကြောင်း သက်သက်ပြောပြတာပေါ့။

3) ရက်ရှောင်မယ်။

ဒီနည်းလည်း စိတ်ချရတယ်။ ဒါပေမယ့် ရာသီရက်ပုံမှန်တဲ့အမျိုးသမီးများ အတွက်ပဲ စိတ်ချရတာပါ။ နှစ်လနေမှ တစ်ခါပေါင်းဆင်းတဲ့သူမျိုး တော်တော်နဲ့ မလာလို့ ဆေးသွားထိုးလိုက်မှ သွေးဆင်းတဲ့သူမျိုး စတာတွေနဲ့ အဆင်မပြေပါဘူး။ ၂၈ ရက် တစ်ခါ ၂၉ ရက် တစ်ခါ စသဖြင့် ပုံမှန်ဖြစ်တဲ့အမျိုးသမီးများအတွက်တော့ စိတ်ချရပါတယ်။ ရာသီမလာခင် ရှေ့ငါးရက်နဲ့ ရာသီလာပြီးနောက် ငါးရက် တွေမှာ အတူနေရင် ကလေးမရဘူးလို့ဆိုကြပါတယ်။

4) အကာအကွယ်သုံးမယ်။

အကာအကွယ်ဆိုတာနဲ့ တန်းမြင်ကြတာက ယောက်ျားလေးသုံးတဲ့ condom ပေါ့။ အရည်အသွေးကောင်းတဲ့ အမျိုးအစားဆိုရင် ကိုယ်ဝန်ရနိုင်မှုကို 99.99% ထိကာကွယ်ပေးပါတယ်။ တစ်ခုကောင်းတာက လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုပါ သူက ကာကွယ်ပေးပြီးသားပါ။

5) အပြင်ကိုထုတ်မယ်။

ဒါကတော့ အတူနေချိန် ပြီးခါနီးမှာ အမျိုးသားက အပြင်ကို ထုတ်လိုက်တာပါ။ ဒီနည်းကတော့ လုံးဝစိတ်မချရပါဘူး။ အတူနေစဉ်အတွင်းမှာလည်း အရည်ကြည်ထွက်နိုင်ပါတယ်။ သုက်ပိုးပါသွားတာနဲ့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းကတော့ လုံးဝစိတ်မချရဘူးလို့ အကြံပေးချင်ပါတယ်။

6) အရေးပေါ်တားဆေးသုံးမယ်။

အခုဆိုရင် ဒီဆေးတွေက တွင်တွင်ကျယ်ကျယ်ဝယ်လို့ရနေပါပြီ။ ကိုယ်က ပုံမှန် သုံးလခံဆေးထိုးဖို့ မေ့သွားတာ နေ့တိုင်းသောက်နေကျ တားဆေးကို မနေ့ကမသောက်မိတာ စသဖြင့် အခြေအနေတွေမှာ အမျိုးသားနဲ့ အတူနေမိရင် Ecee 2 လို pill 72 လို ဆေးတွေ သောက်တတ်ကြပါတယ်။ အတူနေပြီး 72 နာရီအတွင်း (သုံးရက်အတွင်း) သောက်ရင် ကလေးမရပါဘူး။ တချို့များ အတူနေပြီးတိုင်း ဒီဆေးတွေ သောက်ချတာ မြင်ဖူးပါတယ်။ နေ့တိုင်းနီးပါးသောက်တဲ့သူတွေတောင် ရှိပါတယ်။ ဒါပေမယ့် ဒီဆေးတွေက ကိုယ့် ဘဝတစ်လျှောက်လုံးမှာ သုံးကြိမ်ထက် ပိုပြီး မသောက်သုံးသင့်ဘူးဆိုတာ သိထားစေလိုပါတယ်။

Christina Rosy
Christina Rosy

Editor

နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။