ရာသီခွင်အရ အချစ်ရေးအဆင်မပြေရတဲ့ အကြောင်းအရင်းများ

အချစ်ရေးမှာအဆင်မပြေကြတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အနက်ကမှ ဒါလေးတွေကတော့ ယောင်းတို့ရဲ့ ရာသီခွင်အရ အဆင်မပြေမှုတွေပါတဲ့.. ဟုတ်ရဲ့လားတော့မသိ 😛

အချစ်ရေးမှာ ကံမကောင်းတဲ့အခါ ၊ ကိုယ့်ချစ်သူက ထားသွားတဲ့အခါမျိုးတွေ ခဏခဏကြုံလာရတဲ့အခါ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်လာတတ်ကြပါတယ်။ ဘာလို့လဲ …ဘာလို့ငါ့ကိုထားသွားတာလဲ ဆိုတာမျိုးတွေ တွေးကြတယ်။ ကိုယ်က ဘယ်နေရာမှားနေလဲ ဆိုပြီး တွေဝေတတ်ကြပါတယ်။ အခု Hanaပြောပြမှာကတော့ ရာသီခွင်အရ အချစ်ရေးအဆင်မပြေဖြစ်ကြရတဲ့ အကြောင်းရင်းလေးတွေပါတဲ့.. ယောင်းတို့နဲ့ တူလား၊ မတူလား ကြည့်ကြည့်နော်…

Aries

Ariesဖွားတွေက အနည်းငယ် တစ်ကိုယ်ကောင်းဆန်တတ်ကြတယ်။ နောက်ပြီး ကိုယ်အမှားလုပ်ရင် မှားတယ်ဆိုတာ ဝန်မခံချင်ကြဘူး။ ဒီရာသီဖွားတွေက တစ်ယောက်တည်းနေရတာ ပိုနှစ်သက်ပြီးတော့ ကိုယ်ရဲ့ဝါသနာ ၊ ကိုယ်စိတ်ဝင်စားတာတွေနဲ့ပဲ အချိန်ကုန်နေလေ့ရှိတယ်။ ကိုယ်ချစ်တဲ့သူကို အချိန်ပေးဖို့ မေ့နေတတ်ပြီး ဂရုမစိုက်သလို ဖြစ်နေတတ်တယ်။ အဲဒါကြောင့်ချစ်သူနဲ့ ဝေးကွာရတာပါ။

Taurus

Taurusဖွားတွေကတော့ ကိုယ့်ချစ်သူကို အရမ်းချစ်လွန်းပြီး ပိုင်ဆိုင်ချင်စိတ် ပြင်းထန်ကြပါတယ်။ ကိုယ်ရဲ့ချစ်သူအပေါ် အရမ်းမျှော်လင့်ချက် ကြီးမားကြတယ်။ အရမ်းချစ်လွန်းပြီး ကိုယ့်ချစ်သူကို ထိန်းချုပ်ဖို့ ကြိုးစားလာတတ်ကြတယ်။ ထိန်းချုပ်မခံနိုင်တဲ့ သူက ထွက်သွားတာပါ။ ဒါပါပဲ။

Related Article >>> ရာသီခွင်အလိုက် အလုပ်အပေါ်ထားတဲ့ ယောင်းတို့ရဲ့စိတ်နေစိတ်ထား

Gemini

Geminiဖွားတွေက ကိုယ်ရဲ့ အချစ်ရေးပေါ်မှာ သိပ်အာရုံစိုက်လေ့ မရှိကြပါဘူး။ ချစ်တော့ ချစ်တယ် ဒါပေမဲ့… ချစ်တာကို ထုတ်ဖော်မပြတတ်ဘူး။ အဲဒါကြောင့် ကိုယ့်ချစ်သူက ငါ့ကိုချစ်တာမှဟုတ်ရဲ့လား၊ အပျော်တွဲနေတာလား ဆိုပြီး သံသယတွေဝင်ရာကနေ နှစ်ယောက်အဆင်မပြေဖြစ်ပြီး လမ်းခွဲရတာပါ။

Cancer

Cancerဖွားတွေကတော့ နှလုံးသားကို အရမ်းဦးစားပေးတဲ့သူတွေပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်အတိုင်းပဲ လုပ်ဆောင်တတ်ကြပါတယ်။ ကိုယ့်ချစ်သူက အမှားတွေ လုပ်နေရင်တောင် ချစ်တဲ့စိတ်ကြောင့် အပြစ်မမြင်ဘဲ အမြဲခွင့်လွှတ်တဲ့ သူတွေပါ။ အဲဒါကြောင့် အချစ်ရေးမှာ ကံမကောင်းကြဘဲ ကိုယ်ပဲနာကျင်ရတာပါ။

Leo

Leoဖွားတွေက ဂရုစိုက်မှုအရမ်းခံချင်တဲ့ သူတွေပေါ့။ ဂရုစိုက်ခံရအောင် အမြဲကြိုးစား ကြံစည်နေတတ်တယ်။ အဲဒါကြောင့် ချစ်သူနဲ့အဆင်မပြေဖြစ်ရတာပါတဲ့။

Virgo

Virgoဖွားတွေကဆိုရင် ဘယ်အရာကိုမဆို လက်တွေ့ကျကျ ၊ စနစ်ကျကျ လုပ်ဆောင်တတ်တဲ့သူတွေပါ။ အချစ်ရေးမှာလည်း အဲလိုပါပဲ။ ရိုမဆန်တတ်ဘဲနဲ့ လက်တွေ့ကျကျ လုပ်ဆောင်တတ်တယ်။ ရိုဆန်တတ်တာကိုမှ ကြိုက်တဲ့ ချစ်သူနဲ့တွေ့တဲ့အခါ အဆင်မပြေဖြစ်ရောပေါ့။

Related Article >>> ရာသီခွင်များနဲ့ သူတို့ရဲ့ ဒေါသ

Libra

Libraဖွားတွေကတော့ ဘဝမှာ ရည်မှန်းချက်ပန်းတိုင် ကြီးကြီးမားမားတွေထားကြတယ်။ ကိုယ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ပဲ ဦးစားပေး ကြိုးစားနေတတ်ကြပါတယ်။ အဲဒါကြောင့် အချစ်ရေးကို သိပ်ပြီးအာရုံမစိုက်နိုင်ကြဘူး။ ချစ်သူနဲ့ အလုပ်ဆို အလုပ်ကို ဦးစားပေးတဲ့သူတွေပေါ့။ အဲဒါကြောင့် အဆင်မပြေတာပါ။

Scorpio

Scorpioဖွားတွေက အရမ်းအချစ်ကြီးပြီးတော့ အချစ်ကြီးတာရဲ့နောက်မှာ သဝန်တိုတာတွေ ပါလာပါတယ်။ နောက်ပြီးတော့ ကိုယ်ကအရမ်းချစ်ရင် တစ်ဖက်လူကိုလည်း ကိုယ်ချစ်တဲ့အတိုင်း ထပ်တူပြန်ချစ်စေချင်ပါတယ်။ အဲလို ပေးတဲ့အတိုင်း ပြန်လိုချင်တာရယ် ၊ သဝန်တိုလွန်းတာရယ်ကြောင့် အဆင်မပြေတာပါ။

Sagittarius

Sagittariusဖွားတွေကတော့ စိတ်ကစားတတ်တဲ့ အကျင့်ရှိတာကြောင့် အဆင်မပြေဖြစ်ကြတာပါ။ နောက်ပြီးတော့ ကိုယ့်ရဲ့ချစ်သူကိုလည်း တကယ်ကို အကောင်းတကာ့ အကောင်းဆုံးထဲကပဲ ဖြစ်စေချင်တယ်။ အဲဒါတွေကလည်း အချစ်ရေးမှာ အဆင်မပြေဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။

Related Article >>> ပန်းလက်ဆောင်ပေးတဲ့အခါ ရာသီခွင်အလိုက် ပေးကြရအောင်….

Capricorn

Capricornတွေက ဆုံးဖြတ်ချက်ပြတ်သားပြီးတော့ နောက်ပြန်လှည့်မကြည့်တတ်တဲ့ သူတွေပါ။ တစ်ခုခု ဆုံးဖြတ်ချက်ချပြီးရင် ပြန်မပြင်တတ်ဘဲ ခေါင်းမာနေတာကြောင့် ညှိမရတော့ဘဲ အချစ်ရေးမှာ အဆင်မပြေဖြစ်တာပါ။

Aquarius
Aquariusတွေက အရမ်းဥာဏ်ကောင်းပြီးတော့ စကားပြောတဲ့နေရာမှာလည်း ကျွမ်းကျင်ပါတယ်။ ပြိုင်ငြင်းဖို့ ကြိုးစားတာနဲ့ ရှုံးသွားမှာပါ။ စကားများတာနဲ့ အလျော့မပေးပဲ ပြိုင်ငြင်းတတ်တဲ့ အကျင့်ကြောင့် အချစ်ရေးမှာ အဆင်မပြေတာပါတဲ့ကွယ်..

Pisces

Piscesတွေက အချစ်ရေးမှာဆို အပေးသမားတွေပေါ့။ ကိုယ့်မှာ ဘာမှမကျန်လောက်အောင်ကို ပေးဆပ်ချစ်တဲ့သူတွေပါ။ သူတို့လိုချင်တာက တကယ့်စိတ်ခံစားချက်အမှန်နဲ့ အချစ်စစ်မျိုးပေါ့။ တကယ့် လက်တွေ့ဘဝမှာ မလွယ်ကူတဲ့ ဒရမ်မာဆန်ဆန် အချစ်မျိုးကို လိုချင်တာကြောင့် အလိုမကျဖြစ်နေရတာနဲ့ပဲ အဆင်မပြေတော့တာပါတဲ့။

ကဲ… ယောင်းတို့နဲ့ရော ကိုက်ရဲ့လား? အချစ်ရေးအဆင်မပြေတဲ့ သူငယ်ချင်းတွေကိုလည်း မန်းရှင်းခေါ်ပြီး ဟုတ်လား၊ မဟုတ်လား မေးကြည့်လိုက်ဦးနော်.. 😉

Hana(For Her Myanmar)

Hana
Hana

နာမည်ကHana ပါ။for her myanmar မှာ အလွတ်တမ်းစာရေးပါတယ်။ အသက်ကတော့၂၀ကျော်ကျော်၂၁ထဲမှာပါ။များသောအားဖြင့် အချစ်ရေးအချစ်ရာအကြောင်းနဲ့အလှအပအကြောင်းရေးပါတယ်။