ဒီတစ္ပတ္အတြင္း Joox ရဲ႕ Myanmar Top Charts 100 ထိပ္ဆံုးကို ေရာက္ေနတဲ့ ျမန္မာသီခ်င္း (၆)ပုဒ္

ဘယ္သီခ်င္းေလးေတြ ျဖစ္မလဲ???

သီခ်င္းေကာင္းေတြကုိ ႀကိဳက္တဲ့ေယာင္းေယာင္းတို႔အတြက္ ဒီတစ္ပတ္အတြင္း Joox ရဲ႕ Myanmar Top Charts 100 မွာ ထိပ္ဆံုးကို ေရာက္ေနတဲ့ ျမန္မာသီခ်င္းေကာင္းေလး (၆)ပုဒ္ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္.. ကဲ.. ဒါဆို ဘယ္သီခ်င္းေတြ ျဖစ္မလဲ ၾကည့္လိုက္ရေအာင္…

(၁) ေမာင့္အခ်စ္ဦး

ေမာင့္အခ်စ္ဦး သီခ်င္းကိုေတာ့ ဝါရင့္ေတးသံရွင္ အန္တီႏြဲ႕ယဥ္ဝင္း နဲ႔ ထက္ယံတို႔ သီဆိုထားတာပါ။ ထူးျခားတဲ့ သံစဥ္ေလးက နားထဲ ဆန္းေနၿပီး ရိုးရွင္းတဲ့ စာသားေလးေတြကလည္း နားစြဲလြယ္တာမို႔ နားေထာင္ေလ ႀကိဳက္ေလျဖစ္မယ့္ သီခ်င္းေလးပါေနာ္… ဒါဆို နားေထာင္ၾကည့္လုိက္ပါဦး…

related article;နားေထာင္လိုက္တာနဲ႔ ေယာင္းတို႔စိတ္ႏွလုံးကိုေအးခ်မ္းသြားေစမယ့္ သီခ်င္း(၄)ပုဒ္

(၂) ငါ့ရည္းစားက ပိုမိုက္တယ္

စိုင္းစိုင္းခမ္းလွႈိင္နဲ႔ Feat Frenzo artists ေတြ ပူးေပါင္းဖန္တီးထားတဲ့ ငါ့ရည္းစားကပိုမိုက္တယ္ ဆိုတဲ့ သီခ်င္းကေတာ့ ေယာင္းေလးတို႔ မသိတဲ့သူ မရွိေလာက္ဘူး ထင္ပါတယ္ေနာ္။ Pencell Studio နဲ႔ ပူးေပါင္းၿပီး ရိုက္ကူးထားတဲ့ MV ထြက္လာၿပီးတဲ့ေနာက္ အက္ဒ္မင္ကေတာ့ ခဏခဏကို ၾကည့္ျဖစ္ေနေတာ့တာပါပဲရွင္… 😉

(၃) ေႏြးသြားတယ္

ေရွ႕မွီေနာက္မွီ album ထဲက ထက္ယံရဲ႕ ေႏြးသြားတယ္ သီခ်င္းကေတာ့ အထူးေျပာျပေပးစရာမလိုေတာ့ဘူး ထင္ပါတယ္။ Gravity အျပင္ဘက္ခုန္ထြက္ ဆုိတာက အင္တာနက္ေပၚမွာ ဟုန္းဟုန္းေက်ာ္သြားေသးတယ္ဟုတ္?

(၄) Coffee Aye

ဘန္နီၿဖိဳး၊ Y3llOနဲ႔ MRNA တို႔ရဲ႕ Coffee Aye ကေတာ့ စိတ္ဆိုးေနတဲ့ ခ်စ္သူကို သတိရသြားေစမယ့္ သီခ်င္းေလးပါ။ အလြမ္းသီခ်င္းေပမဲ့ ပ်င္းစရာမေကာင္းဘဲ ျမဴးျမဴးေလးျဖစ္ေနတာက ဘန္နီ႔စတုိင္လ္လုိ႔ပဲ ေျပာရမလား.. နားေထာင္ၾကည့္လုိက္ၾကပါဦး..

(၅) အိပ္မက္

ေတးေရးေဝႀကီးေရးသားထားေပးၿပီး ခ်မ္းေျမ႕ေမာင္ခ်ိဳ သီဆိုထားတဲ့ အိပ္မက္သီခ်င္းကေတာ့ သီခ်င္းေအးေအးေလးေတြကို ႀကိဳက္တတ္တဲ့ ေယာင္းတို႔အတြက္ ကြက္တိက်မွာပါ… နားေထာင္ရင္းနဲ႔ မရွိတဲ့ ရည္းစားကို မေက်နပ္သလိုလို၊ လြမ္းသလိုလိုေတြ ျဖစ္လာရင္ေတာ့ အက္ဒ္မင္ မပါပါဘူးရွင္..

Related Article:အသည္းကြဲေနတဲ့ေယာင္းတို႔ ဖီးလ္နိုင္ဖို႔ သီခ်င္းအေကာင္းစား (၅) ပုဒ္

(၆) လမ္းခြဲစကား

ေဝႀကီးေရးၿပီး အားတီသီဆိုထားတဲ့ လမ္းခြဲစကားဆိုတဲ့ သီခ်င္းေလးက ခ်စ္သူကို အေကာင္းဆံုးေတြနဲ႔သာ ၾကံဳေတြ႕ေစခ်င္တဲ့ ခ်စ္ျခင္းေတြကို လွလွပပ ေဖာ္ျပထားတဲ့ သီခ်င္းေလးပါ… ဘဝက မင္းေလာက္အေရးမႀကီးေတာ့တာ ငါကိုယ္တိုင္သိတယ္ဆိုတဲ့ စာသားေလးနဲ႔တင္ေႂကြဆင္း.. <3 နားေထာင္ၾကည့္ဦးေနာ္..

ကဲ.. ဒါဆို ဒီသီခ်င္းေလးေတြ နားေထာင္ရင္း ေယာင္းရဲ႕ တစ္ေန႔တာကို ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းႏိုင္ပါေစေနာ္..

Phyu Thant(For Her Myanmar)

<<< Unicode >>>

ဘယ်သီချင်းလေးတွေ ဖြစ်မလဲ???

သီချင်းကောင်းတွေကို ကြိုက်တဲ့ယောင်းယောင်းတို့အတွက် ဒီတစ်ပတ်အတွင်း Joox ရဲ့ Myanmar Top Charts 100 မှာ ထိပ်ဆုံးကို ရောက်နေတဲ့ မြန်မာသီချင်းကောင်းလေး (၆)ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်နော်.. ကဲ.. ဒါဆို ဘယ်သီချင်းတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်…

(၁) မောင့်အချစ်ဦး

မောင့်အချစ်ဦး သီချင်းကိုတော့ ဝါရင့်တေးသံရှင် အန်တီနွဲ့ယဉ်ဝင်း နဲ့ ထက်ယံတို့ သီဆိုထားတာပါ။ ထူးခြားတဲ့ သံစဉ်လေးက နားထဲ ဆန်းနေပြီး ရိုးရှင်းတဲ့ စာသားလေးတွေကလည်း နားစွဲလွယ်တာမို့ နားထောင်လေ ကြိုက်လေဖြစ်မယ့် သီချင်းလေးပါနော်… ဒါဆို နားထောင်ကြည့်လိုက်ပါဦး…

related article;နားထောင်လိုက်တာနဲ့ ယောင်းတို့စိတ်နှလုံးကိုအေးချမ်းသွားစေမယ့် သီချင်း(၄)ပုဒ်

(၂) ငါ့ရည်းစားက ပိုမိုက်တယ်

စိုင်းစိုင်းခမ်းလှှိုင်နဲ့ Feat Frenzo artists တွေ ပူးပေါင်းဖန်တီးထားတဲ့ ငါ့ရည်းစားကပိုမိုက်တယ် ဆိုတဲ့ သီချင်းကတော့ ယောင်းလေးတို့ မသိတဲ့သူ မရှိလောက်ဘူး ထင်ပါတယ်နော်။ Pencell Studio နဲ့ ပူးပေါင်းပြီး ရိုက်ကူးထားတဲ့ MV ထွက်လာပြီးတဲ့နောက် အက်ဒ်မင်ကတော့ ခဏခဏကို ကြည့်ဖြစ်နေတော့တာပါပဲရှင်… 😉

(၃) နွေးသွားတယ်

ရှေ့မှီနောက်မှီ album ထဲက ထက်ယံရဲ့ နွေးသွားတယ် သီချင်းကတော့ အထူးပြောပြပေးစရာမလိုတော့ဘူး ထင်ပါတယ်။ Gravity အပြင်ဘက်ခုန်ထွက် ဆိုတာက အင်တာနက်ပေါ်မှာ ဟုန်းဟုန်းကျော်သွားသေးတယ်ဟုတ်?

(၄) Coffee Aye

ဘန်နီဖြိုး၊ Y3llOနဲ့ MRNA တို့ရဲ့ Coffee Aye ကတော့ စိတ်ဆိုးနေတဲ့ ချစ်သူကို သတိရသွားစေမယ့် သီချင်းလေးပါ။ အလွမ်းသီချင်းပေမဲ့ ပျင်းစရာမကောင်းဘဲ မြူးမြူးလေးဖြစ်နေတာက ဘန်နီ့စတိုင်လ်လို့ပဲ ပြောရမလား.. နားထောင်ကြည့်လိုက်ကြပါဦး..

(၅) အိပ်မက်

တေးရေးဝေကြီးရေးသားထားပေးပြီး ချမ်းမြေ့မောင်ချို သီဆိုထားတဲ့ အိပ်မက်သီချင်းကတော့ သီချင်းအေးအေးလေးတွေကို ကြိုက်တတ်တဲ့ ယောင်းတို့အတွက် ကွက်တိကျမှာပါ… နားထောင်ရင်းနဲ့ မရှိတဲ့ ရည်းစားကို မကျေနပ်သလိုလို၊ လွမ်းသလိုလိုတွေ ဖြစ်လာရင်တော့ အက်ဒ်မင် မပါပါဘူးရှင်..

Related Article:အသည်းကွဲနေတဲ့ယောင်းတို့ ဖီးလ်နိုင်ဖို့ သီချင်းအကောင်းစား (၅) ပုဒ်

(၆) လမ်းခွဲစကား

ဝေကြီးရေးပြီး အားတီသီဆိုထားတဲ့ လမ်းခွဲစကားဆိုတဲ့ သီချင်းလေးက ချစ်သူကို အကောင်းဆုံးတွေနဲ့သာ ကြုံတွေ့စေချင်တဲ့ ချစ်ခြင်းတွေကို လှလှပပ ဖော်ပြထားတဲ့ သီချင်းလေးပါ… ဘဝက မင်းလောက်အရေးမကြီးတော့တာ ငါကိုယ်တိုင်သိတယ်ဆိုတဲ့ စာသားလေးနဲ့တင်ကြွေဆင်း.. <3 နားထောင်ကြည့်ဦးနော်..

ကဲ.. ဒါဆို ဒီသီချင်းလေးတွေ နားထောင်ရင်း ယောင်းရဲ့ တစ်နေ့တာကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါစေနော်..

Phyu Thant(For Her Myanmar)

 

No Comments Yet

Comments are closed