ဘဝအတြက္ ခြန္အားေတြ ျပည့္လာေစဖို႔ ဖတ္ၾကည့္သင့္တဲ့ စာအုပ္ (၃)အုပ္

ဝင္ဒီ ညႊန္းေပးတဲ႔ စာအုပ္ဆိုရင္ ဖတ္သာဖတ္ၾကည့္၊ ဖတ္လိုက္လို႔ ကုန္သြားတဲ႔ အခ်ိန္ေတြအတြက္ မႏွေျမာေစရဘူးလို႔ အာမခံတယ္

ကဲ… ဒီတစ္ခါေတာ႔ စာအုပ္ေတြအေၾကာင္းေပါ့။ ေယာင္းတို႔ အခုတေလာ ဘာစာအုပ္ေတြ ဖတ္ျဖစ္ေနလဲ။ စာမဖတ္ျဖစ္တာလား၊ ဘာစာအုပ္ဖတ္ရမွန္းမသိျဖစ္ေနတာလား၊ ေရြးရပဲ ခက္ေနတာလား။ ဝင္ဒီက ေယာင္းတို႔အတြက္ စိတ္အပန္းေျပရုံသာမက ဖတ္ၿပီးလို႔ ေနာင္တမရေစမယ္႔ စာအုပ္ေလး ၃အုပ္နဲ႔ မိတ္ဆက္ေပးမယ္ေနာ္။ ဝင္ဒီ ညႊန္းေပးတဲ႔ စာအုပ္ဆိုရင္ ဖတ္သာဖတ္ၾကည့္၊ ဖတ္လိုက္လို႔ ကုန္သြားတဲ႔ အခ်ိန္ေတြအတြက္ မႏွေျမာေစရဘူးလို႔ အာမခံတယ္။ ဒီေန႔ေတာ႔ ဆရာမ စမ္းစမ္းႏဲြ႕(သာယာဝတီ) ရဲ႕ စာအုပ္ သံုးအုပ္နဲ႔ မိတ္ဆက္ေပးမယ္ေနာ္.. 

တစ္ေကာင္တည္းပဲ ဒါေပမဲ့ ျခေသၤ့

တစ္ေကာင္တည္းပဲ ဒါေပမဲ႔ ျခေသၤ႔ – စမ္းစမ္းႏဲြ႕(သာယာဝတီ)

ဒီဇာတ္လမ္းက မိန္းမငယ္ေလးတစ္ေယာက္က ခက္ခဲလွတဲ႔ ဘဝႀကီးနဲ႔ ေလာကဓံေတြကို အရႈံးမေပးဘဲ ႀကံ႕ႀကံ႕ခံၿပီး ဘယ္လိုရင္ဆိုင္သြားလဲဆိုတဲ႔အေၾကာင္း ေရးထားတာ။

သူ႔နာမည္က ေမခင္။ ေမ႔ခင္အေမေရာ အေဖေရာက ဆံုးသြားၿပီ။ သူ႔မိဘေတြ ဆံုးသြားၿပီးကတည္းက ေမခင္က အိိမ္နီးခ်င္း အေဒၚလင္မယား(အမ်ဳိးမေတာ္ပါဘူး)ရဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာ ေနတယ္။ ဆယ္တန္းကို ထူးထူးခၽြန္ခၽြန္နဲ႔ ေအာင္လို႔ ေဆးေက်ာင္းတက္ဖို႔ အမွတ္မီေပမဲ႔ ေက်ာင္းစရိတ္ေၾကာင့္ ေဆးေက်ာင္းတက္ဖို႔ စြန္႔လႊတ္လိုက္ၿပီး ေဈးထဲမွာ ေအးေအးလူလူ အထည္ခ်ဳပ္ၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳေနတဲ႔ ေကာင္မေလး။ သူ႔ဘဝေလးဟာ ဦးဖုန္းျမင့္ဆိုတဲ႔ လက္ေထာက္ၿမိဳ႕ပိုင္အသစ္ေလး သူတို႔ၿမိဳ႕ကို မေရာက္လာခင္အထိ ေအးခ်မ္းခဲ႔တာေပါ့။

တကယ္ေတာ႔ ဦးဖုန္းျမင့္က ေမ႔ခင္ကို ခ်စ္ပါတယ္။ ေမခင္ကလည္း ဦးဖုန္းျမင့္ကို ခ်စ္တယ္။ ဦးဖုန္းျမင့္က ေမခင့္ကို လက္ထပ္ဖို႔အထိ ရည္ရြယ္ၿပီးသား။ ဒါေၾကာင့္လည္း ေမခင့္က သူ႔ကို ေဆးေက်ာင္းထားေပးမယ္ဆိုတဲ႔ ဦးဖုန္းျမင့္ရဲ႕ အကူအညီကို လက္ခံခဲ႔တာ။

ေမခင္ ေဆးေက်ာင္းသြားမတက္ခင္မွာပဲ ဦးဖုန္းျမင့္ဟာ အိမ္ေထာင္သည္၊ ကေလးတစ္ေယာက္အေဖဆိုတာ သိသြားတယ္။ ေနာက္ေက်ာဓားနဲ႔ အထိုးခံရတဲ႔ ေမခင္ဟာ သူ႔အိမ္ကေန ထြက္သြားေကာ။ စိတ္နာလည္း နာခ်င္စရာေပါ့။ သူမ်ားအငယ္အေႏွာင္း ျဖစ္ရမယ္႔ ကိစၥေလ။ ေလာကဓံေတြက ေမခင့္ဘဝကို ဒီကေနစၿပီး ရိုက္တာပဲ။ အိမ္ကေန ထြက္လာတဲ႔ ေမခင္ဟာ ကသာကို သြားတဲ႔လမ္းမွာ ခါးပိုက္ႏႈိက္ခံလိုက္ရတယ္။ ရွိသမွ် ပိုက္ဆံေတြ အကုုန္ပါသြားတဲ႔အျပင္ ရထားလက္မွတ္ပါ ပါသြားလို႔ ရထားခိုးစီးတဲ႔သူအျဖစ္ အဖမ္းခံရခါနီးဆဲဆဲမွာ ရထားေပၚမွာ မ်က္ႏွာခ်င္းဆိုင္ထိုင္စီးခဲ႔တဲ႔ ႀကီးေတာ္ႀကီးဆိုတဲ႔ အေဒၚႀကီးတစ္ေယာက္က ေမခင့္ကို ကယ္ေပးခဲ႔တယ္။ ေမခင့္ရဲ႕ ေလာကဓံေတြ၊ ဘဝအေျပာင္းအလဲေတြက အဲမွာ စေတာ႔တာပါပဲ…..

Related Article >>> ကိုယ့္အေၾကာင္းကိုယ္ သိခ်င္ၾကသူတိုင္း ဖတ္သင့္တဲ့ စာအုပ္ေကာင္း (၁)အုပ္

ေခါက္ထီးေလး မလုံ႔တလံု – စမ္းစမ္းႏဲြ႕ (သာယာဝတီ)

ေခါက္ထီးေလး မလံု႔တလံု က ရုပ္ရွင္ဝါသနာအိုးေယာင္းတို႔ အတြက္ စိမ္းမွာေတာ႔  မဟုတ္ပါဘူးေနာ္။ ရုပ္ရွင္ၾကည့္ၿပီးသားဆိုလည္း စာအုပ္ကို ဖတ္ၾကည့္ပါလို႔ ညႊန္းမယ္ေနာ္။ စာအုပ္နဲ႔ ရုပ္ရွင္နဲ႔က ေပးခ်င္တဲ႔ မက္ေဆ႔ခ်္ခ်င္း အရမ္း ျခားနားေနလို႔ပါ။

အမြန္နဲ႔ ေႂကြ ဆိုတဲ႔ ေကာင္မေလးႏွစ္ေယာက္ရဲ႕ဘဝနဲ႔ ဘဝခံယူခ်က္ခ်င္းက ေတာ္ေတာ္ျခားနားတယ္။ အမြန္က ဆယ္တန္းျပန္ေျဖဖို႔နဲ႔ တကၠသိုလ္တက္ခ်င္လို႔ အိမ္ကေန ရန္ကုန္ကို ထြက္ေျပးလာတဲ႔ ေကာင္မေလး။ အမြန္ ဆယ္တန္းတစ္ႏွစ္က်လို႔ အမြန္႔အေမက အမြန္႔ကို ေက်ာင္းဆက္မထားေတာ႔ဘဲ သူနဲ႔ အတူ ေဈးထြက္ေရာင္းေစခ်င္တယ္။ အမြန္က ကားလမ္းေဘးက သူ႔အေမရဲ႕ လမ္းေဘးထမင္းဆိုင္ေလးမွာ သူ႔ဘဝကို မကုန္ဆံုးခ်င္ဘူး။ အမြန္က ဘဝကို စြန္႔စားခ်င္တယ္၊ သူ႔ဘဝကို ဒီထက္ ပိုၿပီး ျမွင့္တင္ခ်င္တယ္၊ စိတ္ဓာတ္လည္း မာတဲ႔ မိန္းကေလးမ်ဳိး။

တျခားတစ္ဖက္မွာေတာ႔ ေႂကြ လို႔ ခ်စ္စႏုိးေခၚၾကတ႔ဲ႔ ႏုႏုေႂကြဆိုတဲ႔ ေကာင္မေလးက အမြန္နဲ႔ယွဥ္ရင္ မိုးနဲ႔ ေျမ။ အမြန္က ဆင္းရဲသေလာက္၊ ခ်ဳိ႕ခ်ဳိ႕တဲ႔တဲ႔နဲ႔ ကိုယ္ထူးကိုယ္ခၽြန္ရသေလာက္ ေႂကြက ဘဝကို ေအးေဆး ဒူးနန္႔ ေနခ်င္ၿပီး အဲလို ေနရေလာက္တဲ႔ အေျခေနမွာလည္း ရွိတယ္။ သူတို႔ ႏွစ္ေယာက္ကို ဆံုေစတာက ေဘာ္ဒါေဆာင္တစ္ခုမွာ။ ႏွစ္ေယာက္က အခန္းေဖာ္ေတြေပါ့။

ေႂကြက သူ႔အစ္မအိမ္ကေန ဆင္းလာတာ။ ေႂကြက လွတယ္၊ လွသလို သူ႔နားမွာ ေယာက္်ားေလးေတြဆိုတာလည္း ဝိုင္းဝိုင္းလည္။ ဝိုင္းဝိုင္းလည္ေအာင္ လုပ္ႏိုင္တဲ႔ အရည္အခ်င္းလည္း ေႂကြ႕မွာ ရွိတယ္။ ၿပီးေတာ႔ ေႂကြက အပင္ပန္းမခံႏိုင္ဘူး၊ ႀကိဳးလည္းမႀကိဳးစားခ်င္ဘူး။ ဘဝကို ေရစုန္ေမ်ာလိုက္ခ်င္တဲ႔ မိန္းကေလးမ်ဳိး။ ၿပီးေတာ႔ သူ႔အနားမွာ ေယာက္်ားေလးေတြ ဝိုင္းေနတာကိုလည္း သူက သာယာတယ္။ ၿပီးေတာ႔ အသံုးအျဖဳန္းကလည္း အရမ္းၾကမ္းတယ္။ အေပၚယံမွာ သာယာေနတဲ႔ ဘဝကိုေပါ့ပ်က္ပ်က္ပဲ ေနတတ္တဲ႔ မိန္းကေလးတစ္ေယာက္ဟာ လက္ထဲ ပိုက္ဆံမရွိဘဲနဲ႔ ဘယ္ေလာက္ ခံႏိုင္မွာလဲ။ ေႂကြ႕ဘဝဟာ စပ်က္ေတာ႔တာပါပဲ…

Related Article >>> လြယ္ကူရိုးရွင္းၿပီး ဖတ္ရလြယ္တဲ့ အဂၤလိပ္စာအုပ္ေလး (၂) အုပ္

သတိၱရွိရင္ ေျမႀကီးနင္းၾကည့္ပါလား – စမ္းစမ္းႏဲြ႕(သာယာဝတီ)

ကဲ… ေနာက္ဆံုးတစ္အုပ္ကိုေတာ႔  အေပၚက ႏွစ္အုပ္နဲ႔ နည္းနည္းကြာတာေလးနဲ႔ ညႊန္းေပးမယ္ေနာ္။ အေပၚ၂အုပ္မွာက ဇာတ္ေကာင္ေတြက အရမ္း ဆင္းရဲၾကတယ္ေလ။ အခုတစ္အုပ္မွာကက် ဇာတ္ေကာင္ ခိုင္ဇင္ရွားဟာ ခ်မ္းသာတယ္၊ ေတာ္ရုံမဟုတ္ဘူး က်ိက်ိတက္ကို ခ်မ္းသာတာ။ ေရႊဇြန္းကိုက္ၿပီး ေရႊလင္ဗန္းနဲ႔ အခ်င္းေဆး ေမြးလာတဲ႔ မိန္းကေလးတစ္ေယာက္။

ရွား ေက်ာင္းတတ္ကတည္းက ရွားရဲ႕မာမီက ေက်ာင္းမုန္႔စားဆင္းခ်ိန္ဆိုရင္ ဘဲလ္အဲယားကားနဲ႔ ေပါက္ခ်လာၿပီး ေက်ာင္းေရွ႕မွာ ရပ္ထားၿပီး ရွားကို ေငြလင္ပန္း၊ ေငြဇြန္း၊ ေငြပန္းကန္၊ ေငြခြက္ေတြနဲ႔ ေန႔လယ္စာ ေကၽြးတယ္။ ရွားဘဝက အဲ႔ေလာက္ထိကုိ ခ်မ္းသာတာ။ ကံၾကမၼာက ခ်မ္းသာတဲ႔လူကိုလည္း မ်က္ႏွာသာမေပးဘူးေနာ္။ ရွားရဲ႕ ဒယ္ဒီ စီးလာတဲ႔ ရထားေမွာက္လို႔ ရွားဒယ္ဒီဟာ ဆံုးသြားတယ္။ ရွားတို႔ မိသားစုရဲ႕ ေရႊေတာင္ႀကီး ၿပိဳလို႔မွ သိပ္မၾကာဘူး ရွားတို႔ အိမ္ မီးေလာင္ေကာ။ မီးက ရႈိ႕မီး။ ေငြဇြန္း၊ ေငြပန္းကန္ေတြနဲ႔မွ ပဲြေတာ္တည္တတ္တဲ႔ ရွားတို႔ မိသားစုရဲ႕ အိမ္ေလးဟာ အိမ္ေရွ႕ေလွကားထစ္ေလးပဲ က်န္တယ္။ မီးခံေသတၱာထဲက ပိုက္ဆံေတြ၊ လက္ဝတ္ရတနာေတြကလည္း အိမ္ကို မီးရႈိ႕သြားတဲ႔ ရွားတို႔ ဒရိုင္ဘာ မ,သြားၿပီ။ ရွိရွိသမွ် ကုန္တာေပါ့။

ရွားမာမီဆိုရင္ မရူးသြားတာေတာင္ ကံေကာင္း။ ဒါက ပံုမွန္ဆိုရင္ သြက္သြက္ခါေအာင္ ရူးသြားႏိုင္တဲ႔ အေျခအေနေလ။ ဒါေပမဲ႔ ရွားဆိုတဲ႔ မိန္းကေလးက ေတာ္ေတာ္ အသည္းမာတာ။ ရွားနဲ႔ လူႀကီးခ်င္း သေဘာတူထားတဲ႔၊ ရွားကလည္း သေဘာက်ေနတဲ႔ ကိုကို က ရွားတို႔နဲ႔ အမ်ဳိးမကင္းဘူး။ သူတို႔က ရွားတို႔ထက္ ပိုခ်မ္းသာတာေပါ့ေနာ္။ ရွားနဲ႔ဆိုရင္ ႀကီးႀကီးေတာ္တာေပါ့၊ ရွားမာမီရဲ႕ အစ္မကိုး။ သူတို႔က ရွားတို႔ကို အကူအညီေပးတယ္။ ဒါေပမဲ႔ ရွားက လက္မခံဘူး။ ရွားမာမီဆုိတာ ရွားမ်က္နွာပဲ ၾကည့္ၿပီး ရွားဆံုးျဖတ္ခ်က္ေနာက္ပဲ လိုက္ေတာ႔တယ္။ ရွားကလည္း အသက္ငယ္ေပမဲ႔ ထက္တယ္ အရမ္း။

ဆယ္တန္းေအာင္ၿပီးက မိန္းကေလးငယ္ေလးတစ္ေယာက္ဟာ သူ႔အေဖသူငယ္ခ်င္းရဲ႕ လမ္းညႊန္မႈနဲ႔ ေရနံတင္ဒါတင္သတဲ႔။ အဲဒီမွာ တင္ဒါေအာင္သြားတာက ရွားဘဝရဲ႕ ပထမဆံုး ေအာင္ျမင္မႈတစ္ခုပါပဲ။ ရွားက ဘာကိုမွ မေၾကာက္ေတာ႔ဘူး။ သူ႔ကိုယ္သူ ယံုၾကည္မႈေတြလည္း ပိုရွိလာတယ္။ သူ႔ေျခေထာက္ေပၚသူ ရဲရဲႀကီး စနင္းေတာ႔တယ္။ ကိုကိုကေတာ႔ ရွားနဲ႔ ျပဒါးတစ္လမ္း သံတစ္လမ္း။ သူက ရွားကို အိမ္မွာပဲ ေအးေဆးေနခိုင္းၿပီး သူ႔ေခါင္းေဆာင္မႈေအာက္ လုုိက္ေစခ်င္တာ။ ရွားကလည္း သူ႔ဘဝကို သူပဲ ဦးေဆာင္မယ္ဆိုတဲ႔ အရမ္းထက္တဲ႔ မိန္းကေလး။ လိုတုိင္းမရတဲ႔ ဘဝနဲ႔ အခ်စ္ရဲ႕ေအာက္မွာ ရွားဟာ တစ္ေန႔ထက္တစ္ေန႔ ျပင္းျပင္းထန္ထန္ ရိုက္ခတ္လာတဲ႔ ေလာကဓံကို ဘယ္လိုဘယ္ပံုနဲ႔ ေျဖရွင္းသြားလဲဆိုတာ…..

ကဲ… ဝင္ဒီကေတာ႔ ေယာင္းတို႔ ဖတ္ဖုုိ႔ စာအုပ္ေလးေတြကို ညႊန္းလိုက္ပါၿပီေနာ္။ ေယာင္းတို႔ဘက္က ဖတ္ဖို႔ပဲ က်န္ေတာ႔တယ္။ ဝင္ဒီ႔အညႊန္းေၾကာင့္ ေယာင္းတို႔ စာဖတ္ျဖစ္သြားတယ္ဆိုရင္ပဲ ဝင္ဒီ ေရးရက်ဳိးနပ္ပါတယ္လို႔…..

Windy (For Her Myanmar)

<<< Unicode >>>

ဝင်ဒီ ညွှန်းပေးတဲ့ စာအုပ်ဆိုရင် ဖတ်သာဖတ်ကြည့်၊ ဖတ်လိုက်လို့ ကုန်သွားတဲ့ အချိန်တွေအတွက် မနှမြောစေရဘူးလို့ အာမခံတယ်

ကဲ… ဒီတစ်ခါတော့ စာအုပ်တွေအကြောင်းပေါ့။ ယောင်းတို့ အခုတလော ဘာစာအုပ်တွေ ဖတ်ဖြစ်နေလဲ။ စာမဖတ်ဖြစ်တာလား၊ ဘာစာအုပ်ဖတ်ရမှန်းမသိဖြစ်နေတာလား၊ ရွေးရပဲ ခက်နေတာလား။ ဝင်ဒီက ယောင်းတို့အတွက် စိတ်အပန်းပြေရုံသာမက ဖတ်ပြီးလို့ နောင်တမရစေမယ့် စာအုပ်လေး ၃အုပ်နဲ့ မိတ်ဆက်ပေးမယ်နော်။ ဝင်ဒီ ညွှန်းပေးတဲ့ စာအုပ်ဆိုရင် ဖတ်သာဖတ်ကြည့်၊ ဖတ်လိုက်လို့ ကုန်သွားတဲ့ အချိန်တွေအတွက် မနှမြောစေရဘူးလို့ အာမခံတယ်။ ဒီနေ့တော့ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) ရဲ့ စာအုပ် သုံးအုပ်နဲ့ မိတ်ဆက်ပေးမယ်နော်..

တစ်ကောင်တည်းပဲ ဒါပေမဲ့ ခြင်္သေ့ – စမ်းစမ်းနွဲ့(သာယာဝတီ)

ဒီဇာတ်လမ်းက မိန်းမငယ်လေးတစ်ယောက်က ခက်ခဲလှတဲ့ ဘဝကြီးနဲ့ လောကဓံတွေကို အရှုံးမပေးဘဲ ကြံ့ကြံ့ခံပြီး ဘယ်လိုရင်ဆိုင်သွားလဲဆိုတဲ့အကြောင်း ရေးထားတာ။

သူ့နာမည်က မေခင်။ မေ့ခင်အမေရော အဖေရောက ဆုံးသွားပြီ။ သူ့မိဘတွေ ဆုံးသွားပြီးကတည်းက မေခင်က အိမ်နီးချင်း အဒေါ်လင်မယား(အမျိုးမတော်ပါဘူး)ရဲ့ အုပ်ချုပ်မှုအောက်မှာ နေတယ်။ ဆယ်တန်းကို ထူးထူးချွန်ချွန်နဲ့ အောင်လို့ ဆေးကျောင်းတက်ဖို့ အမှတ်မီပေမဲ့ ကျောင်းစရိတ်ကြောင့် ဆေးကျောင်းတက်ဖို့ စွန့်လွှတ်လိုက်ပြီး ဈေးထဲမှာ အေးအေးလူလူ အထည်ချုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကောင်မလေး။ သူ့ဘဝလေးဟာ ဦးဖုန်းမြင့်ဆိုတဲ့ လက်ထောက်မြို့ပိုင်အသစ်လေး သူတို့မြို့ကို မရောက်လာခင်အထိ အေးချမ်းခဲ့တာပေါ့။

တကယ်တော့ ဦးဖုန်းမြင့်က မေ့ခင်ကို ချစ်ပါတယ်။ မေခင်ကလည်း ဦးဖုန်းမြင့်ကို ချစ်တယ်။ ဦးဖုန်းမြင့်က မေခင့်ကို လက်ထပ်ဖို့အထိ ရည်ရွယ်ပြီးသား။ ဒါကြောင့်လည်း မေခင့်က သူ့ကို ဆေးကျောင်းထားပေးမယ်ဆိုတဲ့ ဦးဖုန်းမြင့်ရဲ့ အကူအညီကို လက်ခံခဲ့တာ။

မေခင် ဆေးကျောင်းသွားမတက်ခင်မှာပဲ ဦးဖုန်းမြင့်ဟာ အိမ်ထောင်သည်၊ ကလေးတစ်ယောက်အဖေဆိုတာ သိသွားတယ်။ နောက်ကျောဓားနဲ့ အထိုးခံရတဲ့ မေခင်ဟာ သူ့အိမ်ကနေ ထွက်သွားကော။ စိတ်နာလည်း နာချင်စရာပေါ့။ သူများအငယ်အနှောင်း ဖြစ်ရမယ့် ကိစ္စလေ။ လောကဓံတွေက မေခင့်ဘဝကို ဒီကနေစပြီး ရိုက်တာပဲ။ အိမ်ကနေ ထွက်လာတဲ့ မေခင်ဟာ ကသာကို သွားတဲ့လမ်းမှာ ခါးပိုက်နှိုက်ခံလိုက်ရတယ်။ ရှိသမျှ ပိုက်ဆံတွေ အကုန်ပါသွားတဲ့အပြင် ရထားလက်မှတ်ပါ ပါသွားလို့ ရထားခိုးစီးတဲ့သူအဖြစ် အဖမ်းခံရခါနီးဆဲဆဲမှာ ရထားပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်စီးခဲ့တဲ့ ကြီးတော်ကြီးဆိုတဲ့ အဒေါ်ကြီးတစ်ယောက်က မေခင့်ကို ကယ်ပေးခဲ့တယ်။ မေခင့်ရဲ့ လောကဓံတွေ၊ ဘဝအပြောင်းအလဲတွေက အဲမှာ စတော့တာပါပဲ…..

Related Article >>> ကိုယ့်အကြောင်းကိုယ် သိချင်ကြသူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်း (၁)အုပ်

ခေါက်ထီးလေး မလုံ့တလုံ – စမ်းစမ်းနွဲ့ (သာယာဝတီ)

ခေါက်ထီးလေး မလုံ့တလုံ က ရုပ်ရှင်ဝါသနာအိုးယောင်းတို့ အတွက် စိမ်းမှာတော့  မဟုတ်ပါဘူးနော်။ ရုပ်ရှင်ကြည့်ပြီးသားဆိုလည်း စာအုပ်ကို ဖတ်ကြည့်ပါလို့ ညွှန်းမယ်နော်။ စာအုပ်နဲ့ ရုပ်ရှင်နဲ့က ပေးချင်တဲ့ မက်ဆေ့ချ်ချင်း အရမ်း ခြားနားနေလို့ပါ။

အမွန်နဲ့ ကြွေ ဆိုတဲ့ ကောင်မလေးနှစ်ယောက်ရဲ့ဘဝနဲ့ ဘဝခံယူချက်ချင်းက တော်တော်ခြားနားတယ်။ အမွန်က ဆယ်တန်းပြန်ဖြေဖို့နဲ့ တက္ကသိုလ်တက်ချင်လို့ အိမ်ကနေ ရန်ကုန်ကို ထွက်ပြေးလာတဲ့ ကောင်မလေး။ အမွန် ဆယ်တန်းတစ်နှစ်ကျလို့ အမွန့်အမေက အမွန့်ကို ကျောင်းဆက်မထားတော့ဘဲ သူနဲ့ အတူ ဈေးထွက်ရောင်းစေချင်တယ်။ အမွန်က ကားလမ်းဘေးက သူ့အမေရဲ့ လမ်းဘေးထမင်းဆိုင်လေးမှာ သူ့ဘဝကို မကုန်ဆုံးချင်ဘူး။ အမွန်က ဘဝကို စွန့်စားချင်တယ်၊ သူ့ဘဝကို ဒီထက် ပိုပြီး မြှင့်တင်ချင်တယ်၊ စိတ်ဓာတ်လည်း မာတဲ့ မိန်းကလေးမျိုး။

တခြားတစ်ဖက်မှာတော့ ကြွေ လို့ ချစ်စနိုးခေါ်ကြတဲ့ နုနုကြွေဆိုတဲ့ ကောင်မလေးက အမွန်နဲ့ယှဉ်ရင် မိုးနဲ့ မြေ။ အမွန်က ဆင်းရဲသလောက်၊ ချို့ချို့တဲ့တဲ့နဲ့ ကိုယ်ထူးကိုယ်ချွန်ရသလောက် ကြွေက ဘဝကို အေးဆေး ဒူးနန့် နေချင်ပြီး အဲလို နေရလောက်တဲ့ အခြေနေမှာလည်း ရှိတယ်။ သူတို့ နှစ်ယောက်ကို ဆုံစေတာက ဘော်ဒါဆောင်တစ်ခုမှာ။ နှစ်ယောက်က အခန်းဖော်တွေပေါ့။

ကြွေက သူ့အစ်မအိမ်ကနေ ဆင်းလာတာ။ ကြွေက လှတယ်၊ လှသလို သူ့နားမှာ ယောက်ျားလေးတွေဆိုတာလည်း ဝိုင်းဝိုင်းလည်။ ဝိုင်းဝိုင်းလည်အောင် လုပ်နိုင်တဲ့ အရည်အချင်းလည်း ကြွေ့မှာ ရှိတယ်။ ပြီးတော့ ကြွေက အပင်ပန်းမခံနိုင်ဘူး၊ ကြိုးလည်းမကြိုးစားချင်ဘူး။ ဘဝကို ရေစုန်မျောလိုက်ချင်တဲ့ မိန်းကလေးမျိုး။ ပြီးတော့ သူ့အနားမှာ ယောက်ျားလေးတွေ ဝိုင်းနေတာကိုလည်း သူက သာယာတယ်။ ပြီးတော့ အသုံးအဖြုန်းကလည်း အရမ်းကြမ်းတယ်။ အပေါ်ယံမှာ သာယာနေတဲ့ ဘဝကိုပေါ့ပျက်ပျက်ပဲ နေတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ လက်ထဲ ပိုက်ဆံမရှိဘဲနဲ့ ဘယ်လောက် ခံနိုင်မှာလဲ။ ကြွေ့ဘဝဟာ စပျက်တော့တာပါပဲ…

Related Article >>> လွယ်ကူရိုးရှင်းပြီး ဖတ်ရလွယ်တဲ့ အင်္ဂလိပ်စာအုပ်လေး (၂) အုပ်

သတ္တိရှိရင် မြေကြီးနင်းကြည့်ပါလား – စမ်းစမ်းနွဲ့(သာယာဝတီ)

ကဲ… နောက်ဆုံးတစ်အုပ်ကိုတော့  အပေါ်က နှစ်အုပ်နဲ့ နည်းနည်းကွာတာလေးနဲ့ ညွှန်းပေးမယ်နော်။ အပေါ်၂အုပ်မှာက ဇာတ်ကောင်တွေက အရမ်း ဆင်းရဲကြတယ်လေ။ အခုတစ်အုပ်မှာကကျ ဇာတ်ကောင် ခိုင်ဇင်ရှားဟာ ချမ်းသာတယ်၊ တော်ရုံမဟုတ်ဘူး ကျိကျိတက်ကို ချမ်းသာတာ။ ရွှေဇွန်းကိုက်ပြီး ရွှေလင်ဗန်းနဲ့ အချင်းဆေး မွေးလာတဲ့ မိန်းကလေးတစ်ယောက်။

ရှား ကျောင်းတတ်ကတည်းက ရှားရဲ့မာမီက ကျောင်းမုန့်စားဆင်းချိန်ဆိုရင် ဘဲလ်အဲယားကားနဲ့ ပေါက်ချလာပြီး ကျောင်းရှေ့မှာ ရပ်ထားပြီး ရှားကို ငွေလင်ပန်း၊ ငွေဇွန်း၊ ငွေပန်းကန်၊ ငွေခွက်တွေနဲ့ နေ့လယ်စာ ကျွေးတယ်။ ရှားဘဝက အဲ့လောက်ထိကို ချမ်းသာတာ။ ကံကြမ္မာက ချမ်းသာတဲ့လူကိုလည်း မျက်နှာသာမပေးဘူးနော်။ ရှားရဲ့ ဒယ်ဒီ စီးလာတဲ့ ရထားမှောက်လို့ ရှားဒယ်ဒီဟာ ဆုံးသွားတယ်။ ရှားတို့ မိသားစုရဲ့ ရွှေတောင်ကြီး ပြိုလို့မှ သိပ်မကြာဘူး ရှားတို့ အိမ် မီးလောင်ကော။ မီးက ရှို့မီး။ ငွေဇွန်း၊ ငွေပန်းကန်တွေနဲ့မှ ပွဲတော်တည်တတ်တဲ့ ရှားတို့ မိသားစုရဲ့ အိမ်လေးဟာ အိမ်ရှေ့လှေကားထစ်လေးပဲ ကျန်တယ်။ မီးခံသေတ္တာထဲက ပိုက်ဆံတွေ၊ လက်ဝတ်ရတနာတွေကလည်း အိမ်ကို မီးရှို့သွားတဲ့ ရှားတို့ ဒရိုင်ဘာ မ,သွားပြီ။ ရှိရှိသမျှ ကုန်တာပေါ့။

ရှားမာမီဆိုရင် မရူးသွားတာတောင် ကံကောင်း။ ဒါက ပုံမှန်ဆိုရင် သွက်သွက်ခါအောင် ရူးသွားနိုင်တဲ့ အခြေအနေလေ။ ဒါပေမဲ့ ရှားဆိုတဲ့ မိန်းကလေးက တော်တော် အသည်းမာတာ။ ရှားနဲ့ လူကြီးချင်း သဘောတူထားတဲ့၊ ရှားကလည်း သဘောကျနေတဲ့ ကိုကို က ရှားတို့နဲ့ အမျိုးမကင်းဘူး။ သူတို့က ရှားတို့ထက် ပိုချမ်းသာတာပေါ့နော်။ ရှားနဲ့ဆိုရင် ကြီးကြီးတော်တာပေါ့၊ ရှားမာမီရဲ့ အစ်မကိုး။ သူတို့က ရှားတို့ကို အကူအညီပေးတယ်။ ဒါပေမဲ့ ရှားက လက်မခံဘူး။ ရှားမာမီဆိုတာ ရှားမျက်နှာပဲ ကြည့်ပြီး ရှားဆုံးဖြတ်ချက်နောက်ပဲ လိုက်တော့တယ်။ ရှားကလည်း အသက်ငယ်ပေမဲ့ ထက်တယ် အရမ်း။

ဆယ်တန်းအောင်ပြီးက မိန်းကလေးငယ်လေးတစ်ယောက်ဟာ သူ့အဖေသူငယ်ချင်းရဲ့ လမ်းညွှန်မှုနဲ့ ရေနံတင်ဒါတင်သတဲ့။ အဲဒီမှာ တင်ဒါအောင်သွားတာက ရှားဘဝရဲ့ ပထမဆုံး အောင်မြင်မှုတစ်ခုပါပဲ။ ရှားက ဘာကိုမှ မကြောက်တော့ဘူး။ သူ့ကိုယ်သူ ယုံကြည်မှုတွေလည်း ပိုရှိလာတယ်။ သူ့ခြေထောက်ပေါ်သူ ရဲရဲကြီး စနင်းတော့တယ်။ ကိုကိုကတော့ ရှားနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း။ သူက ရှားကို အိမ်မှာပဲ အေးဆေးနေခိုင်းပြီး သူ့ခေါင်းဆောင်မှုအောက် လိုက်စေချင်တာ။ ရှားကလည်း သူ့ဘဝကို သူပဲ ဦးဆောင်မယ်ဆိုတဲ့ အရမ်းထက်တဲ့ မိန်းကလေး။ လိုတိုင်းမရတဲ့ ဘဝနဲ့ အချစ်ရဲ့အောက်မှာ ရှားဟာ တစ်နေ့ထက်တစ်နေ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာတဲ့ လောကဓံကို ဘယ်လိုဘယ်ပုံနဲ့ ဖြေရှင်းသွားလဲဆိုတာ…..

ကဲ… ဝင်ဒီကတော့ ယောင်းတို့ ဖတ်ဖို့ စာအုပ်လေးတွေကို ညွှန်းလိုက်ပါပြီနော်။ ယောင်းတို့ဘက်က ဖတ်ဖို့ပဲ ကျန်တော့တယ်။ ဝင်ဒီ့အညွှန်းကြောင့် ယောင်းတို့ စာဖတ်ဖြစ်သွားတယ်ဆိုရင်ပဲ ဝင်ဒီ ရေးရကျိုးနပ်ပါတယ်လို့…..

Windy (For Her Myanmar)

No Comments Yet

Comments are closed