အိန္ဒိယနိုင်ငံကိုသွားလည်သင့်တဲ့ အချက်များ

အိန္ဒိယဆိုတာနဲ့ဂင်္ဂါမြစ်ကိုပြေးမြင်မိတယ်မလား?

အိန္ဒိယနိုင်ငံကတော့ United States ရဲ့ သုံးပုံတစ်ပုံလောက်ကျယ်ဝန်းပါတယ်တဲ့နော်ယောင်းလေးတို့။သူ့ရဲ့ထူးခြားတဲ့ပွဲတော်တွေ၊ထူးခြားတဲ့ ဓလေ့တွေ၊ရိုးရာယဉ်ကျေးမှုတွေ၊ရိုးရာအစားစာတွေ၊ရှေးဟောင်းအနုပညာတွေ စတဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကြောင့် ခရီးသွားရတာကြိုက်တဲ့လူတွေရဲ့ စိတ်ဝင်စားတာကိုခံရပါတယ်။ရိုးရာယဉ်ကျေးမှုတွေ နဲ့ စရိတ်သက်သာတဲ့ အချက်တွေက အဓိက မျက်စိကျစရာအရမ်းကောင်းနေတယ်လေ။

အိန္ဒိယနိုင်ငံကိုဘာအကြောင်းတွေကြောင့်သွားလည်သင့်တာလဲဆိုတာအခုအချက်တွေဖတ်ပြီး လေယာဉ်လက်မှတ်ပြေးဝယ်လိုက်ရအောင်နော်။

ကျယ်ဝန်းမှု

အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ ခုနှစ်ခုမြောက်အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။အကျယ်ဝန်းက United States ရဲ့သုံးပုံ တစ်ပုံလောက်ရှိတယ်တဲ့နော်။နိုင်ငံမှာလူဦးရေထူထပ်တာကတော့ပြောစရာမလိုအောင်သိနေမယ်ထင်ပါတယ်။သွားလည်ဖို့အကောင်းဆုံးနေရာတွေက တောင်ဘက်မှာတော့ နာမည်ကျော် Himalayas တောင်တန်းရှိပြီး မြောက်ဘက်မှာတော့ ကမ်းခြေတွေနဲ့ အနောက်ဘက်မှာတော့ သဲ ကန္တာရတွေရှိပါတယ်။နေရာတော်တော်များများမှာလည်စရာတွေရှိလို့ရက်တိုခရီးထက်ရက်ရှည်ခရီးနဲ့သွားလည်တာပိုကောင်းတာပေါ့နော်။

မပြီးဆုံးတဲ့ရိုးရာပွဲတော်များ

ပွဲတော်တွေက လတိုင်းမှာခေါင်းစဉ်အမျိုးမျိုးနဲ့ကျင်းပလေ့ရှိပါတယ်။ပွဲတော်တွေက နိုင်ငံတစ်ကာက လာတဲ့ ဧည့်သည်တွေဆီကကဝင်ငွေ အဓိက ရရှိပါတယ်။ဒေသခံတွေနဲ့ပျော်ပျော်ပါးပါးကျင်းပလေ့ရှိတဲ့ပွဲတော်တွေက တစ်ခါတစ်လေ တစ်လမှာ ၂ပွဲ ၃ပွဲလောက်ရှိတတ်ပါတယ်လို့ ဘယ်ချိန်သွားလည်လည်ပျော်စရာပွဲတော်တွေနဲ့ကြုံရမှာပါနော်

Related Article;ခရီးသွားတဲ့အခါ ပိုပြီး အဆင်ပြေလွယ်ကူအောင် ဘယ်လို App တွေ ဒေါင်းလုတ်ဆွဲသွားသင့်လဲ??

ရိုးရာအစားစာတွေ

အိန္ဒိယနိုင်ငံရဲ့ရိုးရာအစားစားတွေက စပ်တာများကြပါတယ်။လက်နဲ့အဓိကစားသောက်ကြလို့ယောင်းတို့နဲ့ မစိမ်းဘူးထင်ပါတယ်နော်။သက်သတ်လွတ်စားကြတာလည်းများကြသလို ဆန်နဲ့ ပဲကို အဓိက စားသုံးကြပါတယ်။ လမ်းဘေးမှာရောင်းချတဲ့အစားစာတွေက ဈေးသက်သာပြီးစားရတာလည်းအရသာရှိလို့ဘားဂျက်ခြွေတာရတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်။ရိုးရာ အချိုပွဲတွေ၊မုန့်ချိုတွေကလည်းမြင်တာနဲ့တင်စားချင်စရာကောင်းလှပါတယ်။ဗိုက်မကောင်းတဲ့ယောင်းလေးတွေကတော့ ဆေးကြိုယူသွားပါလို့နော်။

မျက်စိကျစရာလက်ဝတ်ရတနာ

အိန္ဒိယမှာအရောင်တောက်တောက်မျက်စိကျစရာကောင်းတဲ့လက်ဝတ်ရတနာတွေကိုနေရာတစ်ကာမှာတွေ့ရတတ်ပါတယ်။သူတို့မှာရိုးရာတစ်ခုရှိတာကတော့ မုဆိုးမတွေက လက်ဝတ်လက်စားတွေဝတ်လို့မရဘူးတဲ့နော်။အရောင်လက်လက်၊တောက်တောက်ပပ၊အရောင်သွေးစုံတဲ့လက်ဝတ်ရတနာတွေကို အိန္ဒိယနိုင်ငံက အမျိုးသမီးတွေ အရမ်း ကြိုက်ကြပါတယ်။လက်ဝတ်ရတနာကြိုက်တဲ့ယောင်းလေးနဲ့ အလှအပကြိုက်တဲ့ယောင်းလေးတွေ စိတ်ကြိုက်ဝယ်လို့ရပြီပေါ့နော်။ဈေးကလည်းမကြီးပါဘူးနော်။ပြီးတော့ သူတို့လေးတွေက ရွှေလည်းအရမ်းကြိုက်ကြပါတယ်။အမျိုးသားတွေ အစ ရွှေတွေ၊အဆောင်လက်ဝတ်ရတနာတွေကိုဝတ်ဆင်ကြပါတယ်။

Related Article;နိုင်ငံခြားခရီးသွားဖို့ ယောင်းဘယ်လောက်အဆင်သင့်ဖြစ်နေပြီလဲ

ရှေးဟောင်းအနုပညာများ

အိန္ဒိယရဲ့နေရာတိုင်းလိုလိုမှာရိုးရာယဉ်ကျေးမှုတွေနဲ့ပြည့်နေတဲ့အဆောက်အအုံတွေ၊ရှေးဟောင်းနေရာတွေ၊ဗိသုကာလက်ရာများကိုတွေ့ရတတ်ပါတယ်။နှစ်ပေါင်းများစွာတည်ရှိနေတဲ့ အဆောက်အဦးတွေကိုလည်းဆက်လက်ထိန်းသိမ်းထားကြပါတယ်။ခေတ်အလိုက်ပြောင်းလဲတိုးတတ်လာတဲ့ဗိသုကာလက်ရာတွေကိုတွေ့ရနိုင်လို့ အဆောင်ဦးတွေစိတ်ဝင်စားတဲ့သူတွေ၊ရှေးဟောင်းလက်ရာတွေကြိုက်တဲ့သူတွေအရောက်သွားသင့်ပါတယ်နော်။

ဂင်္ဂါမြစ်

အိန္ဒိယကိုသိတဲ့ယောင်းလေးတို့အနေနဲ့ဂင်္ဂါမြစ်ကို သိလောက်မယ်လို့ထင်ပါတယ်နော်။အနည်းဆုံးတော့ ဇာတ်ကားထဲမှာကြည့်ဖူးမယ်ထင်ပါတယ်။နိုင်ငံရဲ့အဓိကဖြစ်တဲ့ဂင်္ဂါမြစ်မှာ မွေးဖွားသန့်စင်တာက စပြီးသေဆုံးတဲ့ အထိ အသုံးပြုကြပါတယ်။မြစ်အစကနေ မြစ်အဆုံးထိ နေရာအလိုက်ေ ရေချိုးသန့်စင်တဲ့နေရာတွေ၊မင်္ဂလာနေရာတွေ၊အမင်္ဂလာနေရာတွေ ခွဲခြားထားပါတယ်။

ဈေးဝယ်ထွက်ဖို့အကောင်ဆုံး

အိန္ဒိယနိုင်ငံ ဈေးဝယ်ထွက်လို့ကောင်းပါတယ်။ဒေသထွက်အစားစာတွေ၊အကျႍတွေ၊လက်ဝတ်ရတနာတွေ၊ဒေသထွက်ကုန်တွေကိုဈေးသက်သက်သာသာနဲ့ ဈေးတွေမှာဝယ်လို့ရပါတယ်။ဈေးစစ်ဖို့တော့မမေ့ပါနဲ့နော်။မတူညီတဲ့ရိုးရာလက်မှုပစ္စည်းတွေ၊မြင်နေကျမဟုတ်တဲ့ပစ္စည်းတွေကို အဓိကဝယ်ချင်တဲ့ ယောင်းလေးတို့သွားသင့်ပါတယ်နော်။

ခရီးသွားချင်နေတဲ့ ယောင်းလေးတို့ရေ အဝေးကြီးလည်းမသွားချင်ဘူး၊ အနီးနားလေးပဲ သွားချင်တယ်ဆိုရင် အိန္ဒိယကိုသွားလည်ကြည့်ရအောင်နော်။ခါးပိုက်နှိုက်တွေပေါများတာကြောင့်သတိထားသွားလည်သင့်ပါတယ်။ခရီးတစ်ခုသွားတိုင်း တည်းခိုတဲ့ဟိုတယ်နာမည်တွေ၊ Pass port တွေကို ရေးချပြီးမှတ်ထားပါနော်။ဖုန်းထဲမှာထည့်ထားတာက ဖုန်းအားကုန်ရင် ပြဿနာတတ်မှာဆိုးလို့ပါနော်။

Reference Link>>>BBC ,tripsavvy ,thegrandindianroute   

Phyu Thant(For Her Myanmar)

<<<Zawgyi>>>

အိႏၵိယဆိုတာနဲ႔ဂဂၤါျမစ္ကိုေျပးျမင္မိတယ္မလား?

အိႏၵိယနိုင္ငံကေတာ့ United States ရဲ႕ သံုးပံုတစ္ပံုေလာက္က်ယ္ဝန္းပါတယ္တဲ့ေနာ္ေယာင္းေလးတို႔။သူ႔ရဲ႕ထူးျခားတဲ့ပြဲေတာ္ေတြ၊ထူးျခားတဲ့ ဓေလ့ေတြ၊ရိုးရာယဥ္ေက်းမႈေတြ၊ရိုးရာအစားစာေတြ၊ေရွးေဟာင္းအနုပညာေတြ စတဲ့စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္ေတြေၾကာင့္ ခရီးသြားရတာႀကိဳက္တဲ့လူေတြရဲ့ စိတ္ဝင္စားတာကိုခံရပါတယ္။ရိုးရာယဥ္ေက်းမႈေတြ နဲ႔ စရိတ္သက္သာတဲ့ အခ်က္ေတြက အဓိက မ်က္စိက်စရာအရမ္းေကာင္းေနတယ္ေလ။

အိႏၵိယနိုင္ငံကိုဘာအေၾကာင္းေတြေၾကာင့္သြားလည္သင့္တာလဲဆိုတာအခုအခ်က္ေတြဖတ္ၿပီး ေလယာဥ္လက္မွတ္ေျပးဝယ္လိုက္ရေအာင္ေနာ္။

က်ယ္ဝန္းမႈ

အိႏၵိယနိုင္ငံက ကမာၻေပၚမွာ ခုနွစ္ခုေျမာက္အႀကီးဆံုးနိုင္ငံတစ္ခုျဖစ္ပါတယ္။အက်ယ္ဝန္းက United States ရဲ႕သံုးပံု တစ္ပံုေလာက္ရွိတယ္တဲ့ေနာ္။နိုင္ငံမွာလူဦးေရထူထပ္တာကေတာ့ေျပာစရာမလိုေအာင္သိေနမယ္ထင္ပါတယ္။သြားလည္ဖို႔အေကာင္းဆံုးေနရာေတြက ေတာင္ဘက္မွာေတာ့ နာမည္ေက်ာ္ Himalayas ေတာင္တန္းရွိၿပီး ေျမာက္ဘက္မွာေတာ့ ကမ္းေျခေတြနဲ႔ အေနာက္ဘက္မွာေတာ့ သဲ ကႏၱာရေတြရွိပါတယ္။ေနရာေတာ္ေတာ္မ်ားမ်ားမွာလည္စရာေတြရွိလို႔ရက္တိိုခရီးထက္ရက္ရွည္ခရီးနဲ႔သြားလည္တာပိုေကာင္းတာေပါ့ေနာ္။

မၿပီးဆံုးတဲ့ရိုးရာပြဲေတာ္မ်ား

ပြဲေတာ္ေတြက လတိုင္းမွာေခါင္းစဥ္အမ်ိဳးမ်ိဳးနဲ႔က်င္းပေလ႔ရွိပါတယ္။ပြဲေတာ္ေတြက နိုင္ငံတစ္ကာက လာတဲ့ ဧည့္သည္ေတြဆီကကဝင္ေငြ အဓိက ရရွိပါတယ္။ေဒသခံေတြနဲ႔ေပ်ာ္ေပ်ာ္ပါးပါးက်င္းပေလ့ရွိတဲ့ပြဲေတာ္ေတြက တစ္ခါတစ္ေလ တစ္လမွာ ၂ပြဲ ၃ပြဲေလာက္ရွိတတ္ပါတယ္လို႔ ဘယ္ခ်ိန္သြားလည္လည္ေပ်ာ္စရာပြဲေတာ္ေတြနဲ႔ၾကံဳရမွာပါေနာ္

Related Article;ခရီးသြားတဲ့အခါ ပိုၿပီး အဆင္ေျပလြယ္ကူေအာင္ ဘယ္လို App ေတြ ေဒါင္းလုတ္ဆြဲသြားသင့္လဲ??

ရိုးရာအစားစာေတြ

အိႏၵိယနိုင္ငံရဲ႕ရိုးရာအစားစားေတြက စပ္တာမ်ားၾကပါတယ္။လက္နဲ႔အဓိကစားေသာက္ၾကလို႔ေယာင္းတို႔နဲ႔ မစိမ္းဘူးထင္ပါတယ္ေနာ္။သက္သတ္လြတ္စားၾကတာလည္းမ်ားၾကသလို ဆန္နဲ႔ ပဲကို အဓိက စားသံုးၾကပါတယ္။ လမ္းေဘးမွာေရာင္းခ်တဲ႔အစားစာေတြက ေစ်းသက္သာၿပီးစားရတာလည္းအရသာရွိလို႔ဘားဂ်က္ေႁခြတာရတဲ့သူေတြအတြက္လည္းအဆင္ေျပပါတယ္။ရိုးရာ အခ်ိဳပြဲေတြ၊မုန္႔ခ်ိဳေတြကလည္းျမင္တာနဲ႔တင္စားခ်င္စရာေကာင္းလွပါတယ္။ဗိုက္မေကာင္းတဲ့ေယာင္းေလးေတြကေတာ့ ေဆးႀကိဳယူသြားပါလို႔ေနာ္။

မ်က္စိက်စရာလက္ဝတ္ရတနာ

အိႏၵိယမွာအေရာင္ေတာက္ေတာက္မ်က္စိက်စရာေကာင္းတဲ႔လက္ဝတ္ရတနာေတြကိုေနရာတစ္ကာမွာေတြ႕ရတတ္ပါတယ္။သူတို႔မွာရိုးရာတစ္ခုရွိတာကေတာ့ မုဆိုးမေတြက လက္ဝတ္လက္စားေတြဝတ္လို႔မရဘူးတဲ့ေနာ္။အေရာင္လက္လက္၊ေတာက္ေတာက္ပပ၊အေရာင္ေသြးစံုတဲ့လက္ဝတ္ရတနာေတြကို အိႏၵိယနိုင္ငံက အမ်ိဳးသမီးေတြ အရမ္း ႀကိဳက္ၾကပါတယ္။လက္ဝတ္ရတနာႀကိဳက္တဲ့ေယာင္းေလးနဲ႔ အလွအပႀကိဳက္တဲ့ေယာင္းေလးေတြ စိတ္ႀကိဳက္ဝယ္လို႔ရၿပီေပါ့ေနာ္။ေစ်းကလည္းမႀကီးပါဘူးေနာ္။ၿပီးေတာ့ သူတို႔ေလးေတြက ေရႊလည္းအရမ္းႀကိဳက္ၾကပါတယ္။အမ်ိဳးသားေတြ အစ ေရႊေတြ၊အေဆာင္လက္ဝတ္ရတနာေတြကိုဝတ္ဆင္ၾကပါတယ္။

Related Article;ႏိုင္ငံျခားခရီးသြားဖုိ႔ ေယာင္းဘယ္ေလာက္အဆင္သင့္ျဖစ္ေနၿပီလဲ

ေရွးေဟာင္းအနုပညာမ်ား

အိႏၵိယရဲ႕ေနရာတိုင္းလိုလိုမွာရိုးရာယဥ္ေက်းမႈေတြနဲ႔ျပည့္ေနတဲ့အေဆာက္အအံုေတြ၊ေရွးေဟာင္းေနရာေတြ၊ဗိသုကာလက္ရာမ်ားကိုေတြ႔ရတတ္ပါတယ္။နွစ္ေပါင္းမ်ားစြာတည္ရွိေနတဲ႔ အေဆာက္အဦးေတြကိုလည္းဆက္လက္ထိန္းသိမ္းထားၾကပါတယ္။ေခတ္အလိုက္ေျပာင္းလဲတိုးတတ္လာတဲ့ဗိသုကာလက္ရာေတြကိုေတြ႔ရနိုင္လို႔ အေဆာင္ဦးေတြစိတ္ဝင္စားတဲ့သူေတြ၊ေရွးေဟာင္းလက္ရာေတြႀကိဳက္တဲ့သူေတြအေရာက္သြားသင့္ပါတယ္ေနာ္။

ဂဂၤါျမစ္

အိႏၵိယကိုသိတဲ့ေယာင္းေလးတို႔အေနနဲ႔ဂဂၤါျမစ္ကို သိေလာက္မယ္လို႔ထင္ပါတယ္ေနာ္။အနည္းဆံုးေတာ့ ဇာတ္ကားထဲမွာၾကည့္ဖူးမယ္ထင္ပါတယ္။နိုင္ငံရဲ႕အဓိကျဖစ္တဲ့ဂဂၤါျမစ္မွာ ေမြးဖြားသန္႕စင္တာက စၿပီးေသဆံုးတဲ့ အထိ အသံုးျပဳၾကပါတယ္။ျမစ္အစကေန ျမစ္အဆံုးထိ ေနရာအလိုက္ေ ေရခ်ိဳးသန္႔စင္တဲ့ေနရာေတြ၊မဂၤလာေနရာေတြ၊အမဂၤလာေနရာေတြ ခြဲျခားထားပါတယ္။

ေစ်းဝယ္ထြက္ဖို႔အေကာင္ဆံုး

အိႏၵိယနိုင္ငံ ေစ်းဝယ္ထြက္လို႔ေကာင္းပါတယ္။ေဒသထြက္အစားစာေတြ၊အက်ႍေတြ၊လက္ဝတ္ရတနာေတြ၊ေဒသထြက္ကုန္ေတြကိုေစ်းသက္သက္သာသာနဲ႕ ေစ်းေတြမွာဝယ္လို႔ရပါတယ္။ေစ်းစစ္ဖို႔ေတာ့မေမ့ပါနဲ႔ေနာ္။မတူညီတဲ့ရိုးရာလက္မႈပစၥည္းေတြ၊ျမင္ေနက်မဟုတ္တဲ့ပစၥည္းေတြကို အဓိကဝယ္ခ်င္တဲ့ ေယာင္းေလးတို႔သြားသင့္ပါတယ္ေနာ္။

ခရီးသြားခ်င္ေနတဲ့ ေယာင္းေလးတို႕ေရ အေဝးႀကီးလည္းမသြားခ်င္ဘူး၊ အနီးနားေလးပဲ သြားခ်င္တယ္ဆိိုရင္ အိႏၵိယကိုသြားလည္ၾကည့္ရေအာင္ေနာ္။ခါးပိုက္နႈိက္ေတြေပါမ်ားတာေၾကာင့္သတိထားသြားလည္သင့္ပါတယ္။ခရီးတစ္ခုသြားတိုင္း တည္းခိုတဲ့ဟိုတယ္နာမည္ေတြ၊ Pass port ေတြကို ေရးခ်ၿပီးမွတ္ထားပါေနာ္။ဖုန္းထဲမွာထည့္ထားတာက ဖုန္းအားကုန္ရင္ ျပႆနာတတ္မွာဆိုးလို႔ပါေနာ္။

Reference Link>>>BBC ,tripsavvy ,thegrandindianroute

Phyu Thant(For Her Myanmar)

No Comments Yet

Comments are closed