Review

ျပင္ဦးလြင္သြား ေတာလား …

ပန္းပြဲေတာ္စေနၿပီဆိုေတာ့ ျပင္ဦးလြင္ကို တစ္ခါတစ္ေခါက္ သြားလည္ၾကည့္ခ်င္တဲ့ ေယာင္းေယာင္းတို႔ မမိသင့္တဲ့ ဂ်င္းေတြ မမိရေလေအာင္…

ကဲ.. ပန္းပြဲေတာ္ ေရာက္ၿပီးၾကၿပီလား ေယာင္းတို႔ေရ… ၁၅ ရက္ေန႔ထိ ရွိေသးတယ္ဆိုေတာ့ ၾကားထဲမွာေတာ့ အခ်ိန္ရေသးတယ္ေနာ္.. ဆိုေတာ့ အက္မင္ ျပင္ဦးလြင္ကို သြားခဲ့တုန္းက ႀကံဳခဲ့ရတဲ့ ေရွာင္ရန္၊ ေဆာင္ရန္ေလးေတြ ေယာင္းတို႔ကို ေဝမွ်ေပးမယ္ေနာ္.. ဒီေဆာင္းပါးေလးက ျပင္ဦးလြင္ တစ္ခါမွ မေရာက္ဖူးတဲ့ေယာင္းတို႔အတြက္ အနည္းနဲ႔အမ်ား အေထာက္အကူျဖစ္ႏိုင္ေပမဲ့ ေရာက္ဖူးတဲ့ ေယာင္းေတြအတြက္ေတာ့ သိၿပီးသားအခ်က္အခ်ိဳ႕ ပါႏိုင္ပါတယ္။ ဘာလို႔ဆို အက္မင္လည္း အခုမွ ပထမဆံုးအေခါက္မို႔ ကိုယ့္ေယာင္းေယာင္းေတြကို မွ်ေဝခ်င္ေဇာနဲ႔ ေျပးေရးရတာေလ 😀 ဒါဆို သြားဖို႔ စီစဥ္တဲ့ဆီက ၾကည့္ၾကရေအာင္…

အက္မင္ကေတာ့ ျပင္ဦးလြင္ မသြားခင္ အမ်ားႀကီးျပင္ဆင္ပါတယ္။ ဘာလို႔ဆို ကိုယ္က တစ္ႏွစ္ေနလို႔ခရီးတစ္ခါမထြက္ျဖစ္တဲ့ သူဆိုေတာ့ ခရီးထြက္ရေတာ့မယ္ဆိုၿပီး ရင္ခုန္ေနတာကိုး။ တည္းမယ့္ေနရာေတြ လိုက္ၾကည့္တယ္။ ရီဗ်ဴးေတြလိုက္ဖတ္တယ္။ သြားသင့္တဲ့ေနရာေလးေတြမွတ္ထားတယ္။ တစ္လေလာက္အလိုတည္းက ႀကိဳျပင္ဆင္ထားတယ္ေပါ့ေနာ္..

ဒီဇင္ဘာ ၿခံ

ကားဘယ္လိုစီစဥ္မလဲ 

သြားမယ္ဆိုၾကျပန္ေတာ့လည္း ဘယ္နည္း ဘယ္ပံုနဲ႔ သြားၾကမလဲ စဥ္းစားၾကရင္း အဆင္အေျပဆံုးျဖစ္ႏုိင္မယ့္ Express ကားနဲ႔ပဲ သြားၾကမယ္ေပါ့.. ဆိုေတာ့  ကဲ ဘယ္ကားနဲ႔သြားမလဲ၊ ေရြးစရာအမ်ားႀကီးရွိတာကိုး။ ဒါလည္း ခရီးခဏခဏထြက္ျဖစ္တဲ့ အသိေတြဆီကအၾကံယူၿပီးပဲ Elite ကိုေရြးျဖစ္သြားပါတယ္။ Elite ကားလက္မွတ္ကို အြန္လိုင္းကေနျဖတ္လို႔ရတယ္ဆိုေတာ့ အခ်ိန္ကုန္ လူပန္းသက္သာတယ္ေလ…  ကိုယ္လိုခ်င္တဲ့ ခံုလည္းေရြးလုိ႔ရတယ္၊ အသြားအျပန္ရက္ေရြးၿပီး တစ္ခါတည္း လက္မွတ္ျဖတ္ထားလို႔လည္းရတယ္။ တစ္ခုပဲ E-commerce ေလွ်ာက္ဖို႔ေတာ့လိုလိမ့္မယ္။ Payment က MPU နဲ႔ျဖတ္တာဆိုေတာ့ေလ။ ဝန္ေဆာင္ခ သံုးရာေတာ့ က်ပါတယ္။ ကားထြက္ခါနီး ၁၅ မိနစ္ေလာက္အလိုမွ ကိုယ္လက္မွတ္ျဖတ္ထားတဲ့ screenshot ေလးျပၿပီး ထုတ္စီးလာတာပါ။ လက္မွတ္ဝယ္လို႔ရတဲ့ website ေတြရွိပါတယ္။ ရွာရမခက္ပါဘူး။ နီးစပ္ရာလက္မွတ္ဆုိင္ေတြကလည္း ဝယ္လို႔ရတယ္ေနာ္။

Elite လိုင္းက တကယ္လည္း အဆင္ေျပပါတယ္။ အက္မင္လို ကားမူးတတ္တဲ့သူေတာင္ ကားေပးမွာ ဖုန္းကိုအခ်ိန္တစ္ခုထိ သံုးႏိုင္တယ္ဆိုေတာ့… သက္ေတာင့္သက္သာရွိတယ္။ ကားေမာင္းတာ မၾကမ္းဘူး၊ ကားမခါဘူး။ ဝန္ေဆာင္မႈအဆင္ေျပတယ္။

အက္မင္သေဘာအက်ဆံုးက ကားေပၚမွာ ျမန္မာကားမဖြင့္တာပါ။ ျမန္မာကားအမ်ားစုက ဆူညံတာေၾကာင့္ ညဘက္သြားတဲ့ခရီးမွာ ဖြင့္ထားရင္ အဆင္မေျပပါဘူး။ Elite ကေတာ့ စိတ္ေက်နပ္စရာေကာင္းစြာနဲ႔ပဲ အသြားေရာအျပန္ေရာ ျမန္မာကားမဖြင့္ပါဘူး။ ယုတ္စြအဆံုး သီခ်င္းေတာင္မဖြင့္ပါဘူး။ ကားစစထြက္ခ်င္း တရားေခြေလာက္ပဲဖြင့္ပါတယ္။ ဒါလည္း ခဏပါ။ ခဏၾကာေတာ့ အိပ္ရအဆင္ေျပေအာင္ ပိတ္ေပးပါတယ္။

အက္မင္က ခရီးသိပ္မသြားတဲ့သူဆိုေတာ့ ဘယ္ကားလိုင္းက ဘယ္လိုဆိုတာမ်ိဳးေတြ အကၽြမ္းတဝင္မရွိပါဘူး။ ဒါေပမဲ့ အေတြ႕အႀကံဳအရဆိုရင္ ေအးေအးေဆးေဆး အိပ္ၿပီးစီးခ်င္ရင္ျဖစ္ျဖစ္၊ သက္ေတာင့္သက္သာနဲ႔ ကားမမူးဘဲ အဆင္ေျပေျပသြားခ်င္ရင္ျဖစ္ျဖစ္ Elite ကို ေရြးဖို႔ recommend လုပ္ (အႀကံျပဳ)ပါတယ္။ အသြားေရာ အျပန္ေရာ အဆင္ေျပခဲ့လို႔ပါ။

ခ်ယ္ရီေတြ လွတယ္ဟုတ္ (လူပံုေတာ့ သည္းခံပါ :3 )

တည္းမယ့္ေနရာက်ေတာ့… 

တည္းမယ့္ေနရာရွာဆိုေတာ့ အက္မင္က ဘန္ဂလိုေလးေတြကို မ်က္စိက်ေနေတာ့ ဘန္ဂလိုပါတဲ့ ဟိုတယ္ေတြပဲ လိုက္ၾကည့္ထားတာ။ ဒါေပမဲ့ ကံေကာင္းေထာက္မစြာနဲ႔ပဲ ေဒသခံအသိတစ္ေယာက္ရဲ႕ အၾကံေပးခ်က္အရ ဘန္ဂလိုကို ဘြတ္ကင္မတင္ျဖစ္လိုက္ဘူး။ သူတို႔အမ်ားစုက ၿမိဳ႕ျပင္မွာ ျဖစ္တဲ့အတြက္ သြားလာဖို႔ စားေသာက္ဖို႔ ခက္ခဲတယ္တဲ့ေလ။ (ေယာင္းတို႔သြားျဖစ္ရင္လည္း ၿမိဳ႕ထဲက ဟိုတယ္ေတြကိုပဲ စဥ္းစားေနာ္။ တကယ္သြားဖို႔လာဖို႔ ခက္ခဲပါတယ္။ ) ဒါနဲ႔ပဲ ၿမိဳ႕ထဲက Royal Jasmine Hotel မွာပဲ ဘြတ္ကင္တင္လိုက္တယ္ေပါ့ေနာ္..

Related Article >>> ခရီးသြားတဲ့အခါ အတြင္းပစၥည္းေတြကို ေသခ်ာထုပ္သိမ္းၾကမယ္

ၿပီးေတာ့ ျပင္ဦးလြင္မွာ လည္ဖို႔ကား.. ဒါလည္း သိပ္ပူစရာမလိုပါဘူး…. အက္မင္တို႔ တည္းတဲ့ဟိုတယ္ကို ကားစီစဥ္ခိုင္းလို႔ရတယ္တဲ့။ အဲဒါနဲ႔ ေဈးေမးၾကည့္ေတာ့ ေတာ္ေတာ္ေလးမဆိုးတဲ့ေဈးပါ။ ကားေမာင္းၿပီး လိုက္ပို႔ေပးမယ့္သူေရာ ဆီေရာ အၿပီးအစီးကိုမွ တစ္ရက္ကို ၃၅၀၀၀ နဲ႔ ၄၀၀၀၀ ၾကားေလာက္ရွိတယ္တဲ့။ အက္မင္တို႔ တျခား အျပင္မွာ စံုစမ္းတုန္းက တစ္ရက္ ၅၀၀၀၀ ကို ဆီကုိယ့္ဟာကိုယ္ ထည့္ရမယ္ဆိုေတာ့ ေျပာရမယ္ဆို ဟိုတယ္ကို ေခၚခိုင္းတာက ပိုသက္သာတဲ့အတြက္ ကားကိစၥအဆင္ေျပသြားပါတယ္။

အက္မင္တုိ႔ကားက ည ၈ နာရီထြက္တာေၾကာင့္ ျပင္ဦးလြင္ကို မနက္ ၆ နာရီေက်ာ္ေက်ာ္ေလာက္ ေရာက္သြားပါတယ္။ ေရာက္တဲ့အခ်ိန္ အပူခ်ိန္ ၁၄ဒီဂရီဆဲလ္စီးယပ္စ္ပါ။ ပါးစပ္ထဲကအေငြ႕ေတာင္ထြက္ပါတယ္။ (သြားမယ့္ ေယာင္းေယာင္းေတြ အေႏြးထည္ ထူထူ ယူသြားသင့္)

ဆင္းတဲ့အခါ ျပင္ဦးလြင္ ကားႀကီးကြင္းထိ လုိက္စီးသြားစရာမလိုပါဘူး။ သက္ဆိုင္ရာ ဟိုတယ္ကို ဖုန္းဆက္ၿပီး အနီးဆံုးဘယ္ဂိတ္မွာ ဆင္းရမလဲေမးလို႔ရပါတယ္။ အက္မင္တို႔တည္းတဲ့ Royal Jasmine က ဂိတ္မွာ ဆိုင္ကယ္နဲ႔ လာႀကိဳေပးပါတယ္။

ဒါဆို ျပင္ဦးလြင္ကို ဆက္လည္ရေအာင္…

ပထမဆံုးသြားျဖစ္ခဲ့တာ ဓာတ္ေတာ္ခ်ိဳင့္ပါ။ ဒီေနရာမွာ အက္မင္အႀကီးႀကီး သတိေပးခ်င္ပါတယ္။ မလိုအပ္ဘဲ ပိုက္ဆံမကုန္ခ်င္ရင္၊ အပင္ပန္းမခံႏုိင္ရင္ ဓာတ္ေတာ္ခ်ိဳင့္ထဲ ဆင္းမယ့္စိတ္ကူးေလး ေဘးခ်ိတ္လိုက္ပါ။ အေပၚက ႏွစ္ခ်က္ထဲက တစ္ခ်က္ခ်က္နဲ႔ ၿငိရင္ ဘယ္သူဆြယ္ဆြယ္ မဆင္းသြားဖို႔ သတိေပးပါရေစ။ ေတာ္ေတာ္ေလး (အရမ္း) ကို မတ္တဲ့ေခ်ာက္ပါ။ မတ္လြန္းလို႔ အရမ္းထိန္းရတာေၾကာင့္ အဆင္းေတာင္အေၾကာေတြ ေတာင့္ပါတယ္။ ခလုတ္တိုက္လို႔ လိမ့္သြားရင္ေတာ့ ေတာ္ေတာ္အီေဆာင့္ေနမယ့္ေခ်ာက္ပါ။ ေတာ္ေတာ္နဲ႔ရပ္မွာမဟုတ္ပါဘူး။ ခဲလမ္းဆိုေတာ့ ခလုတ္တိုက္ဖို႔လည္း လြယ္ပါတယ္။ ေရာက္မွေတာ့ မထူးဘူးဆင္းလိုက္မယ္ဆိုရင္ေတာ့ ေရဘူးထည့္သြားပါ။ အဆင္းမွာ အေအးေရာင္းတဲ့ သူေတြက တြဲေပးရမလားဆိုၿပီး လာကပ္ပါလိမ့္မယ္။ အထူးသျဖင့္ မိန္းကေလးေတြကိုပါ။ သူတို႔အကူအညီမယူပါနဲ႔။ ဂ်င္းအႀကီးစားပါ။ ျပဳတ္က်မွာေၾကာက္ရင္ ေတာင္ေဝွးေဆာင္သြားပါ။ ကမ္းပါးက ဆိုင္ေတြမွာ ရွိပါလိမ့္မယ္။ သူတို႔အကူအညီယူမိရင္ေတာ့ ေအာက္ေရာက္တဲ့အခါ ၅၀၀ တန္အေအးကို ၁၅၀၀ နဲ႔ ဝယ္ေသာက္ရပါလိမ့္မယ္။

အဲ့ဒါတင္မကေသးပါဘူး သူတို႔ကဆိုင္ကယ္ကယ္ရီသမားေတြနဲ႔ပါ ခ်ိတ္ထားပါတယ္။ သူတို႔နဲ႔ပါလာတဲ့ ဧည့္သည္ေတြကို အတက္မွာဆိုင္ကယ္ငွားစီးေအာင္ နည္းမ်ိဳးစံုနဲ႔ ဆြယ္ေတာ့တာပါပဲ။ ေအာက္ေရာက္သြားတဲ့အခါ ေရတံခြန္ကို အနီးကပ္ျမင္ရတဲ့ ျမင္ကြင္း၊ ေရမႊားေတြ ကိုယ့္ေပၚလာစင္ၿပီး အေမာေျပသေလာက္ ျပန္တက္တဲ့အခါ ေနာင္တရမွာပါ။ တစ္ခါသြား အလွမ္းႏွစ္ဆယ္ထက္ပိုမသြားႏိုင္ပါဘူး။ ေမာၿပီးဟိုက္လာပါတယ္။ ပိုဆိုးလာတာ ခုနအလာတုန္းက အေအးသည္တစ္အုပ္ရယ္ ဆိုင္ကယ္တစ္အုပ္ရယ္က ကိုယ့္ေနာက္ကေတာက္ေလွ်ာက္ပါလာတာပါပဲ။ ကိုယ္နားရင္ သူတို႔က ဆိုင္ကယ္ရပ္ေစာင့္။ ကိုယ္သြားရင္ ေနာက္ကပါလာနဲ႔ အရမ္းစိတ္ရႈပ္စရာေကာင္းပါတယ္။ အက္မင္တို႔ဆို ႏွစ္ေယာက္တည္းကို ေနာက္ကလိုက္လာတဲ့အုပ္က ဆယ္ေယာက္ေလာက္ရွိတယ္။

ဘယ္ေလာက္မတ္လဲဆိုရင္ ကိုယ့္ေရွ႕တင္သန္သန္မာမာလူႀကီးေတြ ဆက္မတက္ႏုိင္ေတာ့လို႔ ဆိုင္ကယ္ငွားသြားတာကုိ ေတြ႕ေနရတာပါ။ ေဈးကလည္း သူတို႔ပါးစပ္ထဲတင္ရွိပါတယ္။ ပြဲေတာ္ေန႔ေတြဆို ၁၅၀၀၀ ေလာက္ထိ ေတာင္းတယ္လို႔ ျပန္သိရတယ္။ ကိုယ္ကေတာ့ မတန္တဆဆိုတာသိေနတာမို႔ မေပးခ်င္လို႔ကို အံႀကိတ္ၿပီး တက္လာတာပါ။ အဆင္း ဆယ္မိနစ္ အတက္ တစ္နာရီခြဲပါ။ ပထမေန႔ေတာ့ ဓာတ္ေတာ္ခ်ိဳင့္တင္ ေတာ္ေတာ္ပန္းသြားတာမို႔ ေနာက္ေနရာေတြေတာင္ ေသခ်ာမသြားႏိုင္လိုက္ပါဘူး။

သြားသင့္တဲ့ေနရာေတြကိုေျပာပါဆိုရင္ ဒီဇင္ဘာၿခံပါ။

အခုခ်ိန္သြားမယ္ဆိုရင္ အဲ့မွာစေတာ္ဘယ္ရီဝယ္မေသာက္ပါနဲ႔။ အခုက စေတာ္ဘယ္ရီရာသီမဟုတ္တဲ့အတြက္ Import အသီးေတြကိုပဲ ေဖ်ာ္ေပးပါလိမ့္မယ္။ ေဈးလည္း ပိုႀကီးပါတယ္။ ျခံထဲမွာ ယုန္ေလးေတြ၊ ေဒါင္းေတြ၊ ျမည္းပုေလးေတြ သူ႔ေနရာနဲ႔သူ ျခံေလးခတ္ထားပါတယ္။ ကေလးေတြကို သြားၾကည့္လို႔ရပါတယ္။ ဝင္ေၾကး Free ပါ။

Related Article >>> ခရီးသြား ေအဂ်င္စီနဲ႔ ခရီးသြားေတာ့မယ္ဆိုရင္ ဒီလို အခ်က္ေလးေတြေတာ့ သိထားဖို႔ လိုမယ္ထင္

ေနာက္တစ္ခုက The View ပါ။

ဓာတ္ေတာ္ခ်ိဳင့္ရဲ႕ ရႈခင္းကို ကြင္းကြင္းကြက္ကြက္ျမင္ရမယ့္ေနရာပါပဲ။ အဲ့ကိုေရာက္မွ ပိုေနာင္တရပါတယ္။ အပင္ပန္းခံစရာမလိုဘဲ အဲ့နားကေန ေအးေအးလူလူ ျမင္ရတဲ့ဟာကို အခ်ိန္ကုန္လူပန္းျဖစ္သြားပါၿပီေပါ့။  ၿပီးေတာ့ ဘဝင္လည္းျမင့္သြားပါတယ္။ ငါဒီေလာက္အျမင့္ႀကီးကို ေရာက္ေအာင္ ျပန္တက္လာႏိုင္တာပဲေပါ့။ ဝင္ေၾကးတစ္ေယာက္တစ္ေထာင္ပါ။ Pepssi တို႔ Sunkist တို႔လို သံဘူးအေအး တစ္ေယာက္တစ္ဘူး ျပန္တိုက္ပါတယ္။

ေနာက္တစ္ေနရာက Governer House ပါ။

အေဆာက္အဦးထဲ ဝင္ၾကည့္မယ္ဆိုရင္ ဝင္ေၾကးတစ္ေယာက္ ေလးေထာင္ပါ။ ဝင္ၾကည့္သင့္ပါတယ္။အသက္ဝင္လြန္းလို႔ ႀကက္သီးထရေလာက္ေအာင္ လက္ရာေျမာက္တဲ့ အရုပ္ေတြရွိပါတယ္။ အတြင္းပိုင္းအျပင္အဆင္ကလည္း တကယ္ကို ၁၈-၁၉ ရာစုေလာက္ကို ျပန္ေရာက္သြားသလို ခံစားရမွာပါ။ အထဲေရာက္ရင္ ျခံထြက္ေကာ္ဖီတိုက္ပါတယ္။ ေကာ္ဖီမႀကိဳက္ရင္ အေအးတိုက္ပါတယ္။

ၿပီးေတာ့ Mico Hill ကို သြားပါ။

အက်ယ္ႀကီး မဟုတ္ေပမယ့္ ဓါတ္ပံုရိုက္ဖို႔ အရမ္းလွတဲ့ Spotေတြရွိတဲ့ ေနရာေလးပါ။ ဝင္ေၾကးတစ္ေယာက္တစ္ေထာင္ပါ။ ေရဘူးအေသးေလး ျပန္ထည့္ေပးပါတယ္။

BE Fall၊ မဟာအံ့ထူးကန္သာ၊ ကန္ေတာ္ႀကီး၊ ပိတ္ခ်င္းေျမာင္တို႔ကေတာ့ သြားကိုသြားျဖစ္ၾကမယ့္ ေနရာေတြဆိုေတာ့ ေထြေထြထူးထူးေျပာစရာမရွိပါဘူး။ အဲ ျပင္ဦးလြင္ေရာက္ၿပီးမွ ျခံထြက္စေတာ္ဘယ္ရီ ေဖ်ာ္ရည္ေသာက္ရမွ ျဖစ္မယ္ဆိုရင္ေတာ့ BE Fall မွာ ေသာက္ပါ။ ဒီဇင္ဘာျခံထက္ သက္သာသလို ျခံထြက္စစ္ပါတယ္။ အသီးေတာ့မေရာင္းေသးပါဘူး။ ဒီအခ်ိန္ရွားပါေသးတယ္။ ၿပီးေတာ့ အသီးဝိုင္စစ္စစ္ေတြလည္း ရပါတယ္။ ေဈးကေတာ့ ၆၀၀၀-၈၀၀၀ ေလာက္ပါ။

ေနာက္ထပ္သြားသင့္တဲ့ ေနရာတစ္ခုက ထူးလိေမၼာ္ျခံပါ။

BE fall ကေန ေတာ္ေတာ္ဆက္ဝင္ရပါတယ္။ ဝင္ေၾကး ၂၀၀၀ ပါ။ ျခံထဲေရာက္သြားရင္ တုတ္တုတ္ေလးနဲ႔ လိေမၼာ္ခင္းထဲလိုက္ပို႔ေပးပါတယ္။ ဝါးခေမာက္နဲ႔ ပလိုင္းေလးေတြေပးၿပီး ကိုယ္တိုင္ကိုယ္က် လိေမၼာ္သီးခူးလို႔ရပါေသးတယ္။ လိေမၼာ္သီးက တစ္ကီလိုႏွစ္ေထာင္ပါ။ ခူးသေလာက္ ခ်ိန္ေပးပါတယ္။ ၿပီးရင္ေတာ့ လိေမၼာ္ရည္စစ္စစ္တစ္ခြက္ လက္ေဆာင္ျပန္တိုက္ပါတယ္။

ေနာက္ဆံုးေနရာကေတာ့ ၿမိဳ႕ေရွာင္လမ္းပါ။

လမ္းမႀကီးက ကားအသြားအလာနည္းလို႔ ဓာတ္ပံုရိုက္လို႔ ေကာင္းတဲ့ ေနရာေလးေပါ့။ ကားလမ္းေဘးမွာလည္း သစ္ေတာဆိုေတာ့ ေအးေအးလူလူနဲ႔ ရိုက္ႏိုင္ရင္ ပံုေကာင္းေလးေတြ ရမွာပါ။

အခ်ိန္သိပ္မကုန္ခ်င္ဘူးဆိုရင္ေတာ့ Cozy World ကို မသြားပါနဲ႔ ေယာင္းေရ.. 

အလွဆင္ထားတဲ့ အရုပ္အနည္းအက်ဥ္းအျပင္ ဘာမွမရွိလို႔ပါ။ ဝင္ေၾကးတစ္ေထာင္ပါ။ ဒီမွာေတာ့ လက္ေဆာင္ဘာမွျပန္မေပးပါဘူး။

ေနာက္ထပ္သတိထားစရာတစ္ခုက လည္ပတ္ေတာ့မယ္ဆိုရင္ မနက္ ၉-၁၀ ေလာက္ထြက္ႏိုင္ရင္ ပိုေကာင္းပါတယ္။ ေန႔တာတို၊ သစ္ပင္ေတြမ်ား၊ အေမွာင္ျမန္၊ အေအးပိုလာတဲ့အတြက္ ညေနပိုင္းေရာက္ေလ လည္လို႔မေကာင္းေတာ့ေလပါ။ လည္ပတ္ရမယ့္ေနရာေတြကလည္း ညေန ငါးခြဲေလာက္ဆိုပိတ္တတ္ပါတယ္။

ေနာက္ဆံုးပိတ္အေနနဲ႔ သတိထပ္ေပးခ်င္တာေလးကေတာ့ အပင္ပန္းမခံႏုိင္ရင္ ဓာတ္ေတာ္ခ်ိဳင့္မသြားၾကဖို႔ပါ။ အက္မင္ဆို ပင္ပန္းၿပီးဖ်ားလို႔ ျပင္ဦးလြင္မွာတင္ ေဆးဆန္းသြားျပ ေဆးပါသြင္းယူလိုက္ရပါတယ္။ ေျခေထာက္ကိုက္တဲ့ ဒဏ္ကိုလည္းမ်က္ရည္ေပါက္ေပါက္က်ေအာင္ ခံလိုက္ရပါတယ္။ ေနာက္ဆံုးေန႔ သြားမယ္လို႔ စီစဥ္ထားတဲ့ ကန္ေတာ္ႀကီးေတာင္ ေနမေကာင္းလို႔ မေရာက္သြားလိုက္ပါဘူး။ ျပင္ဦးလြင္ေရာက္ၿပီး ကန္ေတာ္ႀကီးမေရာက္ဘဲ ေဆးခန္းေရာက္သြားတဲ့ မတ္မတ္ပါေနာ္ -_-  ေနာက္ဆံုးေန႔ေဆးခန္းကျပန္လာ ဟိုတယ္မွာခဏအနားယူၿပီး ည ၇ နာရီကားနဲ႔ ရန္ကုန္ကိုျပန္ထြက္ပါတယ္။ ဒီကို မနက္ ၅ နာရီေလာက္ျပန္ေရာက္လာပါတယ္။

အက္မင္ကေတာ့ ႀကံဳခဲ့သမွ် ဂ်င္းေတြေရာ အစစ္အမွန္ေတြကိုေရာ မွ်ေဝၿပီးသြားပါၿပီ။ ေရာက္ေအာင္သြားၿပီး ဂ်င္းၾကည့္ေရွာင္ဖို႔ကေတာ့ ေယာင္းတို႔တာဝန္ျဖစ္သြားၿပီေနာ္။ ကဲ ဘာလုပ္ေနတာလဲ ဝယ္ထားသမွ် အေႏြးထည္ေတြနဲ႔ ပန္းေပါင္းစံုၾကားမွာ ႐ႈိးထုတ္ဖို႔ ျမန္ျမန္စီစဥ္လိုက္ေတာ့ေလ။

Myat (For Her Myanmar)

ဓာတ္ပံုမ်ား အသံုးျပဳခြင့္ေပးပါေသာ Ko Tin Maung အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

ပန်းပွဲတော်စနေပြီဆိုတော့ ပြင်ဦးလွင်ကို တစ်ခါတစ်ခေါက် သွားလည်ကြည့်ချင်တဲ့ ယောင်းယောင်းတို့ မမိသင့်တဲ့ ဂျင်းတွေ မမိရလေအောင်…

ကဲ.. ပန်းပွဲတော် ရောက်ပြီးကြပြီလား ယောင်းတို့ရေ… ၁၅ ရက်နေ့ထိ ရှိသေးတယ်ဆိုတော့ ကြားထဲမှာတော့ အချိန်ရသေးတယ်နော်.. ဆိုတော့ အက်မင် ပြင်ဦးလွင်ကို သွားခဲ့တုန်းက ကြုံခဲ့ရတဲ့ ရှောင်ရန်၊ ဆောင်ရန်လေးတွေ ယောင်းတို့ကို ဝေမျှပေးမယ်နော်.. ဒီဆောင်းပါးလေးက ပြင်ဦးလွင် တစ်ခါမှ မရောက်ဖူးတဲ့ယောင်းတို့အတွက် အနည်းနဲ့အများ အထောက်အကူဖြစ်နိုင်ပေမဲ့ ရောက်ဖူးတဲ့ ယောင်းတွေအတွက်တော့ သိပြီးသားအချက်အချို့ ပါနိုင်ပါတယ်။ ဘာလို့ဆို အက်မင်လည်း အခုမှ ပထမဆုံးအခေါက်မို့ ကိုယ့်ယောင်းယောင်းတွေကို မျှဝေချင်ဇောနဲ့ ပြေးရေးရတာလေ 😀 ဒါဆို သွားဖို့ စီစဉ်တဲ့ဆီက ကြည့်ကြရအောင်…

အက်မင်ကတော့ ပြင်ဦးလွင် မသွားခင် အများကြီးပြင်ဆင်ပါတယ်။ ဘာလို့ဆို ကိုယ်က တစ်နှစ်နေလို့ခရီးတစ်ခါမထွက်ဖြစ်တဲ့ သူဆိုတော့ ခရီးထွက်ရတော့မယ်ဆိုပြီး ရင်ခုန်နေတာကိုး။ တည်းမယ့်နေရာတွေ လိုက်ကြည့်တယ်။ ရီဗျူးတွေလိုက်ဖတ်တယ်။ သွားသင့်တဲ့နေရာလေးတွေမှတ်ထားတယ်။ တစ်လလောက်အလိုတည်းက ကြိုပြင်ဆင်ထားတယ်ပေါ့နော်..

ဒီဇင္ဘာၿခံ

ကားဘယ်လိုစီစဉ်မလဲ 

သွားမယ်ဆိုကြပြန်တော့လည်း ဘယ်နည်း ဘယ်ပုံနဲ့ သွားကြမလဲ စဉ်းစားကြရင်း အဆင်အပြေဆုံးဖြစ်နိုင်မယ့် Express ကားနဲ့ပဲ သွားကြမယ်ပေါ့.. ဆိုတော့  ကဲ ဘယ်ကားနဲ့သွားမလဲ၊ ရွေးစရာအများကြီးရှိတာကိုး။ ဒါလည်း ခရီးခဏခဏထွက်ဖြစ်တဲ့ အသိတွေဆီကအကြံယူပြီးပဲ Elite ကိုရွေးဖြစ်သွားပါတယ်။ Elite ကားလက်မှတ်ကို အွန်လိုင်းကနေဖြတ်လို့ရတယ်ဆိုတော့ အချိန်ကုန် လူပန်းသက်သာတယ်လေ…  ကိုယ်လိုချင်တဲ့ ခုံလည်းရွေးလို့ရတယ်၊ အသွားအပြန်ရက်ရွေးပြီး တစ်ခါတည်း လက်မှတ်ဖြတ်ထားလို့လည်းရတယ်။ တစ်ခုပဲ E-commerce လျှောက်ဖို့တော့လိုလိမ့်မယ်။ Payment က MPU နဲ့ဖြတ်တာဆိုတော့လေ။ ဝန်ဆောင်ခ သုံးရာတော့ ကျပါတယ်။ ကားထွက်ခါနီး ၁၅ မိနစ်လောက်အလိုမှ ကိုယ်လက်မှတ်ဖြတ်ထားတဲ့ screenshot လေးပြပြီး ထုတ်စီးလာတာပါ။ လက်မှတ်ဝယ်လို့ရတဲ့ website တွေရှိပါတယ်။ ရှာရမခက်ပါဘူး။ နီးစပ်ရာလက်မှတ်ဆိုင်တွေကလည်း ဝယ်လို့ရတယ်နော်။

Elite လိုင်းက တကယ်လည်း အဆင်ပြေပါတယ်။ အက်မင်လို ကားမူးတတ်တဲ့သူတောင် ကားပေးမှာ ဖုန်းကိုအချိန်တစ်ခုထိ သုံးနိုင်တယ်ဆိုတော့… သက်တောင့်သက်သာရှိတယ်။ ကားမောင်းတာ မကြမ်းဘူး၊ ကားမခါဘူး။ ဝန်ဆောင်မှုအဆင်ပြေတယ်။

အက်မင်သဘောအကျဆုံးက ကားပေါ်မှာ မြန်မာကားမဖွင့်တာပါ။ မြန်မာကားအများစုက ဆူညံတာကြောင့် ညဘက်သွားတဲ့ခရီးမှာ ဖွင့်ထားရင် အဆင်မပြေပါဘူး။ Elite ကတော့ စိတ်ကျေနပ်စရာကောင်းစွာနဲ့ပဲ အသွားရောအပြန်ရော မြန်မာကားမဖွင့်ပါဘူး။ ယုတ်စွအဆုံး သီချင်းတောင်မဖွင့်ပါဘူး။ ကားစစထွက်ချင်း တရားခွေလောက်ပဲဖွင့်ပါတယ်။ ဒါလည်း ခဏပါ။ ခဏကြာတော့ အိပ်ရအဆင်ပြေအောင် ပိတ်ပေးပါတယ်။

အက်မင်က ခရီးသိပ်မသွားတဲ့သူဆိုတော့ ဘယ်ကားလိုင်းက ဘယ်လိုဆိုတာမျိုးတွေ အကျွမ်းတဝင်မရှိပါဘူး။ ဒါပေမဲ့ အတွေ့အကြုံအရဆိုရင် အေးအေးဆေးဆေး အိပ်ပြီးစီးချင်ရင်ဖြစ်ဖြစ်၊ သက်တောင့်သက်သာနဲ့ ကားမမူးဘဲ အဆင်ပြေပြေသွားချင်ရင်ဖြစ်ဖြစ် Elite ကို ရွေးဖို့ recommend လုပ် (အကြံပြု)ပါတယ်။ အသွားရော အပြန်ရော အဆင်ပြေခဲ့လို့ပါ။


ချယ်ရီတွေ လှတယ်ဟုတ် (လူပုံတော့ သည်းခံပါ :3 )

တည်းမယ့်နေရာကျတော့… 

တည်းမယ့်နေရာရှာဆိုတော့ အက်မင်က ဘန်ဂလိုလေးတွေကို မျက်စိကျနေတော့ ဘန်ဂလိုပါတဲ့ ဟိုတယ်တွေပဲ လိုက်ကြည့်ထားတာ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ဒေသခံအသိတစ်ယောက်ရဲ့ အကြံပေးချက်အရ ဘန်ဂလိုကို ဘွတ်ကင်မတင်ဖြစ်လိုက်ဘူး။ သူတို့အများစုက မြို့ပြင်မှာ ဖြစ်တဲ့အတွက် သွားလာဖို့ စားသောက်ဖို့ ခက်ခဲတယ်တဲ့လေ။ (ယောင်းတို့သွားဖြစ်ရင်လည်း မြို့ထဲက ဟိုတယ်တွေကိုပဲ စဉ်းစားနော်။ တကယ်သွားဖို့လာဖို့ ခက်ခဲပါတယ်။ ) ဒါနဲ့ပဲ မြို့ထဲက Royal Jasmine Hotel မှာပဲ ဘွတ်ကင်တင်လိုက်တယ်ပေါ့နော်..

Related Article >>> ခရီးသွားတဲ့အခါ အတွင်းပစ္စည်းတွေကို သေချာထုပ်သိမ်းကြမယ်

ပြီးတော့ ပြင်ဦးလွင်မှာ လည်ဖို့ကား.. ဒါလည်း သိပ်ပူစရာမလိုပါဘူး…. အက်မင်တို့ တည်းတဲ့ဟိုတယ်ကို ကားစီစဉ်ခိုင်းလို့ရတယ်တဲ့။ အဲဒါနဲ့ ဈေးမေးကြည့်တော့ တော်တော်လေးမဆိုးတဲ့ဈေးပါ။ ကားမောင်းပြီး လိုက်ပို့ပေးမယ့်သူရော ဆီရော အပြီးအစီးကိုမှ တစ်ရက်ကို ၃၅၀၀၀ နဲ့ ၄၀၀၀၀ ကြားလောက်ရှိတယ်တဲ့။ အက်မင်တို့ တခြား အပြင်မှာ စုံစမ်းတုန်းက တစ်ရက် ၅၀၀၀၀ ကို ဆီကိုယ့်ဟာကိုယ် ထည့်ရမယ်ဆိုတော့ ပြောရမယ်ဆို ဟိုတယ်ကို ခေါ်ခိုင်းတာက ပိုသက်သာတဲ့အတွက် ကားကိစ္စအဆင်ပြေသွားပါတယ်။

အက်မင်တို့ကားက ည ၈ နာရီထွက်တာကြောင့် ပြင်ဦးလွင်ကို မနက် ၆ နာရီကျော်ကျော်လောက် ရောက်သွားပါတယ်။ ရောက်တဲ့အချိန် အပူချိန် ၁၄ဒီဂရီဆဲလ်စီးယပ်စ်ပါ။ ပါးစပ်ထဲကအငွေ့တောင်ထွက်ပါတယ်။ (သွားမယ့် ယောင်းယောင်းတွေ အနွေးထည် ထူထူ ယူသွားသင့်)

ဆင်းတဲ့အခါ ပြင်ဦးလွင် ကားကြီးကွင်းထိ လိုက်စီးသွားစရာမလိုပါဘူး။ သက်ဆိုင်ရာ ဟိုတယ်ကို ဖုန်းဆက်ပြီး အနီးဆုံးဘယ်ဂိတ်မှာ ဆင်းရမလဲမေးလို့ရပါတယ်။ အက်မင်တို့တည်းတဲ့ Royal Jasmine က ဂိတ်မှာ ဆိုင်ကယ်နဲ့ လာကြိုပေးပါတယ်။

ဒါဆို ပြင်ဦးလွင်ကို ဆက်လည်ရအောင်…

ပထမဆုံးသွားဖြစ်ခဲ့တာ ဓာတ်တော်ချိုင့်ပါ။ ဒီနေရာမှာ အက်မင်အကြီးကြီး သတိပေးချင်ပါတယ်။ မလိုအပ်ဘဲ ပိုက်ဆံမကုန်ချင်ရင်၊ အပင်ပန်းမခံနိုင်ရင် ဓာတ်တော်ချိုင့်ထဲ ဆင်းမယ့်စိတ်ကူးလေး ဘေးချိတ်လိုက်ပါ။ အပေါ်က နှစ်ချက်ထဲက တစ်ချက်ချက်နဲ့ ငြိရင် ဘယ်သူဆွယ်ဆွယ် မဆင်းသွားဖို့ သတိပေးပါရစေ။ တော်တော်လေး (အရမ်း) ကို မတ်တဲ့ချောက်ပါ။ မတ်လွန်းလို့ အရမ်းထိန်းရတာကြောင့် အဆင်းတောင်အကြောတွေ တောင့်ပါတယ်။ ခလုတ်တိုက်လို့ လိမ့်သွားရင်တော့ တော်တော်အီဆောင့်နေမယ့်ချောက်ပါ။ တော်တော်နဲ့ရပ်မှာမဟုတ်ပါဘူး။ ခဲလမ်းဆိုတော့ ခလုတ်တိုက်ဖို့လည်း လွယ်ပါတယ်။ ရောက်မှတော့ မထူးဘူးဆင်းလိုက်မယ်ဆိုရင်တော့ ရေဘူးထည့်သွားပါ။ အဆင်းမှာ အအေးရောင်းတဲ့ သူတွေက တွဲပေးရမလားဆိုပြီး လာကပ်ပါလိမ့်မယ်။ အထူးသဖြင့် မိန်းကလေးတွေကိုပါ။ သူတို့အကူအညီမယူပါနဲ့။ ဂျင်းအကြီးစားပါ။ ပြုတ်ကျမှာကြောက်ရင် တောင်ဝှေးဆောင်သွားပါ။ ကမ်းပါးက ဆိုင်တွေမှာ ရှိပါလိမ့်မယ်။ သူတို့အကူအညီယူမိရင်တော့ အောက်ရောက်တဲ့အခါ ၅၀၀ တန်အအေးကို ၁၅၀၀ နဲ့ ဝယ်သောက်ရပါလိမ့်မယ်။

အဲ့ဒါတင်မကသေးပါဘူး သူတို့ကဆိုင်ကယ်ကယ်ရီသမားတွေနဲ့ပါ ချိတ်ထားပါတယ်။ သူတို့နဲ့ပါလာတဲ့ ဧည့်သည်တွေကို အတက်မှာဆိုင်ကယ်ငှားစီးအောင် နည်းမျိုးစုံနဲ့ ဆွယ်တော့တာပါပဲ။ အောက်ရောက်သွားတဲ့အခါ ရေတံခွန်ကို အနီးကပ်မြင်ရတဲ့ မြင်ကွင်း၊ ရေမွှားတွေ ကိုယ့်ပေါ်လာစင်ပြီး အမောပြေသလောက် ပြန်တက်တဲ့အခါ နောင်တရမှာပါ။ တစ်ခါသွား အလှမ်းနှစ်ဆယ်ထက်ပိုမသွားနိုင်ပါဘူး။ မောပြီးဟိုက်လာပါတယ်။ ပိုဆိုးလာတာ ခုနအလာတုန်းက အအေးသည်တစ်အုပ်ရယ် ဆိုင်ကယ်တစ်အုပ်ရယ်က ကိုယ့်နောက်ကတောက်လျှောက်ပါလာတာပါပဲ။ ကိုယ်နားရင် သူတို့က ဆိုင်ကယ်ရပ်စောင့်။ ကိုယ်သွားရင် နောက်ကပါလာနဲ့ အရမ်းစိတ်ရှုပ်စရာကောင်းပါတယ်။ အက်မင်တို့ဆို နှစ်ယောက်တည်းကို နောက်ကလိုက်လာတဲ့အုပ်က ဆယ်ယောက်လောက်ရှိတယ်။

ဘယ်လောက်မတ်လဲဆိုရင် ကိုယ့်ရှေ့တင်သန်သန်မာမာလူကြီးတွေ ဆက်မတက်နိုင်တော့လို့ ဆိုင်ကယ်ငှားသွားတာကို တွေ့နေရတာပါ။ ဈေးကလည်း သူတို့ပါးစပ်ထဲတင်ရှိပါတယ်။ ပွဲတော်နေ့တွေဆို ၁၅၀၀၀ လောက်ထိ တောင်းတယ်လို့ ပြန်သိရတယ်။ ကိုယ်ကတော့ မတန်တဆဆိုတာသိနေတာမို့ မပေးချင်လို့ကို အံကြိတ်ပြီး တက်လာတာပါ။ အဆင်း ဆယ်မိနစ် အတက် တစ်နာရီခွဲပါ။ ပထမနေ့တော့ ဓာတ်တော်ချိုင့်တင် တော်တော်ပန်းသွားတာမို့ နောက်နေရာတွေတောင် သေချာမသွားနိုင်လိုက်ပါဘူး။

သွားသင့်တဲ့နေရာတွေကိုပြောပါဆိုရင် ဒီဇင်ဘာခြံပါ။

အခုချိန်သွားမယ်ဆိုရင် အဲ့မှာစတော်ဘယ်ရီဝယ်မသောက်ပါနဲ့။ အခုက စတော်ဘယ်ရီရာသီမဟုတ်တဲ့အတွက် Import အသီးတွေကိုပဲ ဖျော်ပေးပါလိမ့်မယ်။ ဈေးလည်း ပိုကြီးပါတယ်။ ခြံထဲမှာ ယုန်လေးတွေ၊ ဒေါင်းတွေ၊ မြည်းပုလေးတွေ သူ့နေရာနဲ့သူ ခြံလေးခတ်ထားပါတယ်။ ကလေးတွေကို သွားကြည့်လို့ရပါတယ်။ ဝင်ကြေး Free ပါ။

Related Article >>> ခရီးသွား အေဂျင်စီနဲ့ ခရီးသွားတော့မယ်ဆိုရင် ဒီလို အချက်လေးတွေတော့ သိထားဖို့ လိုမယ်ထင်

နောက်တစ်ခုက The View ပါ။

ဓာတ်တော်ချိုင့်ရဲ့ ရှုခင်းကို ကွင်းကွင်းကွက်ကွက်မြင်ရမယ့်နေရာပါပဲ။ အဲ့ကိုရောက်မှ ပိုနောင်တရပါတယ်။ အပင်ပန်းခံစရာမလိုဘဲ အဲ့နားကနေ အေးအေးလူလူ မြင်ရတဲ့ဟာကို အချိန်ကုန်လူပန်းဖြစ်သွားပါပြီပေါ့။  ပြီးတော့ ဘဝင်လည်းမြင့်သွားပါတယ်။ ငါဒီလောက်အမြင့်ကြီးကို ရောက်အောင် ပြန်တက်လာနိုင်တာပဲပေါ့။ ဝင်ကြေးတစ်ယောက်တစ်ထောင်ပါ။ Pepssi တို့ Sunkist တို့လို သံဘူးအအေး တစ်ယောက်တစ်ဘူး ပြန်တိုက်ပါတယ်။

နောက်တစ်နေရာက Governer House ပါ။

အဆောက်အဦးထဲ ဝင်ကြည့်မယ်ဆိုရင် ဝင်ကြေးတစ်ယောက် လေးထောင်ပါ။ ဝင်ကြည့်သင့်ပါတယ်။အသက်ဝင်လွန်းလို့ ကြက်သီးထရလောက်အောင် လက်ရာမြောက်တဲ့ အရုပ်တွေရှိပါတယ်။ အတွင်းပိုင်းအပြင်အဆင်ကလည်း တကယ်ကို ၁၈-၁၉ ရာစုလောက်ကို ပြန်ရောက်သွားသလို ခံစားရမှာပါ။ အထဲရောက်ရင် ခြံထွက်ကော်ဖီတိုက်ပါတယ်။ ကော်ဖီမကြိုက်ရင် အအေးတိုက်ပါတယ်။

ပြီးတော့ Mico Hill ကို သွားပါ။

အကျယ်ကြီး မဟုတ်ပေမယ့် ဓါတ်ပုံရိုက်ဖို့ အရမ်းလှတဲ့ Spotတွေရှိတဲ့ နေရာလေးပါ။ ဝင်ကြေးတစ်ယောက်တစ်ထောင်ပါ။ ရေဘူးအသေးလေး ပြန်ထည့်ပေးပါတယ်။

BE Fall၊ မဟာအံ့ထူးကန်သာ၊ ကန်တော်ကြီး၊ ပိတ်ချင်းမြောင်တို့ကတော့ သွားကိုသွားဖြစ်ကြမယ့် နေရာတွေဆိုတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ အဲ ပြင်ဦးလွင်ရောက်ပြီးမှ ခြံထွက်စတော်ဘယ်ရီ ဖျော်ရည်သောက်ရမှ ဖြစ်မယ်ဆိုရင်တော့ BE Fall မှာ သောက်ပါ။ ဒီဇင်ဘာခြံထက် သက်သာသလို ခြံထွက်စစ်ပါတယ်။ အသီးတော့မရောင်းသေးပါဘူး။ ဒီအချိန်ရှားပါသေးတယ်။ ပြီးတော့ အသီးဝိုင်စစ်စစ်တွေလည်း ရပါတယ်။ ဈေးကတော့ ၆၀၀၀-၈၀၀၀ လောက်ပါ။

နောက်ထပ်သွားသင့်တဲ့ နေရာတစ်ခုက ထူးလိမ္မော်ခြံပါ။

BE fall ကနေ တော်တော်ဆက်ဝင်ရပါတယ်။ ဝင်ကြေး ၂၀၀၀ ပါ။ ခြံထဲရောက်သွားရင် တုတ်တုတ်လေးနဲ့ လိမ္မော်ခင်းထဲလိုက်ပို့ပေးပါတယ်။ ဝါးခမောက်နဲ့ ပလိုင်းလေးတွေပေးပြီး ကိုယ်တိုင်ကိုယ်ကျ လိမ္မော်သီးခူးလို့ရပါသေးတယ်။ လိမ္မော်သီးက တစ်ကီလိုနှစ်ထောင်ပါ။ ခူးသလောက် ချိန်ပေးပါတယ်။ ပြီးရင်တော့ လိမ္မော်ရည်စစ်စစ်တစ်ခွက် လက်ဆောင်ပြန်တိုက်ပါတယ်။

နောက်ဆုံးနေရာကတော့ မြို့ရှောင်လမ်းပါ။

လမ်းမကြီးက ကားအသွားအလာနည်းလို့ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာလေးပေါ့။ ကားလမ်းဘေးမှာလည်း သစ်တောဆိုတော့ အေးအေးလူလူနဲ့ ရိုက်နိုင်ရင် ပုံကောင်းလေးတွေ ရမှာပါ။

အချိန်သိပ်မကုန်ချင်ဘူးဆိုရင်တော့ Cozy World ကို မသွားပါနဲ့ ယောင်းရေ..

အလှဆင်ထားတဲ့ အရုပ်အနည်းအကျဉ်းအပြင် ဘာမှမရှိလို့ပါ။ ဝင်ကြေးတစ်ထောင်ပါ။ ဒီမှာတော့ လက်ဆောင်ဘာမှပြန်မပေးပါဘူး။

နောက်ထပ်သတိထားစရာတစ်ခုက လည်ပတ်တော့မယ်ဆိုရင် မနက် ၉-၁၀ လောက်ထွက်နိုင်ရင် ပိုကောင်းပါတယ်။ နေ့တာတို၊ သစ်ပင်တွေများ၊ အမှောင်မြန်၊ အအေးပိုလာတဲ့အတွက် ညနေပိုင်းရောက်လေ လည်လို့မကောင်းတော့လေပါ။ လည်ပတ်ရမယ့်နေရာတွေကလည်း ညနေ ငါးခွဲလောက်ဆိုပိတ်တတ်ပါတယ်။

နောက်ဆုံးပိတ်အနေနဲ့ သတိထပ်ပေးချင်တာလေးကတော့ အပင်ပန်းမခံနိုင်ရင် ဓာတ်တော်ချိုင့်မသွားကြဖို့ပါ။ အက်မင်ဆို ပင်ပန်းပြီးဖျားလို့ ပြင်ဦးလွင်မှာတင် ဆေးဆန်းသွားပြ ဆေးပါသွင်းယူလိုက်ရပါတယ်။ ခြေထောက်ကိုက်တဲ့ ဒဏ်ကိုလည်းမျက်ရည်ပေါက်ပေါက်ကျအောင် ခံလိုက်ရပါတယ်။ နောက်ဆုံးနေ့ သွားမယ်လို့ စီစဉ်ထားတဲ့ ကန်တော်ကြီးတောင် နေမကောင်းလို့ မရောက်သွားလိုက်ပါဘူး။ ပြင်ဦးလွင်ရောက်ပြီး ကန်တော်ကြီးမရောက်ဘဲ ဆေးခန်းရောက်သွားတဲ့ မတ်မတ်ပါနော် -_-  နောက်ဆုံးနေ့ဆေးခန်းကပြန်လာ ဟိုတယ်မှာခဏအနားယူပြီး ည ၇ နာရီကားနဲ့ ရန်ကုန်ကိုပြန်ထွက်ပါတယ်။ ဒီကို မနက် ၅ နာရီလောက်ပြန်ရောက်လာပါတယ်။

အက်မင်ကတော့ ကြုံခဲ့သမျှ ဂျင်းတွေရော အစစ်အမှန်တွေကိုရော မျှဝေပြီးသွားပါပြီ။ ရောက်အောင်သွားပြီး ဂျင်းကြည့်ရှောင်ဖို့ကတော့ ယောင်းတို့တာဝန်ဖြစ်သွားပြီနော်။ ကဲ ဘာလုပ်နေတာလဲ ဝယ်ထားသမျှ အနွေးထည်တွေနဲ့ ပန်းပေါင်းစုံကြားမှာ ရှိုးထုတ်ဖို့ မြန်မြန်စီစဉ်လိုက်တော့လေ။

Myat (For Her Myanmar)

ဓာတ်ပုံများ အသုံးပြုခွင့်ပေးပါသော Ko Tin Maung အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

Myat Moe
နာမည္က ျမတ္မိုးဆင့္ပါ. အသက္က ၂၀ ပါ. အပ်ိဳၾကီးမမေပါ့. For Her Myanmar မွာ Full time writer အေနနဲ႔ စလုပ္မွာပါ. အားမနာဘဲနဲ႔ သင္စရာရွိရင္ သင္ျပီး ေျပာစရာရွိရင္ ေျပာလို႔ရပါတယ္. Love me more! ❤

Leave a Reply

Your email address will not be published. Required fields are marked *