ခရီးသြားရတာ ႀကိဳက္တဲ့ ေယာင္းေလးေတြ မျဖစ္မေန See first လုပ္ထားသင့္တဲ့ ခရီးသြား ဘေလာ့ဂါ (၆)ေယာက္

ဖတ္ၿပီးရင္ သြားၿပီး See First လုပ္ထားလိုက္ေတာ့ေနာ္.. 

ခရီးတစ္ခုသြားေတာ့မယ္ဆိုရင္ သြားမယ့္ေနရာမွာ ဘာေတြ ရွိတယ္၊ ဘယ္လို တည္းခိုရတယ္၊ ေျမျပင္အေျခအေနဘယ္လိုရွိတယ္ စသျဖင့္ အေျခအေနေတြကို ဟိုးအရင္တုန္းကဆိုရင္ စံုစမ္းေလ့လာဖို႔ ေတာ္ေတာ္ အလွမ္းေဝးတယ္ ဆိုရမွာပါ။ ခုေတာ့ ခရီးသြားဘေလာ့ဂါေတြရဲ႕ ေက်းဇူးနဲ႔ ရာသီဥတုအေျခအေနကအစ စားစရာ မုန္႔ပဲသြားရည္စာ အဆံုး ေအးေအးေဆးေဆး သိႏိုင္ေနၿပီေလ… တစ္ခုခု သိခ်င္တယ္ဆိုရင္ သူတို႔ရဲ႕ Review ေလးေတြ သြားဖတ္လိုက္ရံု… ဆိုေတာ့ ခရီးထြက္ရတာ ဝါသနာပါတဲ့ ေယာင္းေယာင္းေလးတို႔ ခရီးစဥ္အဆင္ေျပေခ်ာေမြ႕ေစဖို႔ Review ေလးေတြ ႀကိဳဖတ္ထားခ်င္တယ္ဆိုရင္ အလြယ္တကူ ရွာေတြ႕ႏုိင္ဖို႔ ဒီ ခရီးသြား ဘေလာ့ဂါ (၇)ေယာက္အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…

  1. Travel by Naw Htike

ကိုယ္တိုင္ ခရီးသြားၿပီး ၾကံဳလာရတဲ့ အျဖစ္အပ်က္ေတြ၊ အေတြ႕အၾကံဳေတြကို အရင္းအတုိင္း ေဖာက္သည္ခ်တတ္တဲ့ မမပါ။ ျပည္တြင္း ခရီးစဥ္၊ ျပည္ပ ခရီးစဥ္ေတြအျပင္ လူသိနည္းတဲ့ ေနရာေတြကိုပါ သြားၿပီး အေသးစိတ္ကိုပါ ေျပာျပတတ္ၿပီး ခရီးသြား ရီဗ်ဴးေတြကို စိတ္ဝင္စားစရာေကာင္းေအာင္ ေရးေပးတတ္တာလည္း Travel by Naw Htike ရဲ႕ ထူးျခားခ်က္ပါ။

Related Article >>> ခရီးသြားတဲ့အခါ ပိုၿပီး အဆင္ေျပလြယ္ကူေအာင္ ဘယ္လို App ေတြ ေဒါင္းလုတ္ဆြဲသြားသင့္လဲ??

2. Travel Kueen

ခရီးစဥ္တစ္ခုအေၾကာင္းကို အခ်က္အလက္ ျပည့္ျပည့္စံုစံု၊ ကုန္က်ခဲ့တဲ့ စရိတ္ အတိအက်နဲ႔ ျပန္ၿပီး ေျပာျပေပးတတ္တဲ့ Travel Kueen ေလးက ခရီးသြား ဓာတ္ပံုလွလွေလးေတြနဲ႔ ဖမ္းစားတတ္တဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ေနာက္ၿပီး ခရီးစဥ္အလိုက္ စိတ္ဝင္စားစရာ ဗီဒီယိုေလးေတြကိုလည္း ရိုက္ကူးတင္ဆက္ေပးတတ္ေသးတာမို႔ Travel Kueen Page ေလးထဲ ဝင္ၾကည့္ျဖစ္မယ္ဆို ခရီးသြားဗဟုသုတလည္း ရသလို ပ်င္းမွာလည္း မဟုတ္ဘူးေနာ္…

3. The Dream Travellers

ဒီ Page က ေတာ္ေတာ္ေလး ထူးျခားပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီ Page ရဲ႕ ဘေလာ့ဂါ မမက ေက်ာပိုးအိတ္တစ္လံုးလြယ္ၿပီး ႏိုင္ငံတကာ ပတ္ၿပီး Review ေတြ ေပးေနတာမို႔ပါ။ သဘာဝအလွတရားေတြ မပ်က္စီးေသးတဲ့ ေနရာေတြ၊ အရိုင္းဆန္ၿပီး စြန္႔စြန္႔စားစားသြားလို႔ေကာင္းမယ့္ ေနရာေတြရဲ႕ အလွတရားေတြကို The Dream Travellers Page မွာ အမ်ားႀကီး ေတြ႕ရမွာပါ။ ခရီးစဥ္ရဲ႕ ထူးျခားခ်က္ေတြနဲ႔ အေသးစိတ္ကစ ေဖာ္ျပေပးထားတာမို႔ ဒီခရီးေတြကို သြားခ်င္ပါတယ္ဆိုတဲ့ ေယာင္းတို႔အတြက္ ကုန္က်စရိတ္ နဲ႔ အခ်ိန္ကာလကို တြက္ခ်က္ရတာ ပိုၿပီး လြယ္ကူေစမွာပါ။

4. Liang

သူကေတာ့ ျမန္မာျပည္မွာရွိတဲ့ ပုန္းကြယ္ေနတဲ့ ေဒသႏၱရ အလွအပေတြနဲ႔ ေနရာေဒသ တစ္ခုခ်င္းစီက စိတ္ဝင္စားစရာေကာင္းတဲ့ အရာေလးေတြအေၾကာင္း အေသးစိတ္ေရးသားေပးေနတဲ့ Page ေလးပါ။ ရိုးရွင္းတဲ့ၿပီးသူသိနည္းေနေသးတဲ့ေနရာေတြမွာလည္း သဘာဝအလွေတြအမ်ားႀကီးရွိေနတယ္ဆိုတာကိုသူေရးထားတဲ့ Review ေလးေတြမွာ အတိုင္းသားေတြ႔ျမင္ႏိုင္ပါတယ္။ ဒါကကို Liang ရဲ႕ အလန္းဆံုး ထူးျခားခ်က္ျဖစ္ေနေတာ့တာပါပဲ။

Related article >>> ခရီးသြြားဖို႕ၾကံစည္လိုက္တိုင္း ဂ်င္းထည့္တတ္တဲ့ သူငယ္ခ်င္းကို ဘယ္လိုအပီခ်ဳပ္မလဲ

5. My Khayee – မိုင္ခရီး

 

မိုင္ခရီးရဲ႕ ခ်ီလီဆိုရင္ေတာ့ မသိတဲ့သူ သိပ္ရွိမယ္ မထင္ပါဘူးေနာ္… အနည္းနဲ႔အမ်ားေတာ့ ၾကားဖူးၾကမွာပါ။ ခရီးသြား Review ေတြအျပင္ ခရီးစဥ္တစ္ေလွ်ာက္မွာ ပ်က္စီးလာမယ့္ အသားအေရအတြက္ ထိန္းသိမ္းနည္းေလးေတြကိုပါ မွ်ေဝေပးတတ္သူမုိ႔ ဝိုင္းခ်စ္ၾကတာ ခံရသူေလးပါ။ ကိုယ့္အားကိုယ္ကိုးၿပီး ခရီးသြားၾကမယ့္ ေယာင္းေလးေတြဆိုရင္ My Khayee – မိုင္ခရီး Page မွာ သိလိုရာ သြားေမးလို႔ရပါတယ္ေနာ္..

6. I Love Travelling

 

I Love Travelling ဆိုတဲ့ Page မွာေတာ့ ႏိုင္ငံတကာ ခရီးစဥ္ေတြကို အဓိက ေတြ႕ရမွာပါ။ ႏိုင္ငံျခားခရီးစဥ္ေတြကို ကိုယ့္ပလန္နဲ႔ကိုယ္ သြားခ်င္တဲ့ ေယာင္းတို႔အတြက္ေတာ့ ဒီ I Love Travelling ဟာ အားကိုးရာတစ္ခုလို႔ ဆိုမယ္ဆိုလည္း မမွားပါဘူးေနာ္… ႏုိင္ငံျခား ခရီးေတြမွာ ျမန္မာဝတ္စံုေလးေတြ နဲ႔ ရိုးရာဝတ္စံုေလးေတြကို အျမတ္တႏိုးဝတ္ၿပီး ဓာတ္ပံုေလးေတြ တင္တတ္တာကလည္း I Love Travelling ရဲ႕ ပဲ့ကိုင္ရွင္ မေမဇြန္ရဲ႕ ခ်စ္စရာ အျပဳအမူေလး တစ္ခုေပါ့…

ကဲ.. ဒီေလာက္ဆို ေယာင္းတို႔ ခရီးထြက္ဖို႔ စီစဥ္ေနရင္း တစ္ခုခု သိခ်င္တာရွိရင္ အလြယ္တကူ ရွာေဖြလို႔ ရၿပီေပါ့… 

Phyu Thant(For Her Myanmar)

<<< Unicode >>>

ဖတ်ပြီးရင် သွားပြီး See First လုပ်ထားလိုက်တော့နော်.. 

ခရီးတစ်ခုသွားတော့မယ်ဆိုရင်သွားမယ့်နေရာမှာ ဘာတွေ ရှိတယ်၊ ဘယ်လို တည်းခိုရတယ်၊ မြေပြင်အခြေအနေဘယ်လိုရှိတယ် စသဖြင့် အခြေအနေတွေကို ဟိုးအရင်တုန်းကဆိုရင် စုံစမ်းလေ့လာဖို့ တော်တော် အလှမ်းဝေးတယ် ဆိုရမှာပါ။ ခုတော့ ခရီးသွားဘလော့ဂါတွေရဲ့ ကျေးဇူးနဲ့ ရာသီဥတုအခြေအနေကအစ စားစရာ မုန့်ပဲသွားရည်စာ အဆုံး အေးအေးဆေးဆေး သိနိုင်နေပြီလေ… တစ်ခုခု သိချင်တယ်ဆိုရင် သူတို့ရဲ့ Review လေးတွေ သွားဖတ်လိုက်ရုံ… ဆိုတော့ ခရီးထွက်ရတာ ဝါသနာပါတဲ့ ယောင်းယောင်းလေးတို့ ခရီးစဉ်အဆင်ပြေချောမွေ့စေဖို့ Review လေးတွေ ကြိုဖတ်ထားချင်တယ်ဆိုရင် အလွယ်တကူ ရှာတွေ့နိုင်ဖို့ ဒီ ခရီးသွား ဘလော့ဂါ (၇)ယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်…

Travel by Naw Htike

ကိုယ်တိုင် ခရီးသွားပြီး ကြုံလာရတဲ့ အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေကို အရင်းအတိုင်း ဖောက်သည်ချတတ်တဲ့ မမပါ။ ပြည်တွင်း ခရီးစဉ်၊ ပြည်ပ ခရီးစဉ်တွေအပြင် လူသိနည်းတဲ့ နေရာတွေကိုပါ သွားပြီး အသေးစိတ်ကိုပါ ပြောပြတတ်ပြီး ခရီးသွား ရီဗျူးတွေကို စိတ်ဝင်စားစရာကောင်းအောင် ရေးပေးတတ်တာလည်း Travel by Naw Htike ရဲ့ ထူးခြားချက်ပါ။ 

Related Article >>> ခရီးသွားတဲ့အခါ ပိုပြီး အဆင်ပြေလွယ်ကူအောင် ဘယ်လို App တွေ ဒေါင်းလုတ်ဆွဲသွားသင့်လဲ??

Travel Kueen

ခရီးစဉ်တစ်ခုအကြောင်းကို အချက်အလက် ပြည့်ပြည့်စုံစုံ၊ ကုန်ကျခဲ့တဲ့ စရိတ် အတိအကျနဲ့ ပြန်ပြီး ပြောပြပေးတတ်တဲ့ Travel Kueen လေးက ခရီးသွား ဓာတ်ပုံလှလှလေးတွေနဲ့ ဖမ်းစားတတ်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ပြီး ခရီးစဉ်အလိုက် စိတ်ဝင်စားစရာ ဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးတင်ဆက်ပေးတတ်သေးတာမို့ Travel Kueen Page လေးထဲ ဝင်ကြည့်ဖြစ်မယ်ဆို ခရီးသွားဗဟုသုတလည်း ရသလို ပျင်းမှာလည်း မဟုတ်ဘူးနော်…

The Dream Travellers

ဒီ Page က တော်တော်လေး ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Page ရဲ့ ဘလော့ဂါ မမက ကျောပိုးအိတ်တစ်လုံးလွယ်ပြီး နိုင်ငံတကာ ပတ်ပြီး Review တွေ ပေးနေတာမို့ပါ။ သဘာဝအလှတရားတွေ မပျက်စီးသေးတဲ့ နေရာတွေ၊ အရိုင်းဆန်ပြီး စွန့်စွန့်စားစားသွားလို့ကောင်းမယ့် နေရာတွေရဲ့ အလှတရားတွေကို The Dream Travellers Page မှာ အများကြီး တွေ့ရမှာပါ။ ခရီးစဉ်ရဲ့ ထူးခြားချက်တွေနဲ့ အသေးစိတ်ကစ ဖော်ပြပေးထားတာမို့ ဒီခရီးတွေကို သွားချင်ပါတယ်ဆိုတဲ့ ယောင်းတို့အတွက် ကုန်ကျစရိတ် နဲ့ အချိန်ကာလကို တွက်ချက်ရတာ ပိုပြီး လွယ်ကူစေမှာပါ။

Liang

သူကတော့ မြန်မာပြည်မှာရှိတဲ့ ပုန်းကွယ်နေတဲ့ ဒေသန္တရ အလှအပတွေနဲ့ နေရာဒေသ တစ်ခုချင်းစီက စိတ်ဝင်စားစရာကောင်းတဲ့ အရာလေးတွေအကြောင်း အသေးစိတ်ရေးသားပေးနေတဲ့ Page လေးပါ။ ရိုးရှင်းတဲ့ပြီးသူသိနည်းနေသေးတဲ့နေရာတွေမှာလည်း သဘာဝအလှတွေအများကြီးရှိနေတယ်ဆိုတာကိုသူရေးထားတဲ့ Review လေးတွေမှာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။ ဒါကကို Liang ရဲ့ အလန်းဆုံး ထူးခြားချက်ဖြစ်နေတော့တာပါပဲ။

Related article >>> ခရီးသွားဖို့ကြံစည်လိုက်တိုင်း ဂျင်းထည့်တတ်တဲ့ သူငယ်ချင်းကို ဘယ်လိုအပီချုပ်မလဲ

My Khayee – မိုင်ခရီး

 

မိုင်ခရီးရဲ့ ချီလီဆိုရင်တော့ မသိတဲ့သူ သိပ်ရှိမယ် မထင်ပါဘူးနော်… အနည်းနဲ့အများတော့ ကြားဖူးကြမှာပါ။ ခရီးသွား Review တွေအပြင် ခရီးစဉ်တစ်လျှောက်မှာ ပျက်စီးလာမယ့် အသားအရေအတွက် ထိန်းသိမ်းနည်းလေးတွေကိုပါ မျှဝေပေးတတ်သူမို့ ဝိုင်းချစ်ကြတာ ခံရသူလေးပါ။ ကိုယ့်အားကိုယ်ကိုးပြီး ခရီးသွားကြမယ့် ယောင်းလေးတွေဆိုရင် My Khayee – မိုင်ခရီး Page မှာ သိလိုရာ သွားမေးလို့ရပါတယ်နော်..

I Love Travelling

 

I Love Travelling ဆိုတဲ့ Page မှာတော့ နိုင်ငံတကာ ခရီးစဉ်တွေကို အဓိက တွေ့ရမှာပါ။ နိုင်ငံခြားခရီးစဉ်တွေကို ကိုယ့်ပလန်နဲ့ကိုယ် သွားချင်တဲ့ ယောင်းတို့အတွက်တော့ ဒီ I Love Travelling ဟာ အားကိုးရာတစ်ခုလို့ ဆိုမယ်ဆိုလည်း မမှားပါဘူးနော်… နိုင်ငံခြား ခရီးတွေမှာ မြန်မာဝတ်စုံလေးတွေ နဲ့ ရိုးရာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်ပြီး ဓာတ်ပုံလေးတွေ တင်တတ်တာကလည်း I Love Travelling ရဲ့ ပဲ့ကိုင်ရှင် မမေဇွန်ရဲ့ ချစ်စရာ အပြုအမူလေး တစ်ခုပေါ့…

ကဲ.. ဒီလောက်ဆို ယောင်းတို့ ခရီးထွက်ဖို့ စီစဉ်နေရင်း တစ်ခုခု သိချင်တာရှိရင် အလွယ်တကူ ရှာဖွေလို့ ရပြီပေါ့… 

Phyu Thant(For Her Myanmar)

No Comments Yet

Comments are closed