ဖယ္ၾကဥ္ခံထားရတဲ့အခါ…

ကိုယ့္တုန္းကလည္း ဒါမ်ိဳးအလုပ္ခံခဲ့ရတာ.. သူမ်ားကိုလည္း ဒီလိုလုပ္လိုက္မယ္ဆိုရင္ေတာ့ မဟုတ္ေသးဘူးေနာ္…. 

နည္းနည္းေတာ့ ခံရဖူးမယ္ မသိမသာေကာ သိသိသာသာေကာ ဖယ္ၾကဥ္ခံရတာေတြရွိခဲ႔ဖူးမယ္။ ကိုယ္ကလည္း သူမ်ားကို ဖယ္ၾကဥ္ခဲ့ဖူးတာေတြရွိရင္လည္း ရွိဖူးမယ္။ ဒါေပမဲ့ ကိုယ္လုပ္ခဲ့တာေတြကိုေတာ့ ေမ့တတ္ၾကၿပီး ကိုယ္ ဖယ္ၾကဥ္ခံထားရတာကိုေတာ့ မေမ့တတ္တာဟာ သဘာဝပါ။ ဆိုေတာ့ ကိုယ္ကလည္း သူတစ္ပါးကို အေၾကာင္းအမ်ိဳးမ်ိဳးျပ ဖယ္ၾကဥ္ခဲ႕ဖူးသလို ကိုယ့္က်လည္း အေၾကာင္းရင္း မယ္မယ္ရရ ေတာင္ မရွိဘဲ ဖယ္ၾကဥ္ၾကတာမ်ိဳးက ျဖစ္ေနက်လို႔ ဆိုႏိုင္ပါတယ္။

ဒီလို ဖယ္ၾကဥ္ခံရတာကို အဓိပၸာယ္ဖြင့္မယ္ဆိုရင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ စိတ္ဓာတ္မေကာင္းလြန္းလို႕ ဖယ္ၾကဥ္ရတာမ်ိဳး၊ ကိုယ့္ထက္သာမနာလိုစိတ္ေၾကာင့္ ဖယ္ၾကဥ္တာမ်ိဳး အမ်ိဳးမ်ိဳးေပါ့။ ဒီထဲမွာမွ လူ႕အသိုင္းအဝိုင္းကို ဆိုးဆိုးရြားရြား ဒုကၡေပးေနတဲ့ လူမ်ိဳးကလြဲရင္ေတာ့ အေၾကာင္းရင္းမရွိဘဲ တစ္ဖက္သားကို ဖယ္ၾကဥ္တာမ်ိဳးက သိပ္ေတာ့ အဓိပၸာယ္မရွိပါဘူး။

တကယ္လို႕ လုပ္ခဲ့မယ္ဆိုရင္လည္း အဲဒီလူရဲ႕ တုန္႕ျပန္မႈအားက ေၾကာက္စရာေတာင္ ေကာင္းပါတယ္။ သူ႕စိတ္အေျခအေနေပၚမူတည္ၿပီး လုပ္ခ်င္တာေတြ လုပ္တာမို႔ ပိုဆိုးလာတာေတြလည္း ရွိတတ္ပါတယ္။ ကိုယ့္ပတ္ဝန္းက်င္က ကိုယ့္ကို ဖယ္ၾကဥ္ထားတာမ်ိဳးပဲျဖစ္ျဖစ္၊ ကိုယ့္ပတ္ဝန္းက်င္ကေန အျခားတစ္ေယာက္ကို ဖယ္ၾကဥ္ထားတာမ်ိဳးပဲျဖစ္ျဖစ္ ျဖစ္တတ္တဲ့ သေဘာေတြကေတာ့ အတူတူနီးနီးပါပဲ..

Related Article >>> အထီးက်န္ေနတဲ့ အခ်ိန္မွာ ဒါေလးေတြ လုပ္ၾကည့္ၾကပါ။

ဘယ္သူပဲ ဖယ္ၾကဥ္ခံထားရသည္ျဖစ္ပါေစ၊ လူေတြ ဖယ္ၾကဥ္ခံရၿပီဆိုတဲ့အခါ…

  • ပိုရြဲ႕လုပ္လာတယ္။

ဖယ္ၾကဥ္ခံရသူတိုင္းရဲ႕ တုိက္ကြက္က ဒါပဲေလ ရြဲ႕လုပ္မွာပဲ။ ကိုယ့္ကို ဖယ္ၾကဥ္သူက ဒါမႀကိဳက္ဘူးဆို ဒါခ်ည္းပဲလုပ္တယ္။ ဘာလို႕ဖယ္ၾကဥ္တုန္းလို႔ သူတို႔ စဥ္းစားခ်င္မွ စဥ္းစားမယ္၊ လူပဲ လူၾကားထဲပဲ ေနခ်င္မွာေပါ့။ ကိုယ္ပါလာရင္ပဲ မေပ်ာ္ရေတာ့သလိုလို ၊ ကိုယ္ဝင္ကစားရင္ပဲ ရံႈးေတာ့မွာလိုလို ဘာအေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ ရြဲ႕လုပ္တာက သဘာဝပါပဲ။ ကိုယ့္ထက္ ေတာ္လို႕ပဲ ဖယ္ၾကဥ္ပါေစ၊ ထံုသလိုလို အ သလိုလိုမို႔လို႔ ဖယ္ၾကဥ္ပါေစ၊ အရမ္းေတာ္လြန္းလို႕ပဲ အလိုလိုေနရင္း အျမင္ကတ္ၿပီး ဖယ္ၾကဥ္ေနပါေစ ဘယ္လိုပဲ ဖယ္ၾကဥ္ၾကဥ္၊ ဖယ္ၾကဥ္ခံရတဲ႔လူမွန္သမွ် နည္းနည္းေလးေတာ့ ရြဲ႕လုပ္ျပလိုက္ရမွဆိုတဲ႔ အထဲကခ်ည္းပါပဲ။ တကယ္က ရြဲ႕လုပ္တာက ေနာက္ထားပါ.. လူတစ္ေယာက္ကို ဖယ္ၾကဥ္လိုက္ၿပီဆိုတာနဲ႔ အၾကဥ္ခံရတဲ့သူသည္ ေကာင္းတဲ႔ဘက္ထက္ မေကာင္းတဲ႕ဘက္ ပိုေရာက္သြားၾကတာ မ်ားပါတယ္။

  • သူ႕အလိုကိုပဲ လိုက္ျဖည့္ဖို႔ ႀကိဳးစားတယ္။

ဘယ္လိုအေၾကာင္းေၾကာင့္နဲ႔ပဲ သူတို႕ဟာ ဖယ္ၾကဥ္ခံေနရပါေစ လူေတြကို ဂရုစိုက္တတ္သူဆို သူတို႕အလိုဆႏၵေတြကို ျဖည့္ေပးတတ္ၾကတယ္။ ဘယ္လိုေျပာမလဲ အလိုက္သိတတ္လြန္းတယ္ပဲ ေျပာရမလား.. သူဟာ လူရာဝင္ခ်င္ေၾကာင္း သူတို႕နဲ႕အတူတူ စိတ္တူကိုယ္တူရွိေၾကာင္း ျပခ်င္ေနတာနဲ႔ လူတစ္ေယာက္ကိုေတာင္ ဖယ္ၾကဥ္တတ္တဲ့ စိတ္ထားရွိသူေတြရဲ႕ အလိုကို လိုက္လုပ္ေပး ေနထိုင္ေပးေနတာေတြကို ျမင္ဖူးတယ္မလား။ကိုယ္စိတ္နဲ႕ကိုယ္ အသက္မရွင္ရ သူမ်ားအလိုကို ျဖည့္ေပးခ်င္္တဲ့လူဟာ အရူးနဲ႕မျခားပါဘူး။ ကိုယ္ကေတာ့ ဘယ္ေတာ့မွ လူတစ္ဖက္သားကို မေပါင္းခ်င္သလိုလို ဖယ္ၾကဥ္သလိုလို မလုပ္တာလည္း လူပီသျခင္းတစ္မ်ိဳးပါပဲ။

Related Article >>> အေတြ႔အႀကံဳခ်င္းမတူရင္၊ ခံစားခ်က္ခ်င္းမတူႏိုင္ပါဘူး

  • ဒုကၡအႀကီးႀကီးေပးဖို႕ ႀကံတယ္။

ငါ ဘာအမွားလုပ္လို႕လဲ သူတို႕ေတြးေကာင္းေတြးမွာပဲ။ လူပဲ တစ္ေယာက္တည္း ေနတတ္တဲ့ အမ်ဳိးမွ မဟုတ္တာ ကိုယ္က်င္လည္ရာ ပတ္ဝန္းက်င္မွာ ေဘးေရာက္ေနတဲ့သူ၊ ဖယ္ၾကဥ္ထားတာမ်ိဳးကို ႀကံဳရင္ ငံု႕ခံဖို႕ထက္ သူ႕ကိုခ်န္ထားတဲ့ အဖြဲ႕အစည္းကို မေကာင္းႀကံခ်င္လာမွာပဲ ။ မနာလိုလို႕ လိုက္ဖိုက္တာက သပ္သပ္ေပါ့ေနာ္။အေကာင္းဘက္က တိုးတက္ဖိုု႔လုပ္ေနတဲ့ ကိစၥေတြကိုေတာင္ သူသိသေလာက္နဲ႕ နည္းနည္းေတာ့ ေနွာက္လိုက္ရမွ ဆိုတာေတြျဖစ္လာတယ္။ အဲ့ဒီေတာ့ လူေတြက သူ႕ကိုမုန္း သူကလူေတြကို မုန္း နဲ႕ ဘယ္မလဲ ေကာင္းတဲ့အရာေတြ။ ဒါေၾကာင့္ လူတစ္ေယာက္ကို ဖယ္ၾကဥ္တာ မေကာင္းဘူးလို႔ ဆိုတာေပါ့..

  • ငိုခ်င္စိတ္ေပၚလာတယ္။

အ့ဲဒါေတြက အသက္ငယ္တဲ့သူေတြမွာ ပိုေတြ႕ရတယ္။ သူတို႕ကို တစ္ေယာက္တည္းျဖစ္သြားၿပီ မေခၚေတာ့ဘူး ေျပာၾကည့္ပါလား.. ငိုတာ ငိုတာ ဆုိတာေလ ၾကည့္မေကာင္းဘူး။ အသက္ႀကီးလာတဲ့သူေတြကေကာ ဘာမွ မထူးပါဘူး ငိုလို႕မေကာင္းလြန္းလို႕သာ မသိသလို သိသလိုလို လုပ္ေနရတယ္။ ကိုယ္ခ်စ္တဲ့သူ ကိုယ္ေလးစားရသူကမ်ား မေခၚမေျပာသလိုလို လူရာမဝင္တဲ့ပံုစံမ်ား ဆက္ဆံမိရင္ ဝမ္းနည္းတတ္လာတာပဲ။ မ်က္ရည္လြယ္သူဆို ငုိခ်င္ငိုမွာေပါ့ ။ အသက္ႀကီးလာရင္ ဟန္ေဆာင္ရတာေတြ မ်ားလာတယ္ေလ။ တစ္ခ်ိဳ႕ေတြကေတာ့ ကိုယ္ကႏိုင္ရမွန္း သိရင္ ပိုလုပ္ျပတတ္တာပါပဲ။ ကိုယ္က ေကာင္းေအာင္ေနပါရဲ႕နဲ႕ ဖယ္ၾကဥ္တာေတြႀကံဳလာ ရ ရင္ မခံစားႏုိင္ေလာက္ေလာက္ေအာင္ ငံု႕ခံေနခဲ့ရရင္ ဒီလိုမေကာင္းတဲ့ ပတ္ဝန္းက်င္ကေန ရဲရဲသာ ထြက္လာလိုက္ပါလုိ႕။

Related Article >>> ခံစားခ်က္ေတြေပးတဲ့ဂီတ

  • ကိုယ္ဟာ အသံုးမဝင္သူလို႕ ေတြးမိလာတယ္။

ကိုယ္ေတြဆို သူငယ္ခ်င္းေတြကို အားေပးခဲ့ရဖူးတယ္။ သူ႔ပတ္ဝန္းက်င္မွာ အသံုးမလိုေတာ့တဲ့ သူတစ္ေယာက္လို ျဖစ္ေနၿပီလားလို႔ ဆုိက္ကို ဝင္လာတာမ်ိဳးေပါ့။ လုပ္ငန္းခြင္ေတြမွာဆိုေတြ႕ဖူး တယ္ သူတို႕အတြက္ အသံုးမဝင္ေတာ့ဘူးလို႕ ထင္ရင္ ေပၚတင္မေျပာဘူး ဖယ္ၾကဥ္တဲ့ နည္းနဲ႕ လူတစ္ေယာက္ကို မထြက္ ထြက္ေအာင္လုပ္ေနတာမ်ိဳး။ ျမင္ရတာ တကယ္ကို စိတ္မခ်မ္းသာစရာပါ။ အဲ့ဒါေၾကာင့္ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ေနတာက အေကာင္းဆံုးပါ။ စိတ္ဓာတ္သိပ္မျပည့္ဝတဲ့ ေနရာကို ေရာက္ခဲ့ရင္ ဆင္ျခင္ၿပီး အမုန္းပြားမဲ့ ကိစၥေတြကို ေရွာင္လိုက္ပါ ။ ဘယ္အရာမဆုိ ကိုယ္က တစ္ဖက္စြန္းေရာက္လြန္းခဲ့ရင္ အမ်ားနဲ႔မတူခဲ့ရင္ ဖယ္ၾကဥ္ခံရတတ္ပါတယ္ ။ ကိုယ္က ဒါမ်ိဳးႀကံဳခဲ့ရရင္ေတာ့ ငါဟာ သံုးစားမရေတာ့ဘူးလား အသံုးမဝင္တဲ့သူတစ္ေယာက္လားလို႕ သိပ္အေတြးမေခ်ာ္ပါနဲ႔။ ဒါဟာ ေနရာမွန္ လူမွန္ မေရာက္ေသးတာ သက္သက္ပါ။

ဘာသာေရးဘက္က ျပန္ၾကည့္ရင္ ျပဳသူအသစ္ ျဖစ္သူ အေဟာင္းပါပဲ။ ငါ့တုန္းက ဒီလိုၾကံဳရတယ္ ေနာက္လူေတြကိုိ ဒီလိုမျဖစ္ေအာင္ သတိေပးမယ္ ဆံုးမမယ္ ေျပာသင့္ေျပာထုိက္သူဆို ေျပာျပမယ္လို႕ေတြးပါ။ ငါ့တုန္ းက ဒီလိုၾကံဳရတယ္ သူတို႕ကိုေျပာတာ လုပ္တာ ဘာမွေတာင္မဟုတ္ဘူးလို႕ ကိုယ့္အျဖစ္နဲ႕ယွဥ္ စိတ္ဓာတ္ ယုတ္သူလည္း ရွိမယ္။ ဘာပဲျဖစ္ျဖစ္ လူတစ္ေယာက္ကို ဖယ္ၾကဥ္တာက ေကာင္းတဲ့ကိစၥ မဟုတ္တာေတာ့ ေသခ်ာပါတယ္ ။ ဖယ္ၾကဥ္ခံရ ရင္လည္း ကိုယ္လုိအပ္တာကို ကိုယ္သိေအာင္လုပ္ ျပင္သင့္တာျပင္ဖို႕ေတြးပါ။ တစ္ခ်ိန္လံုး ငါက အရမ္းေတာ္လို႔ ငါ့ကို မနာလိုလို႔ လုပ္ၾကတာလို႔ပဲ မေတြးနဲ႔ေပါ့။ ကိုယ့္ေရွ႕မွာ ဖယ္ၾကဥ္ခံ ရသူေတြ႕ေနရင္ ရွိေနရင္ အားေပးပါ လ်စ္လ်ဴမရႈပါနဲ႔။ အၾကံေပးလို႕ရတဲ့အေျခေနဆို အၾကံေပးပါလို႕။ဝဋ္ဆိုတာ လည္တတ္တဲ့အမ်ိဳးပါ ေယာင္းတို႕ရယ္။

Wai Zin ( For Her Myanmar )

<<< Unicode >>>

ကိုယ့်တုန်းကလည်း ဒါမျိုးအလုပ်ခံခဲ့ရတာ.. သူများကိုလည်း ဒီလိုလုပ်လိုက်မယ်ဆိုရင်တော့ မဟုတ်သေးဘူးနော်…. 

နည်းနည်းတော့ ခံရဖူးမယ် မသိမသာကော သိသိသာသာကော ဖယ်ကြဉ်ခံရတာတွေရှိခဲ့ဖူးမယ်။ ကိုယ်ကလည်း သူများကို ဖယ်ကြဉ်ခဲ့ဖူးတာတွေရှိရင်လည်း ရှိဖူးမယ်။ ဒါပေမဲ့ ကိုယ်လုပ်ခဲ့တာတွေကိုတော့ မေ့တတ်ကြပြီး ကိုယ် ဖယ်ကြဉ်ခံထားရတာကိုတော့ မမေ့တတ်တာဟာ သဘာဝပါ။ ဆိုတော့ ကိုယ်ကလည်း သူတစ်ပါးကို အကြောင်းအမျိုးမျိုးပြ ဖယ်ကြဉ်ခဲ့ဖူးသလို ကိုယ့်ကျလည်း အကြောင်းရင်း မယ်မယ်ရရ တောင် မရှိဘဲ ဖယ်ကြဉ်ကြတာမျိုးက ဖြစ်နေကျလို့ ဆိုနိုင်ပါတယ်။

ဒီလို ဖယ်ကြဉ်ခံရတာကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်မကောင်းလွန်းလို့ ဖယ်ကြဉ်ရတာမျိုး၊ ကိုယ့်ထက်သာမနာလိုစိတ်ကြောင့် ဖယ်ကြဉ်တာမျိုး အမျိုးမျိုးပေါ့။ ဒီထဲမှာမှ လူ့အသိုင်းအဝိုင်းကို ဆိုးဆိုးရွားရွား ဒုက္ခပေးနေတဲ့ လူမျိုးကလွဲရင်တော့ အကြောင်းရင်းမရှိဘဲ တစ်ဖက်သားကို ဖယ်ကြဉ်တာမျိုးက သိပ်တော့ အဓိပ္ပာယ်မရှိပါဘူး။

တကယ်လို့ လုပ်ခဲ့မယ်ဆိုရင်လည်း အဲဒီလူရဲ့ တုန့်ပြန်မှုအားက ကြောက်စရာတောင် ကောင်းပါတယ်။ သူ့စိတ်အခြေအနေပေါ်မူတည်ပြီး လုပ်ချင်တာတွေ လုပ်တာမို့ ပိုဆိုးလာတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကို ဖယ်ကြဉ်ထားတာမျိုးပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်ကနေ အခြားတစ်ယောက်ကို ဖယ်ကြဉ်ထားတာမျိုးပဲဖြစ်ဖြစ် ဖြစ်တတ်တဲ့ သဘောတွေကတော့ အတူတူနီးနီးပါပဲ..

Related Article >>> အထီးကျန်နေတဲ့ အချိန်မှာ ဒါလေးတွေ လုပ်ကြည့်ကြပါ။

ဘယ်သူပဲ ဖယ်ကြဉ်ခံထားရသည်ဖြစ်ပါစေ၊ လူတွေ ဖယ်ကြဉ်ခံရပြီဆိုတဲ့အခါ…

  • ပိုရွဲ့လုပ်လာတယ်။

ဖယ်ကြဉ်ခံရသူတိုင်းရဲ့ တိုက်ကွက်က ဒါပဲလေ ရွဲ့လုပ်မှာပဲ။ ကိုယ့်ကို ဖယ်ကြဉ်သူက ဒါမကြိုက်ဘူးဆို ဒါချည်းပဲလုပ်တယ်။ ဘာလို့ဖယ်ကြဉ်တုန်းလို့ သူတို့ စဉ်းစားချင်မှ စဉ်းစားမယ်၊ လူပဲ လူကြားထဲပဲ နေချင်မှာပေါ့။ ကိုယ်ပါလာရင်ပဲ မပျော်ရတော့သလိုလို ၊ ကိုယ်ဝင်ကစားရင်ပဲ ရှုံးတော့မှာလိုလို ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ရွဲ့လုပ်တာက သဘာဝပါပဲ။ ကိုယ့်ထက် တော်လို့ပဲ ဖယ်ကြဉ်ပါစေ၊ ထုံသလိုလို အ သလိုလိုမို့လို့ ဖယ်ကြဉ်ပါစေ၊ အရမ်းတော်လွန်းလို့ပဲ အလိုလိုနေရင်း အမြင်ကတ်ပြီး ဖယ်ကြဉ်နေပါစေ ဘယ်လိုပဲ ဖယ်ကြဉ်ကြဉ်၊ ဖယ်ကြဉ်ခံရတဲ့လူမှန်သမျှ နည်းနည်းလေးတော့ ရွဲ့လုပ်ပြလိုက်ရမှဆိုတဲ့ အထဲကချည်းပါပဲ။ တကယ်က ရွဲ့လုပ်တာက နောက်ထားပါ.. လူတစ်ယောက်ကို ဖယ်ကြဉ်လိုက်ပြီဆိုတာနဲ့ အကြဉ်ခံရတဲ့သူသည် ကောင်းတဲ့ဘက်ထက် မကောင်းတဲ့ဘက် ပိုရောက်သွားကြတာ များပါတယ်။

  • သူ့အလိုကိုပဲ လိုက်ဖြည့်ဖို့ ကြိုးစားတယ်။

ဘယ်လိုအကြောင်းကြောင့်နဲ့ပဲ သူတို့ဟာ ဖယ်ကြဉ်ခံနေရပါစေ လူတွေကို ဂရုစိုက်တတ်သူဆို သူတို့အလိုဆန္ဒတွေကို ဖြည့်ပေးတတ်ကြတယ်။ ဘယ်လိုပြောမလဲ အလိုက်သိတတ်လွန်းတယ်ပဲ ပြောရမလား.. သူဟာ လူရာဝင်ချင်ကြောင်း သူတို့နဲ့အတူတူ စိတ်တူကိုယ်တူရှိကြောင်း ပြချင်နေတာနဲ့ လူတစ်ယောက်ကိုတောင် ဖယ်ကြဉ်တတ်တဲ့ စိတ်ထားရှိသူတွေရဲ့ အလိုကို လိုက်လုပ်ပေး နေထိုင်ပေးနေတာတွေကို မြင်ဖူးတယ်မလား။ကိုယ်စိတ်နဲ့ကိုယ် အသက်မရှင်ရ သူများအလိုကို ဖြည့်ပေးချင်တဲ့လူဟာ အရူးနဲ့မခြားပါဘူး။ ကိုယ်ကတော့ ဘယ်တော့မှ လူတစ်ဖက်သားကို မပေါင်းချင်သလိုလို ဖယ်ကြဉ်သလိုလို မလုပ်တာလည်း လူပီသခြင်းတစ်မျိုးပါပဲ။

Related Article >>> အတွေ့အကြုံချင်းမတူရင်၊ ခံစားချက်ချင်းမတူနိုင်ပါဘူး

  • ဒုက္ခအကြီးကြီးပေးဖို့ ကြံတယ်။

ငါ ဘာအမှားလုပ်လို့လဲ သူတို့တွေးကောင်းတွေးမှာပဲ။ လူပဲ တစ်ယောက်တည်း နေတတ်တဲ့ အမျိုးမှ မဟုတ်တာ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ဘေးရောက်နေတဲ့သူ၊ ဖယ်ကြဉ်ထားတာမျိုးကို ကြုံရင် ငုံ့ခံဖို့ထက် သူ့ကိုချန်ထားတဲ့ အဖွဲ့အစည်းကို မကောင်းကြံချင်လာမှာပဲ ။ မနာလိုလို့ လိုက်ဖိုက်တာက သပ်သပ်ပေါ့နော်။အကောင်းဘက်က တိုးတက်ဖို့လုပ်နေတဲ့ ကိစ္စတွေကိုတောင် သူသိသလောက်နဲ့ နည်းနည်းတော့ နှောက်လိုက်ရမှ ဆိုတာတွေဖြစ်လာတယ်။ အဲ့ဒီတော့ လူတွေက သူ့ကိုမုန်း သူကလူတွေကို မုန်း နဲ့ ဘယ်မလဲ ကောင်းတဲ့အရာတွေ။ ဒါကြောင့် လူတစ်ယောက်ကို ဖယ်ကြဉ်တာ မကောင်းဘူးလို့ ဆိုတာပေါ့..

  • ငိုချင်စိတ်ပေါ်လာတယ်။

အဲ့ဒါတွေက အသက်ငယ်တဲ့သူတွေမှာ ပိုတွေ့ရတယ်။ သူတို့ကို တစ်ယောက်တည်းဖြစ်သွားပြီ မခေါ်တော့ဘူး ပြောကြည့်ပါလား.. ငိုတာ ငိုတာ ဆိုတာလေ ကြည့်မကောင်းဘူး။ အသက်ကြီးလာတဲ့သူတွေကကော ဘာမှ မထူးပါဘူး ငိုလို့မကောင်းလွန်းလို့သာ မသိသလို သိသလိုလို လုပ်နေရတယ်။ ကိုယ်ချစ်တဲ့သူ ကိုယ်လေးစားရသူကများ မခေါ်မပြောသလိုလို လူရာမဝင်တဲ့ပုံစံများ ဆက်ဆံမိရင် ဝမ်းနည်းတတ်လာတာပဲ။ မျက်ရည်လွယ်သူဆို ငိုချင်ငိုမှာပေါ့ ။ အသက်ကြီးလာရင် ဟန်ဆောင်ရတာတွေ များလာတယ်လေ။ တစ်ချို့တွေကတော့ ကိုယ်ကနိုင်ရမှန်း သိရင် ပိုလုပ်ပြတတ်တာပါပဲ။ ကိုယ်က ကောင်းအောင်နေပါရဲ့နဲ့ ဖယ်ကြဉ်တာတွေကြုံလာ ရ ရင် မခံစားနိုင်လောက်လောက်အောင် ငုံ့ခံနေခဲ့ရရင် ဒီလိုမကောင်းတဲ့ ပတ်ဝန်းကျင်ကနေ ရဲရဲသာ ထွက်လာလိုက်ပါလို့။

Related Article >>> ခံစားချက်တွေပေးတဲ့ဂီတ

  • ကိုယ်ဟာ အသုံးမဝင်သူလို့ တွေးမိလာတယ်။

ကိုယ်တွေဆို သူငယ်ချင်းတွေကို အားပေးခဲ့ရဖူးတယ်။ သူ့ပတ်ဝန်းကျင်မှာ အသုံးမလိုတော့တဲ့ သူတစ်ယောက်လို ဖြစ်နေပြီလားလို့ ဆိုက်ကို ဝင်လာတာမျိုးပေါ့။ လုပ်ငန်းခွင်တွေမှာဆိုတွေ့ဖူး တယ် သူတို့အတွက် အသုံးမဝင်တော့ဘူးလို့ ထင်ရင် ပေါ်တင်မပြောဘူး ဖယ်ကြဉ်တဲ့ နည်းနဲ့ လူတစ်ယောက်ကို မထွက် ထွက်အောင်လုပ်နေတာမျိုး။ မြင်ရတာ တကယ်ကို စိတ်မချမ်းသာစရာပါ။ အဲ့ဒါကြောင့် လိုက်လျောညီထွေ ဖြစ်အောင်နေတာက အကောင်းဆုံးပါ။ စိတ်ဓာတ်သိပ်မပြည့်ဝတဲ့ နေရာကို ရောက်ခဲ့ရင် ဆင်ခြင်ပြီး အမုန်းပွားမဲ့ ကိစ္စတွေကို ရှောင်လိုက်ပါ ။ ဘယ်အရာမဆို ကိုယ်က တစ်ဖက်စွန်းရောက်လွန်းခဲ့ရင် အများနဲ့မတူခဲ့ရင် ဖယ်ကြဉ်ခံရတတ်ပါတယ် ။ ကိုယ်က ဒါမျိုးကြုံခဲ့ရရင်တော့ ငါဟာ သုံးစားမရတော့ဘူးလား အသုံးမဝင်တဲ့သူတစ်ယောက်လားလို့ သိပ်အတွေးမချော်ပါနဲ့။ ဒါဟာ နေရာမှန် လူမှန် မရောက်သေးတာ သက်သက်ပါ။

ဘာသာရေးဘက်က ပြန်ကြည့်ရင် ပြုသူအသစ် ဖြစ်သူ အဟောင်းပါပဲ။ ငါ့တုန်းက ဒီလိုကြုံရတယ် နောက်လူတွေကို ဒီလိုမဖြစ်အောင် သတိပေးမယ် ဆုံးမမယ် ပြောသင့်ပြောထိုက်သူဆို ပြောပြမယ်လို့တွေးပါ။ ငါ့တုန် းက ဒီလိုကြုံရတယ် သူတို့ကိုပြောတာ လုပ်တာ ဘာမှတောင်မဟုတ်ဘူးလို့ ကိုယ့်အဖြစ်နဲ့ယှဉ် စိတ်ဓာတ် ယုတ်သူလည်း ရှိမယ်။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ကို ဖယ်ကြဉ်တာက ကောင်းတဲ့ကိစ္စ မဟုတ်တာတော့ သေချာပါတယ် ။ ဖယ်ကြဉ်ခံရ ရင်လည်း ကိုယ်လိုအပ်တာကို ကိုယ်သိအောင်လုပ် ပြင်သင့်တာပြင်ဖို့တွေးပါ။ တစ်ချိန်လုံး ငါက အရမ်းတော်လို့ ငါ့ကို မနာလိုလို့ လုပ်ကြတာလို့ပဲ မတွေးနဲ့ပေါ့။ ကိုယ့်ရှေ့မှာ ဖယ်ကြဉ်ခံ ရသူတွေ့နေရင် ရှိနေရင် အားပေးပါ လျစ်လျူမရှုပါနဲ့။ အကြံပေးလို့ရတဲ့အခြေနေဆို အကြံပေးပါလို့။ဝဋ်ဆိုတာ လည်တတ်တဲ့အမျိုးပါ ယောင်းတို့ရယ်။

Wai Zin ( For Her Myanmar )

No Comments Yet

Comments are closed