အခ်စ္ဆံုးသူငယ္ခ်င္းေတြ လမ္းခြဲျပတ္စဲၾကတဲ့အခါ…

သမီးရည္းစားျပတ္တာထက္ ပိုနာက်င္ရတာမ်ိဳး.. ခံစားဖူးမွ သိႏုိင္မွာပါ :'( 

ဘဝမွာ ကိုယ့္ကိုခင္တဲ့သူ ကိုယ္ကခင္တဲ့သူ မိတ္ေဆြအေပါင္းအသင္းေတြ အမ်ားႀကီး႐ွိႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ့္အေၾကာင္းအတြင္းက်က်သိတဲ့ သူငယ္ခ်င္းအရင္းေခါက္ေခါက္ best friend/ close friend ေတြကေတာ့  မ်ားမ်ားစားစား ရွိခဲပါတယ္။ အတူသြား အတူလာ အတူစားေပ်ာ္ပါးခဲ့ၾကရာက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခ်စ္ဆံုးမွသည္ မေခၚမေျပာအဆင့္ကုိ ေရာက္႐ွိၾကတဲ့အခါမွာ….

သိပ္ကိုဝမ္းနည္းႏွေျမာစရာေကာင္းတဲ့ ျဖစ္ရပ္ပါ။ ခ်စ္သူ ရည္းစားျပတ္စဲတာထက္ အဆေပါင္းမ်ားစြာ နာက်င္ရပါတယ္… ဘာလို႔လဲ???

၁) BFF ေတြနဲ႔ အခ်ိန္ေတြအၾကာႀကီး အတူ႐ွိခဲ့တယ္။

သူနဲ႔ကုိယ္နဲ႔ ျဖတ္သန္းခဲ့တဲ့ အခ်ိန္ေတြ ရာသီဥတုေတြက လက္ခ်ိဳးေရလို႔ေတာင္ မရပါဘူး။ အတူ႐ွိလာတာနဲ႔အမ်ွ သူ႔အေၾကာင္း ကုိယ့္အေၾကာင္းဆိုတာ အခ်င္းခ်င္း ဖြင့္ေျပာစရာမလိုေလာက္ေအာင္ အတြင္းက်က် သိေနၾကတဲ့အတြက္ေၾကာင့္ အတြင္းသိ အစင္းသိတစ္ေယာက္ ဘဝထဲမွာမ႐ွိေတာ့ဘူးဆိုတဲ့ ခံစားခ်က္ႀကီးက အခါခါနာက်င္ေစလို႔ပါ။

၂) အမွတ္တရေတြ အမ်ားႀကီး႐ွိခဲ့တယ္။

ခ်စ္သူရည္းစားဘဝမွာ႐ွိတဲ့ အမွတ္တရေတြနဲ႔ best friend ေတြနဲ႔ အတူ႐ွိခ်ိန္ အမွတ္တရေတြက ဘယ္ေတာ့မွ ယွဥ္လို႔မရပါဘူး။ ဘယ္ေတာ့မွလည္း ျပန္မရႏိုင္ေတာ့ပါဘူး။ သူနဲ႔ကိုယ္နဲ႔ပဲ သိႏိုင္တဲ့ ျဖစ္ရပ္ေတြ၊ စကားဝွက္ေတြနဲ႔ အမွတ္တရေတြက အတူ႐ွိဖူးတဲ့ေနရာေတြေရာက္တိုင္း ျပန္လည္ အမွတ္ရေနေစလို႔ပါ။

Related Article >>> သူငယ္ခ်င္း အရင္းေခါက္ေခါက္ ဆိုၾကသူမ်ား (Bff)

၃) ေပ်ာ္ရႊင္စရာတိုင္း ဝမ္းနည္းစရာတိုင္း သူနဲ႔အတူမ်ွေဝခဲ့တယ္။

အတူ႐ွိခ်ိ္န္က ကုိယ့္မွာေပ်ာ္ရႊင္စရာေတြ႐ွိလာတိုင္းလည္း သူ႔ကိုအရင္သတိရသလို ဝမ္းနည္းစရာေတြဆိုရင္လည္း သူ႔ကို အရင္ ရင္ဖြင့္လိုက္ရမွမလား? ခုေတာ့ ကုိယ့္မွာ ဒီလိုကိစၥေတြ႐ွိလာတိုင္း သူ႔ကို ငါ သြားေျပာသင့္ရဲ႕လား? သူ ငါနဲ႔အရင္လို မဟုတ္ေတာ့ဘူးလားဆိုတဲ့ အေတြးေတြက အႀကိမ္ႀကိမ္ ေဝခြဲရခက္ေစလို႔ပါ။

Women of Tomorrow 2
ပြဲအေၾကာင္း အေသးစိတ္ သိလိုပါက  >>> http://bit.ly/2WK7oFQ

၄) ကိုယ့္ကို ဘယ္ေတာ့မွ ထားမသြားႏိုင္ဘူးလို႔ တစ္ထစ္ခ် ယံုၾကည္ခဲ့တယ္။

သူနဲ႔ ကိုယ္နဲ႔ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိ သည္းခံနားလည္ျခင္းေတြနဲ႔ပဲ ခရီးဆက္ခဲ့တဲ့ friendship တစ္ခုဟာ ဘယ္ေတာ့မွ ပ်က္သုဥ္းမသြားေတာ့ဘူးလို႔ ထင္ခဲ့တဲ့ ကုိယ့္ရဲ႕အတၱေတြေၾကာင့္လည္း ပိုနာက်င္ရပါတယ္။

Related Article >>> အခ်စ္ဆံုးသူငယ္ခ်င္းက ေယာက္်ားေလးျဖစ္ေနေသာ္…

၅) မိတ္ေဆြသူငယ္ခ်င္းျဖစ္ဖို႔ လြယ္ကူႏိုင္ေပမဲ့ best friend တစ္ေယာက္ရဖို႔ ခက္ခဲလို႔ပါ။

ဘဝမွာ ကိုယ့္ကို ေသခ်ာေပါက္နားလည္ႏိုင္တဲ့ best friend ေနာက္တစ္ေယာက္ကို ေနာက္တစ္ေခါက္ရဖို႔ဆိုတာ ေတာ္ေတာ္မလြယ္ကူတာ ေယာင္းတို႔လည္း နားလည္မွာပါေနာ္။

စိတ္ေတြ အရမ္း႐ႈပ္လာတဲ့အခ်ိန္၊ ဝမ္းနည္းမႈေတြ ဝန္းရံလာတဲ့အခ်ိန္၊ ေပ်ာ္စရာေတြေတြ႔လာတဲ့အခ်ိန္တိုင္းမွာ သူ႔ကိုလြမ္းလို႔ အရာအားလံုး တစ္ကျပန္စ ျပႆနာေတြအားလံုး မျဖစ္ခဲ့သလိုေနခ်င္မိမွာ အမွန္ပဲေနာ္…

အၾကံေပးခ်င္တာကေတာ့ စြန္႔လႊတ္ႏိုင္ရင္ စြန္႔လႊတ္ မစြန္႔လႊတ္ႏိုင္ရင္ ခြင့္လႊတ္ဆိုတာေလးပါပဲ… ခ်စ္ရတဲ့ ေယာင္းတို႔လည္း ကိုယ္ခ်စ္ရတဲ့ Bff ေတြနဲ႔အတူ နားလည္မႈ႐ွိ႐ွိနဲ႔ တစ္သက္တာခင္မင္ႏိုင္သြားၾကပါေစလို႔ ဆုေတာင္းရင္း….

Thu (For Her Myanmar)

<<< Unicode >>>

သမီးရည်းစားပြတ်တာထက် ပိုနာကျင်ရတာမျိုး.. ခံစားဖူးမှ သိနိုင်မှာပါ :'( 

ဘဝမှာ ကိုယ့်ကိုခင်တဲ့သူ ကိုယ်ကခင်တဲ့သူ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အကြောင်းအတွင်းကျကျသိတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက် best friend/ close friend တွေကတော့  များများစားစား ရှိခဲပါတယ်။ အတူသွား အတူလာ အတူစားပျော်ပါးခဲ့ကြရာက အကြောင်းအမျိုးမျိုးကြောင့် အချစ်ဆုံးမှသည် မခေါ်မပြောအဆင့်ကို ရောက်ရှိကြတဲ့အခါမှာ….

သိပ်ကိုဝမ်းနည်းနှမြောစရာကောင်းတဲ့ ဖြစ်ရပ်ပါ။ ချစ်သူ ရည်းစားပြတ်စဲတာထက် အဆပေါင်းများစွာ နာကျင်ရပါတယ်… ဘာလို့လဲ???

၁) BFF တွေနဲ့ အချိန်တွေအကြာကြီး အတူရှိခဲ့တယ်။

သူနဲ့ကိုယ်နဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေ ရာသီဥတုတွေက လက်ချိုးရေလို့တောင် မရပါဘူး။ အတူရှိလာတာနဲ့အမျှ သူ့အကြောင်း ကိုယ့်အကြောင်းဆိုတာ အချင်းချင်း ဖွင့်ပြောစရာမလိုလောက်အောင် အတွင်းကျကျ သိနေကြတဲ့အတွက်ကြောင့် အတွင်းသိ အစင်းသိတစ်ယောက် ဘဝထဲမှာမရှိတော့ဘူးဆိုတဲ့ ခံစားချက်ကြီးက အခါခါနာကျင်စေလို့ပါ။

၂) အမှတ်တရတွေ အများကြီးရှိခဲ့တယ်။

ချစ်သူရည်းစားဘဝမှာရှိတဲ့ အမှတ်တရတွေနဲ့ best friend တွေနဲ့ အတူရှိချိန် အမှတ်တရတွေက ဘယ်တော့မှ ယှဉ်လို့မရပါဘူး။ ဘယ်တော့မှလည်း ပြန်မရနိုင်တော့ပါဘူး။ သူနဲ့ကိုယ်နဲ့ပဲ သိနိုင်တဲ့ ဖြစ်ရပ်တွေ၊ စကားဝှက်တွေနဲ့ အမှတ်တရတွေက အတူရှိဖူးတဲ့နေရာတွေရောက်တိုင်း ပြန်လည် အမှတ်ရနေစေလို့ပါ။

Related Article >>> သူငယ်ချင်း အရင်းခေါက်ခေါက် ဆိုကြသူများ (Bff)

၃) ပျော်ရွှင်စရာတိုင်း ဝမ်းနည်းစရာတိုင်း သူနဲ့အတူမျှဝေခဲ့တယ်။

အတူရှိချိန်က ကိုယ့်မှာပျော်ရွှင်စရာတွေရှိလာတိုင်းလည်း သူ့ကိုအရင်သတိရသလို ဝမ်းနည်းစရာတွေဆိုရင်လည်း သူ့ကို အရင် ရင်ဖွင့်လိုက်ရမှမလား? ခုတော့ ကိုယ့်မှာ ဒီလိုကိစ္စတွေရှိလာတိုင်း သူ့ကို ငါ သွားပြောသင့်ရဲ့လား? သူ ငါနဲ့အရင်လို မဟုတ်တော့ဘူးလားဆိုတဲ့ အတွေးတွေက အကြိမ်ကြိမ် ဝေခွဲရခက်စေလို့ပါ။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ် သိလိုပါက  >>> http://bit.ly/2WK7oFQ

၄) ကိုယ့်ကို ဘယ်တော့မှ ထားမသွားနိုင်ဘူးလို့ တစ်ထစ်ချ ယုံကြည်ခဲ့တယ်။

သူနဲ့ ကိုယ်နဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိ သည်းခံနားလည်ခြင်းတွေနဲ့ပဲ ခရီးဆက်ခဲ့တဲ့ friendship တစ်ခုဟာ ဘယ်တော့မှ ပျက်သုဉ်းမသွားတော့ဘူးလို့ ထင်ခဲ့တဲ့ ကိုယ့်ရဲ့အတ္တတွေကြောင့်လည်း ပိုနာကျင်ရပါတယ်။

Related Article >>> အချစ်ဆုံးသူငယ်ချင်းက ယောက်ျားလေးဖြစ်နေသော်…

၅) မိတ်ဆွေသူငယ်ချင်းဖြစ်ဖို့ လွယ်ကူနိုင်ပေမဲ့ best friend တစ်ယောက်ရဖို့ ခက်ခဲလို့ပါ။

ဘဝမှာ ကိုယ့်ကို သေချာပေါက်နားလည်နိုင်တဲ့ best friend နောက်တစ်ယောက်ကို နောက်တစ်ခေါက်ရဖို့ဆိုတာ တော်တော်မလွယ်ကူတာ ယောင်းတို့လည်း နားလည်မှာပါနော်။

စိတ်တွေ အရမ်းရှုပ်လာတဲ့အချိန်၊ ဝမ်းနည်းမှုတွေ ဝန်းရံလာတဲ့အချိန်၊ ပျော်စရာတွေတွေ့လာတဲ့အချိန်တိုင်းမှာ သူ့ကိုလွမ်းလို့ အရာအားလုံး တစ်ကပြန်စ ပြဿနာတွေအားလုံး မဖြစ်ခဲ့သလိုနေချင်မိမှာ အမှန်ပဲနော်…

အကြံပေးချင်တာကတော့ စွန့်လွှတ်နိုင်ရင် စွန့်လွှတ် မစွန့်လွှတ်နိုင်ရင် ခွင့်လွှတ်ဆိုတာလေးပါပဲ… ချစ်ရတဲ့ ယောင်းတို့လည်း ကိုယ်ချစ်ရတဲ့ Bff တွေနဲ့အတူ နားလည်မှုရှိရှိနဲ့ တစ်သက်တာခင်မင်နိုင်သွားကြပါစေလို့ ဆုတောင်းရင်း….

Thu (For Her Myanmar)

No Comments Yet

Comments are closed