Love Relationships

မိန္းကေလးေတြ အခ်ိန္အေတာ္ၾကာေနတဲ့ Relationship ကို လက္ေလွ်ာ့လိုက္ရတဲ့ အေၾကာင္းအရင္း (၆) ခု

ဘာေၾကာင့္မ်ား ႏွစ္ခ်ီၾကာေနတဲ့ relationship ကို အဆံုးသတ္ၾကပါလိမ့္ ?

ေယာင္းတို႔ေရ…မိန္းကေလးေတာ္ေတာ္မ်ားမ်ားကrelationship နဲ႔ပက္သက္လာရင္ သည္းခံၾကတာမ်ားပါတယ္။ ဒါေပမဲ့ေပါ့ေလ…သည္းခံရေပါင္းမ်ားလာတဲ့အခါ အခ်ိန္တစ္ခုၾကာေအာင္ တည္ေဆာက္ထားရတဲ့ relationship ကိုေတာင္ လက္လႊတ္လိုက္တတ္ၾကပါတယ္။ လက္လႊတ္လိုက္တယ္ဆိုတဲ့အခါမွာ ေယာက်ာ္းေလးေတြဖက္က ၾကည့္ရင္ေတာ့ ဘာမဟုတ္တဲ့အေၾကာင္းအရာေလး ျဖစ္ေကာင္းျဖစ္ႏိုင္ေပမဲ့ မိန္းကေလးေတြဖက္ကဆိုရင္ေတာ့ အရင့္အရင္က အေၾကာင္းေတြပါ ေပါင္းၿပီး စိတ္ကုန္သြားတတ္ၾကတာပါ။ ဒါဆို ဘယ္လိုအေျခအေနမ်ိဳးေတြမွာ မိန္းကေလးေတြ လက္ေလွ်ာ့လိုက္ၾကလဲဆိုေတာ့…

(၁) မေပ်ာ္ရႊင္ရေတာ့တဲ့အခါေတြမွာ

Relationship တစ္ခုမွာ မၾကာခဏရန္ေတြျဖစ္ေနမယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ အျပစ္ေတြပဲ ရွာေနမိမယ္ဆိုရင္ ဘယ္လိုမွ ေပ်ာ္ရႊင္ရမွာ မဟုတ္ေတာ့ပါဘူး။ စိတ္ညစ္ရတာ၊ ငိုရတာေတြမ်ားလာတဲ့အခါ မိန္းကေလးေတြရဲ႕ စိတ္ထဲမွာ ဒီ relationship နဲ႔ ဘယ္လိုမွ အဆင္ေျပေတာ့မွာ မဟုတ္ဘူးဆိုတာႀကီး ဝင္လာတတ္ပါတယ္။ ဒီလို အေျခအေနေရာက္လာၿပီဆို ခ်စ္သူနဲ႔ စကားေျပာၿပီး ေဆြးေႏြးၾကည့္ဖို႔ ႀကိဳးစားပါလိမ့္မယ္။ အဲ့ဒါမွ မရဘူးဆိုရင္ေတာ့ လက္ေလွ်ာ့လိုက္ေတာ့မွာပါ။

Related article >>> မသိလိုက္မသိဘာသာနဲ႔ Relationship တစ္ခုကို ပ်က္စီးေစတဲ့အက်င့္ေတြ

(၂) ဂရုစိုက္မခံရရင္

ဂရုစိုက္ခံရတာ မႀကိဳက္တဲ့သူ နည္းမယ္ထင္ပါရဲ႕… ခ်စ္သူႏွစ္ဦးၾကားမွာ ဂရုစိုက္မႈဆိုတာကလည္း အေရးႀကီးတဲ့ အရာေလး တစ္ခုေပါ့.. ခ်စ္သူဂရုစိုက္တာမ်ားခံရရင္ ကမာၻေလာကႀကီးက သာယာေနတာမ်ိဳး။ ရည္းစားမျဖစ္ခင္ကေတာ့ ကတိေတြေပး၊ ဖ်ာလိုလိပ္ ထိပ္ေပၚတင္ထားၿပီး တြဲတာၾကာလာမွ အလုပ္မ်ားေနလို႔၊ ဘာျဖစ္လို႔ ညာျဖစ္လို႔ဆိုၿပီး အခ်ိန္တိုင္း အေၾကာင္းျပ၊ တကယ့္တကယ္တမ္းက် တစ္ၿခံဳကြယ္တစ္မယ္ေမ့ရင္ေတာ့ တာ့တာျပခံရမွာ အေသအခ်ာပါပဲ။

(၃) ေလးစားမႈမရွိတဲ့အခါ

တစ္ခ်ိဳ႕ေယာက်ာ္းေလးေတြရွိတယ္…တြဲလာၾကာလာရင္ ခ်စ္သူေကာင္မေလးကို မေလးစားၾကေတာ့ဘူး။ ေလးစားတယ္ဆိုတာ ပံုမွန္ လူလူခ်င္းထားရမယ့္ ေလးစားမႈကိုပဲ ေျပာတာပါ။ အရင္းႏွီးလြန္လာတဲ့အခါမ်ိဳးမွာ ခ်စ္သူေကာင္မေလးရဲ႕ မိသားစု၊ အလုပ္အကိုင္၊ ဝင္ေငြစတာေတြကို အထင္မႀကီးဘူး ဘာညာေျပာတာေတြေၾကာင့္ မိန္းကေလးေတြက စိတ္ပ်က္သြားတတ္ၾကပါတယ္။ ဒီလိုအခါမ်ိဳးေတြမွာ ႏွစ္ေတြၾကာရွည္ေနတဲ့ relationship ျဖစ္ရင္ေတာင္မွ မာနေၾကာင့္ လက္လႊတ္လိုက္ဖို႔ ဝန္ေလးမွာ မဟုတ္ပါဘူး။

Related article >>> အခ်စ္ေရးမွာ ယံုၾကည္မႈခ်ိဳးေဖာက္ခံရတဲ့အခါ ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၾကည့္သင့္တဲ့ေမးခြန္းမ်ား

(၄) သံသယျဖစ္စရာေကာင္းတဲ့ မိန္းကေလးေတြနဲ႔ လက္ပြန္းတတီးေနရင္

မိန္းကေလးေတြက ေႁမြေႁမြခ်င္း ေျချမင္တတ္ၾကပါတယ္။ ကိုယ့္ခ်စ္သူနားကပ္ေနၿပီဆိုတာနဲ႔ ဟိုတစ္ေယာက္က စႏိုက္ေၾကာ္လား ဒီတစ္ေယာက္က ရုိးဗန္းေၾကာ္လားဆိုတာ အထာေပါက္ၿပီးသား။ ရိုးရုိးသားသားခင္တာပါဆိုရင္ေတာင္ ကိုယ္က တစ္ဖက္သားရဲ႕ အကြက္ေတြကို ႀကိဳျမင္ေနတဲ့အခါမွာ ကိုယ့္စကားကို နားမေထာင္ဘဲ ငါတို႔က ရိုးရိုးသားသားပဲဆိုၿပီး တားေနတဲ့ၾကားက ေရာေရာေႏွာေႏွာသြားေနမိၿပီဆိုရင္ မီးပြင့္သြားေတာ့တာပါပဲ.. ဘယ္ေလာက္ခြင့္လႊတ္ပါတယ္ဆိုဆုိ မုန္႔ေကာ အခ်စ္ေကာေဝမစားတတ္တဲ့အမ်ိဳးဆိုေတာ့ လႊတ္ခ်ခဲ့မွာပါပဲ။ (ဒီထဲမွာေတာ့ အခ်ိန္တိုင္းမွာ လူတိုင္းနဲ႔ သဝန္တိုတတ္တာမ်ိဳးေတြေတာ့ မပါဘူးေနာ္.. )

(၅) လိမ္ညာတာေတြမ်ားလာတဲ့အခါ

တခ်ိဳ႕ မိန္းကေလးေတြက တစ္ခါလိမ္တာနဲ႔ ျဖတ္တတ္ၾကေပမဲ့ တခ်ိဳ႕ မိန္းကေလးေတြကေတာ့ ေနာက္မလုပ္ေတာ့ပါဘူးဆိုတာကို ယံုၾကည္ၿပီး ေနာက္တစ္ခါအခြင့္အေရးေပးတတ္ၾကပါတယ္။ ဒီလိုနဲ႔ ခဏခဏလိမ္ေနတာေတြကို သည္းမခံႏိုင္ေတာ့တဲ့အခါ ေျပာလည္းမထူးတဲ့အတူတူ အခ်ိန္ၾကာလာတဲ့ relationship ကို ျဖတ္ေတာက္ပစ္လိုက္ၾကပါေတာ့တယ္။

ေယာင္းေရ…ခ်စ္တဲ့သူနဲ႔ေနခ်င္ၾကတာ လူ႔သဘာဝပါပဲ။ ဒါေပမဲ့ ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကို အေလးမထားေတာ့ဘူး၊ တန္ဖိုးမထားေတာ့ဘူးဆိုရင္ေတာ့ ဘယ္ေလာက္ပဲ ႏွစ္ခ်ီၾကာေအာင္တြဲလာသည္ျဖစ္ေစ လႊတ္ခ်လိုက္ဖို႔ဝန္မေလးပါနဲ႔။ ကိုယ့္ကိုယ္ကိုယ္မွ မခ်စ္ရင္ ဘယ္သူက ခ်စ္မွာလဲေနာ္? ဒဏ္ရာ နက္ရႈိင္းေစတဲ့ ႀကိဳးတစ္ေခ်ာင္းကို အနာခံၿပီး ဆြဲထားတာက ကိုယ့္ကိုယ္ကိုယ္ ခ်စ္တာ မဟုတ္ဘူးေလ.. ဒီေတာ့ ကိုယ့္ကိုယ္ကိုယ္ ခ်စ္တတ္ေအာင္ ႀကိဳးစားရင္း ေယာင္းတို႔ အခ်စ္လမ္းခရီး ေျဖာင့္ျဖဴးၾကပါေစေနာ္..

Stella (For Her Myanmar)

<<< Unicode >>>

ဘာကြောင့်များ နှစ်ချီကြာနေတဲ့ relationship ကို အဆုံးသတ်ကြပါလိမ့် ?

ယောင်းတို့ရေ…မိန်းကလေးတော်တော်များများကrelationship နဲ့ပက်သက်လာရင် သည်းခံကြတာများပါတယ်။ ဒါပေမဲ့ပေါ့လေ…သည်းခံရပေါင်းများလာတဲ့အခါ အချိန်တစ်ခုကြာအောင် တည်ဆောက်ထားရတဲ့ relationship ကိုတောင် လက်လွှတ်လိုက်တတ်ကြပါတယ်။ လက်လွှတ်လိုက်တယ်ဆိုတဲ့အခါမှာ ယောကျာ်းလေးတွေဖက်က ကြည့်ရင်တော့ ဘာမဟုတ်တဲ့အကြောင်းအရာလေး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မိန်းကလေးတွေဖက်ကဆိုရင်တော့ အရင့်အရင်က အကြောင်းတွေပါ ပေါင်းပြီး စိတ်ကုန်သွားတတ်ကြတာပါ။ ဒါဆို ဘယ်လိုအခြေအနေမျိုးတွေမှာ မိန်းကလေးတွေ လက်လျှော့လိုက်ကြလဲဆိုတော့…

(၁) မပျော်ရွှင်ရတော့တဲ့အခါတွေမှာ

Relationship တစ်ခုမှာ မကြာခဏရန်တွေဖြစ်နေမယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေပဲ ရှာနေမိမယ်ဆိုရင် ဘယ်လိုမှ ပျော်ရွှင်ရမှာ မဟုတ်တော့ပါဘူး။ စိတ်ညစ်ရတာ၊ ငိုရတာတွေများလာတဲ့အခါ မိန်းကလေးတွေရဲ့ စိတ်ထဲမှာ ဒီ relationship နဲ့ ဘယ်လိုမှ အဆင်ပြေတော့မှာ မဟုတ်ဘူးဆိုတာကြီး ဝင်လာတတ်ပါတယ်။ ဒီလို အခြေအနေရောက်လာပြီဆို ချစ်သူနဲ့ စကားပြောပြီး ဆွေးနွေးကြည့်ဖို့ ကြိုးစားပါလိမ့်မယ်။ အဲ့ဒါမှ မရဘူးဆိုရင်တော့ လက်လျှော့လိုက်တော့မှာပါ။

Related article >>> မသိလိုက်မသိဘာသာနဲ့ Relationship တစ်ခုကို ပျက်စီးစေတဲ့အကျင့်တွေ

(၂) ဂရုစိုက်မခံရရင်

ဂရုစိုက်ခံရတာ မကြိုက်တဲ့သူ နည်းမယ်ထင်ပါရဲ့… ချစ်သူနှစ်ဦးကြားမှာ ဂရုစိုက်မှုဆိုတာကလည်း အရေးကြီးတဲ့ အရာလေး တစ်ခုပေါ့.. ချစ်သူဂရုစိုက်တာများခံရရင် ကမ္ဘာလောကကြီးက သာယာနေတာမျိုး။ ရည်းစားမဖြစ်ခင်ကတော့ ကတိတွေပေး၊ ဖျာလိုလိပ် ထိပ်ပေါ်တင်ထားပြီး တွဲတာကြာလာမှ အလုပ်များနေလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး အချိန်တိုင်း အကြောင်းပြ၊ တကယ့်တကယ်တမ်းကျ တစ်ခြုံကွယ်တစ်မယ်မေ့ရင်တော့ တာ့တာပြခံရမှာ အသေအချာပါပဲ။

(၃) လေးစားမှုမရှိတဲ့အခါ

တစ်ချို့ယောကျာ်းလေးတွေရှိတယ်…တွဲလာကြာလာရင် ချစ်သူကောင်မလေးကို မလေးစားကြတော့ဘူး။ လေးစားတယ်ဆိုတာ ပုံမှန် လူလူချင်းထားရမယ့် လေးစားမှုကိုပဲ ပြောတာပါ။ အရင်းနှီးလွန်လာတဲ့အခါမျိုးမှာ ချစ်သူကောင်မလေးရဲ့ မိသားစု၊ အလုပ်အကိုင်၊ ဝင်ငွေစတာတွေကို အထင်မကြီးဘူး ဘာညာပြောတာတွေကြောင့် မိန်းကလေးတွေက စိတ်ပျက်သွားတတ်ကြပါတယ်။ ဒီလိုအခါမျိုးတွေမှာ နှစ်တွေကြာရှည်နေတဲ့ relationship ဖြစ်ရင်တောင်မှ မာနကြောင့် လက်လွှတ်လိုက်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။

Related article >>> အချစ်ရေးမှာ ယုံကြည်မှုချိုးဖောက်ခံရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်သင့်တဲ့မေးခွန်းများ

(၄) သံသယဖြစ်စရာကောင်းတဲ့ မိန်းကလေးတွေနဲ့ လက်ပွန်းတတီးနေရင်

မိန်းကလေးတွေက မြွေမြွေချင်း ခြေမြင်တတ်ကြပါတယ်။ ကိုယ့်ချစ်သူနားကပ်နေပြီဆိုတာနဲ့ ဟိုတစ်ယောက်က စနိုက်ကြော်လား ဒီတစ်ယောက်က ရိုးဗန်းကြော်လားဆိုတာ အထာပေါက်ပြီးသား။ ရိုးရိုးသားသားခင်တာပါဆိုရင်တောင် ကိုယ်က တစ်ဖက်သားရဲ့ အကွက်တွေကို ကြိုမြင်နေတဲ့အခါမှာ ကိုယ့်စကားကို နားမထောင်ဘဲ ငါတို့က ရိုးရိုးသားသားပဲဆိုပြီး တားနေတဲ့ကြားက ရောရောနှောနှောသွားနေမိပြီဆိုရင် မီးပွင့်သွားတော့တာပါပဲ.. ဘယ်လောက်ခွင့်လွှတ်ပါတယ်ဆိုဆို မုန့်ကော အချစ်ကောဝေမစားတတ်တဲ့အမျိုးဆိုတော့ လွှတ်ချခဲ့မှာပါပဲ။ (ဒီထဲမှာတော့ အချိန်တိုင်းမှာ လူတိုင်းနဲ့ သဝန်တိုတတ်တာမျိုးတွေတော့ မပါဘူးနော်.. )

(၅) လိမ်ညာတာတွေများလာတဲ့အခါ

တချို့ မိန်းကလေးတွေက တစ်ခါလိမ်တာနဲ့ ဖြတ်တတ်ကြပေမဲ့ တချို့ မိန်းကလေးတွေကတော့ နောက်မလုပ်တော့ပါဘူးဆိုတာကို ယုံကြည်ပြီး နောက်တစ်ခါအခွင့်အရေးပေးတတ်ကြပါတယ်။ ဒီလိုနဲ့ ခဏခဏလိမ်နေတာတွေကို သည်းမခံနိုင်တော့တဲ့အခါ ပြောလည်းမထူးတဲ့အတူတူ အချိန်ကြာလာတဲ့ relationship ကို ဖြတ်တောက်ပစ်လိုက်ကြပါတော့တယ်။

ယောင်းရေ…ချစ်တဲ့သူနဲ့နေချင်ကြတာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို အလေးမထားတော့ဘူး၊ တန်ဖိုးမထားတော့ဘူးဆိုရင်တော့ ဘယ်လောက်ပဲ နှစ်ချီကြာအောင်တွဲလာသည်ဖြစ်စေ လွှတ်ချလိုက်ဖို့ဝန်မလေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ်မှ မချစ်ရင် ဘယ်သူက ချစ်မှာလဲနော်? ဒဏ်ရာ နက်ရှိုင်းစေတဲ့ ကြိုးတစ်ချောင်းကို အနာခံပြီး ဆွဲထားတာက ကိုယ့်ကိုယ်ကိုယ် ချစ်တာ မဟုတ်ဘူးလေ.. ဒီတော့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် ကြိုးစားရင်း ယောင်းတို့ အချစ်လမ်းခရီး ဖြောင့်ဖြူးကြပါစေနော်..

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *