Relationships

သူငယ္ခ်င္းအရင္းေခါက္ေခါက္က စႏုိက္ေက်ာ္ ျဖစ္ေနတဲ့အခါ

သိုင္းေလာကထက္ ပိုၿပီး ေပြလီ႐ႈပ္ေထြးေသာပါပဲ.. 

တစ္ေယာက္ေယာက္ကို ခ်စ္မိၿပီဆိုရင္ နာက်င္ဖို႔အတြက္ပါ ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။ အထူးသျဖင့္ အခုလိုစႏုိက္ေက်ာ္ေတြေပါေနတဲ့ေခတ္မွာ သူနဲ႔ကိုယ္တစ္သက္လံုးလက္တြဲ ၿမဲသြားဖို႔ဆိုတာမ်ိဳးက တစ္ခ်ိန္က စိတ္ကူးေတြအျဖစ္ ေျပာင္းသြားတတ္ပါတယ္။ စႏုိက္ေက်ာ္က ကိုယ္မျမင္ဖူးတဲ့သူျဖစ္ေနရင္ ကိစၥျဖတ္ဖို႔ သိပ္လြယ္ပါတယ္။ ဒါေပမဲ့ ကိုယ္အရမ္းယံုၾကည္ၿပီးခ်စ္ရတဲ့ ကိုယ့္သူငယ္ခ်င္းအရင္းေခါက္ေခါက္က စႏုိက္ေၾကာ္ျဖစ္ေနရင္ေရာ??

(၁) ေသခ်ာေအာင္လုပ္ပါ။

ကိုယ္တုိင္မ်က္စိနဲ႔ တပ္အပ္မျမင္၊ မၾကားဘဲ တျခားသူတစ္ေယာက္ရဲ႕အေျပာနဲ႔ ယံုမွားသံသယျဖစ္ၿပီး ႏွစ္ေယာက္လံုးအေပၚ စိတ္ကြက္ေနတာမ်ိဳးဟာ လံုးဝမေကာင္းပါဘူး။ သူတို႔ေျပာတာဟုတ္၊ မဟုတ္ ကိုယ္တုိင္ ေသခ်ာစံုစမ္းပါ။ ကိုယ္ခ်စ္ရတဲ့သူႏွစ္ေယာက္ကို ဘာမဟုတ္တဲ့ သံသယ တစ္ခုေၾကာင့္ အဆံုး႐ံႈးမခံပါနဲ႔။

Related Article >>> သူငယ္ခ်င္းအမည္ခံ စႏိုက္ေၾကာ္မမ်ား

(၂) တံု႔ျပန္မလြယ္ပါနဲ႔။

ကိုယ္ခ်စ္ရတဲ့သူႏွစ္ေယာက္လံုးက ကိုယ့္ေနာက္ေက်ာကို ၿပိဳင္တူဓားနဲ႔ထုိးသြားတဲ့အခါ က်ိန္းေသတာေပါ့.. စိတ္နာရၿပီေလ။ ဒီအခ်ိန္မွာ ကိုယ့္စိတ္ကိုယ္ တည္ၿငိမ္ေအာင္ ထိန္းဖို႔ အေရးႀကီးပါတယ္။ ေဒါသနဲ႔ ၿပီးစလြယ္လက္တံု႔ျပန္လိုက္တာက ဘယ္လိုမွ ေကာင္းတဲ့ေျဖရွင္းနည္းျဖစ္လာမွမဟုတ္ပါဘူး။

(၃) တစ္ဖက္ေစာင္းနင္း မျဖစ္ပါေစနဲ႔။ 

လက္ခုပ္ဆိုတာ ႏွစ္ဖက္တီးမွ ျမည္တာပါ။ တစ္ေယာက္တည္းအေပၚ အျပစ္ပံုခ်ၿပီး သူ႔ေၾကာင့္ျဖစ္ရတာပါလို႔ ေကာက္ခ်က္ခ်လိုက္ျခင္းက ျပႆနာကို မေျပလည္ေစပါဘူး။ ဒါဆို တျခားတစ္ေယာက္က ေယာင္းကိုနားလွည့္ ပါးရိုက္လုပ္ရတာ လြယ္သြားၿပီလို႔ အထင္ေသးသြားပါလိမ့္မယ္။

(၄) မေၾကညာပါနဲ႔။

ကိုယ့္အေပၚသစၥာေဖာက္သြားတဲ့သူေတြကို နာက်ည္းမိတာ သဘာဝက်ပါတယ္။ ဒါေပမဲ့ သူတုိ႔ကို အရွက္တကြဲျဖစ္ေစလိုတဲ့စိတ္နဲ႔ ေဖ့ဘြတ္ေပၚ စခြင္ေရွာ႔ေတြတင္၊ ပံုေတြတင္ၿပီး လူသိရွင္ၾကားေၾကညာလုိက္ျခင္းက ကိုယ့္ေပါင္ကိုယ္ လွန္ေထာင္းသလုိပါပဲ။ နစ္နာရမွာ ေယာင္းကိုယ္တုိင္ပါ။

Related Article >>> သူငယ္ခ်င္းသံေယာဇဥ္ကို ျဖတ္ေတာက္လိုက္ဖို႔ ဆုံးျဖတ္ခ်က္ခိုင္မာေစမယ့္ အေျခအေန(၅)ခု

(၅) လႊတ္ေပးလိုက္ပါ။

အရွိကိုအရွိအတုိင္းလက္ခံေပးလုိက္ပါ။ ကိုယ့္ကိုမခ်စ္လို႔ တျခားသူတစ္ေယာက္ေနာက္ ပါသြားတဲ့ေယာက်္ားတစ္ေယာက္နဲ႔ ကိုယ့္အေၾကာင္းသိရက္နဲ႔ ကိုယ့္ေနာက္ေက်ာကိုဓားနဲ႔ထုိးသြားတဲ့ သူငယ္ခ်င္းအရင္းကို ကိုယ့္ေဘးနား အနာခံၿပီး ဆြဲမထားပါနဲ႔။ လႊတ္သာ ေပးလိုက္ပါ။ ျပန္လာလည္း လက္မခံပါနဲ႔။

(၆) ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ပါ။

ငိုပါ။ ငိုႏုိင္သေလာက္ငိုပါ။ ဒါေပမဲ့ ရက္ရွည္ဆြဲမဖီးပါနဲ႔။ မတန္ပါဘူး။ ငိုလို႔ဝၿပီဆို ကိုယ္လုပ္စရာရွိတာ ဆက္လုပ္ပါ။ အခ်ိန္မွန္အိပ္၊ အခ်ိန္မွန္စားပါ။ တစ္ေယာက္တည္းအျပင္သြားပါ၊ ခရီးထြက္ပါ။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈတက္လာရင္ စိတ္လည္းအလိုလိုခ်မ္းသာလာမွာပါ။

(၇) စံုေထာက္မလုပ္ပါနဲ႔။

ကိုယ္လႊတ္ေပးလုိက္တဲ့ ေမ်ာက္ႏွစ္ေကာင္က ဘယ္လုိပဲေနေန လိုက္ဂရုစိုက္မေနပါနဲ႔။ သူတုိ႔တြဲေနေသးလား၊ ျပတ္သြားၿပီလား စသျဖင့္ သိခ်င္လို႔ေနာက္ေယာင္ခံစံုေထာက္လုပ္ေနျခင္းက ေယာင္းကိုစမတ္မျဖစ္ေစပါဘူး။ ေပ်ာ္ေအာင္ေနပါ။ သူတို႔မရွိလည္း ေယာင္းဘဝကသာယာတယ္ဆိုတဲ့အေၾကာင္း သိေအာင္ျပပါ။

သစၥာေဖာက္တဲ့သူေတြက ေဖာက္သြားၾကပါၿပီ။ သူတုိ႔ေတာင္ ေယာင္းအတြက္မေတြးတာ ေယာင္းက ဘာေတြ လိုက္ေတြးေနမွာလဲ။ ဒီအခ်က္ေလးေတြအတုိင္း ေအးေအးေဆးေဆးတုံ႔ျပန္လိုက္မယ္ဆိုရင္ ေယာင္းဘဝထဲက အမႈိက္သရုိက္ေတြ သူ႔အလိုလိုလြင့္သြားမွာပါ။

Christina (For Her Myanmar)

<<< Unicode >>>

သိုင်းလောကထက် ပိုပြီး ပွေလီရှုပ်ထွေးသောပါပဲ.. 

တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် နာကျင်ဖို့အတွက်ပါ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အထူးသဖြင့် အခုလိုစနိုက်ကျော်တွေပေါနေတဲ့ခေတ်မှာ သူနဲ့ကိုယ်တစ်သက်လုံးလက်တွဲ မြဲသွားဖို့ဆိုတာမျိုးက တစ်ချိန်က စိတ်ကူးတွေအဖြစ် ပြောင်းသွားတတ်ပါတယ်။ စနိုက်ကျော်က ကိုယ်မမြင်ဖူးတဲ့သူဖြစ်နေရင် ကိစ္စဖြတ်ဖို့ သိပ်လွယ်ပါတယ်။ ဒါပေမဲ့ ကိုယ်အရမ်းယုံကြည်ပြီးချစ်ရတဲ့ ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်က စနိုက်ကြော်ဖြစ်နေရင်ရော??

(၁) သေချာအောင်လုပ်ပါ။

ကိုယ်တိုင်မျက်စိနဲ့ တပ်အပ်မမြင်၊ မကြားဘဲ တခြားသူတစ်ယောက်ရဲ့အပြောနဲ့ ယုံမှားသံသယဖြစ်ပြီး နှစ်ယောက်လုံးအပေါ် စိတ်ကွက်နေတာမျိုးဟာ လုံးဝမကောင်းပါဘူး။ သူတို့ပြောတာဟုတ်၊ မဟုတ် ကိုယ်တိုင် သေချာစုံစမ်းပါ။ ကိုယ်ချစ်ရတဲ့သူနှစ်ယောက်ကို ဘာမဟုတ်တဲ့ သံသယ တစ်ခုကြောင့် အဆုံးရှုံးမခံပါနဲ့။

Related Article >>> သူငယ်ချင်းအမည်ခံ စနိုက်ကြော်မများ

(၂) တုံ့ပြန်မလွယ်ပါနဲ့။

ကိုယ်ချစ်ရတဲ့သူနှစ်ယောက်လုံးက ကိုယ့်နောက်ကျောကို ပြိုင်တူဓားနဲ့ထိုးသွားတဲ့အခါ ကျိန်းသေတာပေါ့.. စိတ်နာရပြီလေ။ ဒီအချိန်မှာ ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင် ထိန်းဖို့ အရေးကြီးပါတယ်။ ဒေါသနဲ့ ပြီးစလွယ်လက်တုံ့ပြန်လိုက်တာက ဘယ်လိုမှ ကောင်းတဲ့ဖြေရှင်းနည်းဖြစ်လာမှမဟုတ်ပါဘူး။

(၃) တစ်ဖက်စောင်းနင်း မဖြစ်ပါစေနဲ့။ 

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။ တစ်ယောက်တည်းအပေါ် အပြစ်ပုံချပြီး သူ့ကြောင့်ဖြစ်ရတာပါလို့ ကောက်ချက်ချလိုက်ခြင်းက ပြဿနာကို မပြေလည်စေပါဘူး။ ဒါဆို တခြားတစ်ယောက်က ယောင်းကိုနားလှည့် ပါးရိုက်လုပ်ရတာ လွယ်သွားပြီလို့ အထင်သေးသွားပါလိမ့်မယ်။

(၄) မကြေညာပါနဲ့။

ကိုယ့်အပေါ်သစ္စာဖောက်သွားတဲ့သူတွေကို နာကျည်းမိတာ သဘာဝကျပါတယ်။ ဒါပေမဲ့ သူတို့ကို အရှက်တကွဲဖြစ်စေလိုတဲ့စိတ်နဲ့ ဖေ့ဘွတ်ပေါ် စခွင်ရှော့တွေတင်၊ ပုံတွေတင်ပြီး လူသိရှင်ကြားကြေညာလိုက်ခြင်းက ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုပါပဲ။ နစ်နာရမှာ ယောင်းကိုယ်တိုင်ပါ။

Related Article >>> သူငယ်ချင်းသံယောဇဉ်ကို ဖြတ်တောက်လိုက်ဖို့ ဆုံးဖြတ်ချက်ခိုင်မာစေမယ့် အခြေအနေ(၅)ခု

(၅) လွှတ်ပေးလိုက်ပါ။

အရှိကိုအရှိအတိုင်းလက်ခံပေးလိုက်ပါ။ ကိုယ့်ကိုမချစ်လို့ တခြားသူတစ်ယောက်နောက် ပါသွားတဲ့ယောကျ်ားတစ်ယောက်နဲ့ ကိုယ့်အကြောင်းသိရက်နဲ့ ကိုယ့်နောက်ကျောကိုဓားနဲ့ထိုးသွားတဲ့ သူငယ်ချင်းအရင်းကို ကိုယ့်ဘေးနား အနာခံပြီး ဆွဲမထားပါနဲ့။ လွှတ်သာ ပေးလိုက်ပါ။ ပြန်လာလည်း လက်မခံပါနဲ့။

(၆) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။

ငိုပါ။ ငိုနိုင်သလောက်ငိုပါ။ ဒါပေမဲ့ ရက်ရှည်ဆွဲမဖီးပါနဲ့။ မတန်ပါဘူး။ ငိုလို့ဝပြီဆို ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။ အချိန်မှန်အိပ်၊ အချိန်မှန်စားပါ။ တစ်ယောက်တည်းအပြင်သွားပါ၊ ခရီးထွက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတက်လာရင် စိတ်လည်းအလိုလိုချမ်းသာလာမှာပါ။

(၇) စုံထောက်မလုပ်ပါနဲ့။

ကိုယ်လွှတ်ပေးလိုက်တဲ့ မျောက်နှစ်ကောင်က ဘယ်လိုပဲနေနေ လိုက်ဂရုစိုက်မနေပါနဲ့။ သူတို့တွဲနေသေးလား၊ ပြတ်သွားပြီလား စသဖြင့် သိချင်လို့နောက်ယောင်ခံစုံထောက်လုပ်နေခြင်းက ယောင်းကိုစမတ်မဖြစ်စေပါဘူး။ ပျော်အောင်နေပါ။ သူတို့မရှိလည်း ယောင်းဘဝကသာယာတယ်ဆိုတဲ့အကြောင်း သိအောင်ပြပါ။

သစ္စာဖောက်တဲ့သူတွေက ဖောက်သွားကြပါပြီ။ သူတို့တောင် ယောင်းအတွက်မတွေးတာ ယောင်းက ဘာတွေ လိုက်တွေးနေမှာလဲ။ ဒီအချက်လေးတွေအတိုင်း အေးအေးဆေးဆေးတုံ့ပြန်လိုက်မယ်ဆိုရင် ယောင်းဘဝထဲက အမှိုက်သရိုက်တွေ သူ့အလိုလိုလွင့်သွားမှာပါ။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *