Love Relationships

သူငယ္ခ်င္းအဆင့္ထက္ပိုခ်င္တယ္… ဘာဆက္လုုပ္ရမလဲ

သူငယ္ခ်င္းစည္းကို ေက်ာ္ဖို႔ ခ်ီတုံခ်တုံျဖစ္ေနတုန္းပဲ 😷

ငယ္ငယ္ကတည္းက ၾကားေနက်သီခ်င္းေလးတစ္ပုဒ္႐ွိပါတယ္။ ဘာတဲ့ သူငယ္ခ်င္းအခ်စ္ထက္ ပိုခ်စ္ပါ ….. တဲ့ ။ အင္း သူငယ္ခ်င္း အခ်စ္ဇာတ္လမ္းေတြဆိုတာလည္း ဘိုးဘိုး ဖြားဖြား တို႔ ေခတ္၊ ေဖေဖ ေမေမ တုိ႔ေခတ္ကေန တို႔ေတြေခတ္အထိ မ႐ိုးႏိုင္တဲ့ဇာတ္လမ္းေတြပါ။ ဒါေပမဲ့ ၾကားဖူးတဲ့ စကားပံုေလးတစ္ခု႐ွိတယ္။ သူငယ္ခ်င္းကေန ခ်စ္သူ ျဖစ္ဖို႔ လြယ္တယ္၊ ခ်စ္သူကေန သူငယ္ခ်င္း ျပန္ျဖစ္ဖုိ႔ မလြယ္ဘူးတဲ့။ မွန္သင့္သေလာက္ေတာ့လည္း မွန္ပါတယ္။ ဒါေပမဲ့ အက္ဒမင္ထင္တာကေတာ့ သူငယ္ခ်င္းကေန ခ်စ္သူျဖစ္ဖို႔ကလည္း ထင္သေလာက္ မလြယ္ဘူးလုိ႔ေလ။
အထူးသျဖင့္ ေကာင္ေလးဘက္ကေန ဖြင့္ေျပာဖုိ႔ အခက္အခဲေတြ႐ွိမွာပဲေလ။

သူကလည္း စဥ္းစားမွာပဲ… သူဖြင့္ေျပာလုိက္မွ ခင္မင္တာေတြ ပ်က္စီးၿပီး သူငယ္ခ်င္းလုိ ဆက္မခ်စ္ႏိုင္ေတာ့ဘဲ ႐ွိၿပီးသားခင္မင္မႈေလး ပ်က္စီးသြားမွာကို သူလည္း ေၾကာက္ရွာမွာေပါ့။ ေကာင္မေလးဘက္ကလည္း သူ႔ကို ခ်စ္သူလုိ ခ်စ္ႏုိင္ရင္အေၾကာင္းမဟုတ္ဘူး။ သူငယ္ခ်င္းလိုပဲခ်စ္တယ္ဆို ျငင္းရခက္၊ မျငင္းရခက္ႀကီးမဟုတ္လား… အဲဒီအခါ ျပတ္ျပတ္သားသားျငင္းလုိက္ရလို႔ မ်က္ႏွာပ်က္စရာေတြ ျဖစ္ကုန္ရင္ ဘယ္လိုလုပ္မလဲေပါ့… ဒီအျဖစ္ကို ေၾကာက္တယ္ဆုိတဲ့ စိုးရိမ္မႈေလး႐ွိမွာပဲေလ။

အဲဒီလို အေျခအေနမ်ိဳးမွာ ဘာဆက္လုပ္သင့္လဲ… ဖြင့္ေျပာသင့္လား.. ဒါမွမဟုတ္ ရင္ထဲမွာပဲ သိမ္းထားသင့္လား? 

အက္ဒမင့္ အျမင္ေျပာရမယ္ဆိုရင္ေတာ့…

ဒီလုိ စိုးရိမ္မႈေတြကို နားလည္မႈေတြ၊ ပြင့္လင္းမႈေတြနဲ႔ ေက်ာ္လႊားသင့္တယ္လုိ႔ အက္ဒ္မင္ကထင္ပါတယ္။ အရင္ဆံုးေကာင္ေလးဘက္ကေန၊ ၾကည့္ရေအာင္။ ကိုယ့္ဘက္က ဖြင့္ေျပာဖုိ႔ ေၾကာက္မိေနတယ္ဆုိရင္ ဘာကိုေၾကာက္တာလဲဆုိတာ အရင္ဆန္းစစ္သင့္ပါတယ္။ သူက ျငင္းလုိက္မွာကို ေၾကာက္တာလား။ ဒါဆုိရင္ မလိုအပ္တဲ့ကိစၥမွာ ေတြေဝေနမိၿပီလုိ႔ပဲ ေျပာပါရေစ။ အခ်စ္ကိစၥမွာ ဖြင့္ေျပာဖုိ႔ဆိုတာ Do Or Die ဆိုသလို ျဖစ္ခ်င္ရာျဖစ္ပါေစ လုပ္သင့္တာလုပ္ရမွာပဲ ဆုိတဲ့ စိတ္ဓာတ္နဲ႔ ဆံုးျဖတ္သင့္တာေတြ႐ွိပါတယ္…

ျငင္းလုိက္မွာေၾကာက္လုိ႔၊ လက္႐ွိအေျခအေနေလးပ်က္ျပားသြားမွာ ေၾကာက္လုိ႔ဆုိတဲ့အေတြးေၾကာင့္ ဇာတ္ေမ်ာႀကီးနဲ႔ အီလည္လည္ အဆံုးသတ္သြားမွာပါ။ အဲဒီေတာ့ ျငင္းကာမွပဲ ျငင္းပါေစ။ ကိုယ့္ဘက္က ဖြင့္ေျပာစရာ႐ွိတာ ေျပာရမွာပါပဲ။ သူ႔ဘက္က ကိုယ့္ကိုမခ်စ္ဘူးလုိ႔ျငင္းတာက ႐ွက္စရာမေကာင္းပါဘူး။ သူ႔ဘက္က မခ်စ္ႏိုင္တာလည္း အေၾကာင္းေၾကာင္းေၾကာင့္႐ွိပါတယ္
ဒါမွမဟုတ္ ကိုယ္ဖြင့္ေျပာလုိက္မွ ခင္မင္မႈေလး ပ်က္စီးသြားမွာမလုိလားပါဘူး ဆိုရင္ေတာ့ သူ႔ကိုဖြင့္ေျပာစဥ္ကတည္းက တစ္ခါတည္းနားလည္မႈယူထားသင့္ပါတယ္။

ဥပမာ ငါ့ကိုခ်စ္လား မခ်စ္ဘူးလားဆိုတာ ပြင့္ပြင့္လင္းလင္းအေျဖေပးလုိ႔ရပါတယ္။ မခ်စ္ဘူးဆိုရင္ေတာင္မွ အရင္လို သူငယ္ခ်င္းလုိေတာ့ ဆက္ခင္မင္ခြင့္ေပးပါ ဆိုတာမ်ိဳးေလး သူ႔ကိုေျပာျပေပါ့ေနာ္… အျငင္းခံရရင္ေတာ့ အရင္ကေလာက္ မရင္းႏွီးေတာ့ေပမဲ့ ခင္မင္မႈေလးေတာ့ က်န္ခဲ့ဦးမွာပါ.. အခ်ိန္ၾကာလာတာနဲ႔ အမွ် ပံုမွန္ပဲ ျပန္ျဖစ္သြားမွာပါေနာ္…

မိန္းကေလးဘက္ကလည္း ကိုယ္က သူငယ္ခ်င္းလုိခင္ရသူက ဖြင့္ေျပာလာတဲ့အခါ ျငင္းလဲျငင္းခ်င္တယ္ ခင္မင္မႈေလးပ်က္မွာေၾကာက္တယ္ဆုိရင္ ငါနင့္ကို သူငယ္ခ်င္းလုိပဲ ဆက္ခင္မင္ပါရေစ။ ငါတို႔ၾကားမွာ ဘာမွမျဖစ္ခဲ့ဘူးလုိ႔ပဲ သေဘာထားၿပီး ဆက္ခင္ၾကရေအာင္လုိ႔ အေျဖေပးသင့္တယ္ထင္ပါတယ္။ အခင္အမင္လည္း မပ်က္ဘူးေပါ့ေလ… ခဏတာေတာ့ နာက်င္သြားမွာ မွန္ေပမဲ့ အေျခအေနက အရမ္းႀကီး ရုပ္မဆိုးေတာ့ဘူးေပါ့..

Related Article >>> သူငယ္ခ်င္းအဆင့္ထက္ ပိုေနေၾကာင္း သိႏုိင္မယ့္ အခ်က္ (၁၀)ခ်က္

ဒါမွမဟုတ္ နားလည္မႈ ဆက္ယူရမယ့္ ကာလလား…. 

ခင္မင္တာလည္း သိပ္မၾကာေသးခ်ိန္၊ သူ႔အေၾကာင္း ကိုယ့္အေၾကာင္း သိပ္မသိေသးခ်ိန္ပဲျဖစ္ျဖစ္၊ ကိုယ္က သူ႔ကို တြယ္တာမိေနတာက သူငယ္ခ်င္းလုိမ်ိဳးလား၊ ခ်စ္သူလိုမ်ိဳးလားဆုိတာ ေသေသခ်ာခ်ာသိေအာင္ ဆန္းစစ္ဖို႔ု လိုအပ္ေနတဲ့ ကာလမ်ိဳးလည္း ႐ွိေနႏိုင္ပါေသးတယ္။ ဒီလို အခ်ိန္မ်ိဳးဆုိရင္ေတာ့ ႏွစ္ဦးသားညွိႏိႈင္းၿပီး အခ်ိန္တစ္ခုေပးလို႔ ညွိႏႈိင္းသင့္ပါတယ္။ ၿပီးေတာ့ ခင္တာၾကာလာၿပီးမွ စိတ္ေျပာင္းလာတဲ့သူ တစ္ေယာက္ရွိတယ္ဆိုရင္လညး္ ကိုယ့္သံေယာဇဥ္က ဘာလဲ၊ ကိုယ္ေရာ စိတ္ေျပာင္းနုိင္ပါ့မလား၊ ခံစားခ်က္ေတြ ေျပာင္းလဲႏုိင္ပါ့မလားဆိုတာ ေသခ်ာစဥ္းစားဖို႔ အခ်ိန္လုိပါတယ္ေနာ္..

ေျပာလုိ႔မရဘူးေလ။ ကိုယ္က သူ႔ကို ခ်စ္ေနမိတာကို ကိုယ္ကမသိဘဲ သူငယ္ခ်င္းလုိပဲ ခင္ေနတယ္လုိ႔ ထင္ေနမိတာမ်ိဳးလည္း ျဖစ္ႏိုင္တာပဲ။ ဒါေၾကာင့္ ေသေသခ်ာခ်ာေလး အခ်ိန္ယူစဥ္းစားၾကည့္ရင္ ကိုယ္ကသူ႔ကို ဘယ္လုိအခ်စ္မ်ိဳးနဲ႔ ခ်စ္တာလဲဆုိတာ သိႏိုင္တာေပါ့။

အခ်င္းခ်င္းတစ္ေယာက္အေၾကာင္း တစ္ေယာက္အရမ္းနားလည္သြားတဲ့အခါ ပူေလာင္တဲ့ အခ်စ္မ်ိဳးမဟုတ္ဘဲ ေအးျမတဲ့သူငယ္ခ်င္းေမတၱာမ်ိဳးနဲ႔လည္း ခ်စ္သူေတြအျဖစ္ လက္တြဲသြားလို႔ရတယ္ေလ။ ဒါမွမဟုတ္လည္း ခ်စ္သူေတြအျဖစ္နဲ႔အဆင္မေျပဘဲ ေဘာ္ဒါေတြဘဝနဲ႔ပဲ ဆက္လက္ လက္တြဲသြားဖုိ႔ အဆင္ေျပတယ္ဆုိတာ သိသြားၾကေတာ့လည္း တစ္မ်ိဳးေကာင္းတာေပါ့ေနာ္။

သူက ကိုယ့္ကိုခ်စ္ေနလားဆုိတာ ဘယ္လုိသိႏိုင္မလဲ ဒါမွမဟုတ္ သူကိုယ့္ကို ခ်စ္လာေအာင္ဘယ္လုိလုပ္ရမလဲ

ပထမ ေမးခြန္းျဖစ္တဲ့ သူက ကိုယ့္ကိုယ္ခ်စ္ေနလား မခ်စ္ဘူးလား သိႏိုင္ဖုိ႔ခန္႔မွန္းတာကေတာ့ ခန္႔မွန္းလုိ႔ မလြယ္ဆံုးပါပဲ။ သူက ကိုယ့္အေပၚ ရင္းရင္းႏွီးႏွီး၊ ခင္ခင္မင္မင္ေန႐ံုနဲ႔၊ သူ ကိုယ့္အေပၚ ၾကင္နာယုယတာ၊ သံေယာဇဥ္႐ွိေနတာနဲ႔လည္း ကိုယ့္ကို ခ်စ္မိေနၿပီလုိ႔ ေတြးလုိ႔မရပါဘူး။ သူငယ္ခ်င္းေတြဆုိေတာ့ သူငယ္ခ်င္း အခ်င္းခ်င္း သံေယာဇဥ္ပိုတာလည္း ျဖစ္ႏုိင္တာပဲ။

ကိုယ့္အေပၚ သိပ္ရင္းရင္းႏွီးႏွီးေႏြးေႏြးေထြးေထြး မ႐ွိတာနဲ႔ မခ်စ္ဘူးလုိ႔လည္း ထင္လုိ႔မရျပန္ဘူး။ တခ်ိဳ႕ေတြက ခ်စ္ေနတဲ့သူကို ႐ွိန္ၿပီး ခပ္ေဝးေဝး ေနတတ္တာေလ။ အေကာင္းဆံုးက ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာလုိက္တာပါပဲ။

ဒါကေတာ့ သူငယ္ခ်င္းအဆင့္ကေန ေနာက္တစ္ဆင့္တက္ခ်င္ေနတဲ့ ေကာင္ေလးေတြကိုေရာ၊ ေယာင္းတုိ႔ကိုပါ ေသခ်ာစဥ္းစားၿပီး ေပးခဲ့တဲ့အႀကံဥာဏ္ေလးေတြပါ။ အဆင္ေျပသြားၾကရင္လည္း အက္ဒမင္ကိုျပန္ေျပာၾကဦးေနာ္။

Sugar Cane (For Her Myanmar)

<<<Unicode>>>

သူငယ်ချင်းစည်းကို ကျော်ဖို့ ချီတုံချတုံဖြစ်နေတုန်းပဲ 😷

ငယ်ငယ်ကတည်းက ကြားနေကျသီချင်းလေးတစ်ပုဒ်ရှိပါတယ်။ ဘာတဲ့ သူငယ်ချင်းအချစ်ထက် ပိုချစ်ပါ ….. တဲ့ ။ အင်း သူငယ်ချင်း အချစ်ဇာတ်လမ်းတွေဆိုတာလည်း ဘိုးဘိုး ဖွားဖွား တို့ ခေတ်၊ ဖေဖေ မေမေ တို့ခေတ်ကနေ တို့တွေခေတ်အထိ မရိုးနိုင်တဲ့ဇာတ်လမ်းတွေပါ။ ဒါပေမဲ့ ကြားဖူးတဲ့ စကားပုံလေးတစ်ခုရှိတယ်။ သူငယ်ချင်းကနေ ချစ်သူ ဖြစ်ဖို့ လွယ်တယ်၊ ချစ်သူကနေ သူငယ်ချင်း ပြန်ဖြစ်ဖို့ မလွယ်ဘူးတဲ့။ မှန်သင့်သလောက်တော့လည်း မှန်ပါတယ်။ ဒါပေမဲ့ အက်ဒမင်ထင်တာကတော့ သူငယ်ချင်းကနေ ချစ်သူဖြစ်ဖို့ကလည်း ထင်သလောက် မလွယ်ဘူးလို့လေ။
အထူးသဖြင့် ကောင်လေးဘက်ကနေ ဖွင့်ပြောဖို့ အခက်အခဲတွေရှိမှာပဲလေ။

သူကလည်း စဉ်းစားမှာပဲ… သူဖွင့်ပြောလိုက်မှ ခင်မင်တာတွေ ပျက်စီးပြီး သူငယ်ချင်းလို ဆက်မချစ်နိုင်တော့ဘဲ ရှိပြီးသားခင်မင်မှုလေး ပျက်စီးသွားမှာကို သူလည်း ကြောက်ရှာမှာပေါ့။ ကောင်မလေးဘက်ကလည်း သူ့ကို ချစ်သူလို ချစ်နိုင်ရင်အကြောင်းမဟုတ်ဘူး။ သူငယ်ချင်းလိုပဲချစ်တယ်ဆို ငြင်းရခက်၊ မငြင်းရခက်ကြီးမဟုတ်လား… အဲဒီအခါ ပြတ်ပြတ်သားသားငြင်းလိုက်ရလို့ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲပေါ့… ဒီအဖြစ်ကို ကြောက်တယ်ဆိုတဲ့ စိုးရိမ်မှုလေးရှိမှာပဲလေ။

အဲဒီလို အခြေအနေမျိုးမှာ ဘာဆက်လုပ်သင့်လဲ… ဖွင့်ပြောသင့်လား.. ဒါမှမဟုတ် ရင်ထဲမှာပဲ သိမ်းထားသင့်လား? 

အက်ဒမင့် အမြင်ပြောရမယ်ဆိုရင်တော့…

ဒီလို စိုးရိမ်မှုတွေကို နားလည်မှုတွေ၊ ပွင့်လင်းမှုတွေနဲ့ ကျော်လွှားသင့်တယ်လို့ အက်ဒ်မင်ကထင်ပါတယ်။ အရင်ဆုံးကောင်လေးဘက်ကနေ၊ ကြည့်ရအောင်။ ကိုယ့်ဘက်က ဖွင့်ပြောဖို့ ကြောက်မိနေတယ်ဆိုရင် ဘာကိုကြောက်တာလဲဆိုတာ အရင်ဆန်းစစ်သင့်ပါတယ်။ သူက ငြင်းလိုက်မှာကို ကြောက်တာလား။ ဒါဆိုရင် မလိုအပ်တဲ့ကိစ္စမှာ တွေဝေနေမိပြီလို့ပဲ ပြောပါရစေ။ အချစ်ကိစ္စမှာ ဖွင့်ပြောဖို့ဆိုတာ Do Or Die ဆိုသလို ဖြစ်ချင်ရာဖြစ်ပါစေ လုပ်သင့်တာလုပ်ရမှာပဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆုံးဖြတ်သင့်တာတွေရှိပါတယ်…

ငြင်းလိုက်မှာကြောက်လို့၊ လက်ရှိအခြေအနေလေးပျက်ပြားသွားမှာ ကြောက်လို့ဆိုတဲ့အတွေးကြောင့် ဇာတ်မျောကြီးနဲ့ အီလည်လည် အဆုံးသတ်သွားမှာပါ။ အဲဒီတော့ ငြင်းကာမှပဲ ငြင်းပါစေ။ ကိုယ့်ဘက်က ဖွင့်ပြောစရာရှိတာ ပြောရမှာပါပဲ။ သူ့ဘက်က ကိုယ့်ကိုမချစ်ဘူးလို့ငြင်းတာက ရှက်စရာမကောင်းပါဘူး။ သူ့ဘက်က မချစ်နိုင်တာလည်း အကြောင်းကြောင်းကြောင့်ရှိပါတယ်
ဒါမှမဟုတ် ကိုယ်ဖွင့်ပြောလိုက်မှ ခင်မင်မှုလေး ပျက်စီးသွားမှာမလိုလားပါဘူး ဆိုရင်တော့ သူ့ကိုဖွင့်ပြောစဉ်ကတည်းက တစ်ခါတည်းနားလည်မှုယူထားသင့်ပါတယ်။

ဥပမာ ငါ့ကိုချစ်လား မချစ်ဘူးလားဆိုတာ ပွင့်ပွင့်လင်းလင်းအဖြေပေးလို့ရပါတယ်။ မချစ်ဘူးဆိုရင်တောင်မှ အရင်လို သူငယ်ချင်းလိုတော့ ဆက်ခင်မင်ခွင့်ပေးပါ ဆိုတာမျိုးလေး သူ့ကိုပြောပြပေါ့နော်… အငြင်းခံရရင်တော့ အရင်ကလောက် မရင်းနှီးတော့ပေမဲ့ ခင်မင်မှုလေးတော့ ကျန်ခဲ့ဦးမှာပါ.. အချိန်ကြာလာတာနဲ့ အမျှ ပုံမှန်ပဲ ပြန်ဖြစ်သွားမှာပါနော်…

မိန်းကလေးဘက်ကလည်း ကိုယ်က သူငယ်ချင်းလိုခင်ရသူက ဖွင့်ပြောလာတဲ့အခါ ငြင်းလဲငြင်းချင်တယ် ခင်မင်မှုလေးပျက်မှာကြောက်တယ်ဆိုရင် ငါနင့်ကို သူငယ်ချင်းလိုပဲ ဆက်ခင်မင်ပါရစေ။ ငါတို့ကြားမှာ ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ သဘောထားပြီး ဆက်ခင်ကြရအောင်လို့ အဖြေပေးသင့်တယ်ထင်ပါတယ်။ အခင်အမင်လည်း မပျက်ဘူးပေါ့လေ… ခဏတာတော့ နာကျင်သွားမှာ မှန်ပေမဲ့ အခြေအနေက အရမ်းကြီး ရုပ်မဆိုးတော့ဘူးပေါ့..

Related Article >>> သူငယ်ချင်းအဆင့်ထက် ပိုနေကြောင်း သိနိုင်မယ့် အချက် (၁၀)ချက်

ဒါမှမဟုတ် နားလည်မှု ဆက်ယူရမယ့် ကာလလား…. 

ခင်မင်တာလည်း သိပ်မကြာသေးချိန်၊ သူ့အကြောင်း ကိုယ့်အကြောင်း သိပ်မသိသေးချိန်ပဲဖြစ်ဖြစ်၊ ကိုယ်က သူ့ကို တွယ်တာမိနေတာက သူငယ်ချင်းလိုမျိုးလား၊ ချစ်သူလိုမျိုးလားဆိုတာ သေသေချာချာသိအောင် ဆန်းစစ်ဖို့ လိုအပ်နေတဲ့ ကာလမျိုးလည်း ရှိနေနိုင်ပါသေးတယ်။ ဒီလို အချိန်မျိုးဆိုရင်တော့ နှစ်ဦးသားညှိနှိုင်းပြီး အချိန်တစ်ခုပေးလို့ ညှိနှိုင်းသင့်ပါတယ်။ ပြီးတော့ ခင်တာကြာလာပြီးမှ စိတ်ပြောင်းလာတဲ့သူ တစ်ယောက်ရှိတယ်ဆိုရင်လည်း ကိုယ့်သံယောဇဉ်က ဘာလဲ၊ ကိုယ်ရော စိတ်ပြောင်းနိုင်ပါ့မလား၊ ခံစားချက်တွေ ပြောင်းလဲနိုင်ပါ့မလားဆိုတာ သေချာစဉ်းစားဖို့ အချိန်လိုပါတယ်နော်..

ပြောလို့မရဘူးလေ။ ကိုယ်က သူ့ကို ချစ်နေမိတာကို ကိုယ်ကမသိဘဲ သူငယ်ချင်းလိုပဲ ခင်နေတယ်လို့ ထင်နေမိတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် သေသေချာချာလေး အချိန်ယူစဉ်းစားကြည့်ရင် ကိုယ်ကသူ့ကို ဘယ်လိုအချစ်မျိုးနဲ့ ချစ်တာလဲဆိုတာ သိနိုင်တာပေါ့။

အချင်းချင်းတစ်ယောက်အကြောင်း တစ်ယောက်အရမ်းနားလည်သွားတဲ့အခါ ပူလောင်တဲ့ အချစ်မျိုးမဟုတ်ဘဲ အေးမြတဲ့သူငယ်ချင်းမေတ္တာမျိုးနဲ့လည်း ချစ်သူတွေအဖြစ် လက်တွဲသွားလို့ရတယ်လေ။ ဒါမှမဟုတ်လည်း ချစ်သူတွေအဖြစ်နဲ့အဆင်မပြေဘဲ ဘော်ဒါတွေဘဝနဲ့ပဲ ဆက်လက် လက်တွဲသွားဖို့ အဆင်ပြေတယ်ဆိုတာ သိသွားကြတော့လည်း တစ်မျိုးကောင်းတာပေါ့နော်။

သူက ကိုယ့်ကိုချစ်နေလားဆိုတာ ဘယ်လိုသိနိုင်မလဲ ဒါမှမဟုတ် သူကိုယ့်ကို ချစ်လာအောင်ဘယ်လိုလုပ်ရမလဲ

ပထမ မေးခွန်းဖြစ်တဲ့ သူက ကိုယ့်ကိုယ်ချစ်နေလား မချစ်ဘူးလား သိနိုင်ဖို့ခန့်မှန်းတာကတော့ ခန့်မှန်းလို့ မလွယ်ဆုံးပါပဲ။ သူက ကိုယ့်အပေါ် ရင်းရင်းနှီးနှီး၊ ခင်ခင်မင်မင်နေရုံနဲ့၊ သူ ကိုယ့်အပေါ် ကြင်နာယုယတာ၊ သံယောဇဉ်ရှိနေတာနဲ့လည်း ကိုယ့်ကို ချစ်မိနေပြီလို့ တွေးလို့မရပါဘူး။ သူငယ်ချင်းတွေဆိုတော့ သူငယ်ချင်း အချင်းချင်း သံယောဇဉ်ပိုတာလည်း ဖြစ်နိုင်တာပဲ။

ကိုယ့်အပေါ် သိပ်ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေး မရှိတာနဲ့ မချစ်ဘူးလို့လည်း ထင်လို့မရပြန်ဘူး။ တချို့တွေက ချစ်နေတဲ့သူကို ရှိန်ပြီး ခပ်ဝေးဝေး နေတတ်တာလေ။ အကောင်းဆုံးက ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်တာပါပဲ။

ဒါကတော့ သူငယ်ချင်းအဆင့်ကနေ နောက်တစ်ဆင့်တက်ချင်နေတဲ့ ကောင်လေးတွေကိုရော၊ ယောင်းတို့ကိုပါ သေချာစဉ်းစားပြီး ပေးခဲ့တဲ့အကြံဉာဏ်လေးတွေပါ။ အဆင်ပြေသွားကြရင်လည်း အက်ဒမင်ကိုပြန်ပြောကြဦးနော်။

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *