ခဏေလာက္မေတြ႕ဘဲေနရေအာင္လုိ႔ သူေျပာလာတဲ့အခါ ဘာလုပ္သင့္လဲ

ဟင္… အဲဒါ ျပတ္ဖို႔ ေျပာတာမဟုတ္ဘူးလား? 

<<< Zawgyi>>>

Relationship Break ဆိုတာ အခုေနာက္ပိုင္း အတြဲေတြၾကားမွာ က်င့္သံုးလာၾကတဲ့ အေလ့အထတစ္ခုပါ။ ဒါေပမဲ့ ဒီအေလ့အထကို မၾကံဳဖူးေသးတဲ့သူအတြက္ေတာ့ စိုးရိမ္ထိတ္လန္႔ဖြယ္ရာလုိ႔ ထင္ေကာင္းထင္မိမွာပါ။ ခ်စ္ၾကခင္ၾကသူေတြဆိုတာ အၿမဲေတြ႕ခ်င္ျမင္ခ်င္ေနရမွာကို ခဏေလာက္မေတြ႕ခ်င္ဘူး ဆိုေတာ့ မခ်စ္ေတာ့လို႔လား၊ အသစ္ေတြ႕ေနလုိ႔လား ေပါ့ေနာ္။

တကယ္ေတာ့မဆိုင္ပါဘူး။ ခဏေလာက္ မေတြ႕ဘဲေနတဲ့ Relationship Break ဆိုတာ Breakup (ျပတ္စဲျခင္း) မဟုတ္ပါဘူး။ ဒီအေျခအေနက စိုးရိမ္စရာေကာင္းတဲ့ အေျခအေနမ်ိဳးလည္း မဟုတ္တဲ့အျပင္ Relationship ကို ပိုေကာင္းလာေစႏုိင္တဲ့ အက်ိဳးလည္း ႐ွိပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ အရာရာတုိင္းမွာ ေခတၱအနားယူတယ္ဆိုတာ ႐ွိပါတယ္။ အလုပ္အၿမဲတမ္း လုပ္ေနရတာ၊ စာအၿမဲက်က္ေနရတာ၊ အိမ္ထဲမွာပဲ အၿမဲေနရတာ၊ ဘာပဲလုပ္လုပ္ ဆက္တိုက္ဆိုရင္ ၿငီးေငြ႕ဖို႔ေကာင္းလုိ႔ ခဏေလာက္ အနားယူလုိက္မွ လန္းဆန္းသြားတာမ်ိဳးေပါ့..

အခ်စ္ေရးမွာလည္း အဲဒီလိုပါပဲ။ အၿမဲတမ္း သူနဲ႔ပဲေတြ႕ သူနဲ႔ပဲ သြားလာစားေသာက္ေနရေတာ့ ၿငီးေငြ႕လာမွာပဲ။ ရန္ျဖစ္စရာ အေၾကာင္းအရာေတြကလည္း ထပ္ေနေတာ့ ရန္ျဖစ္ရတာေတာင္ေပ်ာ္စရာေကာင္းလာမွာ မဟုတ္သလုိ အဆင္မေျပရျခင္းေတြမွာလည္း ဘာေၾကာင့္ဆုိတဲ့ အေၾကာင္းအရင္းကို အေျဖရွာေတြ႕မွာ မဟုတ္ပါဘူး။

Related Article >>> ဒီလို အခ်က္ေတြရွိလာၿပီ ဆိုရင္ေတာ့ ကိုယ့္အခ်စ္ေရးကို တာ့တာျပလိုက္ပါေတာ့…

အဲဒီေတာ့ သူနဲ႔ေတြ႕တာ ခဏေလာက္ အနားယူဖုိ႔လုိအပ္ၿပီလို႔ ခံစားရရင္ ခဏအနားယူလုိက္ပါ။ သူ႔ဘက္က Break ယူခ်င္တယ္လုိ႔ ေျပာလာရင္လည္း စိုးရိမ္ထိတ္လန္႔မေနပါနဲ႔ေနာ္။ ဒီအေျခအေနကို လက္ခံလုိက္ၿပီး ကိုယ္လည္း ခဏတာအနားယူလုိက္ပါ။

Break ခ်ိန္ကို ဘယ္လုိျဖတ္သန္းသင့္လဲ

ဒီအခ်ိန္မွာ ကိုယ့္မိဘ၊ သူငယ္ခ်င္း ဒါမွမဟုတ္ ကိုယ့္တစ္ေယာက္တည္းအတြက္ပဲျဖစ္ျဖစ္ အခ်ိန္ေပးလုိက္သင့္ပါတယ္။ သူတုိ႔ေတြနဲ႔အတူ မုန္႔သြားစားတာ၊ အျပင္ထြက္လည္တာ၊ ႐ုပ္႐ွင္ၾကည့္တာ ဒါမွမဟုတ္ တစ္ေယာက္တည္း အိမ္မွာ အိပ္လုိက္စားလုိက္ေနတာေပါ့။ သူ႔အေၾကာင္းကို ေခါင္းထဲက ခဏထုတ္ထားလုိက္ၿပီး ကိုယ့္ဘာသာေပ်ာ္ေပ်ာ္ေနလုိက္ရင္ အခ်ိန္ကုန္လို႔ကုန္မွန္းေတာင္ သိလိုက္မွာမဟုတ္ပါဘူး။

သူနဲ႔ လံုးဝအဆက္အသြယ္ျဖတ္သင့္လား

အဲဒီလုိ လံုးဝႀကီးအဆက္အသြယ္ျဖတ္တာမ်ိဳးေတာ့မလုပ္သင့္ပါဘူး။ ေနေကာင္းရဲ႕လား၊ အဆင္ေျပရဲ႕လားလုိ႔ မက္ေဆ့ခ်္ပို႔တာမ်ိဳး၊ ဖုန္းခဏေျပာတာေလာက္ေတာ့ ႐ွိသင့္ပါတယ္။ Break ယူပါတယ္ဆုိမွ တစ္ခ်ိန္လံုး သူ႔ကိုဆက္သြယ္မိေနတာမ်ိဳးေတာ့ မလုပ္နဲ႔ေပါ့။

ဘယ္ေလာက္အခ်ိန္ယူသင့္လဲ

Break ခ်ိန္က အနည္းဆံုး တစ္ပတ္ကေန အမ်ားဆံုး တစ္လေလာက္ ယူသင့္ပါတယ္။ အဲဒီထက္မ်ားသြားရင္ လံုးဝအဆက္အသြယ္ျပတ္သြားႏုိင္ၿပီး နည္းသြားေတာ့လည္း မထိေရာက္ပါဘူး။

Related Article >>> ျပတ္လိုက္ဆက္လိုက္ျဖစ္ေနတဲ့ အခ်စ္ေရးကိုဘယ္လုိအဆံုးသတ္မလဲ

Break ယူလုိက္လို႔ Break up ျဖစ္သြားႏုိင္လား

ဒါက နဂိုအခ်စ္ေရးအေျခအေနနဲ႔ပဲ ဆုိင္တာပါ။ နဂိုကတည္းက အက္ေၾကာင္းႀကီးထင္ေနတဲ့ အခ်စ္ေရးဟာ Break ယူသည္ျဖစ္ေစ၊ မျဖစ္ေစ ျပတ္မွာပါပဲ။ Break ယူလုိက္လို႔ ျပတ္သြားတယ္ဆိုတာေတာ့ မ႐ွိပါဘူး။ ဒီခဏတာအတြင္းေလးမွာ တစ္ေယာက္ေယာက္က အသစ္ရသြားတယ္ဆုိရင္ နဂိုကတည္းက ဒီအခ်စ္ေရးကို အေလးမထားသူမို႔ပဲ ျဖစ္မွာပါ။

သာမန္အတြဲေတြမွာေတာ့ Break ယူလုိက္မွ ျပန္ၿပီးလန္းလန္းဆန္းဆန္းျဖစ္သြားသလုိ သူနဲ႔ျဖစ္ေနက်ျပႆနာေတြကို ေသြးေအးေအးနဲ႔စဥ္းစားႏုိင္ၿပီး အေျဖ႐ွာေတြ႕သြားႏုိင္ပါတယ္။ ေနာက္ၿပီး Break ကာလအၿပီးမွာ သူ႔ကိုျပန္ေတြ႕ရတဲ့ အရသာက ပထမဆံုးသူနဲ႔ Date တုန္းကခံစားခ်က္မ်ိဳးကို ျပန္ရေစတယ္ေလ။

ကဲ .. အက္ဒမင္ကေတာ့ Relationship Break အေၾကာင္း သိေကာင္းစရာေတြေျပာခဲ့ၿပီဆုိေတာ့ ေယာင္းတုိ႔ရဲ႕အခ်စ္ေရးမွာ အက်ိဳး႐ွိေအာင္ လိမၼာပါးနပ္စြာအသံုးခ်ႏိုင္ၾကပါေစေနာ္။

ခ်စ္တဲ့ အက္ဒ္မင္

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဟင်… အဲဒါ ပြတ်ဖို့ ပြောတာမဟုတ်ဘူးလား? 

Relationship Break ဆိုတာ အခုနောက်ပိုင်း အတွဲတွေကြားမှာ ကျင့်သုံးလာကြတဲ့ အလေ့အထတစ်ခုပါ။ ဒါပေမဲ့ ဒီအလေ့အထကို မကြုံဖူးသေးတဲ့သူအတွက်တော့ စိုးရိမ်ထိတ်လန့်ဖွယ်ရာလို့ ထင်ကောင်းထင်မိမှာပါ။ ချစ်ကြခင်ကြသူတွေဆိုတာ အမြဲတွေ့ချင်မြင်ချင်နေရမှာကို ခဏလောက်မတွေ့ချင်ဘူး ဆိုတော့ မချစ်တော့လို့လား၊ အသစ်တွေ့နေလို့လား ပေါ့နော်။

တကယ်တော့မဆိုင်ပါဘူး။ ခဏလောက် မတွေ့ဘဲနေတဲ့ Relationship Break ဆိုတာ Breakup (ပြတ်စဲခြင်း) မဟုတ်ပါဘူး။ ဒီအခြေအနေက စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးလည်း မဟုတ်တဲ့အပြင် Relationship ကို ပိုကောင်းလာစေနိုင်တဲ့ အကျိုးလည်း ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ အရာရာတိုင်းမှာ ခေတ္တအနားယူတယ်ဆိုတာ ရှိပါတယ်။ အလုပ်အမြဲတမ်း လုပ်နေရတာ၊ စာအမြဲကျက်နေရတာ၊ အိမ်ထဲမှာပဲ အမြဲနေရတာ၊ ဘာပဲလုပ်လုပ် ဆက်တိုက်ဆိုရင် ငြီးငွေ့ဖို့ကောင်းလို့ ခဏလောက် အနားယူလိုက်မှ လန်းဆန်းသွားတာမျိုးပေါ့..

အချစ်ရေးမှာလည်း အဲဒီလိုပါပဲ။ အမြဲတမ်း သူနဲ့ပဲတွေ့ သူနဲ့ပဲ သွားလာစားသောက်နေရတော့ ငြီးငွေ့လာမှာပဲ။ ရန်ဖြစ်စရာ အကြောင်းအရာတွေကလည်း ထပ်နေတော့ ရန်ဖြစ်ရတာတောင်ပျော်စရာကောင်းလာမှာ မဟုတ်သလို အဆင်မပြေရခြင်းတွေမှာလည်း ဘာကြောင့်ဆိုတဲ့ အကြောင်းအရင်းကို အဖြေရှာတွေ့မှာ မဟုတ်ပါဘူး။

Related Article >>> ဒီလို အချက်တွေရှိလာပြီ ဆိုရင်တော့ ကိုယ့်အချစ်ရေးကို တာ့တာပြလိုက်ပါတော့…

အဲဒီတော့ သူနဲ့တွေ့တာ ခဏလောက် အနားယူဖို့လိုအပ်ပြီလို့ ခံစားရရင် ခဏအနားယူလိုက်ပါ။ သူ့ဘက်က Break ယူချင်တယ်လို့ ပြောလာရင်လည်း စိုးရိမ်ထိတ်လန့်မနေပါနဲ့နော်။ ဒီအခြေအနေကို လက်ခံလိုက်ပြီး ကိုယ်လည်း ခဏတာအနားယူလိုက်ပါ။

Break ချိန်ကို ဘယ်လိုဖြတ်သန်းသင့်လဲ

ဒီအချိန်မှာ ကိုယ့်မိဘ၊ သူငယ်ချင်း ဒါမှမဟုတ် ကိုယ့်တစ်ယောက်တည်းအတွက်ပဲဖြစ်ဖြစ် အချိန်ပေးလိုက်သင့်ပါတယ်။ သူတို့တွေနဲ့အတူ မုန့်သွားစားတာ၊ အပြင်ထွက်လည်တာ၊ ရုပ်ရှင်ကြည့်တာ ဒါမှမဟုတ် တစ်ယောက်တည်း အိမ်မှာ အိပ်လိုက်စားလိုက်နေတာပေါ့။ သူ့အကြောင်းကို ခေါင်းထဲက ခဏထုတ်ထားလိုက်ပြီး ကိုယ့်ဘာသာပျော်ပျော်နေလိုက်ရင် အချိန်ကုန်လို့ကုန်မှန်းတောင်သိလိုက်မှာမဟုတ်ပါဘူး။

သူနဲ့ လုံးဝအဆက်အသွယ်ဖြတ်သင့်လား

အဲဒီလို လုံးဝကြီးအဆက်အသွယ်ဖြတ်တာမျိုးတော့မလုပ်သင့်ပါဘူး။ နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လားလို့ မက်ဆေ့ချ်ပို့တာမျိုး၊ ဖုန်းခဏပြောတာလောက်တော့ ရှိသင့်ပါတယ်။ Break ယူပါတယ်ဆိုမှ တစ်ချိန်လုံး သူ့ကိုဆက်သွယ်မိနေတာမျိုးတော့မလုပ်နဲ့ပေါ့။

ဘယ်လောက်အချိန်ယူသင့်လဲ

Break ချိန်က အနည်းဆုံး တစ်ပတ်ကနေ အများဆုံး တစ်လလောက် ယူသင့်ပါတယ်။ အဲဒီထက်များသွားရင် လုံးဝအဆက်အသွယ်ပြတ်သွားနိုင်ပြီး နည်းသွားတော့လည်း မထိရောက်ပါဘူး။

Related Article >>> ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ အချစ်ရေးကိုဘယ်လိုအဆုံးသတ်မလဲ

Break ယူလိုက်လို့ Break up ဖြစ်သွားနိုင်လား

ဒါက နဂိုအချစ်ရေးအခြေအနေနဲ့ပဲ ဆိုင်တာပါ။ နဂိုကတည်းက အက်ကြောင်းကြီးထင်နေတဲ့ အချစ်ရေးဟာ Break ယူသည်ဖြစ်စေ၊ မဖြစ်စေ ပြတ်မှာပါပဲ။ Break ယူလိုက်လို့ ပြတ်သွားတယ်ဆိုတာတော့ မရှိပါဘူး။ ဒီခဏတာအတွင်းလေးမှာ တစ်ယောက်ယောက်က အသစ်ရသွားတယ်ဆိုရင် နဂိုကတည်းက ဒီအချစ်ရေးကို အလေးမထားသူမို့ပဲ ဖြစ်မှာပါ။

သာမန်အတွဲတွေမှာတော့ Break ယူလိုက်မှ ပြန်ပြီးလန်းလန်းဆန်းဆန်းဖြစ်သွားသလို သူနဲ့ဖြစ်နေကျပြဿနာတွေကို သွေးအေးအေးနဲ့စဉ်းစားနိုင်ပြီး အဖြေရှာတွေ့သွားနိုင်ပါတယ်။ နောက်ပြီး Break ကာလအပြီးမှာ သူ့ကိုပြန်တွေ့ရတဲ့ အရသာက ပထမဆုံးသူနဲ့ Date တုန်းကခံစားချက်မျိုးကို ပြန်ရစေတယ်လေ။

ကဲ .. အက်ဒမင်ကတော့ Relationship Break အကြောင်း သိကောင်းစရာတွေပြောခဲ့ပြီဆိုတော့ ယောင်းတို့ရဲ့အချစ်ရေးမှာ အကျိုးရှိအောင် လိမ္မာပါးနပ်စွာအသုံးချနိုင်ကြပါစေနော်။

ချစ်တဲ့ အက်ဒ်မင်

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed