ဒီစာကိုဖတ်ပြီးရင်တော့ အလတ်ဖြစ်ရတာကို စိတ်ညစ်တော့မှာ မဟုတ်ပါဘူး…

တကယ်တော့ အလတ်တွေမှာလည်း သူ့အားသာချက်နဲ့သူရှိပါတယ်နော်…

<<<Zawgyi>>>

အကြီးဆုံးကလေးကျတော့ သားဦးအရူးမို့ ချစ်တယ် ၊ အငယ်ဆုံးလေးကျတော့ အထွေးဆုံးလေးမို့ ချစ်တယ်။ ဒါဆို အလတ်ကရော။ အလတ်ဆိုတဲ့အတိုင်း ကြားထဲမှာ အချစ်ပေါ့ပြီး လစ်လပ်နေရတာဆိုတဲ့ ခံစားချက်မျိုး သူတို့ဆီမှာ အမြဲ ရှိပါတယ်။ တကယ်တော့ အလတ်ဖြစ်ရတာ ကောင်းတဲ့အချက်ရှိသလို တစ်ခါတလေ ခံရခက်တဲ့ အချက်လည်း ရှိတယ်ဆိုတာ အိမွန်က ပြောပြချင်ပါတယ်။

အကြီးဆုံးတွေလို တွန်းအားပေး မခံရဘူး။

မိဘတွေက သူတို့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို သားကြီး သမီးကြီး ဆီမှာပဲ ပုံအောထားတတ်ကြပါတယ်။ ဒါကြောင့် အကြီးဆုံးတွေက မိဘရဲ့ ထိန်းကျောင်းမှုပုံစံပေါ် မူတည်ပြီး အရမ်းတော်သွားနိုင်သလို အလိုလိုက်တာများပြီး ဆိုးသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အလတ်တွေ အလှည့်ရောက်လာချိန်မှာတော့ မိဘတွေက ကလေးနဲ့ပတ်သက်ပြီး နားလည်မှု ပိုလာတာ ဖြစ်လို့ ဘယ်လိုမျိုး ပဲ့ကိုင်ရမယ်ဆိုတာ သိသွားပါပြီ။ (မလျှော့မတင်းလေးပဲ အထိန်းခံရတာပေါ့။)

ကိုယ့်စတိုင်နဲ့ကိုယ် နေတတ်တယ်။

များသောအားဖြင့် အလတ်တွေက သူတို့အပေါ် သိပ်ပြီး အာရုံစိုက်မယ့်လူ မရှိတဲ့အတွက် ကိုယ့်စတိုင်နဲ့ကိုယ် ဝါသနာပါတဲ့အရာတွေကို ရှာဖွေနေတတ်တာ များပါတယ်။ စိတ်ခံစားချက်ကို ဖုံးကွယ်ထားပြီး ကလေးဆန်ဆန်နေတတ်တာမျိုးရှိပေမဲ့ ရှားပါတယ်။ ဒီလိုမျိုး ကိုယ့်စတိုင်နဲ့ကိုယ် သီးသန့်နေတာများလွန်းလို့ တစ်ခါတလေ အိမ်ကလူတွေနဲ့ အကြောမတည့်တာမျိုးတွေတောင် ဖြစ်တတ်ပါရောလား။

Related Article >>> အစ်ကိုနဲ့ ညီမကြားက ပြဿနာ ပေါင်းချုပ်

အတွေးအခေါ် ရင့်သန်တယ်။

အကြီးဆုံးတွေလို မိဘတွေရဲ့ဖိအားပေး မခံရသလို အငယ်တွေလိုလည်း  အကဲပို မခံရတဲ့အတွက် အလတ်တွေက ကိုယ့်စိတ်နဲ့ကိုယ် ပျော်ပျော်ကြီး နေနိုင်ကြတာမို့ ဘောင်ကျဉ်းကျဉ်းလေးထဲကနေ ဖောက်ထွက်ပြီး တွေးတာနိုင်သူတွေ ဖြစ်လာကြပါတယ်။ ဥပမာပြောရရင်တော့ မိုက်ခရိုဆော့ဖ် တည်ထောင်သူ  Bill Gates ပေါ့။

ကိုယ့်အားကိုယ်ကိုးပြီး နေတတ်တယ်။

အလတ်တွေက ဒရာမာဆန်ဆန် ခံစားတတ်တာရှားပြီး အရာရာမှာ ကိုယ့်အားကိုယ်ကိုး တတ်ပါတယ်။ ကိုယ့်ကို ဘယ်သူမှ အရေးမစိုက်မှာကို သိနေတဲ့အတွက် သူများအပေါ် မှီခိုရမယ်ဆိုတဲ့ စိတ်မျိုး ဘယ်တော့မှ မထားတတ်တာလည်း အလတ်တွေပါပဲ။

အကြီးနဲ့ အငယ်ကြားက ငြိမ်းချမ်းရေးသံတမန် ဖြစ်တယ်။

အကြီးဆုံးမို့လေးစားရတယ်၊ အငယ်ဆုံးမို့ ဦးစားပေးရတယ်။ ဒီနှစ်ယောက်ကြားမှာ အနေအစားချောင်အောင် နေလာရင်းနဲ့ ကိုယ်က လူတွေကြားမှာ နေတတ်ထိုင်တတ် သွားတယ်။ သူတို့နှစ်ယောက်မတည့်ကြဘူးဆိုလည်း ကိုယ်က ကြားထဲကနေ ရင်ကြားစေ့ရေး ဆောင်ရွက်ပေးရတဲ့ ငြိမ်းချမ်းရေး သံတမန်ပေါ့။

အပေါင်းအသင်း ခုံမင်တယ်။

ကိုယ်လိုချင်တဲ့ ဂရုစိုက်မှုပုံစံမျိုးကို မိသားစုက မပေးနိုင်ဘူး ထင်တဲ့အခါ သူငယ်ချင်းမိတ်ဆွေတွေဆီမှာ ရှာဖွေတတ်ကြပါတယ်။ ဒါကြောင့်မို့ သားသမီးအလတ်တွေက သူငယ်ချင်းတွေကို စွဲစွဲမြဲမြဲ ပေါင်းတတ်သလို ချစ်ရမယ့်သူ ရှိလာရင်လည်း သစ္စာရှိရှိ ချစ်သွားတတ်ကြပါတယ်။

Related Article >>> ဆယ်ကျော်သက်တုန်းက မေမေနဲ့ဆက်ဆံရေး Vs နှစ်ဆယ်ကျော်နောက်ပိုင်းမေမေနဲ့ ဆက်ဆံရေး

ကိုယ့်အပေါ် ဂရုမစိုက်မယ့်သူ မရှိဘူးလို့ ခံစားတတ်ကြတယ်။

အလတ်ဖြစ်ရတာကလည်း ကိုယ့်ရဲ့ ရွေးချယ်မှုကြောင့် ဖြစ်လာတာမှ မဟုတ်ပဲလေနော်။ တစ်ခါတလေ တန်းတူ အချစ်မခံရဘူးလို့ အတွေးမျိုး သားသမီးအလတ်တွေမှာ ရှိတတ်ကြပါတယ်။ ကိုယ့်အထက်မှာ အကြီးတစ်ယောက်ပဲ ရှိတုန်းကတော့ ငါအငယ်ဆုံးပဲဆိုပြီး အောက်မေ့နေတုန်း အငယ်လေးလည်းမွေးရော ကိုယ်လည်း ရာထူးလျှောပြီး အလတ်ဖြစ်သွားပါလေရောပေါ့။ အာ့တော့ ကိုယ့်ကိုမချစ်တော့လောက်ဘူးဆိုပြီး ကြိတ်ဝမ်းနည်းရတာပါပဲ။

ယောင်းတို့ရေ အိမ်တစ်အိမ်ရဲ့ သားသမီးအလတ်တွေက လူမှုပတ်ဝန်းကျင်မှာ အပေါင်းအသင်း ဝင်ဆန့်နိုင်သလို မိဘကို အပူပေးတာ နည်းတဲ့ သားသမီးတွေပါနော်။ တကယ်တော့ အလတ်မို့လို့လတ်နေတာမဟုတ်ဘဲ မိဘတွေကို ပိုပြီးအလိုက်သိ မိဘတွေကလည်း ပိုပြီးစိတ်ချရတဲ့ သားသမီးတွေပါလို့။

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed