FUN Relationships

ပထမဆံုးရည္းစားနဲ႔ ခ်ိန္းေတြ႔တဲ့အခ်ိန္ မိန္းကေလးမ်ား ျဖစ္ေလ့ျဖစ္ထရွိတဲ့ အလြဲမ်ား

ျဖစ္ခဲ့ဖူးလား…ေျဖပါ 😛

ရည္းစားထားတဲ့ေနရာမွ ဆရာမႀကီးျဖစ္ေနပါေစ …အသစ္ အသစ္ေသာ ရည္းစားေတြထားၿပီး ပထမဆံုး ခ်ိန္းေတြ႕တဲ့ေန႔မွာ ဒါမ်ိဳးေလးေတြ ႀကံဳရတတ္ပါတယ္။ မိန္းကေလးအမ်ားစု ျဖစ္ေနက်ပါပဲ….. ျဖစ္တိုင္းလည္း ခ်စ္စရာအမွတ္တရေလးတစ္ခု က်န္ရစ္တာေပါ့ေနာ္.. ေယာင္းတို႔ေရာ ကိုယ့္ခ်စ္သူနဲ႔ ပထမဆံုး ဒိတ္ လုပ္တုန္းက အခ်ိန္ေလးေတြက ဒီလိုဟုတ္ မဟုတ္ ဖတ္ၾကည့္ပါဦး။

(၁) ထိုင္စရာေနရာ ေရြးရခက္ျခင္း။

ပထမဆံုးဒိတ္ဆိုေတာ့ တူတူလည္း ထိုင္ခ်င္တယ္ ။ မ်က္နွာခ်င္းဆိုင္လည္း ထိုင္ခ်င္တယ္ ။ ဘယ္ေနရာထိုင္ရမွန္း မသိသလို ေခ်ာင္က်လြန္းတဲ့ ေနရာကို မေရြးမိဖို႕ကလည္း မ်က္လံုးကစားရေသးတယ္ေလ။ ကိုယ္က အရင္ထိုင္လိုက္ေတာ့ ကိုယ္ေတာ္ေခ်ာက ေဘးကခံုကို လိုက္ထိုင္ရင္ ဘယ္ေနရာ ဘယ္ခံုထိုင္ရင္ အဆင္ေျပမလဲဆိုတာ ကိုယ့္အေတြးနဲ႕ကိုယ္ ဟာသေတာ့ျဖစ္ေနတာေပါ့ေလ။

(၂) အားပါးတရစားရမယ့္အစားေတြ မမွာမိေအာင္သတိထားေနရျခင္း။

ေကာ္ဖီျဖစ္ျဖစ္ အရည္တစ္ခုခုပဲ မ်ားေသာအားျဖင့္ မွာျဖစ္တယ္။ဟိုက မွာေလ ႀကိဳက္တာစားပါ ဆိုလည္း ရွက္သလိုလိုျဖစ္ေနေတာ့  ဗိုက္ဘယ္ေလာက္ဆာဆာ ေကာ္ဖီေအးတစ္ခြက္ပဲ ရတယ္ ေတာ္ၿပီဆိုၿပီး ေနာက္တစ္ေခါက္မွ သူငယ္ခ်င္းေတြနဲ႕ လာစားဦးမယ္လို႔ႀကိမ္းဝါး၊ စားခ်င္သမွ်ကို ႀကိတ္မွိတ္ၿပီး ဘယ္ဟာကိုမွ သိပ္မစားသလိုလို စတုိင္လ္က ဖမ္းရေသးတာကိုး။ တြဲတာၾကာလာေတာ့လည္း ေပၚတာပါပဲ။ ဟီးးး ပထမဆံုးဒိတ္ ဆိုေတာ့လည္း သတိထားရတာေပါ့ေလ။

Related article >>> ခ်စ္သူနဲ႔ ခ်ိန္းေတြ႔တဲ့အခ်ိန္ ေရွာင္ၾကဥ္သင့္တဲ့ အျပဳအမူ(၅)မ်ိဳး

(၃) အိတ္ကို ဘယ္နားခ်ထားရမွန္းမသိ ျဖစ္ေနျခင္း။

စိတ္ေတာ့ လႈပ္ရွားတာေပါ့ေနာ္… လႈပ္ရွားတာက မသိေစခ်င္ပါဘူးဆို လြယ္လာတဲ့ အိတ္ကို ေဘးခ်လိုက္ ခံုေပၚတင္လိုက္ ေပါင္ေပၚတင္လိုက္နဲ႔.. ၿပီးေတာ့ ရယ္ျပလိုက္နဲ႕ သူ႔ဘာသာေနတဲ့အိတ္ကို အလုပ္ရႈပ္ေနတတ္တာမ်ိဳး။ ကိုယ္အရမ္းေႂကြတဲ့ ခရပ္ရွ္နဲ႔မ်ား ဒီလို ေတြ႕ၾကည့္ပါလား.. အဲ့လိုဆို စိတ္လႈပ္ရွားလြန္းလို႔ အိတ္ထဲကေန တစ္ရႈးထုတ္လိုက္ ATMကဒ္ထုတ္လိုက္နဲ႔ ခုပဲ ထရွင္းေတာ့မလိုလို၊ ထြက္ပဲ ေျပးေတာ့မလို တစ္ေယာက္တည္း ကမာၻေတြပ်က္ေနတတ္တာလည္း ကိုယ္ေတြပါပဲ။

(၄) အိမ္သာဝင္ခ်င္သလိုလို စိတ္ထဲမွာ ခံစားရျခင္း။

ပထမဆံုးဒိတ္ဆိုေတာ့လည္း အိမ္သာ ခဏသြားမယ္လို႔ေျပာရတာ ဝန္ေလးတယ္ေလ။ တကယ္က မသြားခ်င္ပါဘူး ဒါေပမဲ့ ဘာျဖစ္တယ္လည္း မသိဘူး စိတ္ထဲလည္း ခုလု ခုလု နဲ႕ ရွဴးပဲေပါက္ခ်င္လိုလို အိမ္သာပဲဝင္ခ်င္သလိုလို ျဖစ္ဖူးလား?????

(၅) ဖုန္းေတြပဲ စြတ္သံုးေနျခင္း။

မ်က္နွာခ်င္းဆိုင္ရမွာ ရွက္သလိုလို ျဖစ္ေနေတာ့ ဖုန္းကို လက္ထဲက မခ်ေတာ့တာပါ။ စကားေျပာစရာ ရွာမရရင္ လိုင္းေပၚ ခဏ ေျပးတက္လိုက္ေသးတယ္။ဒီသီခ်င္းေလး နားေထာင္ေကာင္းတယ္ သိလားနဲ႔ ႀကိဳက္မႀကိဳက္လည္း ေသခ်ာမသိေပမဲ့ ဇြတ္နားေထာင္ခိုင္းေသးတာ။ သီခ်င္းနားေထာင္ေနတဲ့ အခ်ိန္ေတာ့ စိတ္လႈပ္ရွားတာကို သက္သာေစတယ္ေလ။

Related article >>> အခ်စ္ဆံုးသူငယ္ခ်င္းေတြ လမ္းခြဲျပတ္စဲၾကတဲ့အခါ…

(၆)သူငယ္ခ်င္းဆီကို ဖုန္းေခၚသလိုလုပ္ျခင္း။

တကယ္က ေခၚစရာ ကိစၥက ေထြေထြထူးထူး မရွိဘူး။ ခဏေလး ဖုန္းလာေနတယ္ ဆိုၿပီး အေရးမႀကီးတာေတြကို သူငယ္ခ်င္းနဲ႔ ေျပာေနတတ္တယ္။ သူငယ္ခ်င္းက ဘယ္ေရာက္ေနတာလဲ ေမးရင္ ေျဖရမွာ ရွက္သလိုလို ျဖစ္ေတာ့ မုန္႔စားေနတာ နဲ႕ ေနာက္မွ ငါေျပာျပမယ္ဆိုၿပီး ေျပာရတာက အလုပ္တစ္ခု ဟီးဟီး… အရမ္းရင္းနွီးတဲ့ သူငယ္ခ်င္းဆို ဘယ္ေရာက္ေနတာ ဘယ္သူနဲ႔ ဘာေတြလုပ္ေနတယ္ ဘာဆက္လုပ္ရမလဲ… အေျခအေနက ေကာင္းလား မေကာင္းလား လွမ္းတိုင္ပင္လိုက္ေသးတာမ်ိဳး…

(၇) ဝတ္လာတဲ့အဝတ္အစားေတြက ဟိုနားယားသလိုလို ဒိီနားယားသလိုလို ျဖစ္ျခင္း။

ဝတ္လာတုန္းကေတာ့ အေကာင္းဆံုးနဲ႔ ကိုယ္အလွဆံုးလို႔ ထင္တဲ့ အဝတ္ကို ဝတ္လာတာပဲ။ သူနဲ႔ေတြ႕မွ အဝတ္အစားက သက္ေသာင့္သက္သာ မရွိေတာ့သလိုလို ဂုတ္က တံဆိပ္ကပဲ ယားလာသလိုလိုနဲ႕ ဘာျဖစ္မွန္းမသိဘူး။ ပခံုးက်ံဳ႕ထိုင္လိုက္ စကားေျပာလိုက္ျဖစ္ေနတာေပါ့ေနာ္။ ေခါင္းကိုငုံ႔ၿပီး စီးလာတဲ့ ဖိနပ္ကို ခၽြတ္္လိုက္ ျပန္စီးလိုက္ ျပန္စိီးလိုက္ ခၽြတ္လိုက္နဲ႔ တစ္ေယာက္တည္း အလုပ္႐ႈပ္ေနျပန္ေရာ။ အဲသေလာက္ႀကီးျဖစ္စရာ မလိုေပမဲ့ ပထမဆံုး ဒိတ္ဆိုေတာ့ လူက အဲ့လုိ အၿငိမ္မေနႏိုင္တာပါဆို…

(၈)ငါတို႕အတြဲမွန္း အရမ္းသိသာသြားသလားဆိုၿပီး စိုးရိမ္ျခင္း။

အတြဲကေတာ့ အတြဲေပါ့ေနာ္… အဲ အတြဲေပမဲ့ ငါတို႔ပံုစံၾကည့္ၿပီး အတြဲမွန္း သတိထားမိၿပီလား မသိဘူးဆိုၿပီး ဘာေတြ ဆိုက္ကိုဝင္လို႔ ဝင္မွန္းမသိေသာ ေပါ့ေနာ္။ အတြဲေတြပဲ ဝင္တဲ့ေနရာဆိုရင္လည္း တစ္မ်ိဳး… ခုက စားေသာက္ဆိုင္ေလးထဲ ဝင္လိုက္ရင္ပဲ ထိုင္ခံုေနရာမရမွာက်လို႔… ဇြတ္ေတြကို ထိုင္ခ်င္ေနေတာ့တာ ေရွ႕ကေန စြတ္ရြတ္ဝင္ထိုင္ၿပီး စကားေျပာရင္လည္း အသံက သိပ္မထြက္ခ်င္ေတာ့တာ အေတာ္မ်ားမ်ား ႀကံဳဖူးၾကပါလိမ့္မယ္။

ေျပာမယံု ႀကံဳမွသိ ဆိုသလို… ပထမဆံုး ဒိတ္မွာေတာ့ မိန္းကေလးအမ်ားစုက ဒီထဲက တစ္ခ်က္ခ်က္ေတာ့ လာၿငိတတ္တာပါပဲ။ ေယာင္းတို႔တုန္းကေရာ ဒီလိုေတြျဖစ္ခဲ့ဖူးလား။ ႀကံဳခဲ့တဲ့ အမွတ္တရေလးေတြ ကြန္မန္႔မွာေရးရင္ ျပန္ခြီ..အဲေလ ၾကည္ႏူးရေအာင္လို႔စ္။

Wai Zin (For Her Myanmar)

<<< Unicode >>>

ဖြစ်ခဲ့ဖူးလား…ဖြေပါ 😛

ရည်းစားထားတဲ့နေရာမှ ဆရာမကြီးဖြစ်နေပါစေ …အသစ် အသစ်သော ရည်းစားတွေထားပြီး ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာ ဒါမျိုးလေးတွေ ကြုံရတတ်ပါတယ်။ မိန်းကလေးအများစု ဖြစ်နေကျပါပဲ….. ဖြစ်တိုင်းလည်း ချစ်စရာအမှတ်တရလေးတစ်ခု ကျန်ရစ်တာပေါ့နော်.. ယောင်းတို့ရော ကိုယ့်ချစ်သူနဲ့ ပထမဆုံး ဒိတ် လုပ်တုန်းက အချိန်လေးတွေက ဒီလိုဟုတ် မဟုတ် ဖတ်ကြည့်ပါဦး။

(၁) ထိုင်စရာနေရာ ရွေးရခက်ခြင်း။

ပထမဆုံးဒိတ်ဆိုတော့ တူတူလည်း ထိုင်ချင်တယ် ။ မျက်နှာချင်းဆိုင်လည်း ထိုင်ချင်တယ် ။ ဘယ်နေရာထိုင်ရမှန်း မသိသလို ချောင်ကျလွန်းတဲ့ နေရာကို မရွေးမိဖို့ကလည်း မျက်လုံးကစားရသေးတယ်လေ။ ကိုယ်က အရင်ထိုင်လိုက်တော့ ကိုယ်တော်ချောက ဘေးကခုံကို လိုက်ထိုင်ရင် ဘယ်နေရာ ဘယ်ခုံထိုင်ရင် အဆင်ပြေမလဲဆိုတာ ကိုယ့်အတွေးနဲ့ကိုယ် ဟာသတော့ဖြစ်နေတာပေါ့လေ။

(၂) အားပါးတရစားရမယ့်အစားတွေ မမှာမိအောင်သတိထားနေရခြင်း။

ကော်ဖီဖြစ်ဖြစ် အရည်တစ်ခုခုပဲ များသောအားဖြင့် မှာဖြစ်တယ်။ဟိုက မှာလေ ကြိုက်တာစားပါ ဆိုလည်း ရှက်သလိုလိုဖြစ်နေတော့  ဗိုက်ဘယ်လောက်ဆာဆာ ကော်ဖီအေးတစ်ခွက်ပဲ ရတယ် တော်ပြီဆိုပြီး နောက်တစ်ခေါက်မှ သူငယ်ချင်းတွေနဲ့ လာစားဦးမယ်လို့ကြိမ်းဝါး၊ စားချင်သမျှကို ကြိတ်မှိတ်ပြီး ဘယ်ဟာကိုမှ သိပ်မစားသလိုလို စတိုင်လ်က ဖမ်းရသေးတာကိုး။ တွဲတာကြာလာတော့လည်း ပေါ်တာပါပဲ။ ဟီးးး ပထမဆုံးဒိတ် ဆိုတော့လည်း သတိထားရတာပေါ့လေ။

Related article >>> ချစ်သူနဲ့ ချိန်းတွေ့တဲ့အချိန် ရှောင်ကြဉ်သင့်တဲ့ အပြုအမူ(၅)မျိုး

(၃) အိတ်ကို ဘယ်နားချထားရမှန်းမသိ ဖြစ်နေခြင်း။

စိတ်တော့ လှုပ်ရှားတာပေါ့နော်… လှုပ်ရှားတာက မသိစေချင်ပါဘူးဆို လွယ်လာတဲ့ အိတ်ကို ဘေးချလိုက် ခုံပေါ်တင်လိုက် ပေါင်ပေါ်တင်လိုက်နဲ့.. ပြီးတော့ ရယ်ပြလိုက်နဲ့ သူ့ဘာသာနေတဲ့အိတ်ကို အလုပ်ရှုပ်နေတတ်တာမျိုး။ ကိုယ်အရမ်းကြွေတဲ့ ခရပ်ရှ်နဲ့များ ဒီလို တွေ့ကြည့်ပါလား.. အဲ့လိုဆို စိတ်လှုပ်ရှားလွန်းလို့ အိတ်ထဲကနေ တစ်ရှုးထုတ်လိုက် ATMကဒ်ထုတ်လိုက်နဲ့ ခုပဲ ထရှင်းတော့မလိုလို၊ ထွက်ပဲ ပြေးတော့မလို တစ်ယောက်တည်း ကမ္ဘာတွေပျက်နေတတ်တာလည်း ကိုယ်တွေပါပဲ။

(၄) အိမ်သာဝင်ချင်သလိုလို စိတ်ထဲမှာ ခံစားရခြင်း။

ပထမဆုံးဒိတ်ဆိုတော့လည်း အိမ်သာ ခဏသွားမယ်လို့ပြောရတာ ဝန်လေးတယ်လေ။ တကယ်က မသွားချင်ပါဘူး ဒါပေမဲ့ ဘာဖြစ်တယ်လည်း မသိဘူး စိတ်ထဲလည်း ခုလု ခုလု နဲ့ ရှူးပဲပေါက်ချင်လိုလို အိမ်သာပဲဝင်ချင်သလိုလို ဖြစ်ဖူးလား?????

(၅) ဖုန်းတွေပဲ စွတ်သုံးနေခြင်း။

မျက်နှာချင်းဆိုင်ရမှာ ရှက်သလိုလို ဖြစ်နေတော့ ဖုန်းကို လက်ထဲက မချတော့တာပါ။ စကားပြောစရာ ရှာမရရင် လိုင်းပေါ် ခဏ ပြေးတက်လိုက်သေးတယ်။ဒီသီချင်းလေး နားထောင်ကောင်းတယ် သိလားနဲ့ ကြိုက်မကြိုက်လည်း သေချာမသိပေမဲ့ ဇွတ်နားထောင်ခိုင်းသေးတာ။ သီချင်းနားထောင်နေတဲ့ အချိန်တော့ စိတ်လှုပ်ရှားတာကို သက်သာစေတယ်လေ။

Related article >>> အချစ်ဆုံးသူငယ်ချင်းတွေ လမ်းခွဲပြတ်စဲကြတဲ့အခါ…

(၆) သူငယ်ချင်းဆီကို ဖုန်းခေါ်သလိုလုပ်ခြင်း။

တကယ်က ခေါ်စရာ ကိစ္စက ထွေထွေထူးထူး မရှိဘူး။ ခဏလေး ဖုန်းလာနေတယ် ဆိုပြီး အရေးမကြီးတာတွေကို သူငယ်ချင်းနဲ့ ပြောနေတတ်တယ်။ သူငယ်ချင်းက ဘယ်ရောက်နေတာလဲ မေးရင် ဖြေရမှာ ရှက်သလိုလို ဖြစ်တော့ မုန့်စားနေတာ နဲ့ နောက်မှ ငါပြောပြမယ်ဆိုပြီး ပြောရတာက အလုပ်တစ်ခု ဟီးဟီး… အရမ်းရင်းနှီးတဲ့ သူငယ်ချင်းဆို ဘယ်ရောက်နေတာ ဘယ်သူနဲ့ ဘာတွေလုပ်နေတယ် ဘာဆက်လုပ်ရမလဲ… အခြေအနေက ကောင်းလား မကောင်းလား လှမ်းတိုင်ပင်လိုက်သေးတာမျိုး…

(၇) ဝတ်လာတဲ့အဝတ်အစားတွေက ဟိုနားယားသလိုလို ဒီနားယားသလိုလို ဖြစ်ခြင်း။

ဝတ်လာတုန်းကတော့ အကောင်းဆုံးနဲ့ ကိုယ်အလှဆုံးလို့ ထင်တဲ့ အဝတ်ကို ဝတ်လာတာပဲ။ သူနဲ့တွေ့မှ အဝတ်အစားက သက်သောင့်သက်သာ မရှိတော့သလိုလို ဂုတ်က တံဆိပ်ကပဲ ယားလာသလိုလိုနဲ့ ဘာဖြစ်မှန်းမသိဘူး။ ပခုံးကျုံ့ထိုင်လိုက် စကားပြောလိုက်ဖြစ်နေတာပေါ့နော်။ ခေါင်းကိုငုံ့ပြီး စီးလာတဲ့ ဖိနပ်ကို ချွတ်လိုက် ပြန်စီးလိုက် ပြန်စီးလိုက် ချွတ်လိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေပြန်ရော။ အဲသလောက်ကြီးဖြစ်စရာ မလိုပေမဲ့ ပထမဆုံး ဒိတ်ဆိုတော့ လူက အဲ့လို အငြိမ်မနေနိုင်တာပါဆို…

(၈)ငါတို့အတွဲမှန်း အရမ်းသိသာသွားသလားဆိုပြီး စိုးရိမ်ခြင်း။

အတွဲကတော့ အတွဲပေါ့နော်… အဲ အတွဲပေမဲ့ ငါတို့ပုံစံကြည့်ပြီး အတွဲမှန်း သတိထားမိပြီလား မသိဘူးဆိုပြီး ဘာတွေ ဆိုက်ကိုဝင်လို့ ဝင်မှန်းမသိသော ပေါ့နော်။ အတွဲတွေပဲ ဝင်တဲ့နေရာဆိုရင်လည်း တစ်မျိုး… ခုက စားသောက်ဆိုင်လေးထဲ ဝင်လိုက်ရင်ပဲ ထိုင်ခုံနေရာမရမှာကျလို့… ဇွတ်တွေကို ထိုင်ချင်နေတော့တာ ရှေ့ကနေ စွတ်ရွတ်ဝင်ထိုင်ပြီး စကားပြောရင်လည်း အသံက သိပ်မထွက်ချင်တော့တာ အတော်များများ ကြုံဖူးကြပါလိမ့်မယ်။

ပြောမယုံ ကြုံမှသိ ဆိုသလို… ပထမဆုံး ဒိတ်မှာတော့ မိန်းကလေးအများစုက ဒီထဲက တစ်ချက်ချက်တော့ လာငြိတတ်တာပါပဲ။ ယောင်းတို့တုန်းကရော ဒီလိုတွေဖြစ်ခဲ့ဖူးလား။ ကြုံခဲ့တဲ့ အမှတ်တရလေးတွေ ကွန်မန့်မှာရေးရင် ပြန်ခွီ..အဲလေ ကြည်နူးရအောင်လို့စ်။

Wai Zin (For Her Myanmar)

Wai Zin
နာမည္ကေတာ့ ေဝဇင္ဦး ပါ။အသက္ကေတာ့ ၂၄ ။စာေပနဲ႔ပတ္သက္ရင္ ဝါသနာက တားမနုိင္စီးမရ မို႔လို႔ စာေတြေရးရမယ္ဆို ထမင္းေမ့ ဟင္းေမ့တတ္တဲ႕သူေပါ့။ အမ်ိဳးသမီးထု အတြက္ တစ္တပ္တစ္အားျဖစ္ရမယ္ ဆ္ိုတဲ႔ ခံယူခ်က္ကို လက္ကိုင္ထားရင္း စာေတြပိုေရးျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *