ချစ်သူကို စပရိုက်စ်တိုက်နည်း

ကောင်လေးတွေကပဲ ကောင်မလေးကို စပရိုက်စ်လုပ်တယ်ဆိုတာ ရိုးသွားပြီနော်။ တကယ်တော့ စပရိုက်ကြိုက်တယ်ဆိုတာ မိန်းကလေးရယ် ယောက်ျားလေးရယ်မှ မဟုတ်ပါဘူး။

ပိုချစ်တဲ့သူက ပိုရိုပေးလိုက်ရုံပါပဲ။ အဲ့တော့ ကိုယ့်ချစ်သူကောင်လေး မွေးနေ့မှာ ပိုက်ဆံသိပ်မကုန်ဘဲနဲ့ ဘယ်လို စပရိုက်စ်တိုက်ရမလဲဆိုတာ ယောင်းယောင်းတို့အတွက် ဂျက်စမင်ပြောပြပေးမယ်နော်။

(၁) သူအရမ်းလိုချင်နေတဲ့ လက်ဆောင်လေးကို သူမသိအောင် ဝယ်ပေးလိုက်ပါ။
များသောအားဖြင့် ယောက်ျားလေးတွေက အီလက်ထရွန်းနစ်ပစ္စည်းလေးတွေ
လိုချင်တာ များတတ်ပါတယ်။ ဒါမှမဟုတ် သူလိုနေတဲ့ ပစ္စည်းလေးတွေပေါ့။
ဥပမာ ဖုန်းကာဗာလေးတွေ၊ နားကြပ်လေးတွေ၊မန်မိုရီစတစ်ခ်လေးတွေ၊
ကျောပိုးအိတ်လေးတွေ အစရှိသဖြင့်ပေါ့နော်။ တကယ်လိုအပ်တဲ့ လက်ဆောင်လေးတွေက တကယ် တန်ဖိုးရှိပြီးတော့ ချစ်စရာကောင်းပါတယ် ယောင်းယောင်းတို့ရေ။

(၂) နောက်တစ်မျိုးကတော့ ဟန်းမိတ်လေးတွေလုပ်ပေးချင်တဲ့ ယောင်းယောင်းလေးတို့အတွက်ပေါ့။

ရောင်စုံစက္ကူလေးတွေပေါ်မှာ ချစ်သဝဏ်လွှာလေးတွေရေး၊ ပြီးရင်လိပ်၊
အဲ့အလိပ်လေးတွေကို ဖန်ဘူးလေးတစ်ဘူးထဲထည့်။ ပြီးရင် အဲ့ဖန်ဘူးလေးကို ဖဲပြားလေးတွေ၊ အသဲပုံစတစ်ကာလေးတွေနဲ့ အလှဆင်။ ကဲဒါဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ ဟန်းမိတ်လက်ဆောင် ချစ်သဝဏ်လွှာစာဘူးလေးကိုကို့ကို ပေးလို့ရပြီပေါ့။
(လိုတဲ့ပစ္စည်းလေးတွေကို လှည်းတန်းက D-Mate မှာ ဝယ်လို့ရတယ်နော်)

(၃) ကဲ နောက်တစ်မျိုးကတော့ မွေးနေ့ကိတ်ပေါ့။
မွေးနေ့ကိတ်ကို အလွယ်ဝယ်လို့ရတဲ့ ကိတ်မဟုတ်ဘဲနဲ့၊ သီးသန့်ကြိုမှာရတဲ့ ကိတ်မျိုးလေး ဝယ်ပါ။ သူနဲ့ကိုယ့်ကြားက ချစ်စနိုးခေါ်တဲ့ အမူအရာလေးတွေ၊ အကောင်လေးတွေပုံဖြစ်ဖြစ်၊ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံတစ်ပုံဖြစ်ဖြစ် မွေးနေ့ကိတ်ပေါ်မှာတင်ပါ။ ဒါဆိုရင် တမူထူးတဲ့ မွေးနေ့လက်ဆောင်လေးဖြစ်ပြီပေါ့။

 

(၄) နောက်တစ်မျိုးရှိသေးတယ်။
မိန်းကလေးမှ စပရိုက်စ်ကြိုက်တာမဟုတ်ဘူးနော်။ ယောက်ျားလေးတွေလည်း ကြိုက်တတ်ပါတယ်။
ကားနောက်ဖုံးထဲမှာ ပူဖောင်းတွေ အပြည့် ထည့်ထားပါ။ ပူဖောင်းလေးတွေပေါ်မှာ အကြင်နာစာလေးတွေ ရေးသီထားဖို့ မမေ့နဲ့ဦးနော်။ သူ အနားရောက်တော့မှ ကားအဖုံးလေးကို ဖွင့်လိုက်ပါ။
သူ အရမ်းမှင်တက် အံ့သြသွားမှာ အမှန်ပါပဲ ယောင်းယောင်းတို့ရေ။


(၅) နောက်ဆုံး စပရိုက်စ်အကြီးစားကြီးကတော့

ဘူးလှလှလေးတစ်ဘူး ဝယ်ပြီး အထဲမှာ စပရိုက်ဘူးအကြီး တစ်လုံးထည့်ပြီး ပေးလိုက်ပါ။
သူ လုံးဝအကြီးအကျယ် စပရိုက်သွားပါလိမ့်မယ်။ 😛

ဘယ်နည်းကို အကြိုက်ဆုံးလဲဆိုတာ မန့်ပေးသွားဦးနော် ယောင်းယောင်းတို့ရေ။
ချစ်ခြင်းများစွာဖြင့်
Jasmine (Forhermyanmar)

No Comments Yet

Comments are closed