Relationships

ေမာင္ေလးေတြနဲ႕တြဲေတာ့မယ္ဆိုရင္ ဒါေတြသိထားဖုိ႕လုိပါတယ္!!

မတ္မတ္တို႔ သိဘို႔ 😛 

အခုတေလာ မမ ေဝဒနာေတြ ျပန္ၿပီး ကူးစက္ပ်ံ႕ႏွံ႕ေနတယ္ဆိုသလားလို႔… ေယာင္းတို႔ကို လာေႂကြျပတဲ့ ေမာင္ေလးေတြလည္း မနည္းဘူးဟုတ္? အမယ္.. မလွ်ိဳေၾကးေနာ္.. သိၿပီးသား 😛

အဲဒီလုိ လာေႂကြတဲ့ထဲကမွ တခ်ိဳ႕ေကာင္ေလးေတြနဲ႔ အၾကည့္ခ်င္းဆံု၊ ရင္ခုန္ေနမိၿပီလား? သူ႔ရဲ႕ ရႊတ္ေနာက္ေနာက္ အေျပာအဆိုၾကားထဲ သာယာေနမိၿပီလား? အခၽြဲတံုးေလးေၾကာင့္ အရည္ေတြ ေပ်ာ္ေနရၿပီလား?

တကယ္လို႔မ်ား ေယာင္းတို႔အေနနဲ႔ ဒီလိုမ်ိဳး ကိုယ့္ကို ရင္ခုန္ေအာင္ ျပဳစားႏုိင္တဲ့ ေမာင္ေလးနဲ႔ ေရႊလက္တြဲမယ္လို႔ စိတ္ကူး႐ွိတယ္ဆိုရင္ေတာ့ သိထားသင့္တာေလးေတြ႐ွိတယ္ေနာ္။ ဘာပဲျဖစ္ျဖစ္ အရြယ္ခ်င္းမတူေတာ့ နားလည္မႈေတြယူရမွာေတြ ညႇိယူရမွာေတြ႐ွိတယ္ေလ။

၁။ အသိုင္းအဝိုင္းရဲ႕ ေဝဖန္မႈ

မိန္းကေလးတစ္ေယာက္က ကိုယ့္ထက္ငယ္တဲ့ ေကာင္ေလးတစ္ေယာက္နဲ႔ တြဲေတာ့မယ္ဆိုရင္ သူ႔ဘက္ ကိုယ့္ဘက္ အသိုင္းအဝိုင္းနဲ႔ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္မႈကို အနည္းနဲ႔အမ်ားေတာ့ ၾကံဳရမွာပါ။ ကိုယ့္မိဘေတြကို မိတ္ဆက္ေပးရင္ေတာင္ မိဘေတြက အဆင္ေျပပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ ႐ွိမွာအမွန္ပါပဲ။ ကိုယ့္ခ်စ္သူက အသက္ငယ္ေပမဲ့ အရည္အခ်င္း႐ွိသူျဖစ္ဖို႔ေတာ့ လိုတာေပါ့ေနာ္… ကိုယ့္တာေတာ့ လံုမွ ျဖစ္မယ္ေလ ေနာ့္…

၂။ ေကာင္ေလးက ကိုယ့္ရဲ႕အရည္အခ်င္းေတြကို ႐ွိန္ေနမလား။

ေကာင္ေလးေတြက မမေတြကို ခ်စ္တယ္ဆိုတာ အထင္ႀကီးေလးစားစိတ္လည္း ပါတယ္ေလ။ ေကာင္မေလးငယ္ငယ္ေလးေတြနဲ႔ ယွဥ္ရင္ မမေတြက ကိုယ့္ကိုယ္ကိုယ္ အားကိုးႏိုင္တယ္။ ယံုၾကည္မႈအျပည့္႐ွိတယ္။ ဒါေပမဲ့ မမက ေမာင္ေလးထက္ ပိုေအာင္ျမင္ေနတဲ့အခါ ေမာင္ေလးေတြဘက္က သိမ္ငယ္စိတ္ဝင္လာတာ ျဖစ္တတ္ပါတယ္။ စတြဲစမွာ မသိသာေပမယ့္ ေရ႐ွည္မွာေတာ့ ဒီအခ်က္က အခ်စ္ခရီးလမ္းမွာ အဖုအထစ္ျဖစ္လာတတ္ပါတယ္။

Women of Tomorrow 2
ပြဲအေၾကာင္း အေသးစိတ္ သိလိုပါက >> http://bit.ly/2WK7oFQ

၃။ ေမာင္ေလးေတြနဲ႔ ဒိတ္ရင္ ေပ်ာ္ရမွာပါ။

ေမာင္ေလးေတြက အသက္ငယ္ေတာ့ ဘဝအေတြ႔အႀကံဳလည္း မစံုေသးဘူး။ ေျပာရရင္ ဘဝကို ေမ်ွာ္လင့္ခ်က္ေတြအမ်ားႀကီးထားတတ္၊ အေကာင္းျမင္စိတ္ေတြ႐ွိတတ္သူေတြပါ။ အရာရာကိုအေကာင္းျမင္ၿပီး ေန႔ရက္တိုင္းကို ေပ်ာ္ေပ်ာ္ျဖတ္သန္းခ်င္ၾကသူေတြမို႔ သူတို႔နားမွာေနရတဲ့အခါ ကိုယ္ပါေပ်ာ္ရႊင္လာရပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ အခိုက္အတန္႔ေတြကိုလည္း ႏွစ္ဦးသားအတူဖန္တီးျဖစ္လာပါတယ္။

Related Article >>> Relationshipတစ္ခုကိုတည္ေဆာက္မယ္လို႔ ဆံုးျဖတ္ခါနီး ကိုယ့္ကိုကိုယ္ျပန္္ေမးသင့္တဲ့ေမးခြန္းမ်ား

၄။ ဘဝအေတြ႔အၾကံဳ နဲ႔ ရင့္က်က္မႈကြာဟျခင္းက အဆင္ေျပပါ့မလား။

ေမာင္ေလးေတြ ဘဝအေတြ႕အၾကံဳနည္းတာ၊ မရင့္က်က္တာဟာ အခ်စ္ခရီးလမ္းမွာ တစ္ခါမက ျပႆနာျဖစ္ႏိုင္ပါတယ္။ ငယ္ရြယ္သူေတြမို႔ အေလးအနက္ထားသင့္တာကို အေလးအနက္ မထားတတ္တဲ့အခါ အေတြ႕အၾကံဳေတြအရ အရာရာကို အေလးအနက္္ထား စိုးရိမ္ပူပန္တတ္တဲ့မမေတြနဲ႔ ပဋိပကၡ ျဖစ္ေတာ့တာေပါ့။

ဒါေပမဲ့ အသက္အရြယ္ႀကီးတိုင္း ပိုရင့္က်က္တယ္၊ အသက္ငယ္ရင္ ကေလးဆန္တယ္ဆိုတဲ့ အယူအဆဟာ အၿမဲေတာ့မမွန္ပါဘူး။ လူေတြရဲ႕ ရင့္က်က္မႈဟာ သူတို႔ႀကီးျပင္းေနထိုင္ရတဲ့ ပတ္ဝန္းက်င္နဲ႔လည္း အမ်ားႀကီးသက္ဆိုင္တာမို႔ အရြယ္ငယ္ေပမဲ့ ရင့္က်က္ေနသူေတြ၊ အသက္အရြယ္ႀကီးေပမဲ့ အေတြ႔အၾကံဳနဲ႔ ရင့္က်က္မႈနည္းသူေတြ ႐ွိတတ္ပါေသးတယ္။ နားလည္မႈက အဓိက လိုတာေပါ့ ေယာင္းတို႔ေရ…

၅။ ေဘးစကားေတြ နားမေယာင္ပါနဲ႔။ ေမာင္ေလးေတြနဲ႔လည္း အတည္တြဲလို႔ရပါတယ္။

ေယဘုယ်အားျဖင့္ ေမာင္ေလးေတြဟာ ဘဝကိုေလးနက္မႈမ႐ွိဘူး၊ အိမ္ေထာင္ေတြ ဘာေတြျပဳဖို႔အထိ စဥ္းစားခ်င္မွာမဟုတ္ဘူးဆိုတဲ့ အေတြးက အတိုင္းအတာတစ္ခုအထိ မွန္ကန္ပါတယ္။ ဒါေပမဲ့ အေပၚက နံပါတ္ ၄ အခ်က္မွာေျပာခဲ့သလို အသက္ငယ္ေပမဲ့ ဘဝကို ေလးေလးနက္နက္ ေတြးေခၚ ျဖတ္သန္းေနတဲ့သူေတြလည္း ရွိေနပါေသးတယ္။

ဒါေၾကာင့္ ေမာင္ေလးနဲ႔လည္း တြဲခ်င္တယ္။ အသက္အရြယ္ငယ္သူနဲ႔ တြဲလို႔ အတည္တက်မျဖစ္မွာ ေၾကာက္တယ္လို႔ စိုးရိမ္မိေနၿပီဆိုရင္ သူ အသက္ငယ္ျခင္း မငယ္ျခင္းထက္ သူက အေလးအနက္ထားတတ္သူလား ဆိုတာကို ေလ့လာၾကည့္ပါ။

Related Article >>> အပ်ိဳႀကီး မမ Vs အိမ္ေထာင္ရွင္ မမ

၆။ အသက္ဘယ္ေလာက္ကြာတာလဲဆိုတာကလည္း ထည့္စဥ္းစားသင့္တဲ့အရာပါ။

အတည္တက် တြဲၾကၿပီဆိုတဲ့အခါ ေနာက္ထပ္ၾကံဳရႏိုင္တဲ့ အခ်က္တစ္ခုလည္း ႐ွိပါေသးတယ္။ သူေရာ ကိုယ္ေရာက အသက္အရြယ္အလိုက္ ျဖတ္သန္းလာရတဲ့ ဘဝအေတြ႕အၾကံဳေတြကြာတဲ့အခ်ိန္မွာ ႏွစ္ႏွစ္၊ သံုးႏွစ္ကြာတာက ျပႆနာသိပ္မရွိဘဲ ငါးႏွစ္နဲ႔အထက္ ကြာလာၿပီဆိုရင္ေတာ့ ကိစၥတစ္ခုကို ရႈျမင္ပံုခ်င္း၊ ခ်ဥ္းကပ္ပံုခ်င္းက ကြာျခားလာပါေတာ့တယ္။

ဒီအခါမွာ ဘဝရဲ႕ စိန္ေခၚမႈေတြ၊ ျပႆနာေတြကိုရင္ဆိုင္တဲ့အခါ မေက်မလည္ျဖစ္ရတာေတြ ၾကံဳလာႏိုင္ပါတယ္။

အက္ဒ္မင့္အေနနဲ႔ ေယာင္းတုိ႔ကို ထပ္အၾကံေပးရမယ္ဆိုရင္ေတာ့ အသက္ငယ္တာႀကီးတာထက္ သူဟာ အရည္အခ်င္းရွိသူလား၊ အေလးအနက္ထားတတ္သူလား၊ မိန္းကေလးတစ္ေယာက္ကို တန္ဖိုးထားတတ္သူလား၊ ၾကင္ၾကင္နာနာဆက္ဆံတတ္သူလား ဆိုတဲ့အခ်က္ေတြနဲ႕ပဲ ကိုယ္နဲ႕လက္တြဲရမယ့္သူကို ေရြးခ်ယ္ေစခ်င္ပါတယ္။

ေယာင္းတို႔ေတြ ကိုယ္ခ်စ္ရတဲ့သူနဲ႔ ေရႊလက္တြဲႏုိင္ၾကပါေစ။

Sugar Cane ( For Her Myanmar )

<<< Unicode >>>

မတ်မတ်တို့ သိဘို့ 😛 

အခုတလော မမ ဝေဒနာတွေ ပြန်ပြီး ကူးစက်ပျံ့နှံ့နေတယ်ဆိုသလားလို့… ယောင်းတို့ကို လာကြွေပြတဲ့ မောင်လေးတွေလည်း မနည်းဘူးဟုတ်? အမယ်.. မလျှိုကြေးနော်.. သိပြီးသား 😛

အဲဒီလို လာကြွေတဲ့ထဲကမှ တချို့ကောင်လေးတွေနဲ့ အကြည့်ချင်းဆုံ၊ ရင်ခုန်နေမိပြီလား? သူ့ရဲ့ ရွှတ်နောက်နောက် အပြောအဆိုကြားထဲ သာယာနေမိပြီလား? အချွဲတုံးလေးကြောင့် အရည်တွေ ပျော်နေရပြီလား?

တကယ်လို့များ ယောင်းတို့အနေနဲ့ ဒီလိုမျိုး ကိုယ့်ကို ရင်ခုန်အောင် ပြုစားနိုင်တဲ့ မောင်လေးနဲ့ ရွှေလက်တွဲမယ်လို့ စိတ်ကူးရှိတယ်ဆိုရင်တော့ သိထားသင့်တာလေးတွေရှိတယ်နော်။ ဘာပဲဖြစ်ဖြစ် အရွယ်ချင်းမတူတော့ နားလည်မှုတွေယူရမှာတွေ ညှိယူရမှာတွေရှိတယ်လေ။

၁။ အသိုင်းအဝိုင်းရဲ့ ဝေဖန်မှု

မိန်းကလေးတစ်ယောက်က ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ တွဲတော့မယ်ဆိုရင် သူ့ဘက် ကိုယ့်ဘက် အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကို အနည်းနဲ့အများတော့ ကြုံရမှာပါ။ ကိုယ့်မိဘတွေကို မိတ်ဆက်ပေးရင်တောင် မိဘတွေက အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ် ရှိမှာအမှန်ပါပဲ။ ကိုယ့်ချစ်သူက အသက်ငယ်ပေမဲ့ အရည်အချင်းရှိသူဖြစ်ဖို့တော့ လိုတာပေါ့နော်… ကိုယ့်တာတော့ လုံမှ ဖြစ်မယ်လေ နော့်…

၂။ ကောင်လေးက ကိုယ့်ရဲ့အရည်အချင်းတွေကို ရှိန်နေမလား။

ကောင်လေးတွေက မမတွေကို ချစ်တယ်ဆိုတာ အထင်ကြီးလေးစားစိတ်လည်း ပါတယ်လေ။ ကောင်မလေးငယ်ငယ်လေးတွေနဲ့ ယှဉ်ရင် မမတွေက ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တယ်။ ယုံကြည်မှုအပြည့်ရှိတယ်။ ဒါပေမဲ့ မမက မောင်လေးထက် ပိုအောင်မြင်နေတဲ့အခါ မောင်လေးတွေဘက်က သိမ်ငယ်စိတ်ဝင်လာတာ ဖြစ်တတ်ပါတယ်။ စတွဲစမှာ မသိသာပေမယ့် ရေရှည်မှာတော့ ဒီအချက်က အချစ်ခရီးလမ်းမှာ အဖုအထစ်ဖြစ်လာတတ်ပါတယ်။

Women of Tomorrow 2
ပွဲအကြောင်း အသေးစိတ်သိလိုပါက >> http://bit.ly/2WK7oFQ

၃။ မောင်လေးတွေနဲ့ ဒိတ်ရင် ပျော်ရမှာပါ။

မောင်လေးတွေက အသက်ငယ်တော့ ဘဝအတွေ့အကြုံလည်း မစုံသေးဘူး။ ပြောရရင် ဘဝကို မျှော်လင့်ချက်တွေအများကြီးထားတတ်၊ အကောင်းမြင်စိတ်တွေရှိတတ်သူတွေပါ။ အရာရာကိုအကောင်းမြင်ပြီး နေ့ရက်တိုင်းကို ပျော်ပျော်ဖြတ်သန်းချင်ကြသူတွေမို့ သူတို့နားမှာနေရတဲ့အခါ ကိုယ်ပါပျော်ရွှင်လာရပါတယ်။ ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေကိုလည်း နှစ်ဦးသားအတူဖန်တီးဖြစ်လာပါတယ်။

Related Article >>> Relationshipတစ်ခုကိုတည်ဆောက်မယ်လို့ ဆုံးဖြတ်ခါနီး ကိုယ့်ကိုကိုယ်ပြန်မေးသင့်တဲ့မေးခွန်းများ

၄။ ဘဝအတွေ့အကြုံ နဲ့ ရင့်ကျက်မှုကွာဟခြင်းက အဆင်ပြေပါ့မလား။

မောင်လေးတွေ ဘဝအတွေ့အကြုံနည်းတာ၊ မရင့်ကျက်တာဟာ အချစ်ခရီးလမ်းမှာ တစ်ခါမက ပြဿနာဖြစ်နိုင်ပါတယ်။ ငယ်ရွယ်သူတွေမို့ အလေးအနက်ထားသင့်တာကို အလေးအနက် မထားတတ်တဲ့အခါ အတွေ့အကြုံတွေအရ အရာရာကို အလေးအနက်ထား စိုးရိမ်ပူပန်တတ်တဲ့မမတွေနဲ့ ပဋိပက္ခ ဖြစ်တော့တာပေါ့။

ဒါပေမဲ့ အသက်အရွယ်ကြီးတိုင်း ပိုရင့်ကျက်တယ်၊ အသက်ငယ်ရင် ကလေးဆန်တယ်ဆိုတဲ့ အယူအဆဟာ အမြဲတော့မမှန်ပါဘူး။ လူတွေရဲ့ ရင့်ကျက်မှုဟာ သူတို့ကြီးပြင်းနေထိုင်ရတဲ့ ပတ်ဝန်းကျင်နဲ့လည်း အများကြီးသက်ဆိုင်တာမို့ အရွယ်ငယ်ပေမဲ့ ရင့်ကျက်နေသူတွေ၊ အသက်အရွယ်ကြီးပေမဲ့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုနည်းသူတွေ ရှိတတ်ပါသေးတယ်။ နားလည်မှုက အဓိက လိုတာပေါ့ ယောင်းတို့ရေ…

၅။ ဘေးစကားတွေ နားမယောင်ပါနဲ့။ မောင်လေးတွေနဲ့လည်း အတည်တွဲလို့ရပါတယ်။

ယေဘုယျအားဖြင့် မောင်လေးတွေဟာ ဘဝကိုလေးနက်မှုမရှိဘူး၊ အိမ်ထောင်တွေ ဘာတွေပြုဖို့အထိ စဉ်းစားချင်မှာမဟုတ်ဘူးဆိုတဲ့ အတွေးက အတိုင်းအတာတစ်ခုအထိ မှန်ကန်ပါတယ်။ ဒါပေမဲ့ အပေါ်က နံပါတ် ၄ အချက်မှာပြောခဲ့သလို အသက်ငယ်ပေမဲ့ ဘဝကို လေးလေးနက်နက် တွေးခေါ် ဖြတ်သန်းနေတဲ့သူတွေလည်း ရှိနေပါသေးတယ်။

ဒါကြောင့် မောင်လေးနဲ့လည်း တွဲချင်တယ်။ အသက်အရွယ်ငယ်သူနဲ့ တွဲလို့ အတည်တကျမဖြစ်မှာ ကြောက်တယ်လို့ စိုးရိမ်မိနေပြီဆိုရင် သူ အသက်ငယ်ခြင်း မငယ်ခြင်းထက် သူက အလေးအနက်ထားတတ်သူလား ဆိုတာကို လေ့လာကြည့်ပါ။

Related Article >>> အပျိုကြီး မမ Vs အိမ်ထောင်ရှင် မမ

၆။ အသက်ဘယ်လောက်ကွာတာလဲဆိုတာကလည်း ထည့်စဉ်းစားသင့်တဲ့အရာပါ။

အတည်တကျ တွဲကြပြီဆိုတဲ့အခါ နောက်ထပ်ကြုံရနိုင်တဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်။ သူရော ကိုယ်ရောက အသက်အရွယ်အလိုက် ဖြတ်သန်းလာရတဲ့ ဘဝအတွေ့အကြုံတွေကွာတဲ့အချိန်မှာ နှစ်နှစ်၊ သုံးနှစ်ကွာတာက ပြဿနာသိပ်မရှိဘဲ ငါးနှစ်နဲ့အထက် ကွာလာပြီဆိုရင်တော့ ကိစ္စတစ်ခုကို ရှုမြင်ပုံချင်း၊ ချဉ်းကပ်ပုံချင်းက ကွာခြားလာပါတော့တယ်။

ဒီအခါမှာ ဘဝရဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကိုရင်ဆိုင်တဲ့အခါ မကျေမလည်ဖြစ်ရတာတွေ ကြုံလာနိုင်ပါတယ်။

အက်ဒ်မင့်အနေနဲ့ ယောင်းတို့ကို ထပ်အကြံပေးရမယ်ဆိုရင်တော့ အသက်ငယ်တာကြီးတာထက် သူဟာ အရည်အချင်းရှိသူလား၊ အလေးအနက်ထားတတ်သူလား၊ မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားတတ်သူလား၊ ကြင်ကြင်နာနာဆက်ဆံတတ်သူလား ဆိုတဲ့အချက်တွေနဲ့ပဲ ကိုယ်နဲ့လက်တွဲရမယ့်သူကို ရွေးချယ်စေချင်ပါတယ်။

ယောင်းတို့တွေ ကိုယ်ချစ်ရတဲ့သူနဲ့ ရွှေလက်တွဲနိုင်ကြပါစေ။

Sugar Cane ( For Her Myanmar )

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *