Love

၃၀ အ႐ြယ္ေရာက္သည္အထိ ခ်စ္သူနဲ႔ လက္မထပ္ျဖစ္ေသးတဲ့အခါ

ဘိုးဘြားရိပ္သာေရာက္မွ မဂၤလာေဆာင္ျဖစ္ေနမွာစိုးလို႔ 😂😛😝

အခ်ိဳ႕ေသာ သမီးရည္းစားေတြ႐ွိတတ္ၾကပါတယ္။ ႏွစ္႐ွည္လမ်ားတြဲလာၾကၿပီး လက္မထပ္ျဖစ္ၾကေသးတဲ့ အတြဲေတြေပါ့။ အစကတည္းက လက္မထပ္ဘဲ လြတ္လြတ္လပ္လပ္ေနဖို႔ ဆံုးျဖတ္ထားတဲ့ အတြဲေတြကေတာ့ ေအးေဆးေပါ့ေနာ္။ လက္ထပ္မယ္ဆိုတဲ့ စိတ္ကူး႐ွိေပမဲ့ အခုထိ လက္ထပ္ဖို႔အတြက္ ေရေရရာရာ ဆံုးျဖတ္ခ်က္မခ်ရေသးဘူးဆုိရင္ေတာ့ ၃၀ အ႐ြယ္မွာ ဒါေလးေတြစစဥ္းစားသင့္ေနပါၿပီေနာ္။

အဲဒါေတြကေတာ့.…

၁။ လက္မထပ္ျဖစ္ေသးတာ မျပည့္စံုေသးတဲ့ အေျခအေနမို႔လို႔လား? 

အ႐ြယ္ရလာေလေလ၊ အရာရာကို ပိုၿပီးတြက္ခ်က္စဥ္းစားလာေလေလပါပဲ။ ႏွစ္ဦးႏွစ္ဖက္ျပည့္စံုမွ လက္ထပ္မယ္ဆုိတဲ့ အတြဲေတြလည္း႐ွိတတ္ပါတယ္။ ကေလးယူမယ္လို႔ စဥ္းစားထားတဲ့ ေယာင္းေယာင္းတို႔ဆိုရင္ အသက္ ၃၀ ေလာက္ေရာက္လာၿပီဆိုရင္ ဒီထက္ပို အခ်ိန္မဆြဲသင့္ေတာ့ပါဘူး။ ခ်က္ခ်င္းမယူျဖစ္ေသးဘူးဆုိရင္ေတာင္ ဘယ္ႏွစ္မွာေတာ့ လက္ထပ္မယ္ဆုိၿပီး တိတိက်က်သတ္မွတ္လုိက္တာပဲျဖစ္ျဖစ္ လုပ္သင့္ေနတဲ့ အေနအထားတစ္ခုပါ။

၃၀ အ႐ြယ္ေရာက္ၿပီဆိုေတာ့ ဘဝရဲ႕ရည္မွန္းခ်က္ေတြကို တိတိက်က် ရွိေနေလာက္ၿပီေလ။ ငယ္ငယ္ကလို စမ္းတဝါးဝါး လုပ္ေနတာမ်ိဳးလည္း မဟုတ္ေတာ့ ကိုယ့္ေအာင္ျမင္ေရးအတြက္ တိတိက်က်သတ္မွတ္ၿပီး ႀကိဳးစားေနသင့္ပါၿပီ။ ဒီလိုမ်ိဳး ကိုယ္လည္း အေျခခိုင္တဲ့ အေနအထားတစ္ခုကို ေရာက္ေနၿပီဆိုရင္ေတာ့ လက္ထပ္ဖို႔လည္း စဥ္းစားထားသင့္ပါၿပီ။

Related Article >>> သံုးဆယ္အ႐ြယ္တို႔ အခ်စ္အေၾကာင္း

၂။ သူ႔ဘက္က လက္ထပ္ဖုိ႔ မစဥ္းစားေသးတာလား?

ဒါကလည္း ပတ္ဝန္းက်င္မွာ ေတြ႕ျမင္ေနရတဲ့ အျဖစ္တစ္ခုပါ။ မိန္းကေလးဘက္က လက္ထပ္ခ်င္ေနေပမဲ့ ေကာင္ေလးဘက္က လက္ထပ္ဖုိ႔အေရးကို ေန႔ေ႐ႊ႕ညေ႐ႊ႕လုပ္ေနတာမ်ိဳးပါ။ ေကာင္ေလးဘက္က ဒီလို မျပတ္မသားလုပ္ေနၿပီဆုိရင္ေတာ့ ေယာင္းဘက္က ျပတ္သားဖုိ႔လုိပါၿပီ။ ပထမဆံုးစဥ္းစားရမွာက ကိုယ့္ေကာင္ေလး မျပတ္မသားလုပ္ေနတာ ဘာေၾကာင့္လဲစဥ္းစားပါ။

ႏွစ္ကိုယ္တူဘဝတည္ေထာင္ဖုိ႔ အခ်ိန္ယူတာျဖစ္သင့္ေပမဲ့ အခ်ိန္ေတာ့မဆြဲသင့္ဘူးေလေနာ္

သူ႔ဘက္က အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္မႈရေနေပမဲ့ လက္ထပ္ဖုိ႔ ေတြေဝေနတာလား၊ ဘဝမွာ ေရရာတဲ့ ေအာင္ျမင္မႈမ႐ွိေသးလုိ႔ ေတြေဝေနတာလား ဆုိတာေပါ့။ ဒီအခါ ႏွစ္ဦးသားဘဝအတြက္ တိက်ေရရာတဲ့ ပန္းတုိင္တစ္ခုကို ထားသင့္ၿပီဆိုတာ သူ႔ကိုေျဖာင္းျဖပါ။

ေရရာတဲ့ အေျခအေနမ်ိဳး မ႐ွိေသးတဲ့ ခ်စ္သူဆုိရင္လည္း သူကိုယ္တိုင္ကႀကိဳးစားခ်င္စိတ္မ႐ွိဘဲ ေဝေလေလလုပ္ေနလို႔ မေအာင္ျမင္တာလား၊ ႀကိဳးစားရဲ႕သားနဲ႔ မေအာင္ျမင္ေသးတာလားဆိုုတာကို ပြင့္ပြင့္လင္းလင္း စဥ္းစားဖုိ႔လုိပါတယ္။

ဘာေၾကာင့္ပဲျဖစ္ျဖစ္ ၃၀ဝန္းက်င္ေရာက္သည္အထိ ကိုယ့္ကို လက္ထပ္ဖုိ႔ အခ်ိန္ဆြဲေန၊ တိက်ေရရာတဲ့ ရည္မွန္းခ်က္ထားဖုိ႔ ပ်က္ကြက္ေနတယ္ဆုိရင္ ကိုယ့္ဘက္က စတင္လမ္းခြဲသင့္ရင္ လမ္းခြဲဖို႔ မေတြေဝသင့္ပါဘူး။ ကိုယ့္ရဲ႕ ပ်ိဳ႐ြယ္တဲ့အခ်ိန္ကို မထိုက္တန္သူအနားမွာ ကုန္ဆံုးလုိက္ရၿပီး အခ်ိန္လြန္မွ သူနဲ႔လည္း ျပတ္စဲ၊ တစ္ေယာက္တည္းက်ေတာ့လည္း မေနခ်င္ဆိုတာမ်ိဳး ျဖစ္ေနရင္ အဆင္မေျပဘူးေလ ေနာ္..

Related Article >>> ဖိနပ္နဲ႔တူေသာေယာက်္ားမ်ား

၃။ ကေလးယူဖို႔စိတ္ကူး႐ွိရဲ႕လား

သူေရာ ကိုယ္ေရာက ကေလးယူဖုိ႔အစကတည္းက ရည္ရြယ္မထားဘူးဆုိရင္ေတာ့ ထည့္စဥ္းစားရမယ့္ အခ်က္တစ္ခ်က္ေလ်ာ့သြားပါၿပီ။ အဲဒီလိုမဟုတ္ဘဲ ကေလးယူခ်င္တယ္ဆုိရင္ သူနဲ႔ကိုယ္နဲ႔ရဲ႕ ဘဝအစီအစဥ္ေတြ ပိုၿပီး တိက်ဖို႔ လုိအပ္လာပါၿပီ။

ဒီကေလးကို ျပည့္ျပည့္စံုစံုထားဖို႔အတြက္ အခ်ိန္ယူႀကိဳးစားသလို ကေလးကို ဘယ္အ႐ြယ္မွာ ယူမယ္ဆုိတာေတြကိုပါ ထည့္စဥ္းစားသင့္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ မိန္းကေလးဘက္က အသက္အရမ္းႀကီးသြားရင္ ကေလးယူဖုိ႔ အဆင္မေျပတာေတြ ႐ွိလာႏုိင္ပါတယ္။

ဒါကေတာ့ သံုးဆယ္အ႐ြယ္ဝန္းက်င္အထိ လက္မထပ္ျဖစ္ၾကေသးတဲ့ စံုတြဲေတြ စဥ္းစားသင့္တဲ့အခ်က္ေတြပါ။ အခ်စ္စစ္မွန္ရင္ အခ်ိန္ေတြၾကာသြားလည္း အခ်စ္ေတြ ေလ်ာ့မသြားတာ မွန္ေပမဲ့ အခ်ိန္ဆြဲလြန္းရင္လည္း ဘိုးဘြားရိပ္သာက်မွ မဂၤလာေဆာင္ျဖစ္မွာစိုးလုိ႔ အက္ဒ္မင္သတိေပးလိုက္ရပါတယ္လို႔ 😂😛😝

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဘိုးဘွားရိပ်သာရောက်မှ မင်္ဂလာဆောင်ဖြစ်နေမှာစိုးလို့ 

အချို့သော သမီးရည်းစားတွေရှိတတ်ကြပါတယ်။ နှစ်ရှည်လများတွဲလာကြပြီး လက်မထပ်ဖြစ်ကြသေးတဲ့ အတွဲတွေပေါ့။ အစကတည်းက လက်မထပ်ဘဲ လွတ်လွတ်လပ်လပ်နေဖို့ ဆုံးဖြတ်ထားတဲ့ အတွဲတွေကတော့ အေးဆေးပေါ့နော်။ လက်ထပ်မယ်ဆိုတဲ့ စိတ်ကူးရှိပေမဲ့ အခုထိ လက်ထပ်ဖို့အတွက် ရေရေရာရာ ဆုံးဖြတ်ချက်မချရသေးဘူးဆိုရင်တော့ ၃၀ အရွယ်မှာ ဒါလေးတွေစစဉ်းစားသင့်နေပါပြီနော်။

အဲဒါတွေကတော့.…

၁။ လက်မထပ်ဖြစ်သေးတာ မပြည့်စုံသေးတဲ့ အခြေအနေမို့လို့လား? 

အရွယ်ရလာလေလေ၊ အရာရာကို ပိုပြီးတွက်ချက်စဉ်းစားလာလေလေပါပဲ။ နှစ်ဦးနှစ်ဖက်ပြည့်စုံမှ လက်ထပ်မယ်ဆိုတဲ့ အတွဲတွေလည်းရှိတတ်ပါတယ်။ ကလေးယူမယ်လို့ စဉ်းစားထားတဲ့ ယောင်းယောင်းတို့ဆိုရင် အသက် ၃၀ လောက်ရောက်လာပြီဆိုရင် ဒီထက်ပို အချိန်မဆွဲသင့်တော့ပါဘူး။ ချက်ချင်းမယူဖြစ်သေးဘူးဆိုရင်တောင် ဘယ်နှစ်မှာတော့ လက်ထပ်မယ်ဆိုပြီး တိတိကျကျသတ်မှတ်လိုက်တာပဲဖြစ်ဖြစ် လုပ်သင့်နေတဲ့ အနေအထားတစ်ခုပါ။

၃၀ အရွယ်ရောက်ပြီဆိုတော့ ဘဝရဲ့ရည်မှန်းချက်တွေကို တိတိကျကျ ရှိနေလောက်ပြီလေ။ ငယ်ငယ်ကလို စမ်းတဝါးဝါး လုပ်နေတာမျိုးလည်း မဟုတ်တော့ ကိုယ့်အောင်မြင်ရေးအတွက် တိတိကျကျသတ်မှတ်ပြီး ကြိုးစားနေသင့်ပါပြီ။ ဒီလိုမျိုး ကိုယ်လည်း အခြေခိုင်တဲ့ အနေအထားတစ်ခုကို ရောက်နေပြီဆိုရင်တော့ လက်ထပ်ဖို့လည်း စဉ်းစားထားသင့်ပါပြီ။

Related Article >>> သုံးဆယ်အရွယ်တို့ အချစ်အကြောင်း

၂။ သူ့ဘက်က လက်ထပ်ဖို့ မစဉ်းစားသေးတာလား?

ဒါကလည်း ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ အဖြစ်တစ်ခုပါ။ မိန်းကလေးဘက်က လက်ထပ်ချင်နေပေမဲ့ ကောင်လေးဘက်က လက်ထပ်ဖို့အရေးကို နေ့ရွှေ့ညရွှေ့လုပ်နေတာမျိုးပါ။ ကောင်လေးဘက်က ဒီလို မပြတ်မသားလုပ်နေပြီဆိုရင်တော့ ယောင်းဘက်က ပြတ်သားဖို့လိုပါပြီ။ ပထမဆုံးစဉ်းစားရမှာက ကိုယ့်ကောင်လေး မပြတ်မသားလုပ်နေတာ ဘာကြောင့်လဲစဉ်းစားပါ။


နှစ်ကိုယ်တူဘဝတည်ထောင်ဖို့ အချိန်ယူတာဖြစ်သင့်ပေမဲ့ အချိန်တော့မဆွဲသင့်ဘူးလေနော်
သူ့ဘက်က အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရနေပေမဲ့ လက်ထပ်ဖို့ တွေဝေနေတာလား၊ ဘဝမှာ ရေရာတဲ့ အောင်မြင်မှုမရှိသေးလို့ တွေဝေနေတာလား ဆိုတာပေါ့။ ဒီအခါ နှစ်ဦးသားဘဝအတွက် တိကျရေရာတဲ့ ပန်းတိုင်တစ်ခုကို ထားသင့်ပြီဆိုတာ သူ့ကိုဖြောင်းဖြပါ။

ရေရာတဲ့ အခြေအနေမျိုး မရှိသေးတဲ့ ချစ်သူဆိုရင်လည်း သူကိုယ်တိုင်ကကြိုးစားချင်စိတ်မရှိဘဲ ဝေလေလေလုပ်နေလို့ မအောင်မြင်တာလား၊ ကြိုးစားရဲ့သားနဲ့ မအောင်မြင်သေးတာလားဆိုတာကို ပွင့်ပွင့်လင်းလင်း စဉ်းစားဖို့လိုပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် ၃၀ဝန်းကျင်ရောက်သည်အထိ ကိုယ့်ကို လက်ထပ်ဖို့ အချိန်ဆွဲနေ၊ တိကျရေရာတဲ့ ရည်မှန်းချက်ထားဖို့ ပျက်ကွက်နေတယ်ဆိုရင် ကိုယ့်ဘက်က စတင်လမ်းခွဲသင့်ရင် လမ်းခွဲဖို့ မတွေဝေသင့်ပါဘူး။ ကိုယ့်ရဲ့ ပျိုရွယ်တဲ့အချိန်ကို မထိုက်တန်သူအနားမှာ ကုန်ဆုံးလိုက်ရပြီး အချိန်လွန်မှ သူနဲ့လည်း ပြတ်စဲ၊ တစ်ယောက်တည်းကျတော့လည်း မနေချင်ဆိုတာမျိုး ဖြစ်နေရင် အဆင်မပြေဘူးလေ နော်..

Related Article >>> ဖိနပ်နဲ့တူသောယောကျ်ားများ

၃။ ကလေးယူဖို့စိတ်ကူးရှိရဲ့လား

သူရော ကိုယ်ရောက ကလေးယူဖို့အစကတည်းက ရည်ရွယ်မထားဘူးဆိုရင်တော့ ထည့်စဉ်းစားရမယ့် အချက်တစ်ချက်လျော့သွားပါပြီ။ အဲဒီလိုမဟုတ်ဘဲ ကလေးယူချင်တယ်ဆိုရင် သူနဲ့ကိုယ်နဲ့ရဲ့ ဘဝအစီအစဉ်တွေ ပိုပြီး တိကျဖို့ လိုအပ်လာပါပြီ။

ဒီကလေးကို ပြည့်ပြည့်စုံစုံထားဖို့အတွက် အချိန်ယူကြိုးစားသလို ကလေးကို ဘယ်အရွယ်မှာ ယူမယ်ဆိုတာတွေကိုပါ ထည့်စဉ်းစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးဘက်က အသက်အရမ်းကြီးသွားရင် ကလေးယူဖို့ အဆင်မပြေတာတွေ ရှိလာနိုင်ပါတယ်။

ဒါကတော့ သုံးဆယ်အရွယ်ဝန်းကျင်အထိ လက်မထပ်ဖြစ်ကြသေးတဲ့ စုံတွဲတွေ စဉ်းစားသင့်တဲ့အချက်တွေပါ။ အချစ်စစ်မှန်ရင် အချိန်တွေကြာသွားလည်း အချစ်တွေ လျော့မသွားတာ မှန်ပေမဲ့ အချိန်ဆွဲလွန်းရင်လည်း ဘိုးဘွားရိပ်သာကျမှ မင်္ဂလာဆောင်ဖြစ်မှာစိုးလို့ အက်ဒ်မင်သတိပေးလိုက်ရပါတယ်လို့

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *