Love

ေယာင္းရဲ႕ ေသြးအမ်ိဳးအစားအရ ေယာင္းရဲ႕ အခ်စ္ေရးအေျခအေန ဘယ္လို ရွိႏုိင္လဲ?

B ေသြးပိုင္ရွင္ မင္မင္ကေတာ့ အကုန္နီးပါးတိုက္ဆိုင္တယ္ေရာ 😲

ေယာင္းတို႔ေရ…  အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ေရြးခ်ယ္တဲ့အခါမွာ ဘယ္လိုရုပ္ရည္မ်ိဳးမွ ၊ ဘယ္လိုစိတ္ထားရွိသူမွ ၊ ဘယ္လိုအျပဳအမူရွိသူေတြမွ ဆိုၿပီး ႏွလုံးမူထားတဲ့ စံသတ္မွတ္ခ်က္ေတြ ရွိၾကတယ္ဟုတ္ .. ဒီလိုသတ္မွတ္ခ်က္ေတြက ကိုယ့္အႀကိဳက္ကို လိုက္ၿပီး ကြဲဲျပားႏိုင္တာပဲလို႔ သမရိုးက်ေတြးလို႔ရေပမဲ့ ေမြးေန႔တူတဲ့လူခ်င္း အႀကိဳက္တူတတ္တာမ်ိဳး၊ ရာသီဖြားတူခ်င္း အႀကိဳက္တူေနတတ္တာမ်ိဳးေတြလည္း ရွိေနတာကို ေယာင္းတို႔ သတိထားမိၾကမွာပါ… (ဥပမာ – အမႊာအမ်ားစုက အႀကိဳက္ခ်င္း ထပ္တူက်ေနတတ္တာမ်ိဳးေပါ့…) ဒီလိုဆိုရင္ ေသြးအမ်ိဳးအစားတူေတြမွာလည္း အႀကိဳက္ခ်င္းထပ္တူ က်ေနတာေတြ ရွိမွာပဲေလ… ဒီေတာ့ မင္မင္ကေန ေသြးအုပ္စုကို လိုက္ၿပီး ေရြးခ်ယ္မိမယ့္ အခ်စ္ေရးပုံစံေတြကုိ ေျပာျပေပးမယ္ေနာ္…

A ေသြး

A ေသြးပိုင္ရွင္ေတြက ရင္းႏွီးပြင့္လင္းၿပီး ခ်စ္စရာေကာင္းတဲ့ ပုံစံမ်ိဳးကို သေဘာက်တတ္ပါတယ္.. အခ်ိန္တိက်တဲ့သူမ်ိဳးကို ႏွစ္ၿခိဳက္ၿပီး ေမွ်ာ္လင့္ခ်က္ႀကီးမားသလို အရာရာတိုင္းကို စိတ္ေရာကိုယ္ပါႏွစ္ၿပီး လုပ္ေဆာင္တတ္ၾကပါတယ္… သူတို႔ေတြက စိတ္ယိမ္းယိုင္လြယ္တတ္ၾကသလို ထိလြယ္ရွလြယ္ေတြမို႔ အသည္းကြဲမွာ ေၾကာက္တတ္ၾကပါတယ္.. ဒါေၾကာင့္ လူတစ္ေယာက္ကို လြယ္လြယ္ကူကူ မယုံၾကည္တတ္သလို ခ်စ္သူထားဖို႔ကိုလည္း အခ်ိန္ယူၿပီး စဥ္းစားတတ္ၾကပါတယ္…

Related Article >>> ဓမၼတာလာေတာ့မယ့္ အခ်ိန္ကို ႀကိဳတင္အသိေပးမယ့္ Application (၅)ခု

B ေသြး

B ေသြးပိုင္ရွင္ေတြကေတာ့ အခ်စ္ေရးနဲ႔ပတ္သက္ရင္ အရမ္းဆရာက်သူေတြလို႔ ေျပာလို႔ရပါတယ္.. မိန္းကေလးဆိုရင္ ဘဲၾကည္ေစာ္ ၊ ေယာက်ာ္းေလးဆိုရင္ ေစာ္ၾကည္ဘဲလို႔ ေျပာလို႔ရေလာက္တဲ့အထိ သူတို႔ေတြရဲ႕ ဉာဏ္ေကာင္းမႈေတြ ၊ ဟာသဉာဏ္ရႊင္မႈေတြက တစ္ဖက္သားကို တအားဆြဲေဆာင္ႏိုင္သူေတြပါ… သူတို႔ေတြက မွီခိုကင္းတဲ့သူေတြ ၊ ကိုယ္ကိုယ့္ကိုယ္ ယုံၾကည္မႈရွိသူေတြ ၊ သဘာဝအတိုင္းလွပေနသူေတြကိုပဲ စိတ္ဝင္စားတတ္ၾကပါတယ္…. ပြင့္ပြင့္လင္းလင္း ေျပာဆိုေနထိုင္တတ္သူေတြကို သေဘာက်ၿပီး ခ်စ္မိသြားၿပီဆိုရင္ ခ်စ္သူရဲ႕ ျဖစ္တည္မႈတိုင္းကို လက္ခံတတ္တဲ့ လူမ်ိဳးေတြပါ….

Women of Tomorrow II – http://bit.ly/2WK7oFQ

O ေသြး

O ေသြးပိုင္ရွင္ေတြက ေသြးအမ်ိဳးအစား(၄)ခုထဲမွာ လူမႈဆက္ဆံေရးအေကာင္းဆုံး သူေတြပါ… ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈလြန္ကဲသူေတြျဖစ္သလို စိတ္ခံစားခ်က္ ျပင္းထန္လြန္းသူေတြ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္လည္း အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ျငင္းဆိုခံရမွာကို ခါးခါးသီးသီး ေၾကာက္ေနတတ္သူေတြ ျဖစ္ေနၾကတာပါ။ သူတို႔ရဲ႕ခံစားခ်က္ေတြကိုလည္း  လြယ္လြယ္နဲ႔ ထုတ္မေျပာတတ္ၾကသူေတြမို႔ နားလည္ရခက္ခဲတဲ့သူေတြလို႔ ထင္ခ်င္စရာပဲေပါ့… သူတို႔ေတြက ေႏြးေထြးၾကင္နာၿပီး စိတ္ရွည္တတ္တဲ့သူ ၊ သူတို႔အေပၚ အေလးအနက္ထား ဂရုစိုက္သူေတြကို ပိုၿပီးႀကိဳက္ႏွစ္သက္တတ္ၾကပါတယ္….

Related Article >>> ျမင္ျမင္ခ်င္း အခ်စ္ ဆိုတာ ဘယ္ေတာ့မွ ရွိလာမွာ မဟုတ္တဲ့ Sapiosexual တို႔အေၾကာင္း

AB ေသြး

AB ေသြးပိုင္ရွင္ေတြကေတာ့ ေသြးအမ်ိဳးအစားေတြ အားလုံးေတြထဲမွာ အၾကင္နာတတ္ဆုံး ၊ အရိုးသားဆုံးနဲ႔ ရိုမန္႔တစ္အဆန္ဆုံး လူသားေတြပါ… နားလည္ခြင့္လႊတ္ေပးတတ္တဲ့ေနရာမွာ ၿပိဳင္စံရွားသူေတြျဖစ္သလို စာနာသနားတတ္ၾကသူေတြျဖစ္ၿပီး သူတို႔စိတ္နဲ႔ထပ္တူနီးပါး တူညီသူေတြကို ပိုၿပီးသေဘာက်တတ္ၾကပါတယ္….

ကဲ.. ဒီေလာက္ဆိုရင္ ေယာင္းတို႔ေသြးအုပ္စုနဲ႔လိုက္ၿပီး မွန္မမွန္တိုက္ၾကည့္လို႔ရသလို ႀကိတ္သေဘာက်ေနသူရဲ႕ အေၾကာင္းေတြကိုလည္း ေသြးအမ်ိဳးအစားသိရုံနဲ႕ စပ္စုလို႔ရတာေပါ့ေနာ္… ေနာက္ထပ္လည္း ေယာင္းတို႔စိတ္ဝင္စားမယ့္ အေၾကာင္းအရာေတြကို For Her Myanmar ကေန တင္ဆက္ေပးဦးမွာမို႔ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

B သွေးပိုင်ရှင် မင်မင်ကတော့ အကုန်နီးပါးတိုက်ဆိုင်တယ်ရော 😲

ယောင်းတို့ရေ…  အချစ်ရေးနဲ့ပတ်သက်ပြီး ရွေးချယ်တဲ့အခါမှာ ဘယ်လိုရုပ်ရည်မျိုးမှ ၊ ဘယ်လိုစိတ်ထားရှိသူမှ ၊ ဘယ်လိုအပြုအမူရှိသူတွေမှ ဆိုပြီး နှလုံးမူထားတဲ့ စံသတ်မှတ်ချက်တွေ ရှိကြတယ်ဟုတ် .. ဒီလိုသတ်မှတ်ချက်တွေက ကိုယ့်အကြိုက်ကို လိုက်ပြီး ကွဲပြားနိုင်တာပဲလို့ သမရိုးကျတွေးလို့ရပေမဲ့ မွေးနေ့တူတဲ့လူချင်း အကြိုက်တူတတ်တာမျိုး၊ ရာသီဖွားတူချင်း အကြိုက်တူနေတတ်တာမျိုးတွေလည်း ရှိနေတာကို ယောင်းတို့ သတိထားမိကြမှာပါ… (ဥပမာ – အမွှာအများစုက အကြိုက်ချင်း ထပ်တူကျနေတတ်တာမျိုးပေါ့…) ဒီလိုဆိုရင် သွေးအမျိုးအစားတူတွေမှာလည်း အကြိုက်ချင်းထပ်တူ ကျနေတာတွေ ရှိမှာပဲလေ… ဒီတော့ မင်မင်ကနေ သွေးအုပ်စုကို လိုက်ပြီး ရွေးချယ်မိမယ့် အချစ်ရေးပုံစံတွေကို ပြောပြပေးမယ်နော်…

A သွေး

A သွေးပိုင်ရှင်တွေက ရင်းနှီးပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ပုံစံမျိုးကို သဘောကျတတ်ပါတယ်.. အချိန်တိကျတဲ့သူမျိုးကို နှစ်ခြိုက်ပြီး မျှော်လင့်ချက်ကြီးမားသလို အရာရာတိုင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်တတ်ကြပါတယ်… သူတို့တွေက စိတ်ယိမ်းယိုင်လွယ်တတ်ကြသလို ထိလွယ်ရှလွယ်တွေမို့ အသည်းကွဲမှာ ကြောက်တတ်ကြပါတယ်.. ဒါကြောင့် လူတစ်ယောက်ကို လွယ်လွယ်ကူကူ မယုံကြည်တတ်သလို ချစ်သူထားဖို့ကိုလည်း အချိန်ယူပြီး စဉ်းစားတတ်ကြပါတယ်…

Related Article >>> ဓမ္မတာလာတော့မယ့် အချိန်ကို ကြိုတင်အသိပေးမယ့် Application (၅)ခု

B သွေး

B သွေးပိုင်ရှင်တွေကတော့ အချစ်ရေးနဲ့ပတ်သက်ရင် အရမ်းဆရာကျသူတွေလို့ ပြောလို့ရပါတယ်.. မိန်းကလေးဆိုရင် ဘဲကြည်စော် ၊ ယောကျာ်းလေးဆိုရင် စော်ကြည်ဘဲလို့ ပြောလို့ရလောက်တဲ့အထိ သူတို့တွေရဲ့ ဉာဏ်ကောင်းမှုတွေ ၊ ဟာသဉာဏ်ရွှင်မှုတွေက တစ်ဖက်သားကို တအားဆွဲဆောင်နိုင်သူတွေပါ… သူတို့တွေက မှီခိုကင်းတဲ့သူတွေ ၊ ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုရှိသူတွေ ၊ သဘာဝအတိုင်းလှပနေသူတွေကိုပဲ စိတ်ဝင်စားတတ်ကြပါတယ်…. ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်သူတွေကို သဘောကျပြီး ချစ်မိသွားပြီဆိုရင် ချစ်သူရဲ့ ဖြစ်တည်မှုတိုင်းကို လက်ခံတတ်တဲ့ လူမျိုးတွေပါ….

Women of Tomorrow II – http://bit.ly/2WK7oFQ

O သွေး

O သွေးပိုင်ရှင်တွေက သွေးအမျိုးအစား(၄)ခုထဲမှာ လူမှုဆက်ဆံရေးအကောင်းဆုံး သူတွေပါ… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲသူတွေဖြစ်သလို စိတ်ခံစားချက် ပြင်းထန်လွန်းသူတွေ ဖြစ်တာကြောင့် အချစ်ရေးနဲ့ပတ်သက်ပြီး ငြင်းဆိုခံရမှာကို ခါးခါးသီးသီး ကြောက်ရွံ့နေတတ်သူတွေမို့ သူတို့ရဲ့ခံစားချက်တွေကို လွယ်လွယ်နဲ့ ထုတ်မပြောတတ်ကြပါဘူး… သူတို့တွေက နွေးထွေးကြင်နာပြီး စိတ်ရှည်တတ်တဲ့သူ ၊ သူတို့အပေါ် အလေးအနက်ထား ဂရုစိုက်သူတွေကို ပိုပြီးကြိုက်နှစ်သက်တတ်ကြပါတယ်….

Related Article >>> မြင်မြင်ချင်း အချစ် ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်တဲ့ Sapiosexual တို့အကြောင်း

AB သွေး

AB သွေးပိုင်ရှင်တွေကတော့ သွေးအမျိုးအစားတွေ အားလုံးတွေထဲမှာ အကြင်နာတတ်ဆုံး ၊ အရိုးသားဆုံးနဲ့ ရိုမန့်တစ်အဆန်ဆုံး လူသားတွေပါ… နားလည်ခွင့်လွှတ်ပေးတတ်တဲ့နေရာမှာ ပြိုင်စံရှားသူတွေဖြစ်သလို စာနာသနားတတ်ကြသူတွေဖြစ်ပြီး သူတို့စိတ်နဲ့ထပ်တူနီးပါး တူညီသူတွေကို ပိုပြီးသဘောကျတတ်ကြပါတယ်….

ကဲ.. ဒီလောက်ဆိုရင် ယောင်းတို့သွေးအုပ်စုနဲ့လိုက်ပြီး မှန်မမှန်တိုက်ကြည့်လို့ရသလို ကြိတ်သဘောကျနေသူရဲ့ အကြောင်းတွေကိုလည်း သွေးအမျိုးအစားသိရုံနဲ့ စပ်စုလို့ရတာပေါ့နော်… နောက်ထပ်လည်း ယောင်းတို့စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို For Her Myanmar ကနေ တင်ဆက်ပေးဦးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *