ပုရိသတို့အရည်ပျော်သွားစေမယ့် စကားပြောနည်း

ယောင်းတို့ရေ ယောကျာ်းလေးတွေနဲ့ စကားပြောတဲ့အခါ ဘာပြောရမှန်းမသိလို့ နေရခက်နေလား? ဒီလိုမျိုးလေးတွေပြောကြည့်နော်။

မိန်းကလေးတွေအချင်းချင်းဆို ပေါက်ပေါက်ဖောက်သလို စကားပြောကြပေမယ့်  ကိုယ်နဲ့ဆန့်ကျင်ဘက်လိင် ယောကျာ်းလေးတွေ ရှေ့ရောက်ရင် ဘာပြောရမှန်းမသိ။ အူကြောင်ကြောင်ဖြစ်သွားတက်တယ်။ လက်ခံတယ်ဟုတ်? ကိုယ်သဘောကျနေတဲ့သူဆို ပိုဆိုးတယ်။ ဘယ်ကစကားစလို့စရမှန်းမသိတော့ဘူး။ အလွဲလွဲအမှားမှားတွေ ပြောမိမှ ဟားစရာတွေဖြစ်ကုန်မယ်။
အဲ့လိုမဖြစ်ရအောင် Rinက ပုရိသတို့နဲ့စကားပြောနည်း (၃)မျိုး ပြောပြမယ်။

တစ်စိမ်းယောကျာ်းလေးနဲ့စကားပြောတဲ့အခါ ကိုယ့်ဘက်က ကြောက်နေတာရှက်နေတာကို ပေါ်သွားလို့မဖြစ်ဘူး။
ရှက်နေရင်တောင်စိတ်ထဲမှာပဲ ကမ္ဘာပျ ပျက်သလိုအော်နေမယ် မျက်နှာကထုတ်မပြနဲ့။ မဟုတ်ရင် ကိုယ့်ကိုပေါ့သေးသေး ထင်သွားမယ်။
ပထမဆုံးအနေနဲ့ စကားပြောတဲ့အခါ မရှိရှိတဲ့သတ္တိမွေးပြီး
သူတို့ရဲ့မျက်လုံးတည့်တည့်ကိုကြည့်ပြီး……..

(၁)သူတို့ရဲ့စတိုင်ကို မြှေက်ပင့်ပြောပါ။
ခုမှစတွေ့တဲ့သူကို “ရှင်ကအရမ်းချောတယ်နော်”လို့တန်းပြောလို့မရပေမယ့် အဝတ်အစားနဲ့ပတ်သက်ပြီး အမွှမ်းတင်လို့ရပါတယ်။
ယောကျာ်းလေးတွေလှချင်ရင် မိန်းကလေးတွေထက်ပိုဆိုးတယ်ဆိုတာသိတယ်ဟုတ်?
ပထမစစချင်း ဘာမှပြောစရာမရှိရင် စိတ်ပူမနေနဲ့။ သူဝတ်လာတဲ့ စတိုင်ကို နည်းနည်းလောက်မြှေက်ပြောလိုက်။ရှင်ဝတ်ထားတဲ့ ရှပ်အင်္ကျီအရောင်က ရှင့်နဲ့လိုက်တယ် စသည်ဖြင့်ပေါ့။
ဒါဆိုရင်တော့ ရှက်ပြီး ကြွေတေတေဖြစ်သွားလောက်တယ်။

 

(၂)သူတို့ရဲ့အရည်အချင်းကို အခြားလူတွေနဲ့ မတူအောင်ချီးကျူးပါ။
ပန်းချီဆွဲတော်တဲ့သူတစ်ယောက်ကို “ရှင်ပုံဆွဲတာအရမ်းတော်တယ်နော်” ဆိုတဲ့စကားက ကြားဖူးပြီးသားဖြစ်လို့ ရိုးအီနေလောက်ပြီ။
ဘာကြောင့်ပုံဆွဲတော်ရလဲဆိုတဲ့ အကြောင်းကို ယောင်းတို့က အသားပေးမယ်ဆိုရင် အမှတ်ပိုရနိုင်ခြေရှိတယ်။
ဥပမာ သူကခက်ခက်ခဲခဲနဲ့ ပန်းချီသင်ခဲ့ရတယ်ဆို သူ့ရဲ့ဝီရိယကို ဦးစားပေး ပြောကြည့်ပေါ့။ ဒါဆို ဟိုဘက်ကလည်း ဒီကောင်မလေးက သူများတွေနဲ့မတူအောင် ငါ့ကိုနားလည်ပေးနိုင်တယ်ဆိုပြီး အထင်ကြီးသွားနိုင်တယ်။ ကြွေဆင်းသွားစေမယ့် ဒုတိယနည်းပေါ့။

(၃)သူတို့ရဲ့ယောကျာ်းပီသမှုကို ပိုပိုသာသာလေးပြောပါ။
ဒီနည်းကတော့ ချစ်သူဖြစ်ပြီးသား (ဒါမှမဟုတ်) အီစီကလီအဆင့်အတွက် ပိုအဆင်ပြေတယ်။
“နင်ငါ့ဘေးနားမှာရှိတဲ့အချိန်ဆို အမြဲတမ်းလုံခြုံသလိုခံစားရတယ်သိလား” အဲ့လိုမျိုးတစ်ခွန်းသာပြောလိုက် လုပ်လက်စအရာတွေကိုပစ်ချပြီး ယောင်းတို့ဆီ အပြေးလာလိမ့်မယ်။ ယောကျာ်းလေးတွေဟာ သူတို့ချစ်သူကို အမြဲတမ်းကာကွယ်ပေးနိုင်တဲ့ Supermanဖြစ်ချင်ကြတော့
ဒီစကားတစ်ခွန်းက သူတို့အတွက် “အား” တစ်မျိုးပေါ့။
ကိုယ့်ချစ်သူနဲ့တွေ့ဖို့ချိန်တဲ့အခါ အလုပ်မအားဘူးဘာညာနဲ့ ရစ်နေရင် မိန်းမမာယာနဲ့ Rinပြောပြတဲ့ စကားတစ်ခွန်းကိုသာပြောလိုက် ချက်ချင်းရောက်လာစေရမယ်။

ယောင်းတို့ရေယောကျာ်းလေးလဲလူပဲ သူတို့လဲတစ်ခါတစ်လေတော့ မြှောက်ပင့်ပြောခံချင်ကြမှာပေါ့။
ကိုယ့်ချစ်သူနဲ့ အမြဲတကျက်ကျက် ဘုနဲ့ဘောက်ဖြစ်နေတယ်ဆို ဒီလိုလေးတွေ စမ်းသပ်ကြည့်ပါလား? တစ်ဖက်ကိုလည်းစိတ်ချမ်းသာစေပြီး romanticလည်းဆန်တာပေါ့။

Stay Pretty!
Rin(For Her Myanmar)

No Comments Yet

Comments are closed