ဟင့်အင်း….မောင်လေးတွေဆို စိတ်မ၀င်စားဘူး။ Opaaတို့မှ Oppa တို့ပဲ။ အဲလိုမျိုးပြောနေကြတဲ့သူတွေ ရှိတယ်ဟုတ်?
အချို့လို့ပဲ ခေါင်းစဉ်မှာဆိုထားပေမယ့် အများစုများ ဖြစ်နေမလားမသိ။ Hana လေ့လာမိသလောက် Hana ပတ်ဝန်းကျင်က အမျိုးသမီးတော်တော်များများတော့ ကိုကိုတွေကို ပိုသဘောကျကြတယ်တဲ့။ ဒါကဘာကြောင့်လို့ ထင်ပါသလဲ ယောင်းတို့။ ကဲ..မသိဘူးဆိုရင်တော့ အောက်က Hana လေ့လာထားတဲ့ 8 reasons why ကိုသာ ဖတ်ကြည့်လိုက်ပါတော့။
၁။ပိုရင့်ကျက်လို့
အသက်ကြီးပြီဆိုကတည်းက သူ့အသက်အရွယ်အရ ကြုံသင့်တာကြုံ ၊ သင်ယူသင့်တာတွေ သင်ယူပြီးပြီလေ။ ဒီတော့ အများစုအသက်ပိုကြီးတဲ့ကောင်လေးတွေက ပိုရင့်ကျက်ကြပါတယ်။ အသက်ငယ်ငယ်နဲ့ ရင့်ကျက်တဲ့သူတွေလည်း ရှိပေမယ့် ရှားပါတယ်။ ကလေးဆန်တဲ့သူထက် ရင့်ကျက်တဲ့သူကို ရွေးချယ်ချင်ကြလို့ပါ။
၂။အာရုံမနောက်လို့
ကိုကိုတွေက အလုပ်နဲ့အကိုင်နဲ့ ဖြစ်နေပြီလေ.. ဒီတော့ သူတို့မှာလည်းကိုယ့်အလုပ်နဲ့ကိုယ် ၊ ကိုယ်ကလည်း ကိုယ့်ကျောင်းစာ၊အလုပ်နဲ့ကိုယ်လုပ်။ နှစ်ယောက်လုံး အလုပ်ပြီးတဲ့အချိန်ကြမှ တွေ့ကြဆိုတော့ သိပ်ပြီးအာရုံ မနောက်တော့ဘူး။ မောင်ငယ်တွေကတော့ အချစ်ကို ရှေ့တန်းတင်တတ်တော့ ကိုယ့်အပေါ် နားလည်မှု နည်းပါတယ်တဲ့ ။စိတ်ကူးယဉ်ဆန်တဲ့ဘ၀ထက် လက်တွေ့ကျတဲ့ဘ၀ ကိုပဲရွေးချယ်ချင်တာမျိုးပေါ့။
၃။စိတ်မကစားတော့ဘူး။
ကိုကိုတွေက ငယ်ရွယ်ချိန်မှာ စိတ်ကစားပြီးပြီ။ ရည်းစားတွေလဲ တွဲသင့်သလောက်တွဲပြီးပြီ။ ဒီတော့ သူတို့ အသက်အရွယ်အရ အတည်တွဲရမယ့်ကောင်မလေး ရွေးချယ်ရတော့မယ် ဆိုတာ သိပြီ။ ဒါကြောင့်မို့ RS တစ်ခုကို တည်မြဲအောင် ကြိုးစားဖို့က ၈၀% လောက် သေချာနေပြီ။ မောင်လေးတွေကတော့ ငယ်ရွယ်သူမို့ စိတ်ကစားရင် ကစားကြမှာလေ.. ဒီတော့ ပိုစိတ်ချရသူကိုပဲ ရွေးပါမယ်တဲ့။
Related articles >>> သင့်ကောင်မလေးကို အံ့အားသင့်စေမယ့်လက်ဆောင်များ
၎။သူ့ရှေ့ရောက်ရင် ကိုယ်က ကလေးတစ်ယောက်လို နေလို့ရတယ်။
ကိုယ့်ရဲ့အသက်က ဘယ်လောက်ပဲကြီးနေပါစေ။ သူ့ရှေ့ရောက်ရင်တော့ ကိုယ်က ကလေးတစ်ယောက်လိုပဲ။ ချွဲလို့ရတယ်။ ဆိုးလို့ရတယ်။ မိန်းကလေးအများစု ကိုကိုတွေကြိုက်တာ ဒါကြောင့်ပါ။ စဉ်းစားကြည့်ပါ။ ကိုကို ကိုကို နဲ့ ချွဲရမှာ…ဟီး….။ ကိုယ့်ထက်အသက်ငယ်တဲ့သူကို ချွဲဖို့က စိတ်ထဲ အဆင်မပြေဘူးရယ်။
၅။ခိုင်မာတဲ့ရည်မှန်းချက်ရှိနေပြီ။
ကိုကိုတွေမှာက ခိုင်မာတဲ့ပန်းတိုင်တစ်ခု ဆိုတာရှိနေပါပြီ။ ဒီပန်းတိုင်ကိုလည်း အကောင်အထည်ဖော်လို့ ရောက်လုနီးနေပြီ။ ဒီတော့ ကောင်မလေးတွေက ရည်မှန်းချက် ခိုင်ခိုင်မာမာရှိတဲ့ သူတွေကိုပဲကြွေတာပေါ့။
၆။သူတို့ဆီကသင်ယူရလို့
ကိုကိုတွေဆီကနေ သူတို့ဘ၀အတွေ့အကြုံ တစ်စိတ်တပိုင်းကို သင်ယူလို့ရပါတယ်။ ဒါတွေအပြင် အတွေ့အကြုံအသစ်တွေကိုလည်း သင်ယူလို့ရပါတယ်။ လူကြီးတွေနဲ့ စကားပြောတဲ့အခါ ဘယ်လိုပြောရလဲ ဆိုတာတွေ၊ ဘ၀အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဘယ်လိုချရမလဲဆိုတာတွေပေါ့။
၇။တိုင်ပင်လို့ရတယ်။
ကိုယ်ပြဿနာတစ်ခုခု ကြုံတိုင်း ကိုကိုတွေကို ရင်ဖွင့်ရင် ဘယ်လိုဖြေရှင်းသင့်လဲ ဆိုတာသူတို့က အကောင်းဆုံးပြောပြကြပါတယ်။ ဘာလို့လဲဆိုတော့ အများစု ပြဿနာတွေက သူတို့ကြုံခဲ့ရပြီးပြီ မို့ပါ။ မောင်လေးတွေကတော့ အကောင်းဆုံးကြိုးစားပေးချင်ပေမယ့် ဘာလုပ်ပေးရမလဲ မသိဖြစ်နေတတ်ပါတယ်တဲ့။
၈။မိန်းကလေးတွေအကြောင်းသိတယ်။
ကိုကိုတွေက ရှေ့မှာလည်း အများကြီးကြုံဖူးပြီးပြီ ဆိုတော့ မိန်းကလေးတွေအကြောင်း သိနေပါပြီ။ကိုယ်တိုင်မဟုတ်ရင်တောင် ပတ်ဝန်းကျင်က အတွေ့အကြုံနဲ့ ဆင်ခြင်စဉ်းစားတတ်နေပြီ။ Rs တစ်ခုတည်မြဲအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိနေပြီ။ အရိပ်ပြရင်အကောင်လိုက် မြင်တတ်နေပြီ။ စိတ်ကောက်နေတာကို စိတ်ကောက်နေမှန်းသိတယ်။ ဘယ်ချိန်ဘယ်လိုပြန်ချော့ရမလဲ ဆိုတဲ့ ဂွင်ကိုလည်း သိတယ်။ မောင်လေးတွေကတော့ တစ်ခါတစ်လေ ကိုယ်စိတ်ကောက်နေတာတောင် ကောက်မှန်းမသိတာမျိုးလည်း ရှိတတ်တယ်တဲ့လေ။
ဟုတ်ပါတယ် ..ဒါကြောင့်မို့ တချို့မိန်းကလေးတွေက ကိုကိုတွေကို ပိုကြိုက်ကြတာပါ။ Hana ရေးတဲ့ထဲမှာမပါတဲ့ အကြောင်းအရာလေးတွေ ရှိရင် ယောင်းတို့ရဲ့ အမြင်ကိုလည်း ရှဲခဲ့ပါရှင့်။
Hana (For Her Myanmar)