Love Relationships

လက်မထပ်ခင် ချစ်သူနှစ်ဦး တိုင်ပင်ညှိနှိုင်းထားသင့်တဲ့ အချက် (၅) ချက်

ချစ်သူနှစ်ယောက် ပေါင်းဖက်ပြီဆိုတာနဲ့ နှစ်ကိုယ့်တစ်စိတ် ဖြစ်နိုင်ပါ့မလား

ယောင်းတို့ရေ တို့မိန်းကလေးတိုင်းလိုလိုရဲ့ အိပ်မက်ဟာ မင်္ဂလာဝတ်စုံ လှလှလေးဆင်မြန်းပြီး ရှက်ပြုံးလေးမခို့တယို့ပြုံးလို့ မင်္ဂလာခန်းမထဲကို ချစ်သူရဲ့လက်ကိုတွဲ ဝင်ရောက်ချင်ကြတာပါ။ မင်္ဂလာဆောင်ဆိုတာ တို့မိန်းကလေးတွေ ရင်ခုန်စွာနဲ့ လနဲ့ချီကြိုတင်ပြင်ဆင်ကြရတဲ့ လှပတဲ့ နတ်သမီးပုံပြင်လေးပါပဲ။ နတ်သမီးပုံပြင်လေးက လှပပေမယ့် သူ့ရဲ့နောက်မှာတော့ လက်တွေ့ဘဝဆိုတာကြီးက စောင့်ကြိုနေပါတယ်။

ချစ်သူနဲ့ နှစ်ယောက်တစ်ဘဝ ပေါင်းဖက်တဲ့အခါမှာ နှစ်ကိုယ်တစ်စိတ်နဲ့ ဘဝကြီးကို ရင်ဆိုင်နိုင်ဖို့ရာမှာ တစ်ယောက်အကြောင်းတစ်ယောက် သေချာသိထားပါမှ ကြိုတင်ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထားနိုင်မှာပါ။ ဒီလို ဘဝတစ်လျှောက်လုံးအတွက် ပြင်ဆင်ရာမှာ ချစ်သူချင်း အားမနာတိုင်း မေးထားရမယ့် မေးခွန်းလေးတွေ ရှိနေပါတယ်။ အဲ့ဒီမေးခွန်းလေးတွေကတော့ ..

Related article >>> သင့်ချစ်သူက သင့်ကိုလက်ထပ်မယ်ဆိုတာ သိနိုင်တဲ့ (၇) ချက်

၁) ကလေးဘယ်နှစ်ယောက်ယူမှာလဲ။ ဘယ်တော့ယူမှာလဲ။

လက်ထပ်ပြီးတော့မှ သဘောထားမတိုက်ဆိုင်တာတွေ မဖြစ်ရအောင် ကိုယ့်အလုပ် သူ့အလုပ်နဲ့ မိသားစုအခြေအနေတွေကို ထည့်စဉ်းစားပြီး ဘယ်အချိန်မှာ အိမ့်ဆည်းလည်းလေးတွေကို ကြိုဆိုမလဲဆိုတာ ကြိုတိုင်ပင်ထားသင့်ပါတယ်။

၂) အိမ်အလုပ်ကို ဘယ်လိုခွဲမလဲ။

အခုခေတ်လို လင်ရောမယားပါ အလုပ်လုပ်နေတဲ့ အချိန်မျိုးမှာ အိမ်အလုပ်ကို မိန်းမကပဲလုပ်ဆိုတာမျိုး မဖြစ်သင့်တော့ပါဘူး။ ကိုယ်ဟင်းချက်ရင် သူပန်းကန်ဆေး။ သူအဝတ်လျှော်ရင် ကိုယ်မီးပူတိုက်။ ဒီလိုမျိုး အလုပ်တွေကို နားလည်မှုရှိရှိ ခွဲဝေယူဖို့ကို လက်မထပ်ခင်ကတည်းက ညှိထားရင် အကောင်းဆုံးပါပဲ။

၃) အသုံးစရိတ်နဲ့ မိသားစုကို ဘယ်လိုစီမံခန့်ခွဲကြမလဲ။

တစ်လကို အိမ်စရိတ် ဘယ်လောက်ဆိုလောက်မယ်။ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အသုံးစရိတ် ဘယ်လောက်ယူမယ်။ မိဘတွေကို ဘယ်လောက်ပြန်ထောက်ပံ့မယ်။ မိဘအိမ်ကို ဘယ်နှရက်နေ တစ်ခါသွားလည်ကြမယ် ဆိုတာမျိုးတွေလဲ ကြိုတိုင်ပင်ညှိနှိုင်းထားနိုင်ရင် နင့်အမေက ငါ့အမေကဆိုပြီး ရန်ဖြစ်ရတာမျိုးတွေ မရှိတော့ဘူးပေါ့။

၎) ကိုယ့်ဆီမှာ သူမကြိုက်တဲ့စရိုက်တွေ ရှိနေလား။

ချစ်သူဘဝမှာတော့ ချိန်းတွေ့တဲ့အချိန်လေးမှာ တွေ့နေရသလောက်က အားလုံးအိုကေပါတယ်။ တကယ့်တကယ် တူတူနေကြည့်တော့မှ သူကအိပ်ရင်ဟောက်တယ်၊ ကိုယ်ကတော့ အိမ်သာဝင်တာကြာတယ်၊ စသည်ဖြင့် သဘောမတွေ့စရာလေးတွေ ရှိလာနိုင်တာမို့ စောစောစီးစီး အချင်းချင်း မေးထားကြ ပြောပြထားကြသင့်ပါတယ်။

၅) လက်ထပ်လိုက်တာဟာ ကိုယ်တို့အတွက်ဘယ်လို ပြောင်းလဲသွားမလဲ။

ဒါကတော့ အရေးအကြီးဆုံး အချက်ပါပဲ။ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ပိုင်အချိန် လိုချင်ကြပါတယ်။ ဒါကို ဘယ်လောက်အထိ တစ်ဘက်သားက နားလည်ပေးနိုင်မလဲ။ အိမ်ထောင်သည်ဖြစ်သွားပြီဆိုရင် ကိုယ်ပိုင်အချိန်ကို ဘယ်လောက်ထိ လျှော့ချပေးရမလဲ။ တူတူလုပ်ချင်တဲ့ ကိစ္စတွေ ဘာတွေရှိလဲ။ ဘယ်လိုကိစ္စတွေကိုတော့ဖြင့် တစ်ယောက်တည်းလုပ်ချင်တာလဲ။ လက်မထပ်ခင်ကတည်းက သူ့ဘက်ကိုယ့်ဘက် လိုတိုးပိုလျှော့လေးတွေ ညှိနှိုင်းထားရင် တူတူနေတဲ့အခါ ပြဿနာနည်းသွားမှာပါ။

Related article >>> ယောင်းတို့လက်ထပ်တော့မယ်ဆိုရင် ဒါတွေသတိထားသင့်တယ်

ယောင်းတို့ရေ အက်ဒမင်အခုပြောတဲ့ မေးခွန်းလေးတွေက အရေးကြီးတဲ့ အနည်းစုပါ။ တကယ်နှစ်ယောက်သား အေးအေးဆေးဆေး စကားပြောကြည့်ရင် ဒီထက်ကျယ်ပြန့်တဲ့ မေးခွန်းတွေ ထပ်ထွက်လာမှာပါ။ လူနှစ်ယောက် တူတူနေပြီဆို မတူညီတာတွေ အများကြီးထွက်လာမှာပါ။ ဒါတွေကို တူတူနေပြီး အဆင်မပြေမှုတွေ ရှိလာမှ ညှိတာမျိုးထက် မယူခင်ကတည်းက ညှိထားမယ်ဆိုရင် ယောင်းတို့ အိမ်ထောင်ဦးလေးဟာ ပျော်ရွှင်စရာကောင်းနေမှာ အမှန်ပါပဲကွယ်။

Khine (For Her Myanmar)

Ref

Independent | NY Times | Psychology Today

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *