အသက္(၃၀)ေက်ာ္ေတြ ဒိတ္လုပ္ဖို႕ ခဲယဉ္းသြားေစတဲ့ အေတြး(၄)ခု

ဇီဇာေၾကာင္တယ္လို႕ေတာ့ မထင္ေစခ်င္

အသက္(၃၀)ေက်ာ္အရြယ္မွာ ဒိတ္လုပ္တယ္ဆိုတာ အေျပာလြယ္ေပမဲ့ လက္ေတြ႕က်အေတာ့္ကို က်ဥ္းထဲၾကပ္ထဲေရာက္ေစတဲ့ ကိစၥတစ္ခုပါေယာင္းေရ။ တြဲၾကည့္တာမ်ား ဘာခက္လို႔လဲဆိုတဲ့  ေတာ္ကီေတြက ဆယ္ေက်ာ္သက္အရြယ္ေလာက္မွာပဲ ထားခဲ့သလိုလို.. အသက္(၃၀)ေက်ာ္ အရြယ္ဆိုတာက အေတာ္အတန္ရင့္က်က္ေနၿပီးျဖစ္သလို ဆုံးျဖတ္ခ်က္တစ္ခုကို လြယ္လြယ္မခ်တတ္ေတာ့တဲ့ အရြယ္ေတြမို႕ ဒိတ္လုပ္ဖို႕အတြက္ အေတာ္ႀကီးခက္ခဲလာပါၿပီ။

ဘာေတြမ်ား နက္နက္နဲနဲေတြးေနလို႔ ဒိတ္လုပ္ဖို႔ေတာင္ ခက္ခဲသြားရတာလဲဆိုရင္…

ပန္းတိုင္က ေျပာင္းလဲသြားၿပီ။

အသက္(၃၀)ေက်ာ္လာတာနဲ႕ ရိုမန္႕တစ္ဆန္တာေတြ ၊ ဒရာမာဆန္တာေတြမလိုခ်င္ေတာ့ဘဲ တိက်ျပတ္သားၿပီး ေျပာတဲ့အတိုင္းလုပ္တတ္တဲ့လူကိုပဲ ပိုၿပီးစိတ္ဝင္စားလာတတ္ပါတယ္။ ခ်ိန္းထားၿပီးမွ ဖ်က္လိုက္တာမ်ိဳးတို႕ ၊ ေနာက္က်တတ္တာမ်ိဳးတို႕ကို လုံးဝခြင့္မလႊတ္ေတာ့ပါဘူး။ ရုပ္ေခ်ာေနတာမ်ိဳးထက္ ဘဝဦးတည္ခ်က္ခိုင္မာတဲ့ လူမ်ိဳးကိုပဲ ဘဝလက္တြဲေဖာ္အေနနဲ႕ ေရြးခ်ယ္ခ်င္လာၿပီး သာယာေပ်ာ္ရႊင္ဖို႕ထက္ ေအာင္ျမင္ေပ်ာ္ရႊင္ဖို႔ကို ပိုလိုလားလာၾကပါတယ္။ ဒါေၾကာင့္ပဲ တစ္ေယာက္ေယာက္နဲ႔ ဒိတ္လုပ္ေတာ့မယ္ဆို အရမ္းေတြ စဥ္းစားေနၾကတာေပါ့…

Related article >>> မသိလိုက္မသိဘာသာနဲ႔ Relationship တစ္ခုကို ပ်က္စီးေစတဲ့အက်င့္ေတြ

လူတိုင္းကိုမယုံၾကည္တတ္ေတာ့ဘူး။ 

ႏွစ္ေပါင္း(၃၀)ေက်ာ္ လူအမ်ိဳးမ်ိဳးနဲ႕ေတြ႕ၾကံဳခဲ့ၿပီးၿပီမို႕ လူေတြအေၾကာင္းေကာင္းေကာင္းႀကီးသိေနပါၿပီ။ ခ်စ္တယ္ႀကိဳက္တယ္ ဘယ္ေလာက္ေျပာေျပာ ရင္မခုန္တတ္ေတာ့ဘဲ  လြယ္လြယ္နဲ႕ဘယ္သူ႕အေပၚမွ မယုံၾကည္တတ္တာမို႔ ဒိတ္လုပ္ဖို႔ကိုလည္း အေတာ္ႀကီးေတြေဝေနတတ္ပါတယ္။

အရာရာတိုင္းထက္ ပိုက္ဆံက ပိုအေရးပါလာတယ္။

က်င္လည္ခဲ့တဲ့အခ်ိန္ေတြမ်ားလာေလ ပိုက္ဆံရဲ႕အသုံးဝင္ပုံကို နားလည္လာေလမို႕ အရာရာကို ေငြနဲ႕တိုင္းတာတတ္လာပါတယ္။ ဒါဟာ ေငြမက္လာတာလားဆိုေတာ့ ေလာကႀကီးမွာ ေငြမရွိဘဲ အသက္ဆက္လုိ႔ မျဖစ္ႏုိင္ေတာ့တာကို ပိုၿပီး သေဘာေပါက္လာတယ္လို႔ ဆုိရမွာပါပဲ။ ဆယ္ေက်ာ္သက္အရြယ္လို အခ်စ္ကိုပဲရူးရူးမိုက္မိုက္ မေရြးခ်ယ္ေတာ့ဘဲ အနာဂတ္ကိုလည္း ေငြေၾကးနဲ႔ တြက္ခ်က္တာေတြ မ်ားလာတာမို႔ ဒိတ္လုပ္မယ္ဆိုရင္လည္း ကုန္သြားမယ့္အခ်ိန္နဲ႔ ပိုက္ဆံဆိုတာမ်ိဳးကို ခ်ိန္ညိွေနတတ္ျပန္ပါတယ္။

Related article >>> အသက္(၃၀)ေက်ာ္ ဦးတို႕ကို ခ်စ္မိေနတဲ့ ေယာင္းတို႕ သိကိုသိထားသင့္တဲ့အခ်က္(၄)ခ်က္

အျပဳအမူေတြကို အရမ္းအေလးထားလာတယ္။ 

အရာရာကို အေလးအနက္ထားတဲ့အရြယ္ ျဖစ္လာတာနဲ႕အမွ် အျပဳအမူတိုင္းကို ဂရုစိုက္တတ္လာပါတယ္။ သူမ်ားက မသိလိုက္ဖာသာ ျပဳမူလိုက္တဲ့ အျပဳအမူေတြကို ေတြးေတာခံစားရင္း အထအနေကာက္တတ္တာမို႕ ေတာ္ရုံလူနဲ႕ဒိတ္ဖို႕ဆို အေတာ္ေလးစဥ္းစားလာရေတာ့တာမ်ိဳးပါ။

ကဲ…ဒီေလာက္ဆိုရင္ေတာ့ (၃၀)ေက်ာ္အရြယ္ေတြ ဒိတ္လုပ္ဖို႕ခက္ခဲတဲ့အေၾကာင္းအရင္းေတြကို သေဘာေပါက္သြားေလာက္ပါၿပီ။ အသက္(၃၀)ေက်ာ္လာရင္ ေယာင္းတို႔ ဘယ္လုိ အခ်စ္ေရးနဲ႔ ရင္ဆုိင္ေတြ႕ၾကံဳရမလဲဆိုတာမ်ိဳးကိုပါ ႀကိဳၿပီး စဥ္းစားထားလို႔ ရၿပီေပါ့

DiDi (For Her Myanmar)

<<< Unicode >>>

ဇီဇာကြောင်တယ်လို့တော့ မထင်စေချင်

အသက်(၃၀)ကျော်အရွယ်မှာ ဒိတ်လုပ်တယ်ဆိုတာ အပြောလွယ်ပေမဲ့ လက်တွေ့ကျအတော့်ကို ကျဉ်းထဲကြပ်ထဲရောက်စေတဲ့ ကိစ္စတစ်ခုပါယောင်းရေ။ တွဲကြည့်တာများ ဘာခက်လို့လဲဆိုတဲ့  တော်ကီတွေက ဆယ်ကျော်သက်အရွယ်လောက်မှာပဲ ထားခဲ့သလိုလို.. အသက်(၃၀)ကျော် အရွယ်ဆိုတာက အတော်အတန်ရင့်ကျက်နေပြီးဖြစ်သလို ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်မချတတ်တော့တဲ့ အရွယ်တွေမို့ ဒိတ်လုပ်ဖို့အတွက် အတော်ကြီးခက်ခဲလာပါပြီ။

ဘာတွေများ နက်နက်နဲနဲတွေးနေလို့ ဒိတ်လုပ်ဖို့တောင် ခက်ခဲသွားရတာလဲဆိုရင်…

ပန်းတိုင်က ပြောင်းလဲသွားပြီ။

အသက်(၃၀)ကျော်လာတာနဲ့ ရိုမန့်တစ်ဆန်တာတွေ ၊ ဒရာမာဆန်တာတွေမလိုချင်တော့ဘဲ တိကျပြတ်သားပြီး ပြောတဲ့အတိုင်းလုပ်တတ်တဲ့လူကိုပဲ ပိုပြီးစိတ်ဝင်စားလာတတ်ပါတယ်။ ချိန်းထားပြီးမှ ဖျက်လိုက်တာမျိုးတို့ ၊ နောက်ကျတတ်တာမျိုးတို့ကို လုံးဝခွင့်မလွှတ်တော့ပါဘူး။ ရုပ်ချောနေတာမျိုးထက် ဘဝဦးတည်ချက်ခိုင်မာတဲ့ လူမျိုးကိုပဲ ဘဝလက်တွဲဖော်အနေနဲ့ ရွေးချယ်ချင်လာပြီး သာယာပျော်ရွှင်ဖို့ထက် အောင်မြင်ပျော်ရွှင်ဖို့ကို ပိုလိုလားလာကြပါတယ်။ ဒါကြောင့်ပဲ တစ်ယောက်ယောက်နဲ့ ဒိတ်လုပ်တော့မယ်ဆို အရမ်းတွေ စဉ်းစားနေကြတာပေါ့…

Related article >>> မသိလိုက်မသိဘာသာနဲ့ Relationship တစ်ခုကို ပျက်စီးစေတဲ့အကျင့်တွေ

လူတိုင်းကိုမယုံကြည်တတ်တော့ဘူး။ 

နှစ်ပေါင်း(၃၀)ကျော် လူအမျိုးမျိုးနဲ့တွေ့ကြုံခဲ့ပြီးပြီမို့ လူတွေအကြောင်းကောင်းကောင်းကြီးသိနေပါပြီ။ ချစ်တယ်ကြိုက်တယ် ဘယ်လောက်ပြောပြော ရင်မခုန်တတ်တော့ဘဲ  လွယ်လွယ်နဲ့ဘယ်သူ့အပေါ်မှ မယုံကြည်တတ်တာမို့ ဒိတ်လုပ်ဖို့ကိုလည်း အတော်ကြီးတွေဝေနေတတ်ပါတယ်။

အရာရာတိုင်းထက် ပိုက်ဆံက ပိုအရေးပါလာတယ်။

ကျင်လည်ခဲ့တဲ့အချိန်တွေများလာလေ ပိုက်ဆံရဲ့အသုံးဝင်ပုံကို နားလည်လာလေမို့ အရာရာကို ငွေနဲ့တိုင်းတာတတ်လာပါတယ်။ ဒါဟာ ငွေမက်လာတာလားဆိုတော့ လောကကြီးမှာ ငွေမရှိဘဲ အသက်ဆက်လို့ မဖြစ်နိုင်တော့တာကို ပိုပြီး သဘောပေါက်လာတယ်လို့ ဆိုရမှာပါပဲ။ ဆယ်ကျော်သက်အရွယ်လို အချစ်ကိုပဲရူးရူးမိုက်မိုက် မရွေးချယ်တော့ဘဲ အနာဂတ်ကိုလည်း ငွေကြေးနဲ့ တွက်ချက်တာတွေ များလာတာမို့ ဒိတ်လုပ်မယ်ဆိုရင်လည်း ကုန်သွားမယ့်အချိန်နဲ့ ပိုက်ဆံဆိုတာမျိုးကို ချိန်ညှိနေတတ်ပြန်ပါတယ်။

Related article >>> အသက်(၃၀)ကျော် ဦးတို့ကို ချစ်မိနေတဲ့ ယောင်းတို့ သိကိုသိထားသင့်တဲ့အချက်(၄)ချက်

အပြုအမူတွေကို အရမ်းအလေးထားလာတယ်။ 

အရာရာကို အလေးအနက်ထားတဲ့အရွယ် ဖြစ်လာတာနဲ့အမျှ အပြုအမူတိုင်းကို ဂရုစိုက်တတ်လာပါတယ်။ သူများက မသိလိုက်ဖာသာ ပြုမူလိုက်တဲ့ အပြုအမူတွေကို တွေးတောခံစားရင်း အထအနကောက်တတ်တာမို့ တော်ရုံလူနဲ့ဒိတ်ဖို့ဆို အတော်လေးစဉ်းစားလာရတော့တာမျိုးပါ။

ကဲ…ဒီလောက်ဆိုရင်တော့ (၃၀)ကျော်အရွယ်တွေ ဒိတ်လုပ်ဖို့ခက်ခဲတဲ့အကြောင်းအရင်းတွေကို သဘောပေါက်သွားလောက်ပါပြီ။ အသက်(၃၀)ကျော်လာရင် ယောင်းတို့ ဘယ်လို အချစ်ရေးနဲ့ ရင်ဆိုင်တွေ့ကြုံရမလဲဆိုတာမျိုးကိုပါ ကြိုပြီး စဉ်းစားထားလို့ ရပြီပေါ့

DiDi (For Her Myanmar)

No Comments Yet

Comments are closed