Comfort zone အျပင္ဘက္သို႔ ေျခတစ္လွမ္း

ဒီတိုင္းပဲ comfort zone ထဲမွာ ဆက္ေနေနမွာလား ?

ေယာင္းတို႔ေရ… comfort zone ဆိုတာ ၾကားဖူးၾကလားဟင္? Stella တို႔ေတြက comfort zone ကေန ထြက္ရမွာ သိပ္ကိုေၾကာက္တတ္ၾကတယ္။ မကၽြမ္းက်င္တဲ့အလုပ္ကို လုပ္ရေတာ့မယ္ဆိုရင္၊ မသိတာကို ထြက္ေျပာရေတာ့မယ္ဆိုရင္ ရလိုရျငား တစ္နည္းနည္းနဲ႔ေတာ့ ေရွာင္ထြက္ဖို႔ ႀကိဳးစားၾကေရာ။ အဆင္ေျပေနတဲ့ ေနရာတစ္ခုကေန တျခားေနရာကိုေျပာင္းရင္ အဆင္မေျပမွာ စိုးတဲ့စိတ္ေၾကာင့္ တစ္ေနရာတည္းမွာပဲ ရပ္ေနလိုက္သလိုေပါ့။

တကယ္ေတာ့ comfort zone ဆိုတာ ကိုယ္ေတြ ဦးေႏွာက္အတြက္ လံုးဝမေကာင္းပါဘူး။ ဦးေႏွာက္ဆိုတာမ်ိဳးက အၿမဲေသြးေနရတာေလ။ Comfort zone မွာ ေနတာၾကာလာတဲ့အခါ အသားက်သြားၿပီး အသစ္အသစ္ေတြကို လက္ခံႏိုင္စြမ္းမရွိေတာ့တာမ်ိဳးေပါ့။ မသံုးဘဲ ထားတဲ့ ဓားက မထက္ေတာ့သလို အသစ္အသစ္ေတြ ဘာကိုမွ မသင္ယူေတာ့တဲ့ ဦးေႏွာက္က ဘာကိုမွ လက္မခံေတာ့တဲ့အခါ လူပါ တံုးအလာတာမ်ိဳး ျဖစ္လာေတာ့မွာပါ ေယာင္းတို႔ေရ…

Related Article >>> အဆိုးျမင္တတ္တဲ့ ပတ္ဝန္းက်င္အလယ္ ဘယ္လိုရပ္တည္မလဲ

Stella ကိုယ္တိုင္လည္း လြန္ခဲ့တဲ့ႏွစ္ေတြေလာက္က comfort zone ထဲမွာ ေနေပ်ာ္ခဲ့သူပါ။ ဒီတိုင္းလည္း ေနလို႔ျဖစ္ေနတာပဲ၊ အဆင္ေျပေနသားပဲဆိုတဲ့စိတ္နဲ႔ ေနခဲ့တာေပါ့။ မွန္ပါတယ္… comfort zone ထဲမွာေနရတာ သိပ္သက္သာပါတယ္။ လူေကာ စိတ္ေကာ မပင္ပန္းရဘူးေပါ့။

သို႔ေပမဲ့ comfort zone ထဲမွာ ေနတာၾကာလာေလေလ အျပင္ဘက္မွာ ေလ့လာစရာေတြ သင္ယူစရာေတြ ရွိေနေသးတာကို ေမ့ေလ်ာ့လာေလေလပဲ။ အလုပ္လုပ္မယ္ဆိုေတာ့လည္း ငါမွ မလုပ္တတ္တာ၊ မိဘက ေကၽြးထားႏိုင္တာပဲဆိုတဲ့စိတ္ေတြနဲ႔ comfort zone ထဲက မထြက္မိျပန္ဘူး။ ဒီလိုသာဆိုရင္ ဘဝဟာ ဘာမွစိတ္လႈပ္ရွားစရာမရွိဘဲ ႏြားေျခရာခြက္ထဲက ဖားသူငယ္အျဖစ္ ကုန္ဆံုးသြားရပါလိမ့္မယ္။

Comfort zone ထဲက ထြက္ပါ။ မသိတဲ့အရာကို မသိတဲ့အတိုင္းမထားဘဲ သင္ယူပါ။ စြန္႔စားခန္းေတြရွာပါ။ တစ္ေယာက္တည္း ခရီးေတြ သြားပါ။ ေရာက္တဲ့ေနရာတိုင္းမွာ မိတ္ေဆြဖြဲ႔ပါ။ မလုပ္ဖူးတဲ့အလုပ္ကို ဝင္လုပ္ပါ။ Risk ယူဖို႔ မေၾကာက္ပါနဲ႔။ ဘဝက တိုတုိေလးပါ။ ရခဲလွတဲ့ လူ႔ဘဝမွာ အတန္ဆံုးျဖစ္ေအာင္ ေနပါ။ အျပင္ဘက္မွာ ေပ်ာ္စရာေတြ၊ စိတ္လႈပ္ရွားစရာေတြက ေစာင့္ႀကိဳေနပါတယ္။ မနက္ျဖန္ဆိုတာ မေသခ်ာတဲ့အတြက္ အခုပဲ comfort zone ထဲက ထြက္ပစ္လိုက္ပါ ေယာင္းေရ…

Stella (For Her Myanmar)

<<< Unicode >>>

ဒီတိုင်းပဲ comfort zone ထဲမှာ ဆက်နေနေမှာလား?

ယောင်းတို့ရေ… comfort zone ဆိုတာ ကြားဖူးကြလားဟင်? Stella တို့တွေက comfort zone ကနေ ထွက်ရမှာ သိပ်ကိုကြောက်တတ်ကြတယ်။ မကျွမ်းကျင်တဲ့အလုပ်ကို လုပ်ရတော့မယ်ဆိုရင်၊ မသိတာကို ထွက်ပြောရတော့မယ်ဆိုရင် ရလိုရငြား တစ်နည်းနည်းနဲ့တော့ ရှောင်ထွက်ဖို့ ကြိုးစားကြရော။

အဆင်ပြေနေတဲ့ နေရာတစ်ခုကနေ တခြားနေရာကိုပြောင်းရင် အဆင်မပြေမှာ စိုးတဲ့စိတ်ကြောင့် တစ်နေရာတည်းမှာပဲ ရပ်နေလိုက်သလိုပေါ့။တကယ်တော့ comfort zone ဆိုတာ ကိုယ်တွေ ဦးနှောက်အတွက် လုံးဝမကောင်းပါဘူး။ ဦးနှောက်ဆိုတာမျိုးက အမြဲသွေးနေရတာလေ။ Comfort zone မှာ နေတာကြာလာတဲ့အခါ အသားကျသွားပြီး အသစ်အသစ်တွေကို လက်ခံနိုင်စွမ်းမရှိတော့တာမျိုးပေါ့။ မသုံးဘဲ ထားတဲ့ ဓားက မထက်တော့သလို အသစ်အသစ်တွေ ဘာကိုမှ မသင်ယူတော့တဲ့ ဦးနှောက်က ဘာကိုမှ လက်မခံတော့တဲ့အခါ လူပါ တုံးအလာတာမျိုး ဖြစ်လာတော့မှာပါ ယောင်းတို့ရေ…

Related Article >>> အဆိုးမြင်တတ်တဲ့ ပတ်ဝန်းကျင်အလယ် ဘယ်လိုရပ်တည်မလဲ

Stella ကိုယ်တိုင်လည်း လွန်ခဲ့တဲ့နှစ်တွေလောက်က comfort zone ထဲမှာ နေပျော်ခဲ့သူပါ။ ဒီတိုင်းလည်း နေလို့ဖြစ်နေတာပဲ၊ အဆင်ပြေနေသားပဲဆိုတဲ့စိတ်နဲ့ နေခဲ့တာပေါ့။ မှန်ပါတယ်… comfort zone ထဲမှာနေရတာ သိပ်သက်သာပါတယ်။ လူကော စိတ်ကော မပင်ပန်းရဘူးပေါ့။

သို့ပေမဲ့ comfort zone ထဲမှာ နေတာကြာလာလေလေ အပြင်ဘက်မှာ လေ့လာစရာတွေ သင်ယူစရာတွေ ရှိနေသေးတာကို မေ့လျော့လာလေလေပဲ။ အလုပ်လုပ်မယ်ဆိုတော့လည်း ငါမှ မလုပ်တတ်တာ၊ မိဘက ကျွေးထားနိုင်တာပဲဆိုတဲ့စိတ်တွေနဲ့ comfort zone ထဲက မထွက်မိပြန်ဘူး။ ဒီလိုသာဆိုရင် ဘဝဟာ ဘာမှစိတ်လှုပ်ရှားစရာမရှိဘဲ နွားခြေရာခွက်ထဲက ဖားသူငယ်အဖြစ် ကုန်ဆုံးသွားရပါလိမ့်မယ်။

Comfort zone ထဲက ထွက်ပါ။ မသိတဲ့အရာကို မသိတဲ့အတိုင်းမထားဘဲ သင်ယူပါ။ စွန့်စားခန်းတွေရှာပါ။ တစ်ယောက်တည်း ခရီးတွေ သွားပါ။ ရောက်တဲ့နေရာတိုင်းမှာ မိတ်ဆွေဖွဲ့ပါ။ မလုပ်ဖူးတဲ့အလုပ်ကို ဝင်လုပ်ပါ။ Risk ယူဖို့ မကြောက်ပါနဲ့။ ဘဝက တိုတိုလေးပါ။ ရခဲလှတဲ့ လူ့ဘဝမှာ အတန်ဆုံးဖြစ်အောင် နေပါ။ အပြင်ဘက်မှာ ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေက စောင့်ကြိုနေပါတယ်။ မနက်ဖြန်ဆိုတာ မသေချာတဲ့အတွက် အခုပဲ comfort zone ထဲက ထွက်ပစ်လိုက်ပါ ယောင်းရေ…

Stella (For Her Myanmar)

No Comments Yet

Comments are closed