အိမ္ေထာင္မျပဳခင္ ဒါဖတ္ပါ။

ေနာင္ျပင္ရန္  ခက္သည့္အမ်ိဳး ဆိုေတာ့ကာ.. ေနာင္ျပင္စရာမလိုေအာင္ ႀကိဳၿပီး စဥ္းစားဖို႔ေတာ့ လိုမယ္ေနာ္…

“ညီမကို အမ်ိဳးေတြက သူတုိ႔သိတဲ့သူတစ္ေယာက္နဲ႔ အိမ္ေထာင္ျပဳေစခ်င္ေနၾကတယ္”

“ဟမ္…အသက္ကဘယ္ေလာက္ရွိေသးလို႔လဲ”

“၂၄”

“ဟယ္..ငယ္ေသးတာကို။ ဒါျဖင့္ ယူမယ္လို႔ရည္ရြယ္ထားတာ တစ္ေယာက္ေယာက္ရွိလား”

“ဟင့္အင္း၊ ညီမကို ဘယ္သူမွ မႀကိဳက္ဘူး၊ ညီမကလည္း ဘယ္သူ႔ကိုမွ မႀကိဳက္ဘူး”

“ညီမကေရာ၊ သူတို႔ေျပာတာကို ဘယ္လုိသေဘာရလဲ”

“မယူဘူးလို႔ ဘူးပိတ္ျငင္းတာေပါ့။ ညီမမွ အဆင္သင့္မျဖစ္ေသးတာ။ အိမ္ေထာင္ျပဳတယ္ဆိုတာ သူ႔တာဝန္သူေက်ႏိုင္မွရမယ္ေလ အစ္မရယ္။ ခုထက္ထိ ေပါလို႔ေကာင္းတုန္း ျဖစ္ေနတာကို။”

“ယူတာ၊ မယူတာက ညီမသေဘာပါ။ ဒါေပမဲ့ အိမ္ေထာင္ျပဳတယ္ဆိုတာ လြယ္တဲ့ကိစၥမဟုတ္တာေတာ့ အစ္မ လက္ခံပါတယ္။ အစ္မတို႔မိသားစုကို လူေတြက ေပ်ာ္တယ္လို႔ထင္ၾကတယ္။ မိသားစု စံုစံုလင္လင္ အျပင္သြားၾကတယ္။ ေပ်ာ္ၾကတယ္။ ဒါေတြကို အေပၚယံသံုးသပ္ၿပီး အစ္မတို႔ကို အားက်ၾကတယ္။ ဒါေပမယ့္ အစ္မက အရမ္းေပ်ာ္ေနလားဆိုေတာ့မဟုတ္ဘူး။ အစ္မနဲ႔အစ္မေယာက္်ားက ႀကိဳက္ၿပီးယူတာ။ သူ အစ္မေပၚဘယ္ေလာက္ေကာင္းလဲဆို အစ္မကိုယ္ဝန္နဲ႔တုန္းက ရွိသမွ် အလုပ္ေတြ အကုန္ သူပဲ သိမ္းၾကံဳးလုပ္ေပးတာ။ ဒါေပမဲ့ အစ္မစိတ္ထဲမွာ တစ္ခုခု လုိအပ္ေနသလိုပဲ ညီမေရ..

အပ်ိဳတုန္းက ဘဝနဲ႔ အိမ္ေထာင္သည္ဘဝမွာ အမ်ားႀကီး ကြာျခားတာေတာ့ အမွန္ပဲ။ ရုပ္ရွင္ထဲကလို အိမ္ေထာင္ျပဳၿပီး ရုိေနရမယ္လို႔ ထင္ရင္ေတာ့ မိုက္မဲရာ က်မယ္ ညီမေလးေရ။

အစ္မမွာ နစ္နာမႈေတြ အမ်ားႀကီးရွိတယ္။ အစ္မ အပ်ိဳတုန္းက ရုံးပိတ္ရက္ဆို မနက္၉နာရီေလာက္ထိ အိပ္ပစ္တယ္။ အခုေတာ့ ကေလးႏိုးတဲ့အခ်ိန္ ကိုယ္ႏိုးရတယ္။ အပ်ိဳတုန္းကဆို နယ္ဘက္ေတြ အလုပ္ခရီးထြက္ရတယ္။ ခုေတာ့ သိပ္အဆင္မေျပဘူး။ အစ္မမွာ လြတ္လပ္မႈဆိုတဲ့အရာ လံုးဝေပ်ာက္ဆံုးေနတယ္။ ဒါေတာင္ အစ္မ ေယာကၡမဘက္ကလည္း အရမ္းသေဘာေကာင္းတယ္။ အဲ့ေတာ့စဥ္းစားၾကည့္ပါ။ အိမ္ေထာင္ျပဳတယ္ဆိုတာ ထင္သေလာက္သိပ္မလြယ္ဘူးေနာ္”

Related Article >>> အိမ္ေထာင္မျပဳခင္ ဖတ္သင့္တဲ့စာအုပ္ေလး (၂) အုပ္

တေလာက အသိအစ္မႀကီးတစ္ေယာက္နဲ႔ စကားစျမည္ေျပာျဖစ္တာေလးေပါ့။ အက္ဒမင့္ထက္ သူက လပိုင္းပဲ ႀကီးလို႔ ငယ္ငယ္ကတည္းက သူငယ္ခ်င္းလိုေနလာၾကတာေပါ့ေနာ္ ။သူ အိမ္ေထာင္က်ၿပီးတဲ့ေနာက္ သိပ္မေတြ႕ျဖစ္ၾကဘူး။ သူ႔ဆီအလည္သြားေတာ့ အက္ဒမင့္အတြက္ ေတြးစရာေတြ အမ်ားႀကီး ပါလာတယ္။

သူ႔ေယာက္်ားက ခ်မ္းသာတဲ့အသိုင္းအဝိုင္းကပါ။ တင့္တင့္တယ္တယ္ ေနရတယ္။ ေယာက္်ားကလည္း ခ်စ္တယ္။ ခ်စ္စရာ ကေလးေလးတစ္ေယာက္နဲ႔။ ေယာကၡမေတြကလည္း သေဘာေကာင္းေတာ့ အမ်ားအားက်စရာ မိသားစုေလးေပါ့… ဒါေပမဲ့ သူကေတာ့ အရင္ကလို လြတ္လြတ္လပ္လပ္ ေနတတ္တဲ့ အစ္မ မဟုတ္ေတာ့ဘူး။ ကေလးကို ၾကည့္ရတယ္၊ မိသားစုကိုၾကည့္ရတယ္၊ ခင္ပြန္းကိုျပဳစုရတယ္။ တစ္ေန႔တာလံုး ဒီလုိပဲ သံသရာလည္ေနတာ သူ႔ဘဝဟာ စက္ယႏၱရား တစ္ခုလိုပါပဲ ေယာင္းတို႔ေရ…

Related Article >>> အိမ္ေထာင္က်ၿပီး ကေလးေတြပါ ရေနၿပီျဖစ္တဲ့ BFF နဲ႕ ခင္မင္မႈ တည္ၿမဲေစမယ့္ လမ္းညႊန္ (၇) ခ်က္

အက္ဒမင္တို႔ မိန္းကေလးအမ်ားစု ျဖစ္တတ္တာမ်ိဳးကေလ သူမ်ား ပရီဝက္ဒင္ပံုေတြတင္ၿပီဆို ကိုယ္ပါ ခ်က္ခ်င္း ထၿပီး မဂၤလာေျပးေဆာင္ခ်င္တာမ်ိဳး.. တကယ္ေတာ့ အိမ္ေထာင္ျပဳဖို႔ဆိုတာ ထင္သေလာက္ မလြယ္ပါဘူး ေယာင္းတို႔ေရ.. မယံုရင္ အိမ္ေထာင္ျပဳၿပီးသား လူေတြကိုေမး.. အစ္မ သမီး ေယာက္်ားယူရမလားဆို မယူနဲ႔ ခ်ည္း ေျဖၾကတာ 😀

ဒါဆို အိမ္ေထာင္မျပဳရေတာ့ဘူးလားဆိုေတာ့ အဲဒီလိုလည္း မဟုတ္ျပန္ဘူးရယ္။ လက္ထပ္ဖို႔ရည္ရြယ္ၿပီးသားလူရွိၿပီးသားဆိုရင္ေတာင္ ရည္းစားဘဝနဲ႔ အိမ္ေထာင္သည္ဘဝက ထပ္တူမက်ဘူးဆိုတာ အရင္ေတြးထားဖို႔ လိုပါတယ္ ေယာင္းေရ… ဘယ္လိုပဲ မေျပာင္းလဲပါဘူး ေျပာေျပာ ရည္းစားဘဝမွာတုန္းက သူနဲ႔ ကိုယ္ ႏွစ္ေယာက္တည္း ပတ္သက္ရာကေန အိမ္ေထာင္ျပဳလိုက္ၿပီဆို မိသားစု ႏွစ္ခု ပတ္သက္စရာေတြ ျဖစ္လာၿပီေလ… ဒါေတြ အမ်ားႀကီး ထည့္စဥ္းစားဖို႔ လိုပါတယ္။

ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက အိမ္ေထာင္ျပဳၿပီးရင္ အိမ္ေထာင့္တာဝန္ေတြထဲ နစ္သြားၾကတာကလား… မေျပာေကာင္း မဆိုေကာင္း တစ္ခုခုမ်ားျဖစ္လို႔ ေရႊေတာင္ႀကီး ၿပိဳပါၿပီတဲ့.. လင္ခန္း မယားခန္း ျပတ္စဲၾကပါၿပီတဲ့.. ကိုယ့္အရည္အခ်င္းေတြက မသံုးေတာ့တာ ၾကာေနတဲ့ ဓားလို တံုးေနေရာ… ျပင္ပေလာကကိုလည္း မ်က္ေျချပတ္.. ကဲ.. ဘာဆက္လုပ္မလဲ…

ဒါေၾကာင့္ အိမ္ေထာင္မျပဳခင္ ကိုယ္တုိင္ ရပ္တည္ႏိုင္ေအာင္ ႀကိဳးစားပါ။ အိမ္ေထာင္ျပဳၿပီးသည့္တိုင္ ကိုယ့္ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ပါ။ အေျခအေနတစ္ခုခုေၾကာင့္ သူကိုယ့္ကို ထားခဲ့ရင္ေတာင္ ကိုယ့္ဟာကိုယ္ျပန္ထူေထာင္ႏုိင္သူ ျဖစ္ပါေစ။ အလုပ္နဲ႔ မိသားစုကို မွ်တေအာင္ အခ်ိန္ေပး ဂရုစိုက္ပါ။ မယူခင္ အိမ္ေထာင္ဖက္နဲ႔ အရင္ညွိႏိႈင္းပါဦး… နားလည္မႈအျပည့္နဲ႔ ႏွစ္ေယာက္သား အျပန္အလွန္ကူညီၿပီး ထိန္းမယ္ဆုိရင္ ဒီအိမ္ေထာင္ေရးက အဆင္ေျပေနမွာပါ။

ဒါေၾကာင့္ ေယာင္းတုိ႔လည္း ကိုယ့္ဘဝကို အေလးအနက္ထားတယ္ဆိုရင္ အိမ္ေထာင္မျပဳခင္ ေသခ်ာအခ်ိန္ယူၿပီးစဥ္းစားၾကပါ။ အိမ္ေထာင္ဖက္အေရြးမွားတာထက္စာရင္ အပ်ိဳႀကီးျဖစ္ေနရတာက အဆတစ္ရာ သာပါတယ္လို႔ပဲ အက္ဒ္မင္ကေတာ့ ေျပာခ်င္ပါတယ္ ေယာင္းတို႔ေရ… (အပ်ိဳႀကီး ဂိုဏ္းဝင္ေတြ တိုးလာေအာင္ စည္းရံုးမဲဆြယ္တယ္လို႔ မထင္ေၾကး.. 😛 )

Christina (For Her Myanmar)

<<< Unicode >>>

နောင်ပြင်ရန်  ခက်သည့်အမျိုး ဆိုတော့ကာ.. နောင်ပြင်စရာမလိုအောင် ကြိုပြီး စဉ်းစားဖို့တော့ လိုမယ်နော်…

“ညီမကို အမျိုးတွေက သူတို့သိတဲ့သူတစ်ယောက်နဲ့ အိမ်ထောင်ပြုစေချင်နေကြတယ်”

“ဟမ်…အသက်ကဘယ်လောက်ရှိသေးလို့လဲ”

“၂၄”

“ဟယ်..ငယ်သေးတာကို။ ဒါဖြင့် ယူမယ်လို့ရည်ရွယ်ထားတာ တစ်ယောက်ယောက်ရှိလား”

“ဟင့်အင်း၊ ညီမကို ဘယ်သူမှ မကြိုက်ဘူး၊ ညီမကလည်း ဘယ်သူ့ကိုမှ မကြိုက်ဘူး”

“ညီမကရော၊ သူတို့ပြောတာကို ဘယ်လိုသဘောရလဲ”

“မယူဘူးလို့ ဘူးပိတ်ငြင်းတာပေါ့။ ညီမမှ အဆင်သင့်မဖြစ်သေးတာ။ အိမ်ထောင်ပြုတယ်ဆိုတာ သူ့တာဝန်သူကျေနိုင်မှရမယ်လေ အစ်မရယ်။ ခုထက်ထိ ပေါလို့ကောင်းတုန်း ဖြစ်နေတာကို။”

“ယူတာ၊ မယူတာက ညီမသဘောပါ။ ဒါပေမဲ့ အိမ်ထောင်ပြုတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်တာတော့ အစ်မ လက်ခံပါတယ်။ အစ်မတို့မိသားစုကို လူတွေက ပျော်တယ်လို့ထင်ကြတယ်။ မိသားစု စုံစုံလင်လင် အပြင်သွားကြတယ်။ ပျော်ကြတယ်။ ဒါတွေကို အပေါ်ယံသုံးသပ်ပြီး အစ်မတို့ကို အားကျကြတယ်။ ဒါပေမယ့် အစ်မက အရမ်းပျော်နေလားဆိုတော့မဟုတ်ဘူး။ အစ်မနဲ့အစ်မယောက်ျားက ကြိုက်ပြီးယူတာ။ သူ အစ်မပေါ်ဘယ်လောက်ကောင်းလဲဆို အစ်မကိုယ်ဝန်နဲ့တုန်းက ရှိသမျှ အလုပ်တွေ အကုန် သူပဲ သိမ်းကြုံးလုပ်ပေးတာ။ ဒါပေမဲ့ အစ်မစိတ်ထဲမှာ တစ်ခုခု လိုအပ်နေသလိုပဲ ညီမရေ..

အပျိုတုန်းက ဘဝနဲ့ အိမ်ထောင်သည်ဘဝမှာ အများကြီး ကွာခြားတာတော့ အမှန်ပဲ။ ရုပ်ရှင်ထဲကလို အိမ်ထောင်ပြုပြီး ရိုနေရမယ်လို့ ထင်ရင်တော့ မိုက်မဲရာ ကျမယ် ညီမလေးရေ။

အစ်မမှာ နစ်နာမှုတွေ အများကြီးရှိတယ်။ အစ်မ အပျိုတုန်းက ရုံးပိတ်ရက်ဆို မနက်၉နာရီလောက်ထိ အိပ်ပစ်တယ်။ အခုတော့ ကလေးနိုးတဲ့အချိန် ကိုယ်နိုးရတယ်။ အပျိုတုန်းကဆို နယ်ဘက်တွေ အလုပ်ခရီးထွက်ရတယ်။ ခုတော့ သိပ်အဆင်မပြေဘူး။ အစ်မမှာ လွတ်လပ်မှုဆိုတဲ့အရာ လုံးဝပျောက်ဆုံးနေတယ်။ ဒါတောင် အစ်မ ယောက္ခမဘက်ကလည်း အရမ်းသဘောကောင်းတယ်။ အဲ့တော့စဉ်းစားကြည့်ပါ။ အိမ်ထောင်ပြုတယ်ဆိုတာ ထင်သလောက်သိပ်မလွယ်ဘူးနော်”

Related Article >>> အိမ်ထောင်မပြုခင် ဖတ်သင့်တဲ့စာအုပ်လေး (၂) အုပ်

တလောက အသိအစ်မကြီးတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်တာလေးပေါ့။ အက်ဒမင့်ထက် သူက လပိုင်းပဲ ကြီးလို့ ငယ်ငယ်ကတည်းက သူငယ်ချင်းလိုနေလာကြတာပေါ့နော် ။သူ အိမ်ထောင်ကျပြီးတဲ့နောက် သိပ်မတွေ့ဖြစ်ကြဘူး။ သူ့ဆီအလည်သွားတော့ အက်ဒမင့်အတွက် တွေးစရာတွေ အများကြီး ပါလာတယ်။

သူ့ယောက်ျားက ချမ်းသားတဲ့အသိုင်းအဝိုင်းကပါ။ တင့်တင့်တယ်တယ် နေရတယ်။ ယောက်ျားကလည်း ချစ်တယ်။ ချစ်စရာ ကလေးလေးတစ်ယောက်နဲ့။ ယောက္ခမတွေကလည်း သဘောကောင်းတော့ အများအားကျစရာ မိသားစုလေးပေါ့… ဒါပေမဲ့ သူကတော့ အရင်ကလို လွတ်လွတ်လပ်လပ် နေတတ်တဲ့ အစ်မ မဟုတ်တော့ဘူး။ ကလေးကို ကြည့်ရတယ်၊ မိသားစုကိုကြည့်ရတယ်၊ ခင်ပွန်းကိုပြုစုရတယ်။ တစ်နေ့တာလုံး ဒီလိုပဲ သံသရာလည်နေတာ သူ့ဘဝဟာ စက်ယန္တရား တစ်ခုလိုပါပဲ ယောင်းတို့ရေ…

Related Article >>> အိမ်ထောင်ကျပြီး ကလေးတွေပါ ရနေပြီဖြစ်တဲ့ BFF နဲ့ ခင်မင်မှု တည်မြဲစေမယ့် လမ်းညွှန် (၇) ချက်

အက်ဒမင်တို့ မိန်းကလေးအများစု ဖြစ်တတ်တာမျိုးကလေ သူများ ပရီဝက်ဒင်ပုံတွေတင်ပြီဆို ကိုယ်ပါ ချက်ချင်း ထပြီး မင်္ဂလာပြေးဆောင်ချင်တာမျိုး.. တကယ်တော့ အိမ်ထောင်ပြုဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး ယောင်းတို့ရေ.. မယုံရင် အိမ်ထောင်ပြုပြီးသား လူတွေကိုမေး.. အစ်မ သမီး ယောက်ျားယူရမလားဆို မယူနဲ့ ချည်း ဖြေကြတာ 😀

ဒါဆို အိမ်ထောင်မပြုရတော့ဘူးလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပြန်ဘူးရယ်။ လက်ထပ်ဖို့ရည်ရွယ်ပြီးသားလူရှိပြီးသားဆိုရင်တောင် ရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝက ထပ်တူမကျဘူးဆိုတာ အရင်တွေးထားဖို့ လိုပါတယ် ယောင်းရေ… ဘယ်လိုပဲ မပြောင်းလဲပါဘူး ပြောပြော ရည်းစားဘဝမှာတုန်းက သူနဲ့ ကိုယ် နှစ်ယောက်တည်း ပတ်သက်ရာကနေ အိမ်ထောင်ပြုလိုက်ပြီဆို မိသားစု နှစ်ခု ပတ်သက်စရာတွေ ဖြစ်လာပြီလေ… ဒါတွေ အများကြီး ထည့်စဉ်းစားဖို့ လိုပါတယ်။

ပြီးတော့ တော်တော်များများက အိမ်ထောင်ပြုပြီးရင် အိမ်ထောင့်တာဝန်တွေထဲ နစ်သွားကြတာကလား… မပြောကောာင်း မဆိုကောင်း တစ်ခုခုများဖြစ်လို့ ရွှေတောင်ကြီး ပြိုပါပြီတဲ့.. လင်ခန်း မယားခန်း ပြတ်စဲကြပါပြီတဲ့.. ကိုယ့်အရည်အချင်းတွေက မသုံးတော့တာ ကြာနေတဲ့ ဓားလို တုံးနေရော… ပြင်ပလောကကိုလည်း မျက်ခြေပြတ်.. ကဲ.. ဘာဆက်လုပ်မလဲ…

ဒါကြောင့် အိမ်ထောင်မပြုခင် ကိုယ်တိုင် ရပ်တည်နိုင်အောင် ကြိုးစားပါ။ အိမ်ထောင်ပြုပြီးသည့်တိုင် ကိုယ့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ။ အခြေအနေတစ်ခုခုကြောင့် သူကိုယ့်ကို ထားခဲ့ရင်တောင် ကိုယ့်ဟာကိုယ်ပြန်ထူထောင်နိုင်သူ ဖြစ်ပါစေ။ အလုပ်နဲ့ မိသားစုကို မျှတအောင် အချိန်ပေး ဂရုစိုက်ပါ။ မယူခင် အိမ်ထောင်ဖက်နဲ့ အရင်ညှိနှိုင်းပါဦး… နားလည်မှုအပြည့်နဲ့ နှစ်ယောက်သား အပြန်အလှန်ကူညီပြီး ထိန်းမယ်ဆိုရင် ဒီအိမ်ထောင်ရေးက အဆင်ပြေနေမှာပါ။

ဒါကြောင့် ယောင်းတို့လည်း ကိုယ့်ဘဝကို အလေးအနက်ထားတယ်ဆိုရင် အိမ်ထောင်မပြုခင် သေချာအချိန်ယူပြီးစဉ်းစားကြပါ။ အိမ်ထောင်ဖက်အရွေးမှားတာထက်စာရင် အပျိုကြီးဖြစ်နေရတာက အဆတစ်ရာ သာပါတယ်လို့ပဲ အက်ဒ်မင်ကတော့ ပြောချင်ပါတယ် ယောင်းတို့ရေ… (အပျိုကြီး ဂိုဏ်းဝင်တွေ တိုးလာအောင် စည်းရုံးမဲဆွယ်တယ်လို့ မထင်ကြေး.. 😛 )

Christina (For Her Myanmar)

No Comments Yet

Comments are closed