အ႐ံႈးေပးခ်င္လာတဲ့အခါ

စိတ္ဓာတ္က်ျခင္းေတြ၊ အ႐ံႈးေပးခ်င္စိတ္ေတြ ျဖစ္လာတဲ့အခါ ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကိုယ္ ျပန္အားတင္းပါ။

ဘဝမွာ မလြဲမေသြ ၾကံဳလာရမယ့္ ေရွာင္လႊဲလို႔မရတဲ့ အခိုက္အတန္႔ကေတာ့ အရာရာကို လက္လႊတ္အ႐ံႈးေပးခ်င္စိတ္ ေပါက္လာတဲ့အခ်ိန္လို႔ ေျပာရင္ မွားမယ္မထင္ပါဘူး။ ဒီလိုအခ်ိန္မွ ဘယ္သူေတြ ဘယ္ေလာက္ပဲ အားေပးေပး မတိုးလာတတ္တဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ ျပင္ဆင္ထားတာ အေကာင္းဆံုးပါပဲ။ ကိုယ္ကိုယ္တိုင္က လက္ခံႏိုင္မွ၊ ကိုယ္ကိုယ္တိုင္က ေမွ်ာ္လင့္ခ်က္ရွိေနမွ၊ ကိုယ္ကိုယ္တိုင္က အေကာင္းျမင္ဖို႔ ႀကိဳးစားမွပဲ ရမယ့္ အေျခအေနပါ။ ဒါေၾကာင့္ ကိုယ့္စိတ္ကိုယ္ ဘယ္လုိထားႏိုင္ရင္ စိတ္သက္သာရာရမလဲဆိုတဲ့ Tips အခ်ိဳ႕ေဝမွ် ေပးပါရေစ။

ကိုယ္ဘယ္ေလာက္ေဝးေဝးသြားရဦးမယ္ ဆိုတဲ့ တာဝန္ေတြ ဝတၱရားေတြထက္ ကိုယ္ဘယ္ေလာက္ေတာ့ ခရီးေပါက္ခဲ့ၿပီဆိုတဲ့ ကိုယ့္ရဲ႕ ျဖစ္ေျမာက္ေအာင္ျမင္မႈေတြကို ဦးစားေပးၿပီး ျမင္ေပးၾကည့္ပါ။ ေရွ႕ကေတာ့ အၿမဲဆက္သြားေနရမွာပဲေလ။ မျဖစ္မေနလုပ္ေနရတဲ့ အရာတစ္ခုေပၚမွာ ပူပန္စိုးရိမ္စိတ္ေတြနဲ႔ အေလာတႀကီးျဖစ္ေနမယ့္ အစား ဒီလမ္းေပၚမွာ ဘာေတြေတာ့ျဖင့္ လုပ္ၾကည့္ခဲ့ၿပီးၿပီ ဆိုတာေလးေတြ စားျမံဳ႕ျပန္ၿပီး ကိုယ့္ကိုယ္ကိုယ္ အေကာင္းျမင္စိတ္နဲ႔ ၾကည့္ေပးၾကည့္ပါ။ ေရွ႕ကို ဆက္သြားေနသ၍ ကိုယ္ေရာက္ခ်င္တဲ့ေနရာနဲ႔ေတာ့ တျဖည္းျဖည္း နီးလာမွာပဲ မဟုတ္လား။

Related article >>> လက္လႊတ္ခ်ိန္တန္ၿပီ

ကိုယ့္ကိုယ္ကိုယ္ အျခားသူေတြနဲ႔ ႏိႈင္းယွဥ္ၿပီး အရည္အခ်င္း မျပည့္မွီဘူးရယ္လို႔လည္း စိတ္အားမေလ်ာ့ပါနဲ႕။ သူတို႔သြားတဲ့လမ္းနဲ႔ ကိုယ္သြားတဲ့လမ္းမွ မတူတာပဲေလ။ ဒါေၾကာင့္ အျခားသူေတြ ေအာင္ျမင္ေနတိုင္း ကိုယ္႐ံႈးနိမ့္တယ္လို႔ ေျပာလို႔မရပါဘူး။ အေျခအေန အခ်ိန္အခါ၊ ကံအက်ိဳးေပးေတြမတူတာေၾကာင့္ သူတို႔လမ္းက ကိုယ့္ထက္ ပိုတိုေကာင္းတိုေနလိမ့္မယ္၊ သူတို႔ ပန္းတိုင္က ကိုယ့္ထက္ ေရွ႕ေရာက္ခ်င္ ေရာက္ေနလိမ့္မယ္။ ဒါေၾကာင့္ ကိုယ့္လမ္းကိုယ္သာ အာရံုစိုက္ပါ။ ကိုယ့္ေအာင္ျမင္မႈက သူတို႔နဲ႔ တူမွာမွ မဟုတ္တာ။

ကိုယ့္ကိုယ္ကိုယ္ အားနည္းတယ္၊ ေပ်ာ့ညံ့တယ္၊ အသံုးမက်ဘူးလို႔ ခံစားရတဲ့အခါ လက္ရိွအခ်ိန္မတိုင္ခင္တုန္းကလည္း ဒီလိုပဲခက္ခဲတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ခဲ့ရတယ္ ဆိုတာကို သတိရပါ။ ၿပီးေတာ့ ေက်ာ္လႊားႏိုင္ခဲ့တယ္ဆိုတာ သတိရပါ။ ဒီလို အခက္အခဲေတြက ကိုယ့္ကို သန္မာတဲ့ လူသားတစ္ေယာက္ျဖစ္ေအာင္ တျဖည္းျဖည္း ပံုသြင္းေပးေနတာပါ။

အမွားဆိုတာ ဘဝရဲ႕ မရွိမျဖစ္ အစိတ္အပိုင္းေတြထဲက တစ္ခုပါပဲ။ ဒါေၾကာင့္ အမွားလုပ္မိတာဟာ က်႐ံႈးတာမဟုတ္ပါဘူး။ ဘာမွမလုပ္ဘဲ ထိုင္ေနရင္ေတာ့ ဘာအမွားမွ ရွိမွာမဟုတ္ဘူးေလ။ အမွားလုပ္မိတာဟာ ကိုယ္ႀကိဳးစားေနတယ္ဆိုတာကို ျပေနတာပါ။ အမွားလုပ္မိတာဟာ မွန္ကန္တဲ့လမ္းေၾကာင္းကို ရွာေတြ႕တဲ့ လမ္းစပါ။

Related article >>> ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ျခင္းဆိုတာ

“Change is the only constant in life” ပါ။ ေျပာင္းလဲျခင္းဟာ ကိန္းေသပါ။ လူေတြလည္း ေျပာင္းလဲတတ္ၾကတယ္။ ရာသီဥတုေတြလည္း ေျပာင္းလဲတယ္။ စိတ္ထားေတြလည္း ေျပာင္းလဲတယ္။ အႀကိဳက္ေတြ ေျပာင္းလဲတယ္။ လူေနမႈေတြ ေျပာင္းလဲတယ္။ ကိုယ့္ေဘးနားရွိတဲ့သူေတြ ထြက္ခြာသြားတယ္။ ခ်စ္သူေတြ မုန္းသြားၾကတယ္။ မိတ္ေဆြေတြ ရန္သူျဖစ္တယ္။ အရာရာတိုင္းဟာ ေျပာင္းလဲတတ္တယ္။ မေျပာင္းလဲတာဆိုလို႔ ေျပာင္းလဲျခင္းပဲ ရွိတယ္။ ေျပာင္းလဲျခင္းကေတာ့ ဘဝသက္တမ္းတစ္ေလွ်ာက္ ကိန္းေသအေနနဲ႔ပဲ ရွိေနမွာပါ။ ကိုယ္မထင္ထားတဲ့ ေျပာင္းလဲမႈမ်ိဳးေတြ၊ ျပင္ဆင္ခ်ိန္ မရလိုက္တဲ့ ေျပာင္းလဲမႈမ်ိဳးေတြ ရွိမွာပဲ။ ဘဝမွာ ႀကိဳေျပာလို႔ရတာရယ္လို႔ မရွိပါဘူး။ ဒါေၾကာင့္ ခံႏိုင္ရည္ရယ္၊ လက္ခံႏိုင္စြမ္းရယ္၊ ယံုၾကည္မႈရယ္ပဲ တည္ေဆာက္ၿပီးပဲ အေကာင္းဆံုးေနထိုင္သြားရမွာပါပဲ။

ဒီစစ္ပြဲမွာ ကိုယ္တစ္ေယာက္တည္း မဟုတ္ဘူး ဆိုတာကို သတိရပါ။ အထီးက်န္တယ္ဆိုတဲ့ ခံစားခ်က္က ဘယ္လိုအရာမ်ိဳးကိုမဆို ပိုဆိုးရြားေအာင္ လုပ္ႏုိင္တာမို႔ ကိုယ့္ကိုယ္ကိုယ္ အထီးက်န္ဖို႔ ခြင့္ျပဳလို႔ မရပါဘူး။ ကိုယ့္လိုမ်ိဳး ခံစားေနရတဲ့သူေတြ၊ တိုက္ပြဲဝင္ေနရတဲ့သူေတြအေၾကာင္း ေရးထားတဲ ့စာအုပ္ေတြ၊ ေဆာင္းပါးေတြ၊ ဗီဒီယိုေတြ၊ ရုပ္ရွင္ေတြ ရွိပါတယ္။ ရွာဖတ္ၾကည့္ပါ။ အေျဖထုတ္ပါ။

Related article >>> ဘဝအတြက္ အလိုအပ္ဆံုး ေမးခြန္းမ်ား

ကိုယ္ ဒီေန႔ဒီအခ်ိန္မွာ ဒီလိုမ်ိဳး အေျခအေနကို ျဖတ္သန္းေနရျခင္းဟာ ေနာင္တစ္ခ်ိန္မွာ တစ္ေယာက္ေယာက္ကို၊ ဒါမွမဟုတ္ လူတစ္စုကို၊ လူတစ္ရာကို၊ လူတစ္ေထာင္ကို ခြန္အားမွ်ေဝေပးႏိုင္ဖို႔လည္း ျဖစ္သြားႏိုင္ပါတယ္။ ကိုယ့္ၾကံဳခဲ့ရတဲ့ အခက္အခဲေတြကို တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ တစ္ေယာက္ေယာက္ကမ်ား ၾကံဳလာခဲ့ရင္ သူတို႔ကို ကူညီေပးႏုိင္ဖို႔၊ လမ္းျပေပးႏိုင္ဖို႔ အခြင့္အေရးပါ။

အေျခအေနေတြ ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ၊ ကိုယ့္ကိုယ္ကိုယ္ အ႐ံႈးေပးလိုက္ျခင္းဟာ ပိုခက္ေစတာပဲ ျဖစ္ပါလိမ့္မယ္။ ဒါေၾကာင္ ့ကိုယ့္ကိုယ္ကိုယ္ အၿမဲဆြဲတင္ပါ။ ဆြဲတင္ႏိုင္ပါတယ္၊ အခက္အခဲေတြလည္း ျဖတ္သန္းခဲ့ဖူးပါၿပီ၊ ထပ္ၿပီးလည္း ေက်ာ္လႊားႏိုင္ပါတယ္။ အ႐ံႈးေပးလို႔ အေျခအေနေတြ မေကာင္းသြားႏုိင္ပါဘူး။ ဒီထက္ပိုတဲ့ အ႐ံႈးေတြပဲ ထပ္ရွိႏိုင္တာေၾကာင့္ ခြန္အားရွိသေလာက္ ေရွ႕ဆက္တိုးၾကရေအာင္။

Myat (For Her Myanmar)

<<< Unicode >>>

စိတ်ဓာတ်ကျခြင်းတွေ၊ အရှုံးပေးချင်စိတ်တွေ ဖြစ်လာတဲ့အခါ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းပါ။

ဘဝမှာ မလွဲမသွေ ကြုံလာရမယ့် ရှောင်လွှဲလို့မရတဲ့ အခိုက်အတန့်ကတော့ အရာရာကို လက်လွှတ်အရှုံးပေးချင်စိတ် ပေါက်လာတဲ့အချိန်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒီလိုအချိန်မှ ဘယ်သူတွေ ဘယ်လောက်ပဲ အားပေးပေး မတိုးလာတတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ်ကိုယ်တိုင်က လက်ခံနိုင်မှ၊ ကိုယ်ကိုယ်တိုင်က မျှော်လင့်ချက်ရှိနေမှ၊ ကိုယ်ကိုယ်တိုင်က အကောင်းမြင်ဖို့ ကြိုးစားမှပဲ ရမယ့် အခြေအနေပါ။ ဒါကြောင့် ကိုယ့်စိတ်ကိုယ် ဘယ်လိုထားနိုင်ရင် စိတ်သက်သာရာရမလဲဆိုတဲ့ Tips အချို့ဝေမျှ ပေးပါရစေ။

ကိုယ်ဘယ်လောက်ဝေးဝေးသွားရဦးမယ် ဆိုတဲ့ တာဝန်တွေ ဝတ္တရားတွေထက် ကိုယ်ဘယ်လောက်တော့ ခရီးပေါက်ခဲ့ပြီဆိုတဲ့ ကိုယ့်ရဲ့ ဖြစ်မြောက်အောင်မြင်မှုတွေကို ဦးစားပေးပြီး မြင်ပေးကြည့်ပါ။ ရှေ့ကတော့ အမြဲဆက်သွားနေရမှာပဲလေ။ မဖြစ်မနေလုပ်နေရတဲ့ အရာတစ်ခုပေါ်မှာ ပူပန်စိုးရိမ်စိတ်တွေနဲ့ အလောတကြီးဖြစ်နေမယ့် အစား ဒီလမ်းပေါ်မှာ ဘာတွေတော့ဖြင့် လုပ်ကြည့်ခဲ့ပြီးပြီ ဆိုတာလေးတွေ စားမြုံ့ပြန်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်နဲ့ ကြည့်ပေးကြည့်ပါ။ ရှေ့ကို ဆက်သွားနေသ၍ ကိုယ်ရောက်ချင်တဲ့နေရာနဲ့တော့ တဖြည်းဖြည်း နီးလာမှာပဲ မဟုတ်လား။

Related article >>> လက်လွှတ်ချိန်တန်ပြီ

ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အရည်အချင်း မပြည့်မှီဘူးရယ်လို့လည်း စိတ်အားမလျော့ပါနဲ့။ သူတို့သွားတဲ့လမ်းနဲ့ ကိုယ်သွားတဲ့လမ်းမှ မတူတာပဲလေ။ ဒါကြောင့် အခြားသူတွေ အောင်မြင်နေတိုင်း ကိုယ်ရှုံးနိမ့်တယ်လို့ ပြောလို့မရပါဘူး။ အခြေအနေ အချိန်အခါ၊ ကံအကျိုးပေးတွေမတူတာကြောင့် သူတို့လမ်းက ကိုယ့်ထက် ပိုတိုကောင်းတိုနေလိမ့်မယ်၊ သူတို့ ပန်းတိုင်က ကိုယ့်ထက် ရှေ့ရောက်ချင် ရောက်နေလိမ့်မယ်။ ဒါကြောင့် ကိုယ့်လမ်းကိုယ်သာ အာရုံစိုက်ပါ။ ကိုယ့်အောင်မြင်မှုက သူတို့နဲ့ တူမှာမှ မဟုတ်တာ။

ကိုယ့်ကိုယ်ကိုယ် အားနည်းတယ်၊ ပျော့ညံ့တယ်၊ အသုံးမကျဘူးလို့ ခံစားရတဲ့အခါ လက်ရှိအချိန်မတိုင်ခင်တုန်းကလည်း ဒီလိုပဲခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရတယ် ဆိုတာကို သတိရပါ။ ပြီးတော့ ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ သတိရပါ။ ဒီလို အခက်အခဲတွေက ကိုယ့်ကို သန်မာတဲ့ လူသားတစ်ယောက်ဖြစ်အောင် တဖြည်းဖြည်း ပုံသွင်းပေးနေတာပါ။

အမှားဆိုတာ ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ ဒါကြောင့် အမှားလုပ်မိတာဟာ ကျရှုံးတာမဟုတ်ပါဘူး။ ဘာမှမလုပ်ဘဲ ထိုင်နေရင်တော့ ဘာအမှားမှ ရှိမှာမဟုတ်ဘူးလေ။ အမှားလုပ်မိတာဟာ ကိုယ်ကြိုးစားနေတယ်ဆိုတာကို ပြနေတာပါ။ အမှားလုပ်မိတာဟာ မှန်ကန်တဲ့လမ်းကြောင်းကို ရှာတွေ့တဲ့ လမ်းစပါ။

Related article >>> ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းဆိုတာ

Change is the only constant in life ပါ။ ပြောင်းလဲခြင်းဟာ ကိန်းသေပါ။ လူတွေလည်း ပြောင်းလဲတတ်ကြတယ်။ ရာသီဥတုတွေလည်း ပြောင်းလဲတယ်။ စိတ်ထားတွေလည်း ပြောင်းလဲတယ်။ အကြိုက်တွေ ပြောင်းလဲတယ်။ လူနေမှုတွေ ပြောင်းလဲတယ်။ ကိုယ့်ဘေးနားရှိတဲ့သူတွေ ထွက်ခွာသွားတယ်။ ချစ်သူတွေ မုန်းသွားကြတယ်။ မိတ်ဆွေတွေ ရန်သူဖြစ်တယ်။ အရာရာတိုင်းဟာ ပြောင်းလဲတတ်တယ်။ မပြောင်းလဲတာဆိုလို့ ပြောင်းလဲခြင်းပဲ ရှိတယ်။ ပြောင်းလဲခြင်းကတော့ ဘဝသက်တမ်းတစ်လျှောက် ကိန်းသေအနေနဲ့ပဲ ရှိနေမှာပါ။ ကိုယ်မထင်ထားတဲ့ ပြောင်းလဲမှုမျိုးတွေ၊ ပြင်ဆင်ချိန် မရလိုက်တဲ့ ပြောင်းလဲမှုမျိုးတွေ ရှိမှာပဲ။ ဘဝမှာ ကြိုပြောလို့ရတာရယ်လို့ မရှိပါဘူး။ ဒါကြောင့် ခံနိုင်ရည်ရယ်၊ လက်ခံနိုင်စွမ်းရယ်၊ ယုံကြည်မှုရယ်ပဲ တည်ဆောက်ပြီးပဲ အကောင်းဆုံးနေထိုင်သွားရမှာပါပဲ။

ဒီစစ်ပွဲမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကို သတိရပါ။ အထီးကျန်တယ်ဆိုတဲ့ ခံစားချက်က ဘယ်လိုအရာမျိုးကိုမဆို ပိုဆိုးရွားအောင် လုပ်နိုင်တာမို့ ကိုယ့်ကိုယ်ကိုယ် အထီးကျန်ဖို့ ခွင့်ပြုလို့ မရပါဘူး။ ကိုယ့်လိုမျိုး ခံစားနေရတဲ့သူတွေ၊ တိုက်ပွဲဝင်နေရတဲ့သူတွေအကြောင်း ရေးထားတဲ့စာအုပ်တွေ၊ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ ရှိပါတယ်။ ရှာဖတ်ကြည့်ပါ။ အဖြေထုတ်ပါ။

Related article >>> ဘဝအတွက် အလိုအပ်ဆုံး မေးခွန်းများ

ကိုယ် ဒီနေ့ဒီအချိန်မှာ ဒီလိုမျိုး အခြေအနေကို ဖြတ်သန်းနေရခြင်းဟာ နောင်တစ်ချိန်မှာ တစ်ယောက်ယောက်ကို၊ ဒါမှမဟုတ် လူတစ်စုကို၊ လူတစ်ရာကို၊ လူတစ်ထောင်ကို ခွန်အားမျှဝေပေးနိုင်ဖို့လည်း ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ကြုံခဲ့ရတဲ့ အခက်အခဲတွေကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်ကများ ကြုံလာခဲ့ရင် သူတို့ကို ကူညီပေးနိုင်ဖို့၊ လမ်းပြပေးနိုင်ဖို့ အခွင့်အရေးပါ။

အခြေအနေတွေ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်ခြင်းဟာ ပိုခက်စေတာပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကိုယ် အမြဲဆွဲတင်ပါ။ ဆွဲတင်နိုင်ပါတယ်၊ အခက်အခဲတွေလည်း ဖြတ်သန်းခဲ့ဖူးပါပြီ၊ ထပ်ပြီးလည်း ကျော်လွှားနိုင်ပါတယ်။ အရှုံးပေးလို့ အခြေအနေတွေ မကောင်းသွားနိုင်ပါဘူး။ ဒီထက်ပိုတဲ့ အရှုံးတွေပဲ ထပ်ရှိနိုင်တာကြောင့် ခွန်အားရှိသလောက် ရှေ့ဆက်တိုးကြရအောင်။

Myat (For Her Myanmar)

No Comments Yet

Comments are closed