Motivation

သိပၸံနည္းက် စိတ္အားတက္ႂကြေအာင္ ဘယ္လို လုပ္မလဲ?

ကိုယ္ေတာ့ အကုန္လုပ္ဖူး.. 😀 

စိတ္ဓာတ္က်ေနတဲ့သူေတြမွ စိတ္အားတက္ႂကြလာဖို႔ လိုတာမဟုတ္ပါဘူး။ ဘယ္သူမဆို စိတ္အား တက္တက္ႂကြႂကြနဲ႔ အလုပ္ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လုပ္ႏုိင္ဖို႔ လိုပါတယ္။ ဒါေပမဲ့ စိတ္မပါတဲ့အခ်ိန္ေတြဆိုတာကလည္း ရွိေနတတ္ျပန္တာပဲေလ။ ဆိုေတာ့ စိတ္ပညာသေဘာတရားနဲ႔ သိပၸံပညာအရ စိတ္အားတက္ႂကြေစမယ့္ နည္းလမ္းေတြကို အေမရိကန္စိတ္ပညာဆိုင္ရာအဖြဲ႕အစည္း (American Psychological Association) က လုပ္ထားတဲ့ Research ေတြကေန ဆြဲထုတ္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္..

၁။ ဆုေပးပါ။

ဒါက တန္ဖိုးႀကီးတဲ့ အရာတစ္ခု ျဖစ္ေနမွ မဟုတ္ပါဘူး။ ဥပမာအားျဖင့္ အက္ဒ္မင္ဆို ငယ္ငယ္က စာက်က္ရမွာ အင္မတန္ပ်င္းတဲ့သူပါ။ ဒါေပမဲ့ ကာတြန္းဖတ္ရတာ၊ ဝတၳဳဖတ္ရတာေတာ့ အရမ္းကို သေဘာက်ပါတယ္။ ဆိုေတာ့ ကိုယ့္ဟာကိုယ္ “ငါ ဒီကေန ဒီထိ က်က္မယ္။ ဒါရမွ ကာတြန္းဖတ္မယ္၊ ဝတၳဳဖတ္မယ္” စသျဖင့္ စိတ္ပိုင္းျဖတ္လိုက္ပါတယ္။ ဒါဟာ ဆုေပးျခင္းပါပဲ။ အဲဒီလိုေလး ကိုယ့္ရဲ႕ ႀကိဳးစားအားထုတ္မႈအတြက္ ဆုလာဘ္ေလးရွိေတာ့ စိတ္ခ်မ္းသာတာေပါ့။ လုပ္ခ်င္စိတ္၊ စာက်က္ခ်င္စိတ္လည္း အျပည့္ပဲေလ။

လုပ္ငန္းခြင္ထဲမွာလည္း ဒီလိုပါပဲ။ ကိုယ္ကိုယ္တိုင္ စိတ္အားတက္ႂကြခ်င္လို႔ပဲျဖစ္ျဖစ္၊ သူမ်ားကို အားေပးခ်င္လို႔၊ စိတ္ဓာတ္ျမွင့္တင္ေပးခ်င္လို႔ပဲ ျဖစ္ျဖစ္ ႀကိဳးစားမႈနဲ႔ ထိုက္တန္တဲ့ ဆုလာဘ္တစ္ခုေပးပါ။

ဆုေပးျခင္းဟာ လူေတြရဲ႕ စိတ္ဓာတ္တက္ႂကြမႈကို ၇၅%ထိ အားေပးပါတယ္တဲ့။ ဒါေပမဲ့ သူ႕ရဲ႕ အားနည္းခ်က္ကေတာ့ ဆုရွိေနသေရြ႕ စိတ္အားတက္ႂကြေနၿပီး ဆုေပးတာ ရပ္လိုက္ၿပီဆိုရင္ လူေတြရဲ႕ စိတ္ဓာတ္တက္ႂကြမႈက ရပ္တန္႔သြားႏုိင္ပါတယ္။ အသစ္အဆန္းတစ္ခုခု လိုခ်င္တဲ့အခါမ်ိဳးေတြ၊ အေျပာင္းအလဲ တစ္ခုကို လိုလားတဲ့အခါမ်ိဳးေတြမွာေတာ့ ဆုေပးျခင္းက နည္းလမ္းေကာင္းတစ္ခုပါ။

Related Article >>> သူတို႔ေအာင္ျမင္သလို ငါတို႔ဘာလို႔ မေအာင္ျမင္ရတာလဲ

၂။ ခံစားခ်က္ေတြကို ရွာေဖြပါ။

လူေတြ ဘာေၾကာင့္ စိတ္ဓာတ္တက္ႂကြႏိုင္လဲ ေတြးၾကည့္ရေအာင္.. အမုန္းတရားေၾကာင့္၊ တစ္ေယာက္ေယာက္ကို ခ်စ္လို႔၊ မနာလိုလို႔ စသျဖင့္ေသာ ခံစားခ်က္ေတြေၾကာင့္ စိတ္ဓာတ္တက္ႂကြတတ္ၾကပါတယ္။ ဆိုေတာ့ ခံစားခ်က္ေတြကို အာရံုစိုက္ပါ။ အေျပာင္းအလဲတစ္ခုခုကို လုပ္ေဆာင္ဖို႔အတြက္ ခံစားခ်က္ေတြက အေရးႀကီးပါတယ္။

ပံုမွန္အားျဖင့္ အက္ဒ္မင္တို႔ လုပ္ငန္းခြင္ထဲမွာဆိုရင္ ခံစားခ်က္ေတြကို ဦးစားမေပးဘဲ အလုပ္ကိစၥေတြကိုသာ အေလးေပးေဆာင္ရြက္ေလ့ရွိၾကပါတယ္။ ဒါေပမဲ့ စိတ္အားတက္ႂကြမႈအတြက္ ဆိုရင္ေတာ့ ဒါက အေတာ္ဆိုးတယ္လို႔ ဆိုရမွာပါ။ တစ္ေန႔တစ္ေန႔ ကိုယ့္အလုပ္ကိုယ္ပဲ ၿပီးေအာင္လုပ္ တျခား ဘာမွမရွိ.. အမေလး.. ပ်င္းစရာႀကီးေနာ္..  ဆိုေတာ့ ကိုယ့္ရဲ႕ ခံစားခ်က္ကို ရွာပါ။ အရွင္းဆံုး ေျပာရရင္ေတာ့ ယွဥ္ၿပိဳင္လိုစိတ္ကို သြင္းပါ ေယာင္းေရ..

ဆိုလိုတာက ဒီလုပ္ငန္းခြင္ထဲမွာပဲ ကိုယ္အားက်တဲ့သူ ရွိလား? သူ႕လိုျဖစ္ေအာင္ ႀကိဳးစားပါ။ သူ႕ထက္သာေအာင္ ႀကိဳးစားပါ။ မနာလိုစိတ္နဲ႔ တိုက္ခိုက္ဖို႔ ေျပာတာ မဟုတ္ဘူးေနာ္.. အဲဒီလိုမ်ိဳး ကိုယ္အားက်ရတဲ့သူ ရွိေနတယ္ဆိုရင္ ကိုယ့္ရဲ႕ လုပ္ခ်င္စိတ္က ကိုယ့္ကို ျပန္ဦးေဆာင္သြားတတ္ပါတယ္။ ေနာက္ဆံုး ဘယ္သူ႕မွ အားမက်ဘူးဆိုရင္ေတာင္ မနက္ျဖန္ ကိုယ့္ကို ဒီေန႔ကိုယ္က အားက်ေနေအာင္ လုပ္ရမယ္ဆိုတာမ်ိဳး စိတ္သြင္းပါ။

Related Article >>> သဲတစ္ပြင့္လည္း ေလးပါတယ္

၃။ ကိုယ္လုပ္ခဲ့တဲ့ ေအာင္ျမင္မႈေတြကို ျပန္လည္ေတြးေတာပါ။

အႀကီးႀကီး ေအာင္ျမင္မွ ေအာင္ျမင္မႈလို႔ ေခၚတာမဟုတ္ပါဘူး။ ကိုယ္တတ္ႏိုင္တဲ့ ကိုယ္လက္လွမ္းမီတဲ့ ေဘာင္ထဲက ကိုယ္ရေအာင္ ႀကိဳးစားခဲ့တဲ့ ေအာင္ျမင္မႈေတြ ျပန္ေတြးပါ။ ခုႀကံဳေနတဲ့ အခက္အခဲေတြက တစ္ခ်ိန္က ကိုယ္ႀကံဳခဲ့ဖူးၿပီးသားလည္း ျဖစ္ႏိုင္ပါတယ္။ အခက္ႀကံဳေနတဲ့ အခါမ်ိဳး၊ စိတ္ဓာတ္က်ေနတဲ့ အခါမ်ိဳးေတြမွာ အတိတ္က ကိုယ္လုပ္ယူခဲ့တဲ့ ေအာင္ျမင္မႈေတြ ျပန္ေတြးပါ။ အခက္အခဲေတြ ျပန္ေတြးပါ။ ဒီလို အခက္အခဲမ်ိဳးေတြေတာင္ ငါေက်ာ္လာႏိုင္ခဲ့ေသးတာပဲ။ ဒါကို ဘာေၾကာင့္ မေက်ာ္ႏုိင္ရမလဲ။ ခက္ခဲတဲ့ အခ်ိန္ေတြကိုေတာင္ ငါျဖတ္လာႏိုင္ေသးတာပဲ။ ခုမွ မေက်ာ္ႏုိင္ေတာ့ဘူးလား ဆိုတာမ်ိဳးေတြးၾကည့္ပါ။ အားေတြ အလိုလို ရလာပါလိမ့္မယ္။

ကိုယ္လုပ္ခဲ့တဲ့ ေအာင္ျမင္မႈေတြ ဒီလို ကိစၥေသးေသးေလးေတြအမ်ားႀကီးကို ပံုမွန္ေလး ေအာင္ျမင္ေအာင္ ႀကိဳးစားၿပီးမွ အထက္ကို တက္လာတဲ့သူေတြက အႀကီးႀကီးကို တစ္ခါတည္း ေအာင္ျမင္ေအာင္ ႀကိဳးစားေနသူေတြထက္ ဘဝကို ေက်နပ္အားရမႈႏႈန္းက ၂၂% ပိုပါတယ္တဲ့။ ဇြဲေကာင္းေကာင္းနဲ႔ ႀကိဳးစားေအာင္ျမင္လာတဲ့သူေတြဟာ ေနာက္ဘာဆက္လုပ္ရမယ္ဆိုတာကို ေတြးေနတာထက္ ေရွ႕က လုပ္ခဲ့တာေတြကို ျပန္ေတြးၿပီး အားယူတတ္ၾကတယ္လို႔လည္း ဆိုပါတယ္။

၄။ “ဘာေၾကာင့္” ဆိုတာကို ေျပာျပပါ။

အလုပ္လုပ္တဲ့အခါ ဒါကို ဘယ္လို လုပ္ရတယ္ဆိုတာ သိၿပီးရင္ ဘာေၾကာင့္ လုပ္ရတယ္ဆိုတာကိုလည္း ထပ္ၿပီး သိထားဖို႔ လိုပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့… (ကဲ.. ဒီမွာတင္ ပိုသိခ်င္သြားၿပီမဟုတ္လား.. ) လက္ရွိမွာ ဘာေတြ လုပ္ေနရတယ္ဆိုတာထက္ ဘာအေၾကာင္းေၾကာင့္ ဒါေတြကို လုပ္ေနရတယ္ဆိုတာကို သိထားျခင္းက လူေတြကို ပိုၿပီး စိတ္အားတက္ႂကြေစပါတယ္။

ဆိုၾကပါစို႔.. ေယာင္းက သခၤ်ာကို မုန္းတယ္။ ဒါေပမဲ့ ေယာင္းရဲ႕ အခ်စ္ဆံုး သူငယ္ခ်င္းက သခၤ်ာကို အရမ္းသေဘာက်တယ္။ ဆိုရင္.. သူဘာေၾကာင့္ သခၤ်ာကို ဒီေလာက္ သေဘာက်ေနလဲ သိခ်င္စိတ္ျဖစ္မိမွာပါပဲ။ ဒါဟာ “ဘာေၾကာင့္” ေမးခြန္းရဲ႕ အစပါ။ သူ သေဘာက်သလို ကိုယ္လည္း သေဘာက်ႏိုင္ေကာင္းဆိုတဲ့ စိတ္ကေတာ့ ဘာေၾကာင့္ ဆိုတာရဲ႕ ေနာက္ကလိုက္လာတဲ့ လႈပ္ရွားမႈပါ။ ဒါဟာလည္း ကိုယ့္ရဲ႕ လုပ္ခ်င္စိတ္ကို လႈံ႕ေဆာ္ေပးႏုိင္တဲ့ အရာ တစ္ခုပါပဲ။

ကိုယ့္ရည္မွန္းခ်က္အတုိင္း ျဖစ္ေျမာက္ေအာင္ျမင္ႏိုင္ၾကပါေစ ေယာင္းတို႔ေရ..

Libra ( For Her Myanmar )

References : Time , American Psychological Association

<<< Unicode >>>

ကိုယ်တော့ အကုန်လုပ်ဖူး.. 😀 

စိတ်ဓာတ်ကျနေတဲ့သူတွေမှ စိတ်အားတက်ကြွလာဖို့ လိုတာမဟုတ်ပါဘူး။ ဘယ်သူမဆို စိတ်အား တက်တက်ကြွကြွနဲ့ အလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ စိတ်မပါတဲ့အချိန်တွေဆိုတာကလည်း ရှိနေတတ်ပြန်တာပဲလေ။ ဆိုတော့ စိတ်ပညာသဘောတရားနဲ့ သိပ္ပံပညာအရ စိတ်အားတက်ကြွစေမယ့် နည်းလမ်းတွေကို အမေရိကန်စိတ်ပညာဆိုင်ရာအဖွဲ့အစည်း (American Psychological Association) က လုပ်ထားတဲ့ Research တွေကနေ ဆွဲထုတ်ဖော်ပြပေးလိုက်ပါတယ်နော်..

၁။ ဆုပေးပါ။

ဒါက တန်ဖိုးကြီးတဲ့ အရာတစ်ခု ဖြစ်နေမှ မဟုတ်ပါဘူး။ ဥပမာအားဖြင့် အက်ဒ်မင်ဆို ငယ်ငယ်က စာကျက်ရမှာ အင်မတန်ပျင်းတဲ့သူပါ။ ဒါပေမဲ့ ကာတွန်းဖတ်ရတာ၊ ဝတ္ထုဖတ်ရတာတော့ အရမ်းကို သဘောကျပါတယ်။ ဆိုတော့ ကိုယ့်ဟာကိုယ် “ငါ ဒီကနေ ဒီထိ ကျက်မယ်။ ဒါရမှ ကာတွန်းဖတ်မယ်၊ ဝတ္ထုဖတ်မယ်” စသဖြင့် စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ ဒါဟာ ဆုပေးခြင်းပါပဲ။ အဲဒီလိုလေး ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်လေးရှိတော့ စိတ်ချမ်းသာတာပေါ့။ လုပ်ချင်စိတ်၊ စာကျက်ချင်စိတ်လည်း အပြည့်ပဲလေ။

လုပ်ငန်းခွင်ထဲမှာလည်း ဒီလိုပါပဲ။ ကိုယ်ကိုယ်တိုင် စိတ်အားတက်ကြွချင်လို့ပဲဖြစ်ဖြစ်၊ သူများကို အားပေးချင်လို့၊ စိတ်ဓာတ်မြှင့်တင်ပေးချင်လို့ပဲ ဖြစ်ဖြစ် ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ဆုလာဘ်တစ်ခုပေးပါ။

ဆုပေးခြင်းဟာ လူတွေရဲ့ စိတ်ဓာတ်တက်ကြွမှုကို ၇၅%ထိ အားပေးပါတယ်တဲ့။ ဒါပေမဲ့ သူ့ရဲ့ အားနည်းချက်ကတော့ ဆုရှိနေသရွေ့ စိတ်အားတက်ကြွနေပြီး ဆုပေးတာ ရပ်လိုက်ပြီဆိုရင် လူတွေရဲ့ စိတ်ဓာတ်တက်ကြွမှုက ရပ်တန့်သွားနိုင်ပါတယ်။ အသစ်အဆန်းတစ်ခုခု လိုချင်တဲ့အခါမျိုးတွေ၊ အပြောင်းအလဲ တစ်ခုကို လိုလားတဲ့အခါမျိုးတွေမှာတော့ ဆုပေးခြင်းက နည်းလမ်းကောင်းတစ်ခုပါ။

Related Article >>> သူတို့အောင်မြင်သလို ငါတို့ဘာလို့ မအောင်မြင်ရတာလဲ

၂။ ခံစားချက်တွေကို ရှာဖွေပါ။

လူတွေ ဘာကြောင့် စိတ်ဓာတ်တက်ကြွနိုင်လဲ တွေးကြည့်ရအောင်.. အမုန်းတရားကြောင့်၊ တစ်ယောက်ယောက်ကို ချစ်လို့၊ မနာလိုလို့ စသဖြင့်သော ခံစားချက်တွေကြောင့် စိတ်ဓာတ်တက်ကြွတတ်ကြပါတယ်။ ဆိုတော့ ခံစားချက်တွေကို အာရုံစိုက်ပါ။ အပြောင်းအလဲတစ်ခုခုကို လုပ်ဆောင်ဖို့အတွက် ခံစားချက်တွေက အရေးကြီးပါတယ်။

ပုံမှန်အားဖြင့် အက်ဒ်မင်တို့ လုပ်ငန်းခွင်ထဲမှာဆိုရင် ခံစားချက်တွေကို ဦးစားမပေးဘဲ အလုပ်ကိစ္စတွေကိုသာ အလေးပေးဆောင်ရွက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ စိတ်အားတက်ကြွမှုအတွက် ဆိုရင်တော့ ဒါက အတော်ဆိုးတယ်လို့ ဆိုရမှာပါ။ တစ်နေ့တစ်နေ့ ကိုယ့်အလုပ်ကိုယ်ပဲ ပြီးအောင်လုပ် တခြား ဘာမှမရှိ.. အမလေး.. ပျင်းစရာကြီးနော်..  ဆိုတော့ ကိုယ့်ရဲ့ ခံစားချက်ကို ရှာပါ။ အရှင်းဆုံး ပြောရရင်တော့ ယှဉ်ပြိုင်လိုစိတ်ကို သွင်းပါ ယောင်းရေ..

ဆိုလိုတာက ဒီလုပ်ငန်းခွင်ထဲမှာပဲ ကိုယ်အားကျတဲ့သူ ရှိလား? သူ့လိုဖြစ်အောင် ကြိုးစားပါ။ သူ့ထက်သာအောင် ကြိုးစားပါ။ မနာလိုစိတ်နဲ့ တိုက်ခိုက်ဖို့ ပြောတာ မဟုတ်ဘူးနော်.. အဲဒီလိုမျိုး ကိုယ်အားကျရတဲ့သူ ရှိနေတယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ချင်စိတ်က ကိုယ့်ကို ပြန်ဦးဆောင်သွားတတ်ပါတယ်။ နောက်ဆုံး ဘယ်သူ့မှ အားမကျဘူးဆိုရင်တောင် မနက်ဖြန် ကိုယ့်ကို ဒီနေ့ကိုယ်က အားကျနေအောင် လုပ်ရမယ်ဆိုတာမျိုး စိတ်သွင်းပါ။

Related Article >>> သဲတစ်ပွင့်လည်း လေးပါတယ်

၃။ ကိုယ်လုပ်ခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်တွေးတောပါ။

အကြီးကြီး အောင်မြင်မှ အောင်မြင်မှုလို့ ခေါ်တာမဟုတ်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ကိုယ်လက်လှမ်းမီတဲ့ ဘောင်ထဲက ကိုယ်ရအောင် ကြိုးစားခဲ့တဲ့ အောင်မြင်မှုတွေ ပြန်တွေးပါ။ ခုကြုံနေတဲ့ အခက်အခဲတွေက တစ်ချိန်က ကိုယ်ကြုံခဲ့ဖူးပြီးသားလည်း ဖြစ်နိုင်ပါတယ်။ အခက်ကြုံနေတဲ့ အခါမျိုး၊ စိတ်ဓာတ်ကျနေတဲ့ အခါမျိုးတွေမှာ အတိတ်က ကိုယ်လုပ်ယူခဲ့တဲ့ အောင်မြင်မှုတွေ ပြန်တွေးပါ။ အခက်အခဲတွေ ပြန်တွေးပါ။ ဒီလို အခက်အခဲမျိုးတွေတောင် ငါကျော်လာနိုင်ခဲ့သေးတာပဲ။ ဒါကို ဘာကြောင့် မကျော်နိုင်ရမလဲ။ ခက်ခဲတဲ့ အချိန်တွေကိုတောင် ငါဖြတ်လာနိုင်သေးတာပဲ။ ခုမှ မကျော်နိုင်တော့ဘူးလား ဆိုတာမျိုးတွေးကြည့်ပါ။ အားတွေ အလိုလို ရလာပါလိမ့်မယ်။

ကိုယ်လုပ်ခဲ့တဲ့ အောင်မြင်မှုတွေ ဒီလို ကိစ္စသေးသေးလေးတွေအများကြီးကို ပုံမှန်လေး အောင်မြင်အောင် ကြိုးစားပြီးမှ အထက်ကို တက်လာတဲ့သူတွေက အကြီးကြီးကို တစ်ခါတည်း အောင်မြင်အောင် ကြိုးစားနေသူတွေထက် ဘဝကို ကျေနပ်အားရမှုနှုန်းက ၂၂% ပိုပါတယ်တဲ့။ ဇွဲကောင်းကောင်းနဲ့ ကြိုးစားအောင်မြင်လာတဲ့သူတွေဟာ နောက်ဘာဆက်လုပ်ရမယ်ဆိုတာကို တွေးနေတာထက် ရှေ့က လုပ်ခဲ့တာတွေကို ပြန်တွေးပြီး အားယူတတ်ကြတယ်လို့လည်း ဆိုပါတယ်။

၄။ “ဘာကြောင့်” ဆိုတာကို ပြောပြပါ။

အလုပ်လုပ်တဲ့အခါ ဒါကို ဘယ်လို လုပ်ရတယ်ဆိုတာ သိပြီးရင် ဘာကြောင့် လုပ်ရတယ်ဆိုတာကိုလည်း ထပ်ပြီး သိထားဖို့ လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့… (ကဲ.. ဒီမှာတင် ပိုသိချင်သွားပြီမဟုတ်လား.. ) လက်ရှိမှာ ဘာတွေ လုပ်နေရတယ်ဆိုတာထက် ဘာအကြောင်းကြောင့် ဒါတွေကို လုပ်နေရတယ်ဆိုတာကို သိထားခြင်းက လူတွေကို ပိုပြီး စိတ်အားတက်ကြွစေပါတယ်။

ဆိုကြပါစို့.. ယောင်းက သင်္ချာကို မုန်းတယ်။ ဒါပေမဲ့ ယောင်းရဲ့ အချစ်ဆုံး သူငယ်ချင်းက သင်္ချာကို အရမ်းသဘောကျတယ်။ ဆိုရင်.. သူဘာကြောင့် သင်္ချာကို ဒီလောက် သဘောကျနေလဲ သိချင်စိတ်ဖြစ်မိမှာပါပဲ။ ဒါဟာ “ဘာကြောင့်” မေးခွန်းရဲ့ အစပါ။ သူ သဘောကျသလို ကိုယ်လည်း သဘောကျနိုင်ကောင်းဆိုတဲ့ စိတ်ကတော့ ဘာကြောင့် ဆိုတာရဲ့ နောက်ကလိုက်လာတဲ့ လှုပ်ရှားမှုပါ။ ဒါဟာလည်း ကိုယ့်ရဲ့ လုပ်ချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တဲ့ အရာ တစ်ခုပါပဲ။

ကိုယ့်ရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင်မြင်နိုင်ကြပါစေ ယောင်းတို့ရေ..

Libra ( For Her Myanmar )

References : Time , American Psychological Association

Wathun
Wathun
နာမည္ရင္းေတြ ဘာေတြထက္ Potterhead တစ္ေယာက္ပါ။ အဲ့လို ေမွာ္ေလာကေတြ၊ အလွအပကလြဲၿပီး က်န္တဲ့အရာေတြ အားလံုးကို စိတ္ဝင္စားလို႔ ေဆာင္းပါးေတြထဲ ေမွာ္ေတြ၊ magical creatures ေတြပါလာရင္ေတာ့ တျခားသူမေတြးပါနဲ႔ ကၽြန္မပါပဲလို႔... :*

Leave a Reply

Your email address will not be published. Required fields are marked *