Motivation

ချစ်ခြင်းမှာ အရွယ်အစားရှိလို့လား?

မမဝဝလှလှက မာဆယ်ကိုကို့ကို မချစ်ရဘူးလို့ ဘယ်သူပြောလဲ?

Jenna Kutcher ဆိုတာက body positive ဆိုတဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ပေါ်မူတည်ပြီး ခွဲခြားမှုမရှိရေးအတွက် လှုပ်ရှားနေတဲ့ ဘလော့ဂါတစ်ယောက်ပါ။ သူ့အင်စတာမှာဆို ခပ်ပြည့်ပြည့်ကလေးဖြစ်တဲ့ သူကိုယ်တိုင်ရဲ့ ပုံတွေနဲ့အတူ အခြားသော ခန္ဓာကိုယ်အချိုးအစား အမျိုးမျိုးရှိတဲ့ အမျိုးသမီးတွေပုံ တင်နေကျပါ။ ဒါ့အပြင် အရမ်းချောတဲ့ သူ့အမျိုးသားပုံလည်း အမြဲတင်လေ့ရှိပါတယ်။

Jenna အမျိုးသား Drew Kutcher က ချောရုံတင်မကဘူး ကိုယ်လုံးကလဲ ခပ်တောင့်တောင့်ရယ်

Related article >>> မမဝဝလှမှလှ

ဒီလိုမျိုးတင်ရတဲ့ ရည်ရွယ်ချက်ကတော့ mixed size couple လို့ခေါ်တဲ့ ခန္ဓာကိုယ်ပုံစံချင်းမတူတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ သူတို့လည်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် ရှိကြပါတယ်လို့ လူတွေကို သိစေချင်လို့ပါ။ အဲ… ဒါပေမဲ့ ဒီလိုမျိုးစုံတွဲတွေကို လူတွေက အမြင်စောင်းနေကြတုန်းပါပဲ။ တစ်ယောက်ကဝ တစ်ယောက်ကပိန်၊ တစ်ယောက်ကဖြူ တစ်ယောက်ကညို ဒါမျိုးစုံတွဲတွေကိုဆို လူတွေက လှောင်ချင်ပြောင်ချင်ကြတယ်။

အဲ့လို သေးသိမ်တဲ့စိတ်မျိုးရှိတဲ့ လူတစ်ယောက်ကတော့ မနေနိုင်မထိုင်နိုင် Jenna ကို အင်စတာကနေ မက်ဆေ့ပို့လာတာကို အင်စတာကနေပဲ Jenna တစ်ယောက် ဖွင့်ပြောပြခဲ့ပါတယ်။

Someone once slid into my DMs and told me they couldn’t believe I had managed to land a guy as good looking as @kickingitwithkutch. I’ll be honest that I was taken aback. ✨ Part of my insecurity with my body has stemmed around being married to Mr. 6-Pack himself. Why should I, a curvy girl get him? I feel unworthy and when I write narratives in my head that because I am not thin, I don’t deserve him. 🙋🏼 This man has embraced every curve, every dimple, pound and pimple for the last ten years and has always me reminded me that I’m beautiful even when my inner dialogue doesn’t match. 🙌🏻 So yes, my thighs kiss, my arms are big, and my bum is bumpy but there is just more of me for him to love and I chose the man that could handle alllll that (and so much more!) ✨ I am so much more than my body, so is he, and so are you. Double tap if true love doesn’t see size. Photo by: @mrslindseyroman

A post shared by JENNA KUTCHER (@jennakutcher) on

လူတစ်ယောက် ကျွန်မဆီ မက်ဆေ့ပို့လာပါတယ်။ ကျွန်မဟာ ကျွန်မအမျိုးသားလို ရုပ်ဖြောင့်ဖြောင့် ယောက်ျားတစ်ယောက်နဲ့ ဖူးစာဆုံတယ်ဆိုတာ သူတို့ယုံတောင်မယုံနိုင်ပါဘူးတဲ့။ ကျွန်မအံ့သြသွားတယ်ဆိုတာတော့ ဝန်ခံရမယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်အပေါ်မှာ သိမ်ငယ်စိတ်တွေ ရှိလာတာ Mr. 6-pack ကြွက်သားအဖုဖုရှိတဲ့ သူနဲ့လက်ထပ်ထားတာလည်း ပါပါတယ်။ ကျွန်မလို ခပ်ပြည့်ပြည့် အမျိုးသမီးတစ်ယောက်က သူ့လိုလူမျိုးနဲ့ ဖူးစာဆုံစရာ ဘာအကြောင်းရှိမလဲပေါ့။ သူနဲ့ မထိုက်တန်သလို ကျွန်မခံစားရပါတယ်။ ကျွန်မခေါင်းထဲမှာလည်း ကျွန်မဟာ မပိန်တဲ့အတွက် သူနဲ့မတန်ဘူးဆိုတာ အမြဲရှိနေတယ်။

ဒါပေမဲ့သူကတော့ ကျွန်မခန္ဓာကိုယ်ရဲ့ အဝေ့အဝိုက်တွေ၊ အချိုင့်အဝှမ်းတွေ၊ ကိုယ်အလေးချိန်နဲ့ ဝက်ခြံတွေ အားလုံးကို ဒီဆယ်နှစ်လုံးလုံး လက်ခံပေးခဲ့ပြီး ကျွန်မခေါင်းထဲမှာ ဘာတွေပဲတွေးနေနေ ကျွန်မဟာ လှပါတယ်လို့ တစ်ချိန်လုံး သတိပေးနေခဲ့တယ်။

ဆိုတော့… ကျွန်မပေါင်တွေက တုတ်ပါတယ်၊ ကျွန်မလက်မောင်းတွေ ကြီးပါတယ်၊ ကျွန်မတင်ပါးက စင်းလုံးချောမဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မခန္ဓာကိုယ်ပြည့်တော့ သူအားရပါးရချစ်လို့ရတာပေါ့။ ကျွန်မရဲ့ ခန္ဓာကိုယ်အပြင် အရာအားလုံးကို လက်ခံပေးနိုင်တဲ့ ယောက်ျားကို ကျွန်မရွေးချယ်ခဲ့တာပါ။ ကျွန်မရဲ့တန်ဖိုးက ကျွန်မခန္ဓာကိုယ်တစ်ခုတည်း မဟုတ်ပါဘူး။ ဒီစကားဟာ သူ့အတွက်ကော၊ ရှင်တို့အားလုံးအတွက်ပါ မှန်နေတဲ့စကားပါ။ အချစ်စစ်ဆိုတာမှာ ခန္ဓာကိုယ်အချိုးအစားမလိုဘူးလို့ လက်ခံရင် အသည်းလေးတွေ ပေးခဲ့ပေါ့။

Related article >>> အလှတရားတို့ မည်သည်

ယောင်းတို့ရေ Jenna ရဲ့ အင်စတာပုံလေးကနေပြီး အက်ဒမင်ကတော့ အားတွေအများကြီး ရလိုက်ပါတယ်။ တို့တွေကို ပိန်ဖို့၊ လှဖို့ တစ်ချိန်လုံး ဖိအားပေးနေတဲ့ လူ့အသိုင်းအဝိုင်းထဲမှာ နေရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ လူတွေသတ်မှတ်ထားတဲ့ လှတယ်ဆိုတဲ့ ပုံစံထဲမဝင်ဘူးဆို ကိုယ့်ဘာကိုယ် သိမ်ငယ်စရာလိုလို ခံစားရတယ်။ တကယ်တော့ တို့တွေဟာ ဖြူလား၊ မဲလား၊ ပိန်လား၊ ဝလား ဆိုတာတွေထက် အများကြီး တန်ဖိုးရှိပါတယ်။ တို့တွေဟာ အချစ်ခံဖို့၊ ပြန်ပြီးအချစ်တွေကို ပေးနိုင်ဖို့ ထိုက်တန်တဲ့ လူသားတွေချည်းပါပဲ။

ဒါကြောင့်မို့ ယောင်းတို့တွေရဲ့ ပုံပန်းသဏ္ဍာန်ပေါ်မူတည်ပြီး သိမ်ငယ်စိတ်တွေ ဖြစ်စရာအကြောင်း မရှိပါဘူးလို့ ပြောပြချင်ပါတယ်။ ယောင်းတို့ဟာ ယောင်းတို့အခုရှိနေတဲ့အတိုင်း လှပပြီးသားပါ။ တခြားသူတွေရဲ့ စကားတွေနဲ့ သတ်မှတ်ချက်တွေကို ကိုယ်တွေအပေါ် လွှမ်းမိုးခွင့်မပေးလိုက်ပါနဲ့။ ကိုယ်ကိုယ်တိုင်ကလည်း ကျီးကန်းဘဲဥချီ၊ အိမ်မြောင်တိုင်ကီကပ် စတာတွေနဲ့ တပါးသူရဲ့အချစ်ကို မလှောင်ပြောင်မိလိုက်ပါစေနဲ့ ယောင်းတို့ရေ။ တို့ယောင်းတွေက ဒီလိုသေးသိမ်သူတွေ မဟုတ်ဘူးဆိုတာတော့ အက်ဒမင်က ယုံပြီးသားပါနော်။

Khine (Fore Her Myanmar)

Reference : Revelist | People

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *