မိန်းမဆိုတာ ပါရမီဖြည့်ဖက် သက်သက်ပဲလား?

ကြားလိုက်ရင်တော့ ကြည်နူးစရာ စကားပါပဲ။ ဒါပေမဲ့ ပါရမီဖြည့်ဖက်ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ ဘယ်လိုဝန်တွေ ပိနေကြပြီလဲ?

“ပါရမီဖြည့်ဖက်”တဲ့ ကျွန်မတို့ကို ဒီလိုသတ်မှတ်ကြတယ်။ ကျွန်မတို့ဟာ အားနွဲ့ကြတယ်။ ကျွန်မတို့ဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်ကြဘူး စတဲ့ နှိမ့်ချမှုတွေအောက်မှာ ကျွန်မတို့ကို နှိမ့်ချနေကြတယ်။ ကျွန်မ ဘွဲ့ရတော့ မိဘတွေက မာစတာ ဆက်တက်ခိုင်းပြီး ကျောင်းဆရာမလုပ်ခိုင်းတယ်။

သူတို့ရဲ့ အကြောင်းပြချက်က တစ်ခုတည်း “မိန်းကလေးဆိုတာ ပိုက်ဆံရှာဖို့ မလိုဘူး။ အချိန်တန် ယောကျာ်းယူရမှာ။ အဲ့တော့ အိန္ဒြေရရ ကျောင်းဆရာမလေးပဲ လုပ်၊ အိမ်ထောင်ပြုတဲ့အခါ ယောက္ခမ အငြိုငြင်မခံရအောင် အိမ်မှုကိစ္စသင်ပါ စတဲ့စတဲ့ စကားလုံးတွေရဲ့ အဆုံးမှာ မိန်းကလေးဆိုတဲ့ အကြောင်းပြချက်ကြီးတစ်ခုသာ…

ဒါဆို ကျွန်မတို့ရဲ့ မွေးဖွားခြင်းက တစ်ခြားတစ်ယောက်အတွက် အဖြည့်ခံ သက်သက်ပဲလား။ လင်ကောင်းသားကောင်း ရဖို့အတွက် ကျွန်မတို့ရဲ့ အိမ်မက် မျှော်လင့်ချက်တွေ စွန့်လွှတ်လိုက်ရတော့မှာလား။ အိမ်မှုကိစ္စဆိုတာ ကျွန်မတို့အတွက် အင်မတန်မှ အရေးပါတဲ့၊ မဖြစ်မနေ ထမ်းဆောင်ရမယ့် တာဝန်တစ်ခုလား။ ပြီးတော့ ပြောကြသေးတယ်။ “သမီးကညာ အခါမလင့်စေနဲ့တဲ့” ဒါဆို ကျွန်မတို့က မဖြစ်မနေ အိမ်ထောင်ပြုရမှာတဲ့လား။ ကျွန်မတို့ တစ်ယောက်တည်းကော ရပ်တည်လို့ မရနိုင်ဘူးလား။ မဖြစ်မနေ အားကိုးရှာရမှာတဲ့လား။

Related article >>> မိန်းကလေးတိုင်းကြောက်ရွံ့ခြင်းမှကင်းဝေးစေဖို့..

အိမ်ထောင်နဲ့အဆင်မပြေလို့ ကွဲသွားခဲ့ရင်တောင် ပြောကြသေးတယ်။ “လင်မရှိတဲ့မိန်းမ မတင့်တယ်” တဲ့။ ဒါဆို ကျွန်မတို့က ကိုယ်နဲ့ အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ပတ်ဝန်းကျင်မှာ တင့်တယ်နေဖို့အတွက် ယောကျာ်းတစ်ယောက် အမြဲရှိနေရမယ့် သဘောလား။ အိုး တော်ကြပါတော့။ ကျွန်မတို့ရဲ့ ဖြစ်တည်မှုကို အဲ့လောက်ထိ မနှိမ့်ချကြပါနဲ့တော့။ ကျွန်မတို့မှာလည်း ကိုယ်ပိုင်စွမ်းအား ရှိပါတယ်။

ဖြစ်တည်လာမှုအရ ကျွန်မတို့မှာ တောင့်တင်းတဲ့ ကြွက်သားတွေမရှိပေမဲ့ (ဒါတောင် လုပ်ယူလေ့ကျင့်လို့ ရပါသေးတယ်) ဉာဏစွမ်းအား၊ လုံ့လစွမ်းအားတွေတော့ ရှိနေပါသေးတယ်။ ကျွန်မတို့မှာလည်း စိတ်ကူးအိပ်မက်တွေရှိတယ်။ ကျွန်မတို့ စွမ်းဆောင်နိုင်တာတွေ အများကြီးရှိတယ်။

“မိန်းမသားဆိုတာ ပါရမီဖြည့်ဖက်”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်မတို့ကို မချုပ်ထားကြပါနဲ့။ လွတ်လပ်ခွင့်ပေးကြပါ။ အိပ်မက်တွေ အကောင်အထည် ဖော်ခွင့်ပြုပါ။ ကျွန်မတို့မွေးဖွားလာခြင်းဟာ တစ်ပါးသူကို ဖြည့်ဆည်းပေးဖို့ သက်သက် မဟုတ်ပါဘူး။ အမျိုးသမီးလေးတွေကိုလည်း မှာချင်တာက ဒီလိုသတ်မှတ်ချက်တွေအောက်ကနေ ရုန်းထွက်ကြပါ။ ကျွန်မတို့ လုပ်နိုင်တာတွေ အများကြီးရှိတယ်ဆိုတာ အတူတကွ သက်သေပြပေးကြရအောင်လား…

Myat (For Her Myanmar)

ၾကားလိုက္ရင္ေတာ့ ၾကည္ႏူးစရာ စကားပါပဲ။ ဒါေပမဲ့ ပါရမီျဖည့္ဖက္ဆိုတဲ့ စကားလံုးေနာက္ကြယ္မွာ ဘယ္လိုဝန္ေတြ ပိေနၾကၿပီလဲ?

“ပါရမီျဖည့္ဖက္”တဲ့ ကၽြန္မတို႔ကို ဒီလိုသတ္မွတ္ၾကတယ္။ ကၽြန္မတို႔ဟာ အားႏြဲ႕ၾကတယ္။ ကၽြန္မတို႔ဟာ ကိုယ့္ေျခေထာက္ေပၚ ကိုယ္မရပ္တည္ႏိုင္ၾကဘူး စတဲ့ ႏွိမ့္ခ်မႈေတြေအာက္မွာ ကၽြန္မတို႔ကို နွိမ့္ခ်ေနၾကတယ္။ ကၽြန္မ ဘြဲ႕ရေတာ့ မိဘေတြက မာစတာ ဆက္တက္ခိုင္းၿပီး ေက်ာင္းဆရာမလုပ္ခိုင္းတယ္။

သူတို႔ရဲ႕ အေၾကာင္းျပခ်က္က တစ္ခုတည္း “မိန္းကေလးဆိုတာ ပိုက္ဆံရွာဖို႔ မလိုဘူး။ အခ်ိန္တန္ ေယာက်ာ္းယူရမွာ။ အဲ့ေတာ့ အိေႁႏၵရရ ေက်ာင္းဆရာမေလးပဲ လုပ္၊ အိမ္ေထာင္ျပဳတဲ့အခါ ေယာကၡမ အၿငိဳျငင္မခံရေအာင္ အိမ္မႈကိစၥသင္ပါ စတဲ့စတဲ့ စကားလံုးေတြရဲ႕ အဆံုးမွာ မိန္းကေလးဆုိတဲ့ အေၾကာင္းျပခ်က္ႀကီးတစ္ခုသာ…

ဒါဆို ကၽြန္မတို႔ရဲ႕ ေမြးဖြားျခင္းက တစ္ျခားတစ္ေယာက္အတြက္ အျဖည့္ခံ သက္သက္ပဲလား။ လင္ေကာင္းသားေကာင္း ရဖို႔အတြက္ ကၽြန္မတို႔ရဲ႕ အိမ္မက္ ေမ်ွာ္လင့္ခ်က္ေတြ စြန္႔လႊတ္လိုက္ရေတာ့မွာလား။ အိမ္မႈကိစၥဆိုတာ ကၽြန္မတို႔အတြက္ အင္မတန္မွ အေရးပါတဲ့၊ မျဖစ္မေန ထမ္းေဆာင္ရမယ့္ တာဝန္တစ္ခုလား။ ၿပီးေတာ့ ေျပာၾကေသးတယ္။ “သမီးကညာ အခါမလင့္ေစနဲ႔တဲ့” ဒါဆို ကၽြန္မတို႔က မျဖစ္မေန အိမ္ေထာင္ျပဳရမွာတဲ့လား။ ကၽြန္မတို႔ တစ္ေယာက္တည္းေကာ ရပ္တည္လို႔ မရႏိုင္ဘူးလား။ မျဖစ္မေန အားကိုးရွာရမွာတဲ့လား။

Related article >>> မိိန္းကေလးတုိင္းေၾကာက္ရြံ႕ျခင္းမွကင္းေဝးေစဖုိ႔..

အိမ္ေထာင္နဲ႔အဆင္မေျပလို႔ ကြဲသြားခဲ့ရင္ေတာင္ ေျပာၾကေသးတယ္။ “လင္မရွိတဲ့မိန္းမ မတင့္တယ္” တဲ့။ ဒါဆို ကၽြန္မတို႔က ကိုယ္နဲ႔ အဆင္ေျပသည္ျဖစ္ေစ မေျပသည္ျဖစ္ေစ ပတ္ဝန္းက်င္မွာ တင့္တယ္ေနဖို႔အတြက္ ေယာက်ာ္းတစ္ေယာက္ အၿမဲရွိေနရမယ့္ သေဘာလား။ အိုး ေတာ္ၾကပါေတာ့။ ကၽြန္မတို႔ရဲ႕ ျဖစ္တည္မႈကို အဲ့ေလာက္ထိ မနွိမ့္ခ်ၾကပါနဲ႔ေတာ့။ ကၽြန္မတို႔မွာလည္း ကိုယ္ပိုင္စြမ္းအား ရွိပါတယ္။

ျဖစ္တည္လာမႈအရ ကၽြန္မတို႔မွာ ေတာင့္တင္းတဲ့ ႂကြက္သားေတြမရွိေပမဲ့ (ဒါေတာင္ လုပ္ယူေလ့က်င့္လို႔ ရပါေသးတယ္) ဉာဏစြမ္းအား၊ လံု႔လစြမ္းအားေတြေတာ့ ရွိေနပါေသးတယ္။ ကၽြန္မတို႔မွာလည္း စိတ္ကူးအိပ္မက္ေတြရွိတယ္။ ကၽြန္မတို႔ စြမ္းေဆာင္ႏိုင္တာေတြ အမ်ားႀကီးရွိတယ္။

“မိန္းမသားဆိုတာ ပါရမီျဖည့္ဖက္”ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ကၽြန္မတို႔ကို မခ်ဳပ္ထားၾကပါနဲ႔။ လြတ္လပ္ခြင့္ေပးၾကပါ။ အိပ္မက္ေတြ အေကာင္အထည္ ေဖာ္ခြင့္ျပဳပါ။ ကၽြန္မတို႔ေမြးဖြားလာျခင္းဟာ တစ္ပါးသူကို ျဖည့္ဆည္းေပးဖို႔ သက္သက္ မဟုတ္ပါဘူး။ အမ်ိဳးသမီးေလးေတြကိုလည္း မွာခ်င္တာက ဒီလိုသတ္မွတ္ခ်က္ေတြေအာက္ကေန ရုန္းထြက္ၾကပါ။ ကၽြန္မတို႔ လုပ္နိုင္တာေတြ အမ်ားႀကီးရွိတယ္ဆိုတာ အတူတကြ သက္ေသျပေပးၾကရေအာင္လား…

Myat (For Her Myanmar)

No Comments Yet

Comments are closed