မ်က္ေမွာက္ေခတ္ရဲ႕ ျမနႏၵာတို႔အေၾကာင္း

တစ္ေခတ္တစ္ခါက အမ်ိဳးသမီးေတြရဲ႕ဘဝကို ျမနႏၵာ နဲ႔ ထင္ဟပ္ေစခဲ့တာ ဆရာမ ၾကည္ေအးရဲ႕ အႏုပညာပါ

ဆရာမႀကီး ၾကည္ေအးေရးဖူးတဲ့ “ေမာင္ ကိုကို နဲ႔ ျမနႏၵာ” ဆိုတဲ့ စာအုပ္ကို ဖတ္ဖူးသူေတြ၊ မဖတ္ဖူးသူေတြ ႐ွိၾကပါမယ္။ ဒီေဆာင္းပါးက ဒီစာအုပ္အေၾကာင္း အဓိက ေျပာခ်င္တာမဟုတ္ပါဘူး။ ဆရာမႀကီးၾကည္ေအး ေဖာ္ျပခဲ့တဲ့ တစ္ေခတ္က အမ်ိဳးသမီးေတြရဲ႕ ဘဝအေၾကာင္းကိုပါ။

ဇာတ္လမ္း ရဲ႕ အဓိက အမ်ိဳးသမီးျဖစ္တဲ့ ျမနႏၵာ ဟာ ျမန္မာႏိုင္ငံရဲ႕ အထက္တန္းလႊာအသိုင္းအဝိုင္းမွာ ေမြးဖြားလာသူျဖစ္ပါတယ္။ ဒါေပမဲ့ ျမနႏၵာဟာ လံုေလာက္တဲ့ ပညာသင္ခြင့္မရခဲ့ပါဘူး။
ဘာေၾကာင့္လဲဆုိေတာ့ မလုိအပ္ဘူးလုိ႔ သူ႔မိဘေတြက ယူဆခဲ့ၾကလို႔ပါ။ ျမနႏၵာ ငယ္စဥ္ကတည္းက ေဆြမ်ိဳးနီးစပ္ေတာ္တဲ့ ကိုကို နဲ႔ လက္ထပ္ေပးဖုိ႔ ျမနႏၵာရဲ႕ အေဖက ေရြးခ်ယ္ခဲ့ပါတယ္။ ေရြးခ်ယ္ခဲ့တဲ့အတုိင္း ျမနႏၵာရဲ႕ ဖခင္က ကိုကို႔ကို အဂၤလန္ႏုိင္ငံမွာ ဆရာဝန္ျဖစ္သည္အထိ ပညာသင္ဖို႔ ေထာက္ပံ့ေပးခဲ့ပါတယ္။

ဒါေပမဲ့ ျမနႏၵာ ကိုေတာ့ ပညာတတ္တယ္ ဆို႐ံုတင္ အထက္တန္းေက်ာင္းအထိသာ ပညာသင္ေပးဖို႔ ရည္႐ြယ္ခဲ့ပါတယ္။ ေနာက္ပိုင္း ျမနႏၵာက ေတာင္းဆိုလြန္းလို႔သာ တကၠသိုလ္ တက္ခြင့္ေပးခဲ့တာပါ။

Related Article >>>> မသိမမီလုိက္တဲ့ေခတ္က အမ်ိဳးသမီးေတြအေပၚ ခြဲျခားထားခဲ့တဲ့ ဓေလ့မ်ား

အခ်ိန္တန္ေတာ့လည္း ျမနႏၵာကို ကိုကို နဲ႔ လက္ထပ္ေစခဲ့ၿပီး ျမနႏၵာ ဇနီးေကာင္းတစ္ေယာက္ျဖစ္ရျပန္ပါတယ္။ ကိုကို အျပင္မွာ ေျခ႐ႈပ္ေတာ့လည္း ကိုကို ဘာပဲျဖစ္ေနေန ျမနႏၵာဟာ ဇနီးေကာင္းတစ္ေယာက္အေနနဲ႔ ျပဳစုယုယရမယ္ ဆိုတဲ့ အသိကိုပဲ ျမနႏၵာရဲ႕ မိဘေတြက သြင္းေပးခဲ့ပါတယ္။ ဒီလုိနဲ႔ ျမနႏၵာဟာ ေပ်ာ္စရာမေကာင္းတဲ့ မိသားစုဘဝမွာ ဂုဏ္သေရ႐ွိအမ်ိဳးသမီး တစ္ဦး အျဖစ္၊ ဝတၱရားေက်ႁပြန္တဲ့ ဇနီးေကာင္းတစ္ေယာက္အျဖစ္ ဘဝကို ျဖတ္သန္းရပါေတာ့တယ္။

ဒီစာကို ဖတ္ၿပီး အရင္ေခတ္အခါက အမ်ိဳးသမီးေတြရဲ႕ ဘဝကို စာနာမိသလုိ၊ စိတ္မေကာင္းလည္း ျဖစ္ရပါတယ္။ ဘယ္လို မိသားစုအသိုင္းအဝိုင္းမွာပဲ ေမြးဖြားလာသည္ျဖစ္ေစ မိန္းကေလးတစ္ေယာက္ဟာ ဇနီးေကာင္းတစ္ေယာက္ဘဝထက္ ပိုၿပီး ျဖစ္လာခြင့္မရတာစိတ္မေကာင္းစရာပါ။

ပညာတတ္၊ ေငြေၾကးျပည့္စံုၿပီး အသိုင္းအဝိုင္းေကာင္းတဲ့ မိဘေတြေတာင္ သမီးအတြက္ ကိုယ္ပိုင္ဘဝတစ္ခု တည္ေထာင္ေပးဖို႔ထက္ သမီးကို တင့္ေတာင့္တင့္တယ္ ထားေပးႏုိင္မယ့္ ခင္ပြန္းေယာက်္ားေကာင္းကိုပဲ ႐ွာေပးၿပီး အဲဒီလူကိုပဲ ပညာေတြသင္ေပးၾကတာပါ။ သမီးလုပ္သူကိုေတာ့ ဒီ ခင္ပြန္းကို အလုပ္အေကၽြးျပဳရင္း ဇနီးမယားေကာင္းတစ္ေယာက္အျဖစ္ ရပ္တည္သြားဖုိ႔ပဲ သင္ၾကားျပသေပးတတ္ခဲ့ၾကတာပါ။

ဒီလုိ အေတြးအေခၚ အယူအဆေတြ ဒီဘက္ေခတ္မွာ နည္းပါးသြားတာ ဝမ္းသာစရာပါပဲ။ ဒီေန႔ေခတ္ ျမန္မာျပည္မွာ မိဘေတြက သမီးေတြကို ပညာသင္ၾကားခြင့္၊ အလုပ္လုပ္ကိုင္ခြင့္ေတြ ေပးထားၾကပါၿပီ။ အမ်ိဳးသမီးေတြဟာလည္း က႑အသီးသီးမွာ ပညာ႐ွင္ေတြအျဖစ္ ေအာင္ျမင္စြာလုပ္ကိုင္ေနၾကပါၿပီ။

Related Article >>> တစ္ေခတ္တစ္ခါက အမ်ိဳးသမီးေတြရဲ႕ဘဝအေၾကာင္း ေရးသားထားတဲ့ စာအုပ္ႏွစ္အုပ္

ဒါေပမဲ့လည္း မိန္းကေလးတစ္ေယာက္ရဲ႕ အရည္အခ်င္းဆိုတာ ဇနီးမယားေကာင္းတစ္ေယာက္ ျဖစ္ခ်င္းပဲလုိ႔ ယူဆထားၾကတဲ့ သူေတြလည္း ျမန္မာျပည္မွာ အမ်ားႀကီးက်န္ေနပါေသးတယ္။ ပညာတတ္ျဖစ္တာေတာင္ အိမ္မွာဇနီးတစ္ေယာက္အေနနဲ႔ ရပ္တည္ေနၾကတဲ့ အမ်ိဳးသမီးေတြလည္း အမ်ားႀကီးေပါ့။ ဒါက မေကာင္းလုိ႔လား လို႔ေမးရင္ေတာ့ မေကာင္းဘူးလုိ႔လည္း မဆုိပါဘူး။ လူတုိင္းက ကိုယ့္ ဘဝ ကို စိတ္ႀကိဳက္ျဖတ္သန္းခြင့္႐ွိပါတယ္။

ဒါေပမဲ့ မိန္းကေလးဆုိတာ ဇနီးမယားေကာင္းတစ္ေယာက္ ဘဝတင္သာ ျဖစ္ခြင့္႐ွိတာမဟုတ္ပါဘူး။ မိန္းကေလးတစ္ေယာက္အေနနဲ႔ ကိုယ့္ဘဝကို လြပ္လပ္စြာရပ္တည္ပိုင္ခြင့္႐ွိၿပီး ကိုယ့္အိပ္မက္ကို စိတ္ႀကိဳက္ပံုေဖာ္ႏိုင္ခြင့္႐ွိတယ္ဆိုတာ မိန္းကေလးေတြကို သိေစခ်င္တာပါ။

အိမ္ေထာင္ျပဳလိုက္ၿပီဆိုတာနဲ႔ လုပ္လက္စ အလုပ္ေတြကေန ထြက္ၿပီး အိမ္မွာပဲ အိမ္မႈကိစၥလုပ္၊ ကေလးထိန္းရင္း ဘဝႀကီးကို ျဖတ္သန္းေနရတဲ့အေျခအေနမ်ိဳးမွာ ေပ်ာ္တယ္ဆိုရင္ ေနခြင့္ရွိပါတယ္။ ဒီဘဝမွာ မေပ်ာ္ေတာ့ဘူးဆိုရင္ အရင္ကလိုပဲ ထြက္ၿပီး အလုပ္လုပ္ခြင့္ရွိပါေသးတယ္။ ကိုယ့္ရဲ႕ ဘဝကို ဘာအေၾကာင္းေၾကာင့္နဲ႔မွ ပိတ္ေလွာင္ထားစရာ မလိုပါဘူးေနာ္…

တခ်ိဳ႕ေတြဆိုရင္ ကိုယ့္မိဘ၊ အမ်ိဳးသားရဲ႕ မိဘေတြကိုယ္တိုင္ကိုက အလုပ္ထြက္ဖို႔ ဖိအားေပးၾကတဲ့ ဒဏ္ကို မခံႏိုင္ၾကတာမို႔ အခ်င္းခ်င္း ၾကားမွာ စိတ္ကြက္ရတာေတြ၊ ဆက္ဆံေရး အဆင္မေျပျဖစ္ရတာေတြ အမ်ားႀကီးပါ။ ကိုယ့္ဘဝကိုယ္ေက်ာင္းပါ။ ကိုယ့္အေျခအေန ကိုယ္ျမွင့္တင္ပါ။

တစ္ခါ ကိုယ့္အမ်ိဳးသားက ေဖာက္ျပန္တယ္ဆိုပါစို႔… ကေလးရွိသူေတြကလည္း ကေလးမ်က္ႏွာငဲ့ၿပီး ေၾသာ္.. ငါ့သားေလး ငါ့သမီးေလး မ်က္ႏွာရွိေသးတယ္။ ဖတဆိုးေလး ျဖစ္ရွာမယ္၊ ကေလးမ်က္ႏွာငယ္ရွာမယ္နဲ႔ အရာရာကို ႀကိတ္ခံ၊ မယားေကာင္းႀကီးျဖစ္ေအာင္ ကိုယ့္မာနေတြ၊သိကၡာေတြကို ခ်ိဳးႏွိမ္လို႔ ေခါင္းငံု႔ေနရတဲ့ အျဖစ္ေတြ အမ်ားႀကီးရွိေနပါေသးတယ္။ မလိုပါဘူး။ ကိုယ္တိုင္ ကိုယ့္ပညာအရည္အခ်င္းနဲ႔ ရပ္တည္ေနႏုိင္ရင္ ေနာက္ထပ္လူတစ္ေယာက္ကို ဘာအတြက္ မွီခိုေနမွာလဲ? ကုိယ့္ကေလးကို ကိုယ့္အရည္အခ်င္းနဲ႔ကိုယ္ ပ်ိဳးေထာင္စြမ္းရွိေနရင္ ဘယ္သူ႕မ်က္ႏွာမွလည္း ၾကည့္ေနဖုိ႔ မလိုပါဘူးေနာ္… တစ္ခုလပ္ျဖစ္မွာစိုးလို႔၊ ပတ္ဝန္းက်င္က ေျပာမွာစိုးလို႔… စိုးလို႔ ေပါင္းမ်ားစြာကို ငဲ့ညွာမေနပါနဲ႔။ ကိုယ့္ဘဝမွာ ကိုယ္သာ အရွင္ပါ။ ကိုယ့္ရည္မွန္းခ်က္ကို ကိုယ္သာပံုေဖာ္ႏိုင္စြမ္းရွိတာပါ။ ကိုယ့္ဘဝက မွန္ကန္တဲ့ လမ္းေၾကာင္းေပၚ ေရာက္ေနဖို႔ ကိုယ္ကိုယ္တိုင္က သန္မာေနဖုိ႔ လိုပါတယ္။

ဆရာမၾကည္ေအး ရဲ႕ ျမနႏၵာလုိ မိန္းကေလးေတြ ထပ္ၿပီးမ႐ွိပါေစနဲ႔လို႔ ဆုေတာင္းရင္း ………

Sugar Cane (For Her Myanmar)

<<< Unicode >>>

တစ်ခေတ်တစ်ခါက အမျိုးသမီးတွေရဲ့ဘဝကို မြနန္ဒာ နဲ့ ထင်ဟပ်စေခဲ့တာ ဆရာမ ကြည်အေးရဲ့ အနုပညာပါ

ဆရာမကြီး ကြည်အေးရေးဖူးတဲ့ “မောင် ကိုကို နဲ့ မြနန္ဒာ” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးသူတွေ၊ မဖတ်ဖူးသူတွေ ရှိကြပါမယ်။ ဒီဆောင်းပါးက ဒီစာအုပ်အကြောင်း အဓိက ပြောချင်တာမဟုတ်ပါဘူး။ ဆရာမကြီးကြည်အေး ဖော်ပြခဲ့တဲ့ တစ်ခေတ်က အမျိုးသမီးတွေရဲ့ ဘဝအကြောင်းကိုပါ။

ဇာတ်လမ်း ရဲ့ အဓိက အမျိုးသမီးဖြစ်တဲ့ မြနန္ဒာ ဟာ မြန်မာနိုင်ငံရဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းမှာ မွေးဖွားလာသူဖြစ်ပါတယ်။ ဒါပေမဲ့ မြနန္ဒာဟာ လုံလောက်တဲ့ ပညာသင်ခွင့်မရခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ မလိုအပ်ဘူးလို့ သူ့မိဘတွေက ယူဆခဲ့ကြလို့ပါ။ မြနန္ဒာ ငယ်စဉ်ကတည်းက ဆွေမျိုးနီးစပ်တော်တဲ့ ကိုကို နဲ့ လက်ထပ်ပေးဖို့ မြနန္ဒာရဲ့ အဖေက ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခဲ့တဲ့အတိုင်း မြနန္ဒာရဲ့ ဖခင်က ကိုကို့ကို အင်္ဂလန်နိုင်ငံမှာ ဆရာဝန်ဖြစ်သည်အထိ ပညာသင်ဖို့ ထောက်ပံ့ပေးခဲ့ပါတယ်။

ဒါပေမဲ့ မြနန္ဒာ ကိုတော့ ပညာတတ်တယ် ဆိုရုံတင် အထက်တန်းကျောင်းအထိသာ ပညာသင်ပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ နောက်ပိုင်း မြနန္ဒာက တောင်းဆိုလွန်းလို့သာ တက္ကသိုလ် တက်ခွင့်ပေးခဲ့တာပါ။

Related Article >>>> မသိမမီလိုက်တဲ့ခေတ်က အမျိုးသမီးတွေအပေါ် ခွဲခြားထားခဲ့တဲ့ ဓလေ့များ

အချိန်တန်တော့လည်း မြနန္ဒာကို ကိုကို နဲ့ လက်ထပ်စေခဲ့ပြီး မြနန္ဒာ ဇနီးကောင်းတစ်ယောက်ဖြစ်ရပြန်ပါတယ်။ ကိုကို အပြင်မှာ ခြေရှုပ်တော့လည်း ကိုကို ဘာပဲဖြစ်နေနေ မြနန္ဒာဟာ ဇနီးကောင်းတစ်ယောက်အနေနဲ့ ပြုစုယုယရမယ် ဆိုတဲ့ အသိကိုပဲ မြနန္ဒာရဲ့ မိဘတွေက သွင်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြနန္ဒာဟာ ပျော်စရာမကောင်းတဲ့ မိသားစုဘဝမှာ ဂုဏ်သရေရှိအမျိုးသမီး တစ်ဦး အဖြစ်၊ ဝတ္တရားကျေပြွန်တဲ့ ဇနီးကောင်းတစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းရပါတော့တယ်။

ဒီစာကို ဖတ်ပြီး အရင်ခေတ်အခါက အမျိုးသမီးတွေရဲ့ ဘဝကို စာနာမိသလို၊ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘယ်လို မိသားစုအသိုင်းအဝိုင်းမှာပဲ မွေးဖွားလာသည်ဖြစ်စေ မိန်းကလေးတစ်ယောက်ဟာ ဇနီးကောင်းတစ်ယောက်ဘဝထက် ပိုပြီး ဖြစ်လာခွင့်မရတာစိတ်မကောင်းစရာပါ။

ပညာတတ်၊ ငွေကြေးပြည့်စုံပြီး အသိုင်းအဝိုင်းကောင်းတဲ့ မိဘတွေတောင် သမီးအတွက် ကိုယ်ပိုင်ဘဝတစ်ခု တည်ထောင်ပေးဖို့ထက် သမီးကို တင့်တောင့်တင့်တယ် ထားပေးနိုင်မယ့် ခင်ပွန်းယောကျ်ားကောင်းကိုပဲ ရှာပေးပြီး အဲဒီလူကိုပဲ ပညာတွေသင်ပေးကြတာပါ။ သမီးလုပ်သူကိုတော့ ဒီ ခင်ပွန်းကို အလုပ်အကျွေးပြုရင်း ဇနီးမယားကောင်းတစ်ယောက်အဖြစ် ရပ်တည်သွားဖို့ပဲ သင်ကြားပြသပေးတတ်ခဲ့ကြတာပါ။

ဒီလို အတွေးအခေါ် အယူအဆတွေ ဒီဘက်ခေတ်မှာ နည်းပါးသွားတာ ဝမ်းသာစရာပါပဲ။ ဒီနေ့ခေတ် မြန်မာပြည်မှာ မိဘတွေက သမီးတွေကို ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်တွေ ပေးထားကြပါပြီ။ အမျိုးသမီးတွေဟာလည်း ကဏ္ဍအသီးသီးမှာ ပညာရှင်တွေအဖြစ် အောင်မြင်စွာလုပ်ကိုင်နေကြပါပြီ။

Related Article >>> တစ်ခေတ်တစ်ခါက အမျိုးသမီးတွေရဲ့ဘဝအကြောင်း ရေးသားထားတဲ့ စာအုပ်နှစ်အုပ်

ဒါပေမဲ့လည်း မိန်းကလေးတစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ဇနီးမယားကောင်းတစ်ယောက် ဖြစ်ချင်းပဲလို့ ယူဆထားကြတဲ့ သူတွေလည်း မြန်မာပြည်မှာ အများကြီးကျန်နေပါသေးတယ်။ ပညာတတ်ဖြစ်တာတောင် အိမ်မှာဇနီးတစ်ယောက်အနေနဲ့ ရပ်တည်နေကြတဲ့ အမျိုးသမီးတွေလည်း အများကြီးပေါ့။ ဒါက မကောင်းလို့လား လို့မေးရင်တော့ မကောင်းဘူးလို့လည်း မဆိုပါဘူး။ လူတိုင်းက ကိုယ့် ဘဝ ကို စိတ်ကြိုက်ဖြတ်သန်းခွင့်ရှိပါတယ်။

ဒါပေမဲ့ မိန်းကလေးဆိုတာ ဇနီးမယားကောင်းတစ်ယောက် ဘဝတင်သာ ဖြစ်ခွင့်ရှိတာမဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ဘဝကို လွပ်လပ်စွာရပ်တည်ပိုင်ခွင့်ရှိပြီး ကိုယ့်အိပ်မက်ကို စိတ်ကြိုက်ပုံဖော်နိုင်ခွင့်ရှိတယ်ဆိုတာ မိန်းကလေးတွေကို သိစေချင်တာပါ။

အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ လုပ်လက်စ အလုပ်တွေကနေ ထွက်ပြီး အိမ်မှာပဲ အိမ်မှုကိစ္စလုပ်၊ ကလေးထိန်းရင်း ဘဝကြီးကို ဖြတ်သန်းနေရတဲ့အခြေအနေမျိုးမှာ ပျော်တယ်ဆိုရင် နေခွင့်ရှိပါတယ်။ ဒီဘဝမှာ မပျော်တော့ဘူးဆိုရင် အရင်ကလိုပဲ ထွက်ပြီး အလုပ်လုပ်ခွင့်ရှိပါသေးတယ်။ ကိုယ့်ရဲ့ ဘဝကို ဘာအကြောင်းကြောင့်နဲ့မှ ပိတ်လှောင်ထားစရာ မလိုပါဘူးနော်…

တချို့တွေဆိုရင် ကိုယ့်မိဘ၊ အမျိုးသားရဲ့ မိဘတွေကိုယ်တိုင်ကိုက အလုပ်ထွက်ဖို့ ဖိအားပေးကြတဲ့ ဒဏ်ကို မခံနိုင်ကြတာမို့ အချင်းချင်း ကြားမှာ စိတ်ကွက်ရတာတွေ၊ ဆက်ဆံရေး အဆင်မပြေဖြစ်ရတာတွေ အများကြီးပါ။ ကိုယ့်ဘဝကိုယ်ကျောင်းပါ။ ကိုယ့်အခြေအနေ ကိုယ်မြှင့်တင်ပါ။

တစ်ခါ ကိုယ့်အမျိုးသားက ဖောက်ပြန်တယ်ဆိုပါစို့… ကလေးရှိသူတွေကလည်း ကလေးမျက်နှာငဲ့ပြီး သြော်.. ငါ့သားလေး ငါ့သမီးလေး မျက်နှာရှိသေးတယ်။ ဖတဆိုးလေး ဖြစ်ရှာမယ်၊ ကလေးမျက်နှာငယ်ရှာမယ်နဲ့ အရာရာကို ကြိတ်ခံ၊ မယားကောင်းကြီးဖြစ်အောင် ကိုယ့်မာနတွေ၊သိက္ခာတွေကို ချိုးနှိမ်လို့ ခေါင်းငုံ့နေရတဲ့ အဖြစ်တွေ အများကြီးရှိနေပါသေးတယ်။ မလိုပါဘူး။ ကိုယ်တိုင် ကိုယ့်ပညာအရည်အချင်းနဲ့ ရပ်တည်နေနိုင်ရင် နောက်ထပ်လူတစ်ယောက်ကို ဘာအတွက် မှီခိုနေမှာလဲ? ကိုယ့်ကလေးကို ကိုယ့်အရည်အချင်းနဲ့ကိုယ် ပျိုးထောင်စွမ်းရှိနေရင် ဘယ်သူ့မျက်နှာမှလည်း ကြည့်နေဖို့ မလိုပါဘူးနော်… တစ်ခုလပ်ဖြစ်မှာစိုးလို့၊ ပတ်ဝန်းကျင်က ပြောမှာစိုးလို့… စိုးလို့ ပေါင်းများစွာကို ငဲ့ညှာမနေပါနဲ့။ ကိုယ့်ဘဝမှာ ကိုယ်သာ အရှင်ပါ။ ကိုယ့်ရည်မှန်းချက်ကို ကိုယ်သာပုံဖော်နိုင်စွမ်းရှိတာပါ။ ကိုယ့်ဘဝက မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေဖို့ ကိုယ်ကိုယ်တိုင်က သန်မာနေဖို့ လိုပါတယ်။

ဆရာမကြည်အေး ရဲ့ မြနန္ဒာလို မိန်းကလေးတွေ ထပ်ပြီးမရှိပါစေနဲ့လို့ ဆုတောင်းရင်း ………

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed