Letters From the Heart

ဘဝရဲ႕အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ေတြကို ခ်ရတဲ့အခါ…

ဆံုးျဖတ္ခ်က္ခ်တယ္ဆိုတာ အေျဖေကာင္းေတြထဲက အေကာင္းဆံုးအေျဖကို ေရြးထုတ္ရတဲ့ သေဘာပါပဲ…

ဘဝရဲ႕အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ေတြဆိုတာ အင္မတန္မွရႈပ္ေထြးၿပီး ထည့္စဥ္းစားရမယ့္ အခ်က္ေတြ၊ ႀကိဳေတြးၿပီး ပူပန္ရမယ့္ အခ်က္ေတြ၊ အကယ္၍ မွားခဲ့့ရင္ ျပန္ရလာမယ့္ အက်ိဳးဆက္ေတြ စသည္ျဖင့္ အားလံုးကို စဥ္းစားတြက္ခ်က္ၿပီး အဆိုးနဲ႔အေကာင္း ႏွစ္ခုထဲမွာမွ ေကာင္းတဲ့အခ်က္ေတြ ပိုအေလးသာႏိုင္မယ့္ အရာေတြကို ဖမ္းဆုပ္လိုက္တာပဲျဖစ္ပါတယ္။

ႏွင္းရဲ႕ဘဝမွာ ပထမဦးဆံုး ခ်လုိက္တဲ့ ဆံုးျဖတ္ခ်က္က အသက္ ၁၈ ျပည့္ၿပီးတဲ့အခ်ိန္မွာ အိမ္ကိုတြန္းတိုက္ၿပီး အလုပ္လုပ္တာပါပဲ။ မိသားစုက ခ်ထားတဲ့ပံုစံခြက္ဆိုတာ ႏွင္းအတြက္ ေတာ္ေတာ္ေလးကို ေဘာင္က်ဥ္းၿပီး အဓိပၸာယ္မရွိတဲ့ အေနအထားေပါ့။ အဲဒီေတာ့ အေဝးသင္တက္ရင္း ဒီအတိုင္းမေနခ်င္ဘူးဆိုၿပီး တဂ်ီဂ်ီပူဆာေတာ့ အေမက ႏိုင္ငံျခားကို ေက်ာင္းတက္ဖို႔ ပို႔မလိုလုိ၊ ဒီပလိုမာတန္းတစ္ခုကိုပဲ ခ်က္ခ်င္းတက္ခိုင္းေတာ့မလိုလို ဟိုေယာင္ေယာင္ဒီေယာင္ေယာင္နဲ႔ ဘာမွလည္းဆက္မျဖစ္၊ စိတ္ဓာတ္ေတြက်ၿပီး လူကအလူးအလဲခံစားေနရတဲ့အခ်ိန္မွာ Freelance အလုပ္ေလးတစ္ခုေတြ႔လို႔ လာေလွ်ာက္ရင္းကေန လုပ္ငန္းခြင္ထဲေရာက္သြားတာပဲ။ လုပ္ငန္းခြင္ထဲေရာက္တဲ့အခါက်ေတာ့ ကိုယ္ဝါသနာပါတဲ့ အလုပ္ေလးေတြကိုလုပ္ရင္း လူပင္ပန္းေပမဲ့ စိတ္ခ်မ္းသာရေတာ့ ေပ်ာ္ရတာပဲေလ.. 

Related Article >>> ကိုယ့္ကိုယ္ကိုယ္ နားလည္ႏိုင္ဖို႔ ကိုယ့္အေၾကာင္းကိုယ္ သိလာဖို႔ ဘာေတြကို ျပင္ဆင္ရမလဲ?

အဲဒီေတာ့ ဒီဆံုးျဖတ္ခ်က္ကို ခ်လိုက္တဲ့အခ်ိန္တုန္းက ဘယ္လိုေတြ အဆင့္ဆင့္လုပ္ခဲ့လဲဆိုေတာ့ အမွန္တိုင္းေျပာရရင္ ဘာမွ ေထြေထြထူးထူး မစဥ္းစားခဲ့ဘူးရယ္။ စိတ္ဓာတ္က်ေနတဲ့အခ်ိန္ အလုပ္ေတြ႔တယ္၊ ေကာက္လုပ္လိုက္တယ္ ဒီေလာက္ပဲ။

တကယ္တမ္းက်ေတာ့ အဲ့လိုတံုးတိုက္တိုက္က်ားကိုက္ကိုက္နဲ႔ ဘာပဲျဖစ္ျဖစ္ခံမယ္ဆိုၿပီး ဘာမွမစဥ္းစားဘဲ ဆံုးျဖတ္ခ်က္ခ်တဲ့နည္းလမ္းက မေကာင္းဘူး ေယာင္းရဲ႕။ ဘာလို႔လဲဆိုေတာ့ ဘယ္အလုပ္မွာမဆို အနည္းဆံုး ၁ ႏွစ္ေလာက္ၿမဲေနမွ ကိုယ့္ CV က လွတာေလ။

အလုပ္ျဖစ္ရင္ၿပီးေရာ ဘာပဲလုပ္ရလုပ္ရဆိုတာမ်ိဳးက တကယ္တမ္း ကိုယ္ဝါသနာပါတာနဲ႔ မကိုက္ရင္ ေတာ္ေတာ္စိတ္ဆင္းရဲရမွာ။ ႏွင္းကေတာ့ ကံေကာင္းစြာနဲ႔ ပထမဆံုးအလုပ္မွာ ေကာင္းေကာင္းေလးပဲ အေတြ႔အၾကံဳယူရင္း ျဖတ္သန္းခဲ့ရတယ္။ ေပ်ာ္ရတယ္ေပါ့ ေယာင္းရယ္။

အကယ္၍ ကံမေကာင္းခဲ့ရင္ေရာ?

အဲဒီေမးခြန္းအတြက္ ႏွင္းကိုယ္တိုင္မွာလည္း အေျဖမရွိဘူးသိလား… ဘာပဲျဖစ္ျဖစ္ ရင္ဆိုင္မယ္လို႔ ဆံုးျဖတ္ခဲ့ေပမဲ့ တကယ္တမ္း အရမ္းခက္ခဲလာတဲ့အခါမွာ ဘာမွ ႀကိဳၿပီး မျပင္ဆင္ထားခဲ့တာမို႔ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ ေတာ္ေတာ္ေလး ထိခိုက္သြားမယ္လို႔ ထင္တာပဲ။

အဲဒီေတာ့ ေယာင္းတို႔ေတြ အေရးႀကီးကိစၥတစ္ခုခုကို ဆံုးျဖတ္ေတာ့မယ္ဆိုရင္

အရင္ဆံုး အခ်ိန္ယူၿပီးေစာင့္ၾကည့္ပါ။

စိတ္လိုက္မာန္ပါ ဘာပဲျဖစ္ျဖစ္ခံမယ္ဆိုတဲ့စိတ္နဲ႔ အခ်ိန္တိုတြင္း ကမူးရွဴးထိုး ဘယ္ေတာ့မွ မဆံုးျဖတ္ပါနဲ႔ေနာ္။

စိတ္ကိုေအးေအးထားၿပီး ေကာင္းက်ိဳးတင္မကဘဲ ဆိုးက်ိဳးကိုပါျမင္ေအာင္ၾကည့္ၿပီး ကိုယ့္အတြက္ ေကာင္းက်ိဳးပိုမ်ားမယ့္ လမ္းကို ေရြးပါ

ကိုယ့္ဆႏၵ၊ ကိုယ့္ရင္ထဲက ခံစားခ်က္ကိုလည္း နားေထာင္ၾကည့္ၿပီး ကိုယ္ျဖစ္ခ်င္တာေလးကိုလည္း ဦးစားေပးသင့္ပါတယ္။

Related Article >>> ကိုယ္မေျဖခ်င္တဲ့ ေမးခြန္းေတြ ေမးလာတဲ့အခါ ဘယ္လို ေရွာင္ၾကမလဲ

ေနာက္ၿပီး ကိုယ့္ထက္ စီနီယာက်တဲ့လူေတြ ကိုယ့္အေျခအေနကို ၾကံဳခဲ့တုန္းက ဘယ္လိုေက်ာ္ျဖတ္ခဲ့လဲဆိုတာေတြကို လိုက္ေမးစမ္းၾကည့္ၿပီး သူတို႔အေျဖေတြထဲကေနလည္း ကိုယ့္အတြက္အေျဖကို ရွာလို႔ရပါတယ္။

ေနာက္ဆံုး ကိုယ္က ဆံုးျဖတ္ၿပီးမွ ေနာင္တရေနရတယ္ဆိုရင္လည္း ဒီဆံုးျဖတ္ခ်က္ထဲကေန ဘယ္လိုအျမတ္ထြက္မလဲဆိုတာကို ျပန္လိုက္ရွာၿပီး အဆိုးထဲက အေကာင္းကို ရေအာင္ယူပါ။ ၿပီးေတာ့ ႏွင္းတို႔သူေဌးေျပာေနက် စကားအတိုင္း ‘ကမာၻေပၚမွာ အမွားဆိုတာမရွိဘူး၊ ငါဒီထက္ပိုေကာင္းေအာင္ လုပ္ခဲ့ရမွာ’ ဆိုတာမ်ိဳးပဲ ရွိတာမို႔ အမွားလို႔ မသတ္မွတ္ဘဲ ကိုယ္လုပ္ခဲ့ၿပီးသားဆံုးျဖတ္ခ်က္ကိုပဲ ပိုေကာင္းေအာင္ အတတ္ႏိုင္ဆံုး လိုက္လုပ္ပါ။

ကိုယ့္ႏွလံုးသားနဲ႔ ဦးေႏွာက္ကို ဟန္ခ်က္ညီေအာင္ ထိန္းရင္း အေကာင္းဆံုးေသာ ဆံုးျဖတ္ခ်က္ေတြကို ခ်ႏိုင္ပါေစလို႔ ႏွင္း ဆုေတာင္းေပးလိုက္ပါတယ္ေနာ္… 

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ဆုံးဖြတ်ချက်ချတယ်ဆိုတာ အဖြေကောင်းတွေထဲက အကောင်းဆုံးအဖြေကို ရွေးထုတ်ရတဲ့ သဘောပါပဲ…

ဘဝရဲ့အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဆိုတာ အင်မတန်မှရှုပ်ထွေးပြီး ထည့်စဉ်းစားရမယ့် အချက်တွေ၊ ကြိုတွေးပြီး ပူပန်ရမယ့် အချက်တွေ၊ အကယ်၍ မှားခဲ့ရင် ပြန်ရလာမယ့် အကျိုးဆက်တွေ စသည်ဖြင့် အားလုံးကို စဉ်းစားတွက်ချက်ပြီး အဆိုးနဲ့အကောင်း နှစ်ခုထဲမှာမှ ကောင်းတဲ့အချက်တွေ ပိုအလေးသာနိုင်မယ့် အရာတွေကို ဖမ်းဆုပ်လိုက်တာပဲဖြစ်ပါတယ်။

နှင်းရဲ့ဘဝမှာ ပထမဦးဆုံး ချလိုက်တဲ့ ဆုံးဖြတ်ချက်က အသက် ၁၈ ပြည့်ပြီးတဲ့အချိန်မှာ အိမ်ကိုတွန်းတိုက်ပြီး အလုပ်လုပ်တာပါပဲ။ မိသားစုက ချထားတဲ့ပုံစံခွက်ဆိုတာ နှင်းအတွက် တော်တော်လေးကို ဘောင်ကျဉ်းပြီး အဓိပ္ပာယ်မရှိတဲ့ အနေအထားပေါ့။ အဲဒီတော့ အဝေးသင်တက်ရင်း ဒီအတိုင်းမနေချင်ဘူးဆိုပြီး တဂျီဂျီပူဆာတော့ အမေက နိုင်ငံခြားကို ကျောင်းတက်ဖို့ ပို့မလိုလို၊ ဒီပလိုမာတန်းတစ်ခုကိုပဲ ချက်ချင်းတက်ခိုင်းတော့မလိုလို ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ဘာမှလည်းဆက်မဖြစ်၊ စိတ်ဓာတ်တွေကျပြီး လူကအလူးအလဲခံစားနေရတဲ့အချိန်မှာ Freelance အလုပ်လေးတစ်ခုတွေ့လို့ လာလျှောက်ရင်းကနေ လုပ်ငန်းခွင်ထဲရောက်သွားတာပဲ။ လုပ်ငန်းခွင်ထဲရောက်တဲ့အခါကျတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေကိုလုပ်ရင်း လူပင်ပန်းပေမဲ့ စိတ်ချမ်းသာရတော့ ပျော်ရတာပဲလေ..

Related Article >>> ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်ဖို့ ကိုယ့်အကြောင်းကိုယ် သိလာဖို့ ဘာတွေကို ပြင်ဆင်ရမလဲ?

အဲဒီတော့ ဒီဆုံးဖြတ်ချက်ကို ချလိုက်တဲ့အချိန်တုန်းက ဘယ်လိုတွေ အဆင့်ဆင့်လုပ်ခဲ့လဲဆိုတော့ အမှန်တိုင်းပြောရရင် ဘာမှ ထွေထွေထူးထူး မစဉ်းစားခဲ့ဘူးရယ်။ စိတ်ဓာတ်ကျနေတဲ့အချိန် အလုပ်တွေ့တယ်၊ ကောက်လုပ်လိုက်တယ် ဒီလောက်ပဲ။

တကယ်တမ်းကျတော့ အဲ့လိုတုံးတိုက်တိုက်ကျားကိုက်ကိုက်နဲ့ ဘာပဲဖြစ်ဖြစ်ခံမယ်ဆိုပြီး ဘာမှမစဉ်းစားဘဲ ဆုံးဖြတ်ချက်ချတဲ့နည်းလမ်းက မကောင်းဘူး ယောင်းရဲ့။ ဘာလို့လဲဆိုတော့ ဘယ်အလုပ်မှာမဆို အနည်းဆုံး ၁ နှစ်လောက်မြဲနေမှ ကိုယ့် CV က လှတာလေ။ အလုပ်ဖြစ်ရင်ပြီးရော ဘာပဲလုပ်ရလုပ်ရဆိုတာမျိုးက တကယ်တမ်း ကိုယ်ဝါသနာပါတာနဲ့ မကိုက်ရင် တော်တော်စိတ်ဆင်းရဲရမှာ။ နှင်းကတော့ ကံကောင်းစွာနဲ့ ပထမဆုံးအလုပ်မှာ ကောင်းကောင်းလေးပဲ အတွေ့အကြုံယူရင်း ဖြတ်သန်းခဲ့ရတယ်။ ပျော်ရတယ်ပေါ့ ယောင်းရယ်။

အကယ်၍ ကံမကောင်းခဲ့ရင်ရော?

အဲဒီမေးခွန်းအတွက် နှင်းကိုယ်တိုင်မှာလည်း အဖြေမရှိဘူးသိလား… ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ တကယ်တမ်း အရမ်းခက်ခဲလာတဲ့အခါမှာ ဘာမှ ကြိုပြီး မပြင်ဆင်ထားခဲ့တာမို့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တော်တော်လေး ထိခိုက်သွားမယ်လို့ ထင်တာပဲ။

အဲဒီတော့ ယောင်းတို့တွေ အရေးကြီးကိစ္စတစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင်

အရင်ဆုံး အချိန်ယူပြီးစောင့်ကြည့်ပါ။

စိတ်လိုက်မာန်ပါ ဘာပဲဖြစ်ဖြစ်ခံမယ်ဆိုတဲ့စိတ်နဲ့ အချိန်တိုတွင်း ကမူးရှူးထိုး ဘယ်တော့မှ မဆုံးဖြတ်ပါနဲ့နော်။

စိတ်ကိုအေးအေးထားပြီး ကောင်းကျိုးတင်မကဘဲ ဆိုးကျိုးကိုပါမြင်အောင်ကြည့်ပြီး ကိုယ့်အတွက် ကောင်းကျိုးပိုများမယ့် လမ်းကို ရွေးပါ။

ကိုယ့်ဆန္ဒ၊ ကိုယ့်ရင်ထဲက ခံစားချက်ကိုလည်း နားထောင်ကြည့်ပြီး ကိုယ်ဖြစ်ချင်တာလေးကိုလည်း ဦးစားပေးသင့်ပါတယ်။

Related Article >>> ကိုယ်မဖြေချင်တဲ့ မေးခွန်းတွေ မေးလာတဲ့အခါ ဘယ်လို ရှောင်ကြမလဲ

နောက်ပြီး ကိုယ့်ထက် စီနီယာကျတဲ့လူတွေ ကိုယ့်အခြေအနေကို ကြုံခဲ့တုန်းက ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာတွေကို လိုက်မေးစမ်းကြည့်ပြီး သူတို့အဖြေတွေထဲကနေလည်း ကိုယ့်အတွက်အဖြေကို ရှာလို့ရပါတယ်။

နောက်ဆုံး ကိုယ်က ဆုံးဖြတ်ပြီးမှ နောင်တရနေရတယ်ဆိုရင်လည်း ဒီဆုံးဖြတ်ချက်ထဲကနေ ဘယ်လိုအမြတ်ထွက်မလဲဆိုတာကို ပြန်လိုက်ရှာပြီး အဆိုးထဲက အကောင်းကို ရအောင်ယူပါ။ ပြီးတော့ နှင်းတို့သူဌေးပြောနေကျ စကားအတိုင်း ‘ကမ္ဘာပေါ်မှာ အမှားဆိုတာမရှိဘူး၊ ငါဒီထက်ပိုကောင်းအောင် လုပ်ခဲ့ရမှာ’ ဆိုတာမျိုးပဲ ရှိတာမို့ အမှားလို့ မသတ်မှတ်ဘဲ ကိုယ်လုပ်ခဲ့ပြီးသားဆုံးဖြတ်ချက်ကိုပဲ ပိုကောင်းအောင် အတတ်နိုင်ဆုံး လိုက်လုပ်ပါ။

ကိုယ့်နှလုံးသားနဲ့ ဦးနှောက်ကို ဟန်ချက်ညီအောင် ထိန်းရင်း အကောင်းဆုံးသော ဆုံးဖြတ်ချက်တွေကို ချနိုင်ပါစေလို့ နှင်း ဆုတောင်းပေးလိုက်ပါတယ်နော်…

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *